Transparency Myanmar

transparency.myanmar@gmail.com

၂၇..၂၀၁၁

ပြည်တွင်းသတင်းများ


မှတ်ပုံတင်ထားသော လုပ်ငန်းအများစုသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖြစ်

ဖေဖော်ဝါရီ ၂၇


မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော လုပ်ငန်းအများစုသည် အသေးစား လုပ်ငန်းများနှင့် အလတ်စား လုပ်ငန်းများဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လုပ်ငန်း အကြီးစားများကိုမူ မှတ်ပုံတင် ထားသော်လည်း အနည်းငယ်ပင် ရှိသေးကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အဓိက မောင်းနှင်အားမှာ SME နှင့် SIM တို့ဖြစ်ကြောင်း၊ ယနေ့ တိုးတတ်နေသည့် ဂျပန်နိုင်ငံ၌လည်း SME နှင့် SIM တို့ပင် များပြားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အလုပ်သမား အများစုမှာလည်း အသေးစား လုပ်ငန်းများနှင့် အလတ်စား လုပ်ငန်းများတွင်သာ များပြားကြောင်း၊ တစ်နိုင်ငံလုံး၏ ကုန်ထုတ်လုပ်မှု အများစုသည်လည်း ၎င်းအသေးစား လုပ်ငန်းများမှပင် ရရှိကြောင်း၊ ထို့ကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတတ်ဖို့ရန် အလွန်ပင် အရေးပါကြောင်း၊ ၎င်းအသေးစားနှင့် အလတ်စား လုပ်ငန်းများ တိုးတတ်လာပါက နိုင်ငံ၏ စီးပွားရေး အရှိန်အပာုန် တိုးတတ်၍ အလုပ်အကိုင် အခွင့်အလမ်းများလည်း များပြားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းအများစုသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတတ်ဖို့ရန် ၎င်းတို့ လက်ဝယ်ရရှိထားသော အားသာချက်များကို ပိုမိုခိုင်မာမှုရှိစေရန် တည်ဆောက်ပြီး ဈေးကွက်အတွင်း ပို၍အားကောင်းသော အရည်အသွေး အဆင့်အတန်းမီသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားကြရ ဦးမည်ဖြစ်ကြောင်း၊ လာမည့်၂၀၁၅ တွင်လည်း AFTA ၏ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း ၎င်းမှပင် ဆက်လက်ပြောကြားခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------

အင်တာနက်တွင်အီးမေလ်းကိုအသုံးပြုထားသောVirus တစ်မျိုးပြန့်နှံ့

အင်တာနက် အသုံးပြုသူများ အနေဖြင့် မိမိတို့၏အီးမေလ်းတွင် Powerpoint Presentation,life is Beautiful ဆိုပြီးမေလ်းတစ်ခု ဝင်ရောက်လာပါက ဖွင့်ကြည့်ခြင်း မပြုရန်နှင့် ၎င်းမှာအန္တရာယ်ကြီးသော virus တစ်မျိုးဖြစ်ကြောင်း Microsoft  နှင့် Norton တို့မှ ပေးပို့သော အီးမေလ်းများအရ သိရသည်။

၎င်းအီးမေလ်းကို ဖွင့်ကြည့်ပါက Computer Screen တွင် life is too late now,your life is no longer beautiful ဆိုသည့် စာတန်းပေါ်လာပြီး မိမိကွန်ပျူတာရှိ အချက်အလက်များ အားလုံးပျောက်ဆုံးသွားပြီး၊ မိမိ၏အမည်နှင့် အီးမေလ်း Password  များပါအားလုံးရောက်ရှိ သွားမည်ဖြစ်သည်။

“တခြားနိုင်ငံမှာဆိုရင် သူတို့ရဲ့ မေလ်းတွေနဲ့ အားလုံးချိတ်ဆက်ထားတာလေ အထူးသဖြင့်တော့ bank account တွေ၊ အလုပ်ရှာတာတွေ အားလုံးက အီးမေလ်းနဲ့ပဲ လုပ်ကြတာကို၊ ဒီတော့ဒီvirus က တော်တော်ကို အန္တရယ်ကြီးတယ်။ ဒီမေလ်းဝင်လာခဲ့ရင် ဖွင့်ကြည့်ခြင်း မပြုပဲချက်ခြင်း Delete လုပ်ပစ်လိုက်ပါ´ဟု လှိုင်မြို့နယ်မှ Computer technician ကို ဥက္ကာက ပြောကြားသည်။

၎င်း Virus ကို ပြုလုပ်သူမှာ မိမိကိုယ်ကို life Owner ဟု အမည်ပေးထားကြောင်း၊ Virus အမျိုးအစားမှာ Trojen အမျိုးအစား ဖြစ်ကြောင်းသိရသည်။
The CJs News

-----------------------------------------------------------------------------------------------------------------------------------

ပုသိမ်မြို့တွင်ကုန်တင်ယာဉ်တစ်စီးလျှင်မြို့ဝင်ကြေးငါးထောင်ကျပ်ကောက်ခံနေ

ပုသိမ်၊ဖေဖော်ဝါရီ၂၅။


ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် မြို့အဝင် မြက်တိုလမ်းဆုံ၌ ကုန်တင်ယာဉ် တစ်စီးလျှင် မြို့ဝင်ကြေး ငါးထောင်ကျပ်နှုန်းဖြင့် ဇန်န၀ါရီလမှ စတင်၍ ကောက်ခံလျှက်ရှိကြောင်း ပုသိမ်အခြေစိုက် ကုန်တင်ယာဉ်မောင်းများနှင့် ရန်ကုန်- ကျောင်းကုန်း- ဟင်္သာတ- ပုသိမ် ပြေးဆွဲနေသော ကုန်တင်ယာဉ်မောင်းများ ထံမှ စုံစမ်းသိရှိရသည်။

ပုသိမ်အခြေစိုက် ခြောက်ဘီးကုန်တင် ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဝင်းထွန်း(အမည်လွှဲ)က “ကျွန်တော်တို့လို ကားကြီးတွေက မြို့တွင်းကို တိုက်ရိုက် ကုန်ချခွင့်မရှိပါဘူး။ ၂၀၁၀ တုန်းကတော့ နားလည်မှုနဲ့ မြို့ထဲကို ဝင်လို့ရသေးတယ်။ အဲဒီတုန်းက တစ်စီးသုံးသောင်း ပေးရတယ်ဗျ။ အခုဟာက မြို့ထဲလဲဝင်လို့မရဘူး။ ကင်ပလင်းကျွန်း (အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်း)  မှာပဲ ရပ်ရတယ်။ ဒါကိုမြို့ဝင်ကြေးဆိုပြီး ငါးထောင်ကျပ်ကောက်တယ်ဗျာ။ တ.ယ.ကစီမံချက်ဆိုတော့ ကျွန်တော်တို့လဲ ပေးရတာပဲ”  ဟု ပြောကြားသည်။

ထိုသို့ပေးဆောင်ရသည်မှာ ကုန်တင်ယာဉ် အားလုံးဖြစ်ကြောင်း၊ ၁၄ပေ ဒိုင်နာယာဉ်များမှာမူ မြို့တွင်းသို့ တိုက်ရိုက်ကုန်ချခွင့် ရှိကြောင်း၊ ၎င်းယာဉ်များကိုလည်း ၂၀၁၀ခုနှစ်အတွင်းက ပုသိမ်မြို့တွင်း၌ တိုက်ရိုက်ကုန်တင်၊ ကုန်ချလုပ်သော်လည်း ကားကြီးဝင်း၌ ကုန်ချိန်းခဟုဆိုကာ အဝေးပြေးကုန်တင်ယာဉ် လုပ်ငန်းကြီးကြပ်မှု အဖွဲ့နှင့် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့က ယာဉ်ကိုယ်ထည် တစ်ပေလျှင် ၄၀၀ကျပ်နှုန်းဖြင့် တစ်စီးလျှင် ၅၆၀၀ ကျပ်နှုန်း ကောက်ခံခဲ့ဘူးကြောင်း၊ ယင်းကိစ္စကို တိုင်းမှူးထံ တိုက်ရိုက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး ကောက်ခံမှုကို ပယ်ဖျက်ပေးခဲ့ဘူးကြောင်း ထပ်မံသိရှိရသည်။

သက်ဆိုင်ရာမှ သတ်မှတ်ထားသော လမ်းတံတားကြေးများမှာ ၁၄ပေဒိုင်နာတစ်စီးလျှင် လမ်းအသုံးပြုခ ၁၉၅၀ကျပ်သာ ပေးဆောင်ရကြောင်း၊ ထို့ကြောင့်မြို့ဝင်ကြေး ငါးထောင်ကျပ်ဆိုသည့် ပမာဏမှာ များပြားလွန်းလှကြောင်း ကုန်တင်ယာဉ်မောင်းများက ဆိုသည်။
ပုသိမ်မြို့တွင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းများပျက်ဆီးခြင်း၊ ယာဉ်မတော်တဆမှုများ များပြားလာခြင်းတို့ကြောင့် ၂၀၁၀ခုနှစ်မှ စတင်ပြီးမြို့တွင်းသို့ သုံးတန်အောက် ယာဉ်များကိုသာ ဝင်ရောက်ခွင့် ပြုထားသော်လည်း ယခုအခါ ငါးတန်ချက်ပလက် ကုန်တင် ယာဉ်ကြီးများပါ မြို့ဝင်ကြေး ငါးထောင်ပေး၍ မြို့တွင်းသို့ တိုက်ရိုက်ဝင်ရောက် ကုန်တင်၊ ကုန်ချမှုများ ရှိရာလမ်းပျက်စီးမှုများ၊ ယာဉ်အန္တရာယ်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ များပြားလာနိုင်ကြောင်း ရွှေစေတီလမ်းတွင် နေထိုင်သည့် မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

The CJs News

===============================================================

ပြည်တွင်းပါတီ၊နိုင်ငံရေးသတင်းများ   
 
               

မယက၊ရယကတို့အားအမည်ပြောင်းလဲရမည်

ခရိုင်၊မြို့နယ်၊ ရပ်ကွက်ဖွံ့ဖြိုးရေး ကောင်စီတို့အား အမည်ပြောင်းလဲ ပြင်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲရာတွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစား ခရိုင်အုပ်ချုပ်ရေးမှုး ရုံခန်းအဖြစ်ပြောင်းလဲရမည်ဖြစ်ပြီး၊ ယင်းမြို့နယ်ဥက္ကဋ္ဌကို မြို့နယ်အုပ်ချုပ်ရေးမှုး အဖြစ် ပြောင်းလဲခေါ်ဆို ရမည်ဖြစ်ကြောင်း... .မြို့နယ်မှ ရာအိမ်မှူးတစ်ဦး၏ ပြောကြားချက် အရသိရသည်။

ယခုလို ပြောင်းလဲလိုက်သောကြောင့် အုပ်ချုပ်ရေးမှုး လုပ်ချင်တဲ့သူများက ငွေကိုသုံးပြီး နေရာယူလာမည်ဖြစ်ကြောင်း၊ ယခင်ဥက္ကဋ္ဌများကလည်း သူတို့နေရာ မပျောက်စေရန်အတွက် Activities တွေ လုပ်ဆောင် မည်ဖြစ်ကြောင်း အဆိုပါရာ အိမ်မှူးကပင် ထပ်လောင်းပြောကြားသည်။

“ကျွန်တော်တို့ ဥက္ကဋ္ဌကတော့ ကောင်းတယ် သူ့ကိုပဲ ဆက်လက်ရှိနေစေချင်တယ်။ ကျွန်တော်တို့ ကြားတာတော့ ပြည်ခိုင်ဖြိုးပါတီ တစ်ယောက်ယောက်ဖြစ်မလားသိဘူး၊ ဒါကြောင့် ပြောင်းခိုင်းတာ ထင်တယ်” ဟု….. မြို့နယ်မှရယက စာရင်းကိုင်တစ်ဦးက ပြောကြား သည်။

အုပ်ချူပ်ရေးမှုးများ ခန့်ထားခြင်းနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်ပြောင်းလဲခြင်းကို ယခုလကုန်ပြီး ၁ရက်နေ့တွင် အပြီးပြောင်းလဲရမည်ဖြစ်ကြောင်း သိရသည်။

---------------------------------------------------------------------------------------------------------------------

ရှမ်းပြည်တောင်ပိုင်းမြို့နယ်မှကျားဖြူပါတီလူငယ်များတွေ့ဆုံ


ဖေဖေါ်ဝါရီလ၂၆

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ၇ မြို့နယ်မှ ကျားဖြူပါတီဝင် လူငယ်များ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖေဖေါ်ဝါရီ ၂၃ - ၂၅ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်း နမ့်စမ်မြို့ ကျားဖြူပါတီ မြို့နယ်ရုံးခွဲ ၌ တွေ့ဆုံကြ ကြောင်း၊ တွေ့ဆုံပွဲတွင် လူငယ် ၃၀ ကျော် တက်ရောက်ကြောင်း သိရသည်။
တက်ရောက်ကြသော လူငယ်များမှာ လွိုင်လင်ခရိုင် အတွင်းမြို့နယ် ၇ ခု ဖြစ်သည့် လွိုင်လင်၊ နမ့်စမ်၊ ကွန်ဟိန်း၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချားနှင့် ပင်လုံမြို့နယ်ခွဲ တို့မှ ဖြစ်ကြသည်။
 
“အခုဆွေးနွေးပွဲတက်ရောက်တာ  ၇ မြို့နယ်ကလူငယ်တွေဘဲ၊ အားလုံးပေါင်း ၃၁ ယောက်ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းပြည်က မြေလွတ်မြေရိုင်း ပေါတယ်၊ စိုက်ပျိုးသီးနှံဖြစ်ထွန်း အောင်မြင်အောင်၊ ဘယ်လို နည်းပညာတွေသုံးရင် သင့်လျော်မှာလဲ။ နောက်တခုက ကျွန်တော်တို့ဆီမှာ အကုန်ရနိုင်ရဲ့သားနဲ့ တခြားနိုင်ငံဆီက ဝယ်ယူ စားသုံးရတာမဟုတ်သေးဘူးလေ” ဟု တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကျားဖြူ ဗဟိုကော်မတီဝင် ဆရာစဝ်ဆိုင်မိန်းက ပြောကြားသည်။
ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် လက်ရှိ အစိုးရ ခေါ်ယူသည့် လွှတ်တော် သုံးရပ်အတွင်း အမတ်နေရာ ၅၇ နေရာရှိပြီး၊ စီးပွားရေးဘက်၌လည်း အားသန်နေသည့် နိုင်ငံရေး ပါတီဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

အင်းစိန် ဗုံးကွဲမှု ဖြစ်ပြီးနောက် စစ်ဆေးမှုပြင်းထန်

ဖေဖေါ်ဝါရီလ၂၇


ရန်ကုန်မြို့အင်းစိန် ကမ်းနားလမ်းမှာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းကဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

အင်းစိန်မြို့နယ် ကမ်းနားလမ်း တွင်ရှိသည့် အောင်ဇေယျ တံတားအနီး၌ ယနေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ရက် ည၇နာရီ ၁၀မိနစ်ခန့်တွင် ကိုဇော်မင်းသန်း  ဆိုသူသည် အောင်ဇေယျအိမ်ရာ ဖူးပွင့် စတိုးဆိုင်အနီးရှိ ကွမ်းယာဆိုင် တစ်ဆိုင် သို့ရောက်ရှိလာပြီး သူ့လက်ထဲမှ အထုတ်တစ်ထုပ်ကို ဆိုင်ရှင်အားလှမ်းပေးစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပက်သက်၍အောင်ဇေယျ အိမ်ရာနားတွင် နေထိုင်သူ တစ်ဦးအား ဆက်သွယ် မေးမြန်းကြည့်ရာမှာသူက အခုလို ပြောပါတယ်။

“ည၇ နာရီ ၁၀မိနစ် လောက်တုန်းက  အောင်ဇေယျ တံတားနားလေးက အသံအကျယ်ကြီးလည်းကြားတယ်။ အဲဒီနားမှာ ထရန်စဖော်မာ ရှိတော့ ထရန်စဖော်မာ ပေါက်တယ်လို့ထင်တာ။ ဒါပေမဲ့ မီးတွေလည်း မပြတ်ဘူး ဆိုတော့ အချင်းချင်း မေးကြည့်တော့မှ ဗုံးကွဲတာလို့ သိရတယ်။” ဟု အနီးအနား ရပ်ကွက်တွင် နေထိုင်သူ အခင်းဖြစ်ပွားရာကို သွားကြည့်သူ တစ်ဦးက ပြောကြားခဲ့သည်။ 

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မိနစ်၂၀ ခန့် အကြာတွင် လုံခြုံရေး တပ်ဖွဲ့များကသမိုင်းလမ်းဆုံနှင့် ဘုရင့်နောင် တံတားအဆင်း စက်မှုဇုန် မှတ်တိုင်အနီးရှိတိုးဂိတ်တွင် လည်းကောင်း၊ အောင်ဇေယျ တံတားအဆင်းတွင် လည်းကောင်းစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ကာ ဖြတ်သန်းသွားသော မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသူ များအားတစ်ဦးချင်း ရှာဖွေခဲ့ကြောင်း သိရှိရသည်။

 "ကျွန်တော်က နဝဒေးမှတ်တိုင်မှာ ဆင်းရတာပါ။ ကျွန်တော် စီးလာတဲ့ပါရမီ ဘတ်စ်ကားက တပ်ထိတ်မှတ်တိုင် ကျော်တော့ ရပ်သွားတယ်။ ဘာကြောင့်ရပ်သွားလဲမေးကြည့်တော့ တိုးဂိတ်မှာ စစ်ဆေးရေး ဝင်နေတယ်လို့ပြောကြတယ်။ ပြီးတော့ အဲဒီနေရာမှာ ကားတွေပိတ်လို့နာရီဝက်လောက် ကြာတယ်။ ကျွန်တော်တို့ ကားအလှည့် ရောက်လာတော့ ကားပေါ်ကိုအရပ်ဝတ်နဲ့ လူတစ်ယောက် တက်လာပြီး၊ ခရီးသည်တွေရဲ့ အိတ်တွေကိုဖွင့်ခိုင်းတယ်။ အပေါ်ကနေ ဓာတ်မီးနဲ့ လိုက်ထိုးကြည့် သွားတယ်။ အဲဒီနေရာမှာ ကားတစ်စီးခြင်းစီ စစ်နေတော့ တော်တော်လေးကို အချိန်ကြာ သွားတယ်"ဟု ဗုံးပေါက်ကွဲမှုအပြီး စစ်ဆေးရေး လုပ်ရာတွင် ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇နာရီ ၁၀မိနစ်တွင် ဗုံးကွဲမှုကြောင့် ဗုံးခွဲသူဟု သံသယရှိသူ အပါအဝင် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။

================================================================
 

သတင်းနှင့်ဆောင်းပါးများမှကောက်နှုတ်ချက်များ

 
“နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရင် အလုပ်အကိုင်တွေလည်း များလာမယ်၊ လယ်ယာလုပ်ငန်းဖွံ့ဖြိုးရင်လဲ အများစုကို အလုပ်အကိုင်ပေးနိုင်မယ်။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမှာပဲ၊ နောက်တစ်ချက်က ဈေးကွက်က လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီမယ်ဆိုရင်လဲ အလုပ်ရနိုင်တယ်၊ ဈေးကွက်ကတတ်တာ တခြားကိုယ်တတ်တာ တခြားဆိုရင်လွဲနိုင်တယ်”  (ဆရာခင်မောင်ညိုဘောဂဗေဒ)

“၁၉၄၈က လွတ်လပ်ရေးရတဲ့ မြန်မာနိုင်ငံကို ၁၉၇၅မှ လွတ်လပ်ရေးရတဲ့ ဗီယက်နမ်က ကျော်တက်သွားပြီ။ မြန်မာနိုင်ငံဟာ ဗီယက်နမ်ကို အတုယူသင့်တယ်၊ ဝမ&