Transparency Myanmar
transparency.myanmar@gmail.com
အာဆီယံနှင့်လွတ်လပ်သော ကုန်သွယ်မှုပြုလုပ်ရန် ကန်အစိုးရအား
ဆီနိတ်တာများ တိုက်တွန်း
(Reuters : 10 - 10 - 2009) 
      ဆီနိုက်တာ Richard Lugar က အမေရိကန်နိုင်ငံသည် အာဆီယံနှင့် FTA ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ပြီးပြည့်စုံသော မဟာဗျူဟာတစ်ရပ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
      စီးပွားရေးအဖွဲ့များက အမေရိကန်သမ္မတ အိုဘားမားအနေနှင့် အမေရိကန် ပြည်ပပို့ကုန်များကို ဈေးကွက်သစ်များဖွင့်ပေးရန် အစီအစဉ် ပြုလုပ်ပေးခြင်းမရှိဟု ပြစ်တင် ပြောကြားနေချိန်တွင် ယခုကဲ့သို့ အဆိုပြုလာခြင်းဖြစ်သည်။
      တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့သည် အာဆီယံ နှင့် FTA (Free Trade Agreement) လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်များ ပြုလုပ်ခဲ့ပြီး၊ အရှေ့တောင်အာရှတွင် အမေရိကန်နှင့် ယှဉ်ပြိုင်မှုတွင် အသာစီးရအောင် ကြိုးပမ်းနေကြောင်း Lugar က ပြောကြားခဲ့သည်။
      အိုဘားမားသည် လာမည့်လတွင် Asia Pacific Economic Cooperation Forum တက်ရောက်ရန် စင်္ကာပူသို့သွားရောက်မည်ဖြစ်သည်။
      အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် APEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။
      အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု ကန့်သတ်ချက်ကို သက်တမ်းတိုးခဲ့သော်လည်း အဆိုပါကိစ္စသည် အမေရိကန်နှင့် ကျန်ရှိသော အာဆီယံ နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (FTA) ပြုလုပ်မှုကို အတားအဆီးဖြစ်စေမည် မဟုတ်ကြောင်း Lugar က ဆက်လက်ပြောကြားခဲ့သည်။ Lugar ၏ အဆိုပြုချက်နှင့်ပတ်သက်၍ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ ချက်ချင်း တုံ့ပြန်မှုမပြုခဲ့သေးပါ။ Lugar က အဆိုပြုချက်ကို ဆီးနိုက်သို့ နောက်အပတ်တွင် တင်ပြမည်ဖြစ်ကြောင်း ပြောပါသည်။
      အမေရိကန်သမ္မတဟောင်း George W Bush သည် လက်ရှိတည်ရှိပြီးသော ချီလီနှင့် စင်္ကာပူတို့နှင့် လွတ်လပ်စွာကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်ရင်း၊ အာရှနှင့်ပစိဖိတ် နိုင်ငံများနှင့် လွတ်လပ်ကုန်သွယ်မှုနယ်မြေ (Free Trade Area) ကို တည်ထောင်ရန် အဆိုပြုခဲ့ဖူးပါသည်။ သို့သော် အိုဘားမားက အထက်ပါအတိုင်း ဆက်လက် လုပ်ဆောင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ပေးခြင်း မရှိသေးပါ။
      အိမ်ဖြူတော်ကလည်း ဘွတ်ခ်ျအစိုးရလက်ထက်က ပြုလုပ်ရန် ကျန်ရှိနေသေးသည့် နယူးဇီလန်၊ ကိုလန်ဘီယာ၊ ပနားမားနှင့် တောင်ကိုရီးယားတို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ပြုလုပ်ရန်လည်း တိုက်တွန်းခြင်းမရှိသေးကြောင်း သိရှိရပါသည်။ 
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
0 comments:
Post a Comment