Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၂၀ တွင်း ပထမဆုံး ကျင်းပသည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ)က ကြိုဆိုပြီး "နိုင်ငံ ရှေ့ဆက် သွားရန် အရေး ကြီးသော အဆင့်တစ်ခု" ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက်ကို အာဆီယံ၏ လက်ရှိ ဥက္ကဌ ဖြစ်သော ဗီယက်နမ် နိုင်ငံက နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

"အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဆက်လက် အရှိန် မြှင့်တင်ရန် နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နိုင်ငံတွင်း တည်ငြိမ် အေးချမ်းရေး အစ ရှိသည် တို့ကို ဖော်ဆောင် ရန် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံကို အားပေး အားမြှောက် ပြုပါသည်" ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အနောက်နိုင်ငံ အစိုးရများက မြန်မာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိဟု ပြစ်တင် ရှုတ်ချသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲလိမ်မှုနှင့် မသမာမှု များစွာ ရှိခဲ့သည် ဟူသော သတင်း ပေးပို့ချက်များ ထွက်ပေါ် လာသောကြောင့် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပေးခြင်း ခံရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့- USDP) သာ မဲအများဆုံးဖြင့် အနိုင် ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် များအရ သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment