Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုရာတွင် အဓိက အသုံးပြုရာ လမ်းကြောင်း တစ်ခု ဖြစ်သော မလက္ကာ ရေလက်ကြား အတွင်း ရေကြောင်း သွားလာရေး ပိတ်ဆို့မှု အပါအဝင် ပြဿနာ မျိုးစုံ ဖြစ်ပေါ်လျက် ရှိသောကြောင့် ထိုင်းအစိုးရက မြန်မာနိုင်ငံ၊ ထားဝယ် ရေနံ ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်း အမြန်ဆုံး စတင်ရန် အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသာ ပြီးဆုံးသွားပါက ထိုင်းနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း ထားရှိမှုနှင့် လုပ်သား စရိတ်စက ဆိုင်ရာ ကုန်ကျငွေ များစွာ သက်သာသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည် ဖြစ်သည်။ မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်မည့် အခြား ဖြစ်နိုင်ခြေ ရှိသည့် လမ်းကြောင်း တစ်ခုအား ထိုင်းအစိုးရက လေ့လာ တိုင်းတာမှုများ ပြုလုပ်ပြီး အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မေလတွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာအရ Italian-Thai Development ကုမ္ပဏီက ထားဝယ် ရေနက် ဆိပ်ကမ်း၏ Site Operator အဖြစ် တာဝန်ယူ လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာ အစိုးရနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့လည်း MoU တစ်ရပ်ကို လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ပူးတွဲ ကော်မတီ (JSCCIB) ဒုတိယ ဥက္ကဌ Tanit Sorat က ပြောကြားသည်။

ဘတ်ငွေ ၃၅၀ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းရသည့် အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို JSCCIB က ကြီးမှူးပြီး Westgate Landbridge အမည်ရ စီမံကိန်း လက်အောက်မှ ထိုင်းအစိုးရ ဌာနများနှင့် စီးပွားရေး လုပ်ကိုင်သူများ အကြား ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။ စီးမံကိန်းတွင် အခြားသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် PTT၊ Nippon Steel၊ Egat နှင့် Petroleum National Berhad(Petronas) တို့ ပါဝင်သည်။

Landbridge စီမံကိန်းကို အပိုင်း နှစ်ပိုင်း ခွဲ၍ အကောင်အထည် ဖော်မည် ဖြစ်သည်။ ပထမ တစ်ပိုင်းမှာ လေးလမ်းသွား လမ်းမကြီး တစ်ခုကို လာမည့် ၂၀၁၁ ခုနှစ် အစောပိုင်း ကာလမှ စတင် ဖောက်လုပ်မည့် အစီအစဉ်ဖြစ်ပြီး ဒုတိယ တစ်ပိုင်းမှာ ရှစ်လမ်းသွား လမ်းမကြီး ဖောက်လုပ်ရေး ဖြစ်သည်။ နှစ်ပိုင်းစလုံး လာမည့် ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းရသည်။

Italian-Thai Development ကုမ္ပဏီမှ စီမံကိန်း မန်နေဂျာ Surin Vichian က အဝေးပြေး လမ်းမကြီးမှာ ကချနာဘူရီ ပြည်နယ် Phu Nam Ron မြို့မှ စတင်ကာ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ချိတ်ဆက်မည် ဖြစ်ပြီး ကီလိုမီတာ ၁၆၀ ရှည်လျားမည်ဟု သိရသည်။

လက်ရှိ အနေအထားတွင် ထားဝယ်မှ Phu Nam Ron အကြား ကီလိုမီတာ ၁၀၀ အကွာအဝေး အထိ စီမံကိန်းအတွက် လမ်းကြောင်း ရှင်းလင်းမှုများ၊ တိုင်းထွာ မှတ်သားမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းနေရသော ပြဿနာများ ရှိသောကြောင့် သစ်တော ထူထပ်သည့် နေရာများတွင် စီမံကိန်းအတွက် လုပ်ကိုင် ဆောင်ရွက်မှုများကို ရှောင်ရှားသွားမည်ဟု သိရသည်။ သို့သော် မြန်မာနှင့် ထိုင်းအစိုးရတို့ ပူးတွဲ စီစဉ်ထားသည့် လမ်းဖောက်လုပ်ရေး စီမံကိန်းမှာ မည်သည့် ကျေးရွာ သို့မဟုတ် ကွန်မြူနစ်တီ တစ်ခုကိုမျှ ဖြတ်သန်းသွားမည် မဟုတ်ပေ။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် ပင်လယ် ဆိပ်ကမ်းများ နှင့် စက်မှုဇုန်များလည်း ပါဝင်သည်။ လာမည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စ၍ ပင်လယ် ရေနက်ဆိပ်ကမ်းကို စတင် တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ ရေနက်ဆိပ်ကမ်း တစ်ခုတည်း အတွက် ကုန်ကျငွေ ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment