Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော ဆန္ဒမဲပေးခွင့် ရရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်မှု မရှိသောကြောင့် သူမသည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသို့ လာရောက် မဲပေးပိုင်ခွင့် မရှိသူ အဖြစ် တရားဝင် သတ်မှတ် ခံလိုက်ရပြီ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဥပဒေ နည်းလမ်း မျိုးစုံဖြင့် ကန့်သတ် ပိတ်ပင်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်က အခြားသော ရွေးကောက် တင်မြှောက် ခံပိုင်ခွင့်ရှိသူများ စာရင်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည့် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမည် ဖြစ်သည်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက အသိအမှတ် မပြုဘဲ နှစ်ပေါင်း ၂၁ နှစ်တာ ကြာမျှ အာဏာ ဆုပ်ကိုင်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

မြန်မာပြည်သူများ အနေဖြင့် ဆန္ဒမဲပေးခွင့် ရခဲ့သည့် နောက်ဆုံး ဖြစ်ရပ်မှာ ၂၀၀၈ ခုနှစ်က ဖြစ်သည်။ စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ သစ်ကို လူထု ဆန္ဒ သဘောထား ကောက်ယူပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆန္ဒမဲ ပေးပိုင်ခွင့် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည် ပါဝင်ခဲ့သေးသည်။ သို့သော် ယခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူနှင့် ပြစ်ဒဏ်ကျ ခံနေရသူများ အနေဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသောကြောင့် သူမအနေဖြင့် မဲပေးနိုင်တော့မည် မဟုတ်ပေ။

ရွေးကောက်ပွဲ ဆိုင်ရာ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် ဒေါ်အောင်ဆန်းစုကြည်အတွက် တမင်သက်သက် ရည်ရွယ် ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု အများက ရှုမြင်ကြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment