Transparency Myanmar

transparency.myanmar@gmail.com

BBC News,Dec - 2009

        ပြဿနာ အကျပ်အတည်း ဖြစ်ပွားနေသော ဒါဖာ ဒေသရှိ ကုလသမဂ္ဂ ဦးဆောင်သော အာဖရိက သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ပေါင်းစု၏ အကြီးအကဲ ရာထူးကို နိုက်ဂျီးရီးယား သံတမန် အီဗရာဟင် ဂမ်ဘာရီက ရရှိသွားသည်ဟု ကုလသမဂ္ဂက ထုတ်ပြန် ကြေညာပါသည်။

          မစ္စတာ ဂမ်ဘာရီသည် နိုက်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင် နေပါသည်။

          ၎င်းသည် အဆိုပါ ရာထူးကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်တွင် လက်ခံလိမ့်မည်ဟု ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားပါသည်။

          ယခုနှစ် အစောပိုင်းက ရာထူးမှ နှုတ်ထွက်သွားသူ ကွန်ဂို သံတမန် ရိုဒိုဖီအေဒါဒါ ၏ နေရာတွင် မစ္စတာ ဂမ်ဘာရီက အစားထိုး တာဝန်ယူမည် ဖြစ်သည်။

          အထက် ဖော်ပြပါ ဒါဖါဒေသတွင် ယခုလများအတွင်း အကြမ်းဖက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားနေပါသည်။

          ဆူဒန် မြို့တော် ခါတွန်ရှိ ဆူဒန် အစိုးရ၏ မတရား ဖိနှိပ်မှု၊ လျစ်လျူရှုမှုများကို မခံနိုင်သော ကလက် အာဖရိကန် လူမျိုးစု သူပုန် တပ်ဖွဲ့များက လက်နက်ကိုင် တော်လှန်ခဲ့သောကြောင့် ၂၀၀၃ ခုနှစ်မှစ၍ ဒါဖါဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

          အစိုးရ ထောက်ခံသူ အာရမ် စစ်သွေးကြွများက ဘလက် အာဖရိကန် လူမျိုးများကို ဦးတည်၍ အကြမ်းဖက်မှုများ စတင် လုပ်ဆောင်ခဲ့ပါသည်။

          ပြဿနာ ဖြစ်ပွားခဲ့သော (၆) နှစ်တာ ကာလအတွင်း လူပေါင်း (၇) သိန်းခန့် အသတ်ခံရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ခါတွန် (ဆူဒန်အစိုးရ) ကမူ လူပေါင်း တစ်သောင်းခန့်သာ သေဆုံးသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment