Transparency Myanmar

transparency.myanmar@gmail.com

BBC News, 29th September 2010

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံအကြား ၆ လကျော် ဆက်ဆံရေး ကျဲနေခဲ့ပြီးနောက် စစ်ဖက် ဆက်ဆံမှုများကို ပြန်လည် စတင်တော့မည်ဟု သိရသည်။

လာမည့်လတွင် ဟာဝိုင်ရီ နှစ်ဖက် ရေတပ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးလျှင် နှစ်မကုန်ခင် ၀ါရှင်တန် ထိပ်ပိုင်းအဆင့် ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ၀န်ကြီး Michall Schiffer ဘေဂျင်းသို့ သွားရောက်ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ ဒေါ်လာ ၆.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလတွင် တရုတ်က စစ်ဖက် ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းက ထိုင်ဝမ်ကို ခွဲထွက် ပြည်နယ် တစ်ခုအဖြစ် သတ်မှတ် ယူဆထားသည်။

တရုတ် ပြည်မသည် ထိုင်ဝမ်ကျွန်းကို ဒုံးကျည် ၁၀၀၀ ကျော်ဖြင့် ချိန်ရွယ်ထားပြီး အကယ် ကျွန်းနိုင်ငံကသာ တရားဝင် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့ပါက အင်အားသုံး သိမ်းပိုက်မည် ဟုလည်း ခြိမ်းခြောက်ထားသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အကြီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပြီး ကျွန်းနိုင်ငံ၏ ကာကွယ်ရေးကို ကူညီရန် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို ပြဌာန်းထားသည်။

အဆိုပါ လက်နက် ရောင်းချမှုသည် တရုတ်နှင့် ထိုင်ဝမ်အကြား လုံခြုံမှုနှင့် တည်ငြိမ်မှုကို ဖြစ်ပေါ် စေလိမ့်မည်ဟု အမေရိကန်တို့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

နားလည်မှု အလွဲများနှင့် လွဲမှား ကောက်ယူမှုများကို လျှော့ချရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်အတွက် ဒိုင်ယာလော့သည် မရှိမဖြစ် လိုအပ်ကြောင်းကို နှစ်ဖက်စလုံးက သဘောတူ ခဲ့ကြသည်ဟု ပင်တာဂွန် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Dave Lepan ၏ ပြောကြားမှုအရ သိရှိရသည်။

ယခုနှစ် အတွင်း အင်တာနက်မူဝါဒ၊ တိဘက် ပြဿနာ၊ အမေရိကန် ကုန်သွယ်ရေး လိုငွေ ပြမှုနှင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံက ပိုင်နက် ကြေညာမှုများကြောင့် ဘေဂျင်းနှင့် ၀ါရှင်တန် အကြား ဆက်ဆံရေး "တန်း"သွားခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment