Transparency Myanmar

transparency.myanmar@gmail.com

Indiana University Media Relations, 15th Sept 2010

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ စစ်ဖက် အစိုးရအား လွပ်လပ်မျှတသော ရွေးကောက်ပွဲများ နိုဝင်ဘာလတွင် ကျင်းပစေရန် တိုက်တွန်း အားပေးရေး အပေါ် အာရုံစိုက်နေမည် ဆိုပါက အမှားအယွင်း လုပ်မသွားလိမ့်မည်ဟု တိုင်းရင်းသား အတိုက်အခံ အုပ်စုများအား အကြံဥာဏ် ပေးသူ Indiana University  မှ ဥပဒေ ပါမောက္ခက ပြောကြားလိုက်သည်။

Indiana University Maurer School of law မှ ဥပဒေ ပါမောက္ခ နှင့် Center for Constitutional Democracy ဒါရိုက်တာ ဖြစ်သူ David Willians က "ရွေးကောက်ပွဲတွေကို ဘေးဖယ်ထားလိုက်ပါဦး၊ ၂၀၀၈ အခြေခံ ဥပဒေက ဖုံးကွယ်တတ်တဲ့ အာဏာရှင် စစ်ဖက် အစိုးရ အာဏာဆက်ပြီး ထိန်းချုပ်နိုင်အောင် အာမခံချက် ပေးထားပြီးသားပါ'' ဟု ပြောကြားခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်း အဓိက အာရုံစိုက်ရမယ့် ကိစ္စက လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး၊ ဒီကိစ္စ အစား ရွေးကောက်ပွဲ အပြီး အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားမယ့် တပ်မတော်ရယ်၊ အရပ်ဖက် အစိုးရရယ် ၂ ဖွဲ့စလုံးကို တိုင်းပြည်ရဲ့ Stakeholders တွေ အထူးသဖြင့် တိုင်းရင်းသား အုပ်စုတွေနဲ့ စဉ်ဆက်မပြတ် ဒိုင်ယာလော့  ပြုလုပ်အောင် တိုက်တွန်း အားပေးဖို့ နည်းလမ်းတွေကို ကြိုးစား ရှာဖွေရမှာပါ'' ဟု Willians က ဆိုသည်။

နှစ် ၅၀ ကျော် ရာစုနှစ်ဝက် ပြည်တွင်းစစ်ကြောင့် မြန်မာ နိုင်ငံမှာ ဖွာလန်ကျဲ စုတ်ပြတ်နေခဲ့ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်က အုပ်ချုပ်ခဲ့ပြီး ၁၉၈၉ တွင် ပြည်ထောင်စု မြန်မာနိုင်ငံဟု တရားဝင် အမည် ပြောင်းလဲခဲ့သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဟု ခေါ်သော စစ်ဖက် အုပ်ချုပ်သူများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ နိုဝင်ဘာလတွင် အနိုင်ရ စေရန်အတွက် ဈေးကြီးလွန်းသော မှတ်ပုံတင်ကြေးများ၊ တိုတောင်းလွန်းသော နောက်ဆုံးရက်သတ်မှတ်မှုများ၊ ရွေးကောက်ပွဲ ဝင်ခွင့် ရှိသူကို ကန့်သတ်မှုများ အပါအဝင် အတိုက်အခံများ အပေါ် ပိတ်ပင်တားဆီး ချုပ်ချယ်ခြင်းဖြင့် ၎င်းတို့အတွက် သေချာအောင် ပြုလုပ်ပြီး ဖြစ်သည်ဟု Willians က ပြောကြားသည်။

မမျှတသော ရွေးကောက်ပွဲ ဥပဒေများကြောင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD  ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ရွေးကောက်ပွဲများမှ အရပ်ဖက်အစိုးရ ပေါ်ပေါက်လာနိုင်သော်လည်း အခြေခံဥပဒေက တပ်မတော်ကို လိုအပ်လျှင် အရေးပေါ် အခြေအနေ ကြေညာခွင့် ပေးထားပြန်သည်။ ၎င်းအရေးပေါ် အခြေအနေ ဆိုသည်မှာ အစိုးရကို ဖျက်သိမ်းကာ တပ်မတော်က တရားဝင် အာဏာ သိမ်းခြင်း ဖြစ်သည်။

အကယ်၍ အရပ်ဖက် အစိုးရတွင် လုပ်ပိုင်ခွင့် အမှန်တကယ် ရှိခဲ့မည်ဆိုလျှင် ဆယ်စုနှစ် များစွာကြာ ပြည်တွင်းစစ်ကြောင့် ကွဲပြားနေသည့် တိုင်းရင်းသား ဒေသများ အရေးကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံ အတွက် အမှန်တကယ် ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ လက်ရှိ အစိုးရ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် တိုက်ပွဲ ဝင်နေသော တိုင်းရင်းသား အုပ်စုများ အကြား ပြုလုပ်ရမည့် ၃ ပွင့်ဆိုင် ဒိုင်ယာလော့သာ ဖြစ်သည်ဟု Willians က ပြောကြားလိုက်သည်။

မည်သို့ပင်ဖြစ်စေ အာဏာနှင့် အပြန်အလှန် ပံ့ပိုးမှုအတွက် တပ်မတော်နှင့် ရင်ဆိုင် ယှဉ်ပြိုင်မည့် အရပ်ဖက် နိုင်ငံရေး သမား အုပ်စုအသစ်ကို ရွေးကောက်ပွဲက ဖန်တီး မွေးထုတ်လိမ့်မည်ဟု Willians ဆိုသည်။ သို့ဖြစ်ရာ အမေရိကန် ပြည်ထောင်စုနှင့် အခြား ကမ္ဘာ့နိုင်ငံများသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပေါ် အာရုံစိုက် နေမည့်အစား အရပ်သား လွှတ်တော် ကိုယ်စားလှယ်အသစ်များ၊ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်များနှင့် ဆက်ဆံရေးကို ထူထောင်ရမည်ဟု ၎င်းက ပြောကြားသည်။

ထို့နောက်တွင်မူ အကယ်၍ မြန်မာနိုင်ငံ၏ အနေအထား ပိုမို ပျော့ပြောင်းလာမည် ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဒီမိုကရေစီ အာဏာ ခွဲဝေမှုကို ရည်မှန်းချက် ထားကာ ဒိုင်ယာလော့ကို အားပေး မြှင့်တင်ရန် သြဇာ သုံးနိုင်လိမ့်မည် ဖြစ်သည်။

"တကယ်လို့ ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး၊ အခြေခံ ဥပဒေအရ စစ်တပ်က ဆက်ပြီး အုပ်ချုပ်မှာ ဖြစ်သလို တိုင်းရင်းသား အုပ်စုတွေကလည်း အန္တရာယ်ရှိနေဆဲ ဖြစ်နေလို့ပါပဲ၊ ရွေးကောက်ပွဲတွေ မပြုလုပ်ခင် အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရွေးကောက်ပွဲ အလွန် လတွေ၊ နှစ်တွေ အပေါ်မှာ အာရုံစိုက်ထားသင့်ပါတယ်၊ အကြောင်းကတော့ တကယ့် အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ဖို့ စောလွန်းနေလို့ပါ'' ဟု Willians က သုံးသပ် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment