Transparency Myanmar

transparency.myanmar@gmail.com

politics.remedy.org.ua, 7th January 2010

ဒုံးကျည်များနှင့် နျူကလီးယား နည်းပညာများကို တရားမဝင် ရောင်းချသည့် မှတ်တမ်းများ ရှိနေသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ တို့တွင် စစ်ဖက်ဆိုင်ရာ ဆက်ဆံ ပူးပေါင်းရေး အစီအစဉ်များ ရှိနေ နိုင်သောကြောင့် အိုဘားမား အစိုးရ အနေဖြင့် စိုးရိမ် ပူပန်လျက် ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင် ပြောကြားပါသည်။

မိမိတို့ သေသေချာချာ ကိုင်တွယ်နေသော မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ ကြားရှိ စစ်ဖက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ကြီးထွားလာသည်ကို မိမိတို့ တွေ့မြင် သိရှိနေသည်ဟု ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သူမက ပြောကြားခဲ့သည်။

ယခင်က နိုင်ငံတကာတွင် Burma ဟု အမည်တွင်ခဲ့သော မြန်မာနိုင်ငံကို စစ်ဖက် အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံ၏ နျူကလီးယား ဆက်သွယ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သူမက ရှင်းလင်းစွာ ပြောကြားခြင်း မရှိသော်လည်း ၎င်းကိစ္စသည် စိုးရိမ်စရာ ဖြစ်နေကြောင်း သူမက အတည်ပြု ပြောဆိုပါသည်။

ကလင်တန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗား နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ မြောက်ကိုရီးယား နျူကလီးယား ဆိုင်ရာ ဆက်ဆံရေးသည် ဒေသတွင်း မတည်မငြိမ် ဖြစ်စေ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟု သူမက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ မဟာမိတ် အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် အဆိုပါ ကိစ္စကို အသေအချာ ကိုင်တွယ် ဆောင်ရွက်မည်ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။

အာဆီယံ နိုင်ငံများ၏ ဖူးခက် အစည်းအဝေးတွင် မည်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်နှင့်မျှ တွေ့ဆုံရန် အစီအစဉ်မရှိဟု ကလင်တန်က ပြောဆိုခဲ့ပါသည်။

သူမသည် ဗုဒ္ဓဟူးနေ့တွင် ထိုင်း အပန်းဖြေ မြို့တော် ဖူးခက်သို့ သွားရောက်ရန် စီစဉ်ထားပြီး ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်သော နိုင်ငံတကာ အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာနှင့် မြောက်ကိုရီးယား ကိစ္စသည် အဓိက ဆွေးနွေးရမည့် ခေါင်းစဉ်များ ဖြစ်ဖွယ် ရှိသည်ဟု မျှော်လင့်ရပါသည်။

0 comments:

Post a Comment