Transparency Myanmar

transparency.myanmar@gmail.com

14 Nov 2009

PTL News

          အမေရိကန်ပြည်ထောင်စုသမ္မတဘားရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ်အရေးယူမှုများကို ရုတ်သိမ်းရန်မဖြစ်နိုင်သေးကြောင်း စနေနေ့က ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် ဒီမိုကရေစီ­ထွန်းကားရေးကို ဦးတည်သည့် ခိုင်မာသော ဆောင်ရွက်ချက်များပြုလုပ်လာသည်အထိအရေးယူမှုများကို ထားရှိမည်ဟု ဆိုပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက် မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်ဆံဆွေးနွေးနေသည် ဟု အာရှဆိုင်ရာ မူဝါဒအကြောင်း ဆန်တိုရီခန်းမတွင် မိန့်ခွန်းပြောကြားစဉ် အိုဘားမားက ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

          ယခင်ချမှတ်ထားခဲ့သော အရေးယူပိတ်ဆို့မှုနည်းလမ်းများသည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေးကို တွန်းအားပေးရာတွင် မအောင်မြင်သောကြောင့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေး မည့် မူဝါဒသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ မြန်မာအစိုးရနှင့် ကြိမ်ဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အောင်မြင်၍ အကျိုးရှိသည်ဟု မှတ်ချက်ပေးခဲ့ပါသည်။

          မြန်မာနိုင်ငံကို ညီညွှတ်သော ငြိမ်းချမ်းသော၊ အောင်မြင်ကြွယ်ဝ၍ ဒီမိုကရေစီထွန်းကားသော နိုင်ငံဖြစ်လာအောင် အားပေးထောက်ခံသွားမည်ဖြစ်ပြီး အဆိုပါဦးတည်ချက်အတိုင်း မြန်မာအစိုးရက စစ်မှန်စွာဆောင်ရွက်နိုင်ပါက အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ဖြစ်ပေါ်နိုင်ပါသည်ဟု အို ဘားမားကဆိုပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် တကွနိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစုတပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ အစိုးရနှင့် အတိုက်အခံ ပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ စစ်မှန်သောနိုင်ငံရေးဆွေးနွေးပွဲကျင်းပ၍ အနာဂတ်ကို မျှတစွာရှုမြင်သုံးသပ် ကြရန် စသော အဆင့်များကို သေချာစွာလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောကြားပါသည်။

          ဤသည်မှာ ပြည်သူလူလု၏ လိုအပ်ချက်ကို အစိုးရက မည်သို့ မည်ပုံတုန့်ပြန်ဆောင်ရွက်ပေး မည်နည်းဟူသော အချက်ဖြစ်ပြီး မြန်မာနိုင်ငံကို မှန်ကန်သော လုံခြုံမှုနှင့် အောင်မြင်မှုဆီသို့ဆောင်ယူ ပေးမည့် လမ်းကြောင်းဖြစ်သည်ဟု အိုဘားမားက မှန်ချက်ပေးပါသည်။ အိုဘားမားသည် မြန်မာနိုင်ငံ အပေါ်ထားရှိသော ၎င်းအစိုးရ၏ မူဝါဒကိုပထမဆုံး မိမိသဘောအလျှောက်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment