Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စ ဆိတ်သုဉ်းနေမှုနှင့် ပတ်သက်၍ လွန်စွာ စိတ်ပျက် အားလျော့မိကြောင်း နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ဖြစ်သော အမရာဆင်းက ဒီဇင်ဘာ လကုန်ပိုင်းတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို နယူးဒေလီ အစိုးရက ပြောဆို ဆက်ဆံမှု မပြုဘဲ နေသည့်အပေါ် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဝေဖန် ပြစ်တင်ခဲ့မှုကိုလည်း ၎င်းက ထောက်ခံ ပြောဆိုသည်။

"အိန္ဒိယနိုင်ငံ အနေနဲ့ စကားပြောရပါမယ်။ အိန္ဒိယက မြန်မာနိုင်ငံအတွက် တက်ကြွစွာ လှုပ်ရှားပြရပါ့မယ်။ အမေရိကန် ပြည်ထောင်စုဆိုရင် မြန်မာ့ အရေး အတွက် နိုးကြားနေပါတယ်။ အိန္ဒိယ အနေနဲ့ ဒီထက်ပိုပြီး အရေးယူ ဆောင်ရွက်တာကို ကျွန်တော် လိုလားပါတယ်။ မြန်မာ့ အရေးအတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံး ဖိအားပေး ပြောဆိုတာတွေ၊ အလုပ်လုပ် ပေးကြတာတွေကို မြင်ချင်ပါတယ်" ဟု အမရာဆင်းက ဆိုသည်။

ထို့ပြင် အိန္ဒိယက အရှေ့မြောက်ဒေသ၊ မြန်မာ နယ်စပ်အနီးမှ ဘိုဒိုနှင့် မီဇိုသူပုန်များ နှိမ်နင်းနိုင်ရေး အတွက် မြန်မာ စစ်အစိုးရကို ကျောထောက် နောက်ခံ ပေးနေမှုကိုလည်း အမရာဆင်းက ပြစ်တင် ဝေဖန်သည်။ အဆိုပါ ကိစ္စသည် "နားလည်နိုင်၍ ရသော ကိစ္စ မဟုတ်၊ ကြောက်မက်စရာ ကောင်းသော အပေးအယူ - အလျှော့အတင်း ကိစ္စတစ်ခုသာ ဖြစ်သည်" ဟု ၎င်းက သုံးသပ်သည်။

နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် အမရာဆင်းသည် Devil's Advocate အမည်ရ အစီအစဉ်တွင် မြန်မာ့ အရေးနှင့် ပတ်သက်၍ ယင်းသို့ သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကျင့်သုံးသော ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံမှ သားသတ် သမားများကို ကြိုဆိုခြင်း ဖြစ်နေကြောင်း တွေ့မြင်ရသောအခါ လွန်စွာမှ ရင်ထုမနာ ဖြစ်မိကြောင်း အမရာဆင်းက ဆိုသည်။

အကယ်၍ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံပြီး မြန်မာ့ အရေးကိစ္စ ထုတ်ဖော် ပြောဆိုမည် ဆိုပါက မည်သို့ အကြံပြုမည်နည်းဟု မေးမြန်းရာတွင် ၎င်းက "ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ သူကျွန်တော် ပြောတာကို နားထောင်ပါတယ်။ ဒါပေမဲ့ ဘာမှ ပြန်မပြောဘူး။ ကျွန်တော်က အခု ချက်ချင်းကြီး ပေါ်လစီ ပြောင်းလဲ ကျင့်သုံးဖို့ မပြောခဲ့ပါဘူး။ သူ့အနေနဲ့ တစ်စုံတစ်ခု စဉ်းစားလာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တာပဲ။ မြန်မာနိုင်ငံမှာ အစိုးရသစ် မပေါ်ပေါက်ခင် သူ့အနေနဲ့ တစ်စုံတစ်ခု စဉ်းစားပြီး လုပ်ကိုင်သွားမယ်လို့ ထင်တယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကြီးများ နောက်ဆုံးတွင် ပျောက်ကွယ် သွားလိမ့်မည်ဟု ယုံကြည်မှု ရှိကြောင်း အသက် ၇၇ နှစ်အရွယ် အမရာဆင်းက ထုတ်ဖော် ပြောဆိုသေးသည်။

သို့သော် အိန္ဒိယနှင့် အခြားသော နိုင်ငံများက ရေငုံ နှုတ်ပိတ် လုပ်နေမှုသည် မြန်မာ စစ်အာဏာရှင်များ ဆက်လက် အသက် ဆက်နိုင်အောင် ဖန်တီး ပေးနေသကဲ့သို့ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။

Hindustan Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment