Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 1st August 2010

မဲဆောက် မြဝတီ နယ်စပ် ပိတ်ထားခြင်းကြောင့် အခွန်ငွေ ဘတ် ၂၀ ဘီလျံကျော် ဆုံးရှုံး စေခဲ့သည်ဟု မဲဆောက် အကောက်ခွန်ရုံး အကြီးအကဲ ပင်ကန်ချာနာ လော့ဆရီ ပိုင်ဘွန်းက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

"နယ်စပ် ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ ဆိုတော့ ပင်လယ်စာ Seafood လိုမျိုး ကုန်ပစ္စည်း တော်တော်များများရဲ့ ဈေးနှုန်းတွေက တရှိန်ထိုး တက်သွားခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"နယ်စပ် ပိတ်ပြီးနောက်ပိုင်း မြန်မာဖက်က လူတွေ ထိုင်းနိုင်ငံဖက်ကို ကူးမလာကြတော့ တက္ကစီကား၊ တက္ကစီ ဆိုင်ကယ်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်" ဟု သူမက ဆက်လက် ပြောသည်။

"အခု အနေအထားကို အရေးပေါ် ပြန်လည် ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းဖို့ လိုအပ်ပါတယ်" ဟု အကောက်ခွန် အရာရှိက သုံးသပ်သည်။

မြန်မာနိုင်ငံ ဘက်မှ ပြည်သူအချို့သည် မဲဆောက်မြို့တွင် ကလေးများ ဆေးခန်းပြရန်၊ ထိုင်း ကုန်ပစ္စည်းများ ဝယ်ယူရန် အတွက် ထိုင်းနိုင်ငံ နယ်စပ်ကို တရားမဝင် ဖြတ်သန်း ဝင်ထွက် သွားလာနေကြသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment