Transparency Myanmar

transparency.myanmar@gmail.com

EUသံတမန်များနှင့် NLDခေါင်းဆောင်များ တွေ့ဆုံ

By Mungpi
14th Oct 2009 Mizzima


        ဥရောပ သမဂ္ဂနိုင်ငံများ၏ သံတမန်များအဖွဲ့သည် မြန်မာ့အတိုက်အခံပါတီ NLD ခေါင်းဆောင်ပိုင်းနှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံခဲ့ပြီး လက်ရှိအစိုးရက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော NLD ၏ သဘောထားရပ်တည်ချက်ကို သိရှိလိုခြင်း ဖြစ်သည်ဟု ဆိုသည်။
 
        NLD ၏ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက "အနောက်ရွှေဂုံတိုင်က NLD ရုံးကို သံတမန် ၂၀ ပါဝင်တဲ့ အဖွဲ့လာရောက်ခဲ့ကြပြီး အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းကူညီမှုအပေါ် NLD ရဲ့ အမြင်နဲ့သဘောထား ဘယ်လိုရှိသလဲဆိုတာရယ်၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့တောင်းဆိုခြင်းအားဖြင့် စစ်အစိုးရနဲ့ အာဏာခွဲဝေဖို့ ကြိုးစားနေပါသလားစသည်ဖြင့် မေးမြန်းခဲ့တယ်" ဟု ပြောပါသည်။
 
        NLD အနေဖြင့် အာဏာခွဲဝေရန် ကြိုးစားမှု မရှိပါကြောင်း၊ သို့သော် ၂၀၀၈အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုထား ကြောင်း၊ သို့မှသာကျယ်ပြန့်၍ လူတိုင်းပါဝင်နိုင်သော နိုင်ငံရေးလမ်းစဉ် ဖြစ်ပေါ်လာ နိုင်မည်ဟုပြန်ကြားခဲ့သည်ဟု ဦးခင်မောင်ဆွေက ပြောပါသည်။
 
       "ကျွန်တော်တို့အာဏာ တောင်းနေတာ မဟုတ်ပါဘူး။ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ဒီအခြေခံဥပဒေက အာမခံနိုင် တယ်ဆိုတာ သေချာရဲ့လားလို့ အစိုးရကိုမေးနေခြင်း ဖြစ်ပါတယ်" ဟု ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ထားရှိမည့် ရပ်တည်ချက် သဘောထားကိုပုံဖော်ရာတွင် အထောက်အကူ ဖြစ်စေမည့် အချက်အလက်များ ရရှိရန်အတွက်ရန်ကုန်ရှိ ဗြိတိသျှ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်သံရုံးများနှင့် ဘန်ကောက်ရှိဆွီဒင်သံရုံးမှ သံတမန်များ NLD ရုံးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
 
      အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် ဥရောပသမဂ္ဂသည် လက်ရှိ မြန်မာအစိုးရအပေါ်ချမှတ်ထားသော အရေးယူမှုများကို ကျင့်သုံးနေဆဲ ဖြစ်ပြီး ဧပြီလက၎င်းအရေးယူမှုများကို နောက်နှစ်အတွက် သက်တမ်းတိုးခဲ့သည်။ယခုလာရောက်မှုသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေးကို ကူညီရာတွင်အသုံးဝင်မည့် အချက်အလက်များ ရှာဖွေရန် ကြိုးပမ်းသည့် EU ၏ အစီအစဉ်တစ်ခုဖြစ် သည်ဟု ယုံကြည်မိပါကြောင်း NLD ခေါင်းဆောင်များက ပြောကြားသည်။
 
       ယခင် အပတ် သောကြာနေ့က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျသံတမန်များက အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှု၊ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ၌ EU သံတမန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
 
     ဦးခင်မောင်ဆွေက EU ကိုယ်စားလှယ် သံတမန်အဖွဲ့ကိုကိုဆိုနှုတ်ခွန်းက်ရာတွင် "မြန်မာနိုင်ငံ အရေးကိစ္စ၌ EU နှင့် နိုင်ငံတကာအသိုက်အဝန်းက စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခြင်းကို မိမိတို့ဝမ်းသာပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရှိရေးအတွက်ရှေ့ဆက်၍လည်း ကူညီလုပ်ဆောင်ပေးစေလိုပါကြောင်း" ပြောကြားခဲ့သည်ဟုဆိုပါသည်။

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment