Transparency Myanmar

transparency.myanmar@gmail.com

UN News Center, 15th Sept 2010

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီ (၁၀) ခုအား ဖျက်သိမ်းခဲ့ခြင်းကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ အာဏာပိုင်များအား နိုဝင်ဘာ ရွေးကောက်ပွဲတွင် အားလုံး အပြည့်အဝ ပါဝင်ရေးအတွက် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် လက ဘန်ကီမွန်းက ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်နိုင်ရေး အတွက် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ဘန်ကီမွန်းသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ထပ်ခါ တလဲလဲ တောင်းဆိုခဲ့သည်။

ပြန်လည် မှတ်ပုံတင်ခြင်း မပြုသော NLD နှင့် အခြား ပါတီလေးခု အပါအဝင်၊ ပါတီဆယ်ခုအား ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းအား ဘန်ကီမွန်း အနေဖြင့် စိုးရိမ်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် Martin Nesirky က သတင်းထောက်များသို့ ယနေ့ပြောကြားခဲ့သည်။

"အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် ယခု တစ်ကြိမ်တွင်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်နိုင်ရေး အတွက် မြန်မာ အာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းပါတယ်'' ဟု Nesirky က ပြောကြားခဲ့သည်။ နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ပါဝင်သော  မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အဖွဲ့နှင့် ဒေသတွင်း အဖွဲ့ကြီး တစ်ခုသည် နယူးယောက်တွင် စက်တင်ဘာလ (၂၇) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ၏ ရုံးများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းရာ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်းနှင့် ဘန်ကီမွန်း အနေဖြင့် မြန်မာ အာဏာပိုင်များနှင့် ဆက်သွယ်ရာတွင် ကျေနပ်မှု မရှိမှုများအား ဖော်ပြခဲ့သည်ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment