Transparency Myanmar

transparency.myanmar@gmail.com

(23 March 2011 ရက်စွဲပါ The Strait Times မှ "Sanction Must Stay in Place: Myanmar's Suu Kyi Says" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ တွင် စစ်အစိုးရ အပေါ် ချမှတ် ထားသော Sanctions များ ဆက်ရှိ နေသင့် ကြောင်း မြန်မာ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗုဒ္ဓဟူး နေ့က ပြောကြား လိုက်သည်။ ဥရောပ သမဂ္ဂက Sanctions များကို ရုတ်သိမ်း ရန် သင့် မသင့် ဆုံးဖြတ်ရေး ပြင်ဆင် လျက် ရှိသော အချိန်တွင် ထိုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဂျာမန် နေ့စဉ် Frankfurter Rundschau နှင့် အင်တာဗျူးတွင် နိုဘယ် ဆုရှင်က "Sanctions တွေက အရင် အတိုင်း ဆက်ရှိ ရပါမယ်၊ ဒီမှာ တစ်ခုခု ပြောင်းတဲ့ အခါ မှသာ ရုတ်သမ်း သင့်ပါတယ်" ဟု ဆိုသည်။

EU သည် ဧပြီလတွင် လူ့အခွင့် အရေး ချိုးဖောက် မှုများ ကြောင့် အစိုးရ အပေါ် ချမှတ် ထားသော အရေးယူ မှုများ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရန် ပြင်ဆင်လျက် ရှိသည်။

ပြီးခဲ့သည့် အပတ်က EU သံတမန် များသည် အနောက် နိုင်ငံ Sanctions များ ရုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ များကို ဒေါ်အောင်ဆန်း စုကြည်နှင့် စကား ပြော ဆို ခဲ့သည်။ နိုင်ငံ တကာ ဉာဏ်ကြီးရှင် အဖွဲ့ ဖြစ်သော International Crisis Group က မကြာ သေးမီက အရေးယူ မှုများ အလုပ် မဖြစ် ဟု ဝေဖန် ခဲ့သည်။

ကုန်သွယ်ရေးနှင့် ငွေကြေး ဆိုင်ရာ အရေးယူ မှုများကို ထောက်ခံ သူများက ပြောကြား ရာတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိသည်ဟု ယုံကြည် ရသည့် မြန်မာ နိုင်ငံ ရှိ စစ်အစိုးရ အပေါ် ဖိအား ပေးရန် တစ်ခု တည်းသော နည်းလမ်းမှာ Sanction သာ ဖြစ်ကြောင်း ဆိုခဲ့သည်။

အနောက် နိုင်ငံ စီးပွားရေး လုပ်ငန်းများ အနေဖြင့် အကန့် အသတ် များ ရှိနေ ချိန်တွင် အာရှ တိုက်မှ ကုမ္ပဏီများ၊ အထူးသဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် တောင် ကိုရီးယား တို့သည် နိုင်ငံ ရေးနှင့် လူ့ အခွင့် အရေး ချိုးဖောက် မှုများကို လစ်လျူ ရှု၍ သယံ ဇာတ ပေါသော မြန်မာ နိုင်ငံ တွင် ရင်းနှီး မြှုပ်နှံ မှုများ ပြုလုပ် လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment