Transparency Myanmar

transparency.myanmar@gmail.com

VOA News, 24th September 2010

မြန်မာနိုင်ငံတွင် အတိုက်အခံပါတီ NLD ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း အာဏာ မရရှိခဲ့သည့် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများကို စစ်ဖက် အစိုးရက ဆက်လက် ပြုလုပ်လျက် ရှိသည်။ အတိုက်အခံ ပါတီများကို ဖျက်သိမ်းခြင်း၊ နယ်စပ် တိုင်းရင်းသား ဒေသများတွင် မဲပေးခွင့် ပယ်ဖျက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံတစ်ပုံကို စစ်တပ် ကိုယ်စားလှယ်လောင်းများ အတွက် သီးသန့် ကြိုတင် ဖယ်ထားခြင်းများ အပါအ၀င် လာမည့် ရွေးကောက်ပွဲအတွက် ယခု အချိန်အထိ လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာ၏ အသိအမှတ် ပြုမှုကို ရရှိလိမ့်မည် မဟုတ်ဟု အများစုက သတ်မှတ်ထားကြသည်။

ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုသော ပါတီ (၃၇) ခု၏ စာရင်းကို နိုင်ငံပိုင် သတင်းစာတွင် NLD ပါတီကို တရားဝင် ဖျက်သိမ်းသည့် သတင်းနှင့် တစ်ရက်တည်း ထုတ်ပြန် ကြေညာခဲ့သည်။ အတည်ပြုချက် ရရှိသော ပါတီများတွင် စစ်ဖက်အစိုးရ လိုလားသော ပါတီများနှင့် စုစည်းထားခြင်း မရှိသော အတိုက်အခံ ဒီမိုကရေစီ ပါတီများ ပါဝင်သည်။ သို့သော်လည်း အစိုးရက လိုလားသော အဓိက ပါတီကြီး ၂ ခုသာ အနိုင် ရရှိမည့် လက္ခဏာ ရှိနေပြီး ယင်းပါတီ တစ်ခုစီသည် ကိုယ်စားလှယ်လောင်း ၁၀၀၀ နီးပါး ပါဝင် ယှဉ်ပြိုင်မှုနှင့်အတူ မဲဆွယ် စည်းရုံးမှုများကိုလည်း နိုင်ငံအနှံ့ လက်တံ ဆန့်နိုင်ကြသော ပါတီများ ဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်၏ တပ်ရင်း တပ်ဖွဲ့များနှင့် တပ်မိသားစုဝင်များအား အပြင်မှ သာမန် လူထုနှင့် မတူသည့် သီခြားမဲပုံးများ ထားရှိ ပေးဦးမည် ဖြစ်ပြီး ယင်းအစီအစဉ်မှာ အတိုက်ခံ ပါတီများကို ထောက်ခံမည့် အစိုးရ လက်အောက်ခံ တပ်မတော် မိသားစုမျာကို ခြိမ်းခြောက်သည့် လက္ခဏာ ဖြစ်ဖွယ် ရှိသည်။

ပြီးခဲ့သောနှစ်က အမေရိကန် ပြည်ထောင်စုသည် မြန်မာ အစိုးရနှင့် အပြုသဘော ဆောင်သည့် ဒိုင်ယာလော့ တစ်ရပ် ဆွေးနွေးကာ နိုင်ငံရေး နယ်ပယ်ကို တံခါးဖွင့်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လာရောက် ညှိနှိုင်းခဲ့သည်။ အကြောင်းမှာ စစ်အစိုးရအား နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ခြင်းက မည်သည့် ရလဒ်မှ မရခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သို့ဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တိုင်းရင်းသား အုပ်စုများနှင့် ဆက်ဆံမှု တိုးတက်လာရန်နှင့် အားလုံး ပါဝင် စစ်မှန်သော အမျိုးသားအဆင့် ဒိုင်ယာလော့ကို တွန်းအား ပေးရန်အတွက် မြန်မာအစိုးရကို စည်းရုံးလုပ် ဆောင်သည့် အနေဖြင့် ဆွေးနွေး ညှိနှိုင်းမှုများကို အရေးယူ ဒဏ်ခတ်ထားစဉ် အတွင်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း အမေရိကန် အစိုးရ၏ ဆွေးနွေး ညှိနှိုင်းရေး ကြိုးပမ်းမှုများ အပေါ် မြန်မာ အစိုးရ၏ တုန့်ပြန်မှုများမှာ များစွာ စိတ်ပျက်စရာ ကောင်းလှသည်။

နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နေသော လုပ်ငန်းများအရ ထင်ရှားနေသည်မှာ စစ်မှန်သော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်မှု မရှိခြင်းပင် ဖြစ်သည်။ ယင်း၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း အခြေခံ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိပါ။

သို့ရာတွင် စစ်ဖက် အစိုးရနှင့် ဆက်ဆံရသည့် ခက်ခဲသော ရွေးချယ်စရာ နည်းလမ်းများ အနက် တွေ့ဆုံ ညှိနှိုင်းခြင်းသည်သာ  စစ်အစိုးရ၏ အပြုအမူပြောင်းလဲအောင် ပြုပြင် ပြောင်းလဲမှု ပြုလုပ်အောင် တိုက်တွန်း အားပေးနိုင်မည့် ဖြစ်နိုင်ချေ နည်းလမ်း တစ်ခုအဖြစ် အသုံးဝင်နေဆဲ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲမှ ပလေယာအသစ်များ၊ နိုင်ငံရေး အင်အားသစ်များ ပေါ်ထွက်လာနိုင်မည် ဖြစ်ရာ အမေရိကန် ပြည်ထောင်စု အနေဖြင့် အပြုသဘော ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အစိုးရသစ် နှင့် တွေ့ဆုံ ညှိနှိုင်းရေးကို ကြိုတင် ပြင်ဆင်ထားရတော့မည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment