Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၃.၂၀၁၁

ပြည်တွင်းသတင်းများ

၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ပိုမိုသုံးစွဲမည်

မတ် ၂၃။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၉/ ၂၀၁၁အရ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေအပိုင်း(၂)တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍရေး နှစ်သစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေမှ ထုတ်ယူအသုံးပြုရန် ဇယား(၄)ဖြင့် ထုတ်ပြန်ထားသည့် ကျန်းမာရေးကဏ္ဍအတွက် ရသုံးငွေမှာ ၉၀၈၁၈၄၈၉၀၈၀ ဖြစ်ကြောင်းသိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်တွင် ပြည်သူများအတွက် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အပါအဝင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း အကြောင်းအရာ ကဏ္ဍ ၃၅ခု အတွက် စုစုပေါင်း( သာမန်သုံး ငွေနှင့် ငွေလုံးငွေရင်း နှစ်ရပ်ပေါင်း) ကျပ် ၆၃၀၇ ဘီလျံကျော် သုံးစွဲရန် ဖော်ပြထားကြောင်း သိရသည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆေးရုံ ၅၃ ရုံရှိပြီး ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲငွေမှာ ကျပ် ၄၆၄ သန်း ရှိခဲ့သည်။ ယခုအခါ၌ ဆေးရုံ ၈၁ ရုံ ရှိ၍ သုံးစွဲငွေမှာ သန်း ၆၄၀၀၀ ကျော်ရှိသည်ဟု မတ်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ရန်ကုန်ကလေးဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကျော်မြင့်၏ ပြော ကြား ချက်အရသိရသည်။

"မြန်မာနိုင်ငံလူဦးရေက ထုတ်ပြန်ချက်တွေအရ သန်း ၆၀ ဝန်းကျင်ပါ။ ကျန်းမာရေးကဏ္ဍအ တွက် ဒီနှစ်သုံးစွဲငွေကိုအမေရိကန်ဒေါ်လာနဲ့ဆိုလျှင် ကျပ် သန်း ၉၀ကျော်နဲ့ သန်း ၁၀၀ကြားသုံးစွဲ  မယ့်ပမာဏလို့ပြောလို့ရတယ်" ဟု စီးပွားရေး ဘာသာရပ်ပါမောက္ခတစ်ဦးက ပြောကြားခဲ့သည်။

နောင်နှစ်များတွင် လွှတ်တော်မှာ ယခု ထက်ပိုမို၍ သုံးစွဲရန် တောင်းဆိုတင်ပြနိုင်သည့် စနစ်ကြောင့် ယခုနှစ် (၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်) ထက်ပိုပြီး ပိုသုံးစွဲသွားမည်ဟု ခန်းမှန်းတွက်ချ ထားပါသည်ဟု ၎င်းမှ ဆက်လက် ပြောကြား သွားသည်။

ယခင်နှစ်က မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ကျပ်သန်းပေါင် ၆၄၀၀ ကျော်(လူတစ်ဦး ၁၀၆၆ ကျပ် ဝန်း ကျင်) သုံးစွဲခဲ့ပြီး ယခုနှစ်၌ (၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်) ကျပ်သန်းပေါင်း ၉၀၈၁၈ ကျော် (လူတစ်ဦး ၁၅၁၃ ကျပ်ဝန်း ကျင်) သုံးစွဲရန် ထုတ်ပြန်ထားကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

နေပြည်တော် လေလံပွဲ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့လေလံအောင်

နေပြည်တော်၊ မတ်၂၃။

ပြီးခဲ့သည့် ၂၀၁၁ ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အအုံနှင့် မြေကွက်များအား လေလံဆွဲရာ လေလံအောင်မြင်သူများစာရင်းတွင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် အဆောက်အအုံ လေလံတင်ရောင်းချရေး ကော်မတီမှ လေလံတင်ရောင်းချခဲ့သည့် စမ်းချောင်းမြို့ နယ် ဗားကရာလမ်းရှိ ပဒုမ္မာကဇာတ်ရုံကြီးအား နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ စာရင်းတွင်ပါဝင်သော ပရီမီယာ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းရင်နှင့် အခြားပါတနာ စီးပွားရေးလုပ်ငန်းရှင်တို့မှ မြန်မာငွေကျပ် ၅၆၇၇၇ ဒဿမ ၇၈ သန်း ဖြင့်လည်းကောင်း၊ လေလံအမှတ် (၄၃) ဖြင့် လေလံတင်ရောင်းချခဲ့သည့် အမှတ်(၄၄)၊ သိမ်ဖြူလမ်းမြေနှင့် အဆောက်အ အုံနှစ်လုံး အကျယ်အဝန်း(၁ ဒဿမ ၀၈)ဧကအား မြန်မာငွေကျပ်သန်းပေါင်း ၂၅၆၀၀ ဖြင့် အေးရှားဝေါ ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်မှ လည်းကောင်း၊ လေလံအမှတ်(၄၄)၊ အမှတ်(၃၆) သိမ်ဖြူလမ်းအဆောက်အအုံနှစ်လုံး ၆ ဒဿမ ၈၁ ဧက အား မြန်မာငွေ ကျပ် သန်းပေါင်း ၂၅၂၀၀ ဖြင့်လည်းကောင်း နိုင်ငံတော်ပိုင်အဆောက်အအုံနှင့် မြေကွက်များ လေလံပွဲ၌ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ အများဆုံး ငွေကြေးပမာဏဖြင့်  အသီးသီး လေလံအောင်မြင်ခဲ့ကြကြောင်း သိရသည်။

ထိုလေလံပွဲ၌ နိုင်ငံတော်ပိုင်နှင့် နိုင်ငံပိုင်သိမ်းဆည်းမြေ နှင့် ပစ္စည်းလေလံတင်ရောင်းချခဲ့ရာ၌ နိုင်ငံတော်ပိုင်နှင့် အဆောက်အအုံ ၈၆ခု၊ တိုက်ခန်း ၄၅ ခန်းနှင့် မြေကွက် ၂၆ ကွက်အား လေလံတင်ရောင်းချခဲ့ရာ၌ အများဆုံး ငွေကြေး ပမာဏ နှင့် လေလံအောင်မြင်ခဲ့သူများသည် အထက်ပါ စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်ကြောင်းသိရသည်။

-------------------------------------------------------------------------------------------------------------

ဒဏ်ကြေးရှိသော်လည်း လမ်းဘေးဓာတ်ဆီ အရောင်းအဝယ်မပျက်

နေပြည်တော်၊ မတ်၂၃။

ဓာတ်ဆီမှောင်ခိုပြုလုပ်၍ ကားလမ်းမ နံဘေးများတွင် ဓာတ်ဆီအရောင်းအဝယ်ပြုလုပ်နေမှုများကို ဒဏ်ကြေးငွေ (၇) သောင်း ပေးဆောင်ရမည် ပာု သတ်မှတ်ထားသော်လည်း လမ်းဘေး၌ ဓာတ်ဆီရောင်းဝယ်ခြင်း ပြုလုပ်သည့် အလေ့ အထ ပပျောက်မှု မရှိသေးကြောင်းသိရသည်။

ယခုကဲ့သို့ ဒဏ်ကြေးငွေများ ပေးဆောင်ရန် သတ်မှတ်ချက်များထုတ်ပြန်ထားသော်လည်း လမ်းဘေးကားလမ်းမ နံဘေးတွင် ဓာတ်ဆီ ရောင်းချနေမှုများကို စော်ဘွားကြီးကုန်းပတ်ဝန်းကျင်များတွင် နေထိုင်သူများ၏ အဆိုအရသိရသည်။

ကားလမ်းမများပေါ်တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းမျိုး တွေ့နေရသေး ကြောင်း၊ ဒဏ်ကြေးငွေ ၇ သောင်းပေးဆောင်ရမည်ပာုသတ်မှတ်ထားသော်လည်း တစ်ဆင့်ဝယ်ယူရောင်းချခြင်း ဈေးကွက်မှာ ပပျောက်သွားခြင်းမရှိသေးကြောင်း၊ တစ်ဆင့် ဝယ်ယူရာတွင်လည်း ပုဂ္ဂလိကဆီဆိုင်များတွင် ဆီထုတ်ယူလာ သည့်ယာဉ်များမှ ပိုလျှံသည့် ဆီများကို ရောင်းချလေ့ရှိပြီး ပြင်ပဆီဈေးနှုန်း မြင့်မားလျှက် ရှိနေသေးကြောင်း ယင်းတို့ထံမှပင် ထပ်မံသိရသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း သတ်မှတ်ထားသည့် နယ်နိမိတ်များတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများ ကို မတ်လဆန်းမှစတင်၍ ရောင်းချခြင်း မပြုတော့ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

မွန်ရိုးရာ ဆိုကရေးတီး သင်တန်း မော်လမြိုင်မြို့တွင် ဖွင့်လှစ်

မော်လမြိုင်၊ မတ် ၂၃။

တိမ်မြုပ်ပျောက်ကွယ်လုပြီဖြစ်သော မွန်ရိုးရာ ဆိုကရေးတီး သင်တန်းတရပ်ကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်တန်အား  မွန်ပြည်နယ် ၁၀ မြို့နယ်မှ တမြို့နယ် ၂ ဦးကျ သင်တန်းသား၊သင်တန်းသူ ၂၀ ကို ရွေး ချယ်ကာ ၂ လတာ သင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရပြီး ယခု အပတ် သင်တန်းတွင် သင်တန်းသား ၁၄ ဦး၊ သင်တန်းသူ ၆ ဦး ပါဝင်ကြောင်း သိရသည်။

သင်တန်းသား၊ သင်တန်းသူများမှာ မွန်စာပေကို တတ်မြောက်သူဖြစ်ရမည့်အပြင် ဂီတဝါသနာအထုံနှင့် ဂီတ အခြေခံရှိပြီးသူများ ဖြစ်ရမည် ဖြစ်ပြီး သင်တန်းဆင်းပြီးပါက မိမိနှင့် သက်ဆိုင်သည့် မြို့နယ်များတွင် လက်ဆင့်ကမ်း သင် ကြားပေးရမည် ဟုလည်း သိရသည်။

“မွန်တို့ရဲ့ အမွေအနှစ် အနုသုခုမဂီတတွေဟာ ပျောက်ကွယ်တော့မယ်၊ မပျောက်ပျက်သွားဖို့၊ ဖေါ်ထုတ်ဖို့၊ ထိန်း သိမ်းဖို့နဲ့ အစဉ်အမြဲ ရှင်သန် နေဖို့ ဒီသင်တန်းကို ဖွင့်ရတာပါ” ဟု သင်တန်းဖြစ်မြောက်ရေးကော်မတီမှ မိစုစု က သင်တန်း ဖွင့်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။

“ဒီသင်တန်းမှာ ပတ္တလားကို အဓိက တူရိယာအဖြစ် သင်ပေးတယ်၊ ပတ္တလားကို အခြေခံပြီးတော့ အခြားတူရိယာ ကို Note (နိုင်ငံတကာ ဂီတ သင်္ကေတ) နဲ့ တီးခတ်သွားနိုင်အောင် သင်ပေးတယ်” ဟု ပေါင်မြို့နယ်မှ သင်တန်းဆရာတဦး က ပြောကြားသည်။

မွန်ဂီတကို အစဉ်အဆက်က ဂီတသင်္ကေတဖြင့် သင်ကြားခဲ့ခြင်းမရှိပဲ သမရိုးကျနည်းစနစ်ဖြင့်သာ တတ်ကြား တတ်မြောက် လာခဲ့ကြကြောင်း ကိုလည်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မွန်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းအဖွဲ့မှ ဒေါက်တာမင်းနွယ်စိုး၊ မွန်စာပေနှင့် ယဉ်ကျေး မှု ကော်မတီမှ ဒေါက်တာ မင်းကြည်ဝင်း၊ မွန်အဆိုတော် နိုင်ဇဲ့ဟန်မွန် အပါအဝင် ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်ကြားခြင်းခံရသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

မတ် ၂၄။

ပြီးခဲ့သည့် မတ်လ၂၃ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သန်လျင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အ မတ် ဦးလွင်ဦးမှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များတွင် လူထုရေးရာကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက် နေရသဖြင့် အာဏာအလွဲ သုံးစားလုပ်ခြင်းခြင်း၊ ကိုယ်ကျိုးရှာခြင်းမျိုး ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်လာပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးလူကြီးများကို ပြည်သူလူထု၏ ကြည်ညိုလေးစားမှုများ ကျဆင်း၍ တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက် လာနိုင်ပါသဖြင့် ကျေးရွာအုပ်ချုပ်ရေး၌ အုပ်ချုပ်မည့်သူများကို မည်ကဲ့သို့ ချီးမြှင့်မည်၊ မည်ကဲ့သို့ ဥပဒေနှင့်အညီ ထိန်း ကျောင်း မည်ဆိုသည်ကို သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌မေးမြန်းခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မပာုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးများကိုရပ်ရွာမှ ကြည်ညို လေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေးဆောင်ရွက်စေရမည်ပာု ဥပဒေ၌ ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးရာ၌ မည်သည့် နည်းလမ်းဖြင့် ခန့်အပ်တာဝန် ပေးအပ်မည်နှင့် ဆောင်ရွက်ပုံနည်းစနစ် (သို့မပာုတ်) လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထုတ်ပြန်ပေးရန် အစီအစဉ် ရှိမရှိကို ယင်းအစည်းအ ဝေး၌ပင် ဦးအောင်ကျော်ဇံမှ မေးမြန်းခဲ့သည်။

ယင်းမေးခွန်း မေးမြန်းချက်များနှင့်ပတ်သတ်၍ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ပြန်လည်ဖြေကြားခဲ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေး၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ပင်ဆက်လက်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ယခင် ရာထူး သတ်တမ်းအနေဖြင့် အုပ်ချုပ်မှု သတ်တမ်း ရှည်ကြာပါက မလိုလားအပ်သော အုပ်ချုပ်မှုဖြစ်စဉ်များ ပေါ်ပေါက်တတ်သဖြင့် သုံးနှစ်သတ်တမ်း ထားရှိခဲ့ပါကြောင်း၊ အုပ်ချုပ်မှုဖြစ်စဉ်များ၌ ဘက်လိုက်ခြင်း၊ ဖောက်ပြန်ခြင်းများရှိသဖြင့် ရာထူးမှ ဖယ်ရှား ခြင်းများလည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ရပ်ကွက် ၃၀၄၂ ခုနှင့် ကျေးရွာ အုပ်စုပေါင်း ၁၃,၆၂၉ ခု ရှိပါ ကြောင်း၊  အသစ်ရွေးချယ်ခြင်း၊ တင်မြှောက်ခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ခန့်အပ်ရာထူးမှ ဖယ်ရှား ခံရသည့် အရေအတွက်မှာ ၀ ဒဿမ ၀၀၇ ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ ဆက်လက်တာဝန်ပေးအပ်ခြင်းနှင့်ပတ်သတ်၍ ရာထူး သတ်တမ်း၊ အကြိမ်အရေ အတွက် သတ်မှတ်ချက်မရှိပါကြောင်း၊ ရွေးချယ်ခန့်အပ်ပြီးသော ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူမှ မကျေနပ်၍ တိုင်ကြားစာများ ပေါ်ပေါက် လာပါက စုံစမ်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်းမျိုး ပြုလုပ်လျှက်ရှိပါကြောင်း၊ ပြည်သူမှ တိုင်ကြားခြင်း မရှိသော အုပ်ချုပ်ရေးမှူး များအား ဆက်လက်တာဝန်ထမ်းဆောင် စေလျှက်ရှိပါကြောင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် အလုပ်အမှုဆောင် ကော်မတီဝင်များတွင် နာဂ နှင့် ပအိုဝ်း အများဆုံးဖြစ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင်ဦးရေအား သတ်မှတ်ခဲ့ရာ ကော်မတီဝင် ဦးရေ အများဆုံးရရှိခဲ့သည့် ဒေသများမှာ နာဂနှင့် ပအိုဝ်း လူမျိုးတို့ဒေသဖြစ်ကြောင်း သိရသည်။

နာဂနှင့် ပအိုဝ်း တို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အလုပ်အမှု ဆောင်ကော်မတီဝင်များအား သတ်မှတ်တာဝန်ခန့်အပ်ခြင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၁ ဖြင့် တရားဝင် ထုတ်ပြန် ခန့်အပ်ခြင်းဖြစ်သည်။

ယင်းသတ်မှတ်ချက်ပါ အတိုင်း နာဂနှင့် ပအိုဝ်း များအတွက် ကော်မတီဝင်ဦးရေ သတ်မှတ်ခန့်ထားချက်မှာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် အလုပ်အမှုဆောင်ကော်မတီဝင် ငါးဦး၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အလုပ် အမှုဆောင်ကော်မတီဝင် သုံးဦး၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၌ အလုပ်အမှုဆောင် ကော်မတီဝင်ဦးရေ ငါးဦး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အလုပ်အမှုဆောင်ကော်မတီဝင်ဦးရေ သုံးဦး၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ အလုပ်အမှုဆောင်ကော်မတီဝင် ဦးရေ သုံးဦး နှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အလုပ်အမှုဆောင် ကော်မတီ ဝင်ဦးရေ သုံးဦးအဖြစ်ထားရှိခန့်အပ်ကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥပဒေပုဒ်မ ၁၇ပါ အရ အမိန့်ကြော်ငြာစာ အမှတ် ၁၈/၂၀၁၁ဖြင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရှိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒီဘက်ခေတ်ကြီးမှာ ကမ္ဘာကြီးက တိုးတက်လာတယ်။ လုပ်ငန်းကိုင်ငန်းကောင်းလာတယ်။ ဖုန်းဆိုရင် တော်တော်များများ သုံးနိုင်လာတယ်။ ဒါပေမယ့် ကိုယ်ပိုင်အိမ်မရှိကြတာများတယ်။ မွေးကတည်းက သေတဲ့အထိ အခန်းလေးတစ်ခန်းကို မပိုင်နိုင်ဘဲ သေသွားတာလည်းရှိတယ်။ အဲဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းထဲမှာ inflation rate ကြောင့်ဖြစ်တာ လည်းပါတယ်။ ငွေကြေးဖောင်းပွမှုမြင့်မားရင် အိမ်ဈေးခြံဈေးတွေအကုန်လုံးလိုက်တက်တယ်။ ချမ်းသာတဲ့လူ ပိုချမ်းသာ သွားတယ်။ ဆင်းရဲတဲ့လူက ပိုဆင်းရဲသွားတယ်။ ဒါကြောင့် အဓိက gross root level ကိုပိုထိတယ်။ ဒါပေမယ့် ငွေကြေး ဖောင်းပွ မှုလုံးဝမရှိရင် ပြည်ပရင်းနှီးမြုပ်နှံမှုမလာဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေရော၊ ပြည်ပကလုပ်ငန်းရှင်တွေပါ ငွေကြေး ဖောင်းဖွမှုလှိုင်းလေးစီးမှ အလုပ်ဖြစ်တယ်။ ဖြစ်သင့်တာကတော့ ၅ ရာခိုင်နှုန်းလောက်ပဲဖြစ် သင့်ပါတယ်"

မတ် ၂၅ ထုတ် Biweekly ELEVEN အတွဲ(၃) အမှတ်(၅၂) မှာပါသည့်"ကုန်ကျစရိတ်များမြင့်မားလာမှု နှင့် မိသားစုဝင်ငွေ၏ အများစုအား စားဝတ်နေရေးအတွက် အသုံးပြုနေရမှုတို့မှာ အခြေခံလူတန်းစား နှင့် လူလတ်တန်းစားအလွှာတို့ ရင်ဆိုင်နေရ သော ပြဿနာတစ်ခုဖြစ်" သတင်းဆောင်းမှ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာနေဇင်လတ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ခါတိုင်းက ဆရာဝန်ကြည့်ရှုခက ငါးထောင်ပဲရှိတယ်။ ခုနှစ်ထောင်ဖြစ်သွားတယ်။ ဆေးခန်းခကလည်း နှစ်ထောင်ဖြစ်သွားတယ်" ဟု ပုဂ္ဂလိက ဆေးရုံတစ်ခုတွင်သာ ရောဂါနှင့် ပတ်သက်၍ သွားရောက်ကုသခဲ့သူတစ်ဦးကပြောသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများတက်သွားခြင်းကြောင့် ယခုကဲ့သို့ဈေးနှုန်းများတက်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

"ဆေးရုံကို မေးကြည့်တော့ဈေးတွေ အကုန်တက်တော့ ဆရာဝန်တွေအတွက်လည်း မကိုက်တော့ဘူး။ အဲဒါကြောင့် တက်တာလို့ ပြောတယ်" ၎င်းက ပြောသည်။

မတ် ၂၅ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ်(၃) မှာပါသည့် "ပုဂ္ဂလိကဆေးရုံ ဆရာဝန်ကြည့်ရှုခဈေး တက်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မြန်မာနိုင်ငံရဲ့ ဆော့ဖ်ဝဲကဏ္ဍအနေနဲ့ လက်ရှိအတိုင်းအတာတွေထက် ပိုပြီးအောင်မြင်လာဖို့ဆိုတာ အဓိကအချက် လေးချက်ပေါ် မူတည်နေတယ်လို့ ကွန်ပြူတာပညာရှင်တွေက ဆိုပါတယ်။

"မြန်မာဆော့ဖ်ဝဲလုပ်ငန်းကဏ္ဍအနေနဲ့ အောင်မြင်လာဖို့ဆိုတာက ပညာရေး၊ အင်တာနက်၊ လုပ်ငန်းခွင်နေရာ စတဲ့ ဖွဲ့စည်း တည်ဆောက်မှုတွေ၊ မူပိုင်ခွင့် ဥပဒေတွေ၊ နည်းပညာဥပဒေတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်တွေနဲ့ နည်း ပညာရှင်တွေကို ပိုပြီး ကျွမ်းကျင်လာအောင် လမ်းပြပေးရတဲ့ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုတွေ ရှိနေဖို့လိုအပ်တယ်" လို့ Cytron Computing & Multimedia မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွန်းဖေ ကဖြေကြားသွားခဲ့သည်။

မတ် ၂၅ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ်(၅၁၁) မှာပါသည့်  "ပြည်တွင်းမှာ ဆော့ဖ်ဝဲကဏ္ဍတိုး တက်ဖို့ ဘာတွေလိုအပ်ပါသလဲ" သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ဒီလိုကျူရှင်တက်မှ ပညာတက်ဖြစ်မှာလားဆရာ"

"ပညာတက်ဆိုတာ ကျူရှင်မတက်၊ ကျောင်းမနေ၊ အတန်းမအောင်လည်းဖြစ်ပါတယ်ကွာ။ လင်ကွန်းဆိုရင် ကျောင်းတစ် နှစ်ပဲနေဘူးတာ။ သောမတ်စ် အယ်ဒီဆင်ဆိုရင် သုံးလပဲ ကျောင်းတစ်နှစ်ပဲ နေဘူးတာ။ သောမတ်စ်အယ်ဒီဆင်ဆိုရင် သုံးလပဲ ကျောင်းနေခဲ့ရတယ်။ စတိဂျော့တို့၊ ဘီလ်ဂိတ်တို့ ဒဲလ်တို့ဟာလည်း ကောလိပ်ပထမနှစ်ကိုပဲတက်ဖူးတာ"

"ကျူရှင်မယူလည်း အောင်မြင်နိုင်တာပဲဆိုတာလူတွေမသိကြဘူးလား"

"သိကြပေမယ့် အဲဒီဝဲဂယက်က ထွက်လို့မရဘူး။ ဒါကြောင့် ဘာလုပ်လုပ် အစဟာ အင်မတန်အရေး ကြီးတယ်။ ကျူရှင် မသင်ရလို့ အမိန့်ထုတ်တဲ့အချိန်မှာ မိဘပြည်သူတွေနဲ့ဆွေးနွေးတာမဟုတ်ဘူးလေ။ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် လုပ်လို့တော့ရပါတယ်။ နောက်က မလိုက်လာဘူး။ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို တွေ့နေရပြီမဟုတ်လား။ ဘတ်စ်ကား မှတ်တိုင်ကို မီတာ ၅၀ ရွှေ့ဖို့ ဂျပန်တွေ ဘာကြောင့် အချိန်ယူစဉ်းစားပြီး ဆွေးနွေးလည်း ဆိုတာကို သဘောပေါက်မှာပါ"

မတ် ၂၅ ထုတ် Biweekly ELEVEN မှာပါသည့် ဒေါက်တာ ခင်မောင်ညို ရေးသားသည့် "ပညာ ကျူရှင် ကိုပြောကြဆိုကြ" ဆောင်းပါးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လူမှုစီးပွားရေးဘဝအတွက် အရေးပါသာ.....          

ပိုက်ဆံတွေ တဖွားဖွား လောင်မြိုက်နေသည်။ အနိစ္စဟူသည့် သဘောမှာ ထင်ရှားပါဘိ။ မီးခိုးများသည် ကောင်းကင်ယံအပြေးအလွှား သူ့ထက်ငါဦးအောင် တက်သွားလေသည်ဟု ထင်မြင်သည်။ လူတစ်ယောက်က ပိုက်ဆံများကို တစ်ရွက်ချင်း ဈာဉ်ဝင်စွာ မီးပုံထဲသို့ ထည့်နေသည်။ သူ၏ ဇနီးမှာလည်း မျက်ရည်စလေးများနှင့် ခင်ပွန်းနည်းတူ ပိုက်ဆံများ မီးပုံထဲသို့ပစ်သွင်း လောင်မြိုက်ပစ် နေလေသည်။ သူတို့နှစ်ဦး၏ ကလေးများသည် ကလေးတို့၏ သဘာဝအတိုင်း ငွေစက္ကူများ ရှို့ထားသည့် မီးပုံကိုပတ်ပြေးကာ မြူးထူးပျော်ပါးစွာ ကစားနေကြသည်။ ထိုနောက် ဇနီးဖြစ်သူက မိမိ၏သောကကို ပြေငြိမ်းသည့်ဟန်အသွင် ပြုပြင်၍ ကလေးများနှင့်အတူ ချစ်စနိုးစရာ ကြည်စား နောက်ပြောင်လေတော့သည်။ ထိုအခါ ခင်ပွန်းဖြစ်သူများက မိမိ မိသားစု၏ ကြည်နှုးစရာမြင်ကွင်းကို အာရုံခံစားရင်း နားလည်သဘောပေါက်သွားသည့် အပြုံးဖြင့် ရှိနေတော့သည်။ ဤမြင်ကွင်းလေးမှာ တစ်ခြားမဟုတ်။ ကျွန်တော်တို့ မြန်မာစာပေလောကတွင် နာမည်ကြီး ဝတ္ထုတစ်ပုဒ် ဖြစ်သည့် မောင်ထင်၏ "ငဘ" မှ အလွန်အဓိပ္ပယ် ပြည့်ဝသည့် ဇာတ်ဝင်ခန်းဖြစ်သည်။ ဇာတ်ဝင်ခန်း၌ ငဘ ရှို့နေသော ငွေ စက္ကူများသည် ဂျပန်ငွေစက္ကူများဖြစ်သည်။ အစိုးရတစ်ခု၏ ဇာတ်သိန်းခမ်း ကိုလည်း လှစ်ပြဆော်သြော် လိုက်သလို ဖြစ် သည်။ ဝတ္ထု၌ မောင်ထင်သည် ကလေးများကို ရှင်ပြုပေးချင်သော်လည်း ဖြစ်ခွင့်ဆန္ဒမကြုံခဲ့ရသည့် ဖခင် တစ်ဦး၏ ကြေကွဲ မှုကို ဖော်ပြပြီးသကာလ ဂျပန်အစိုးရတရား မဝင်ဖြစ်သွားသည့်အတွက် ဂျပန်ဒုက္ခမျိုးစုံခံခဲ့ရသည့် ငဘေ အလွန်ကျေနပ် ကြောင်း ကိုလည်း ဆက် တိုက်လို ဖော်ကြူးသွားလေသည်။

ဤနေရာ၌ စာရေးသူ အဓိကထောက်ပြလိုသည်မှာ ငွေကြေးနှင့် အစိုးရတို့၏ ဆက်စပ်မှု ဖြစ်သည်။ အစိုးရတို့၏ တရားဝင်မှုအပေါ်မူတည်၍ ပြည်သူများသည် ယင်းတရားဝင်အစိုးရမှ ထုတ်သည့် ငွေကြေးကို ယုံယုံကြည်ကြည် သုံးစွဲကြ လေသည်။ ဤငွေကြေးကို ဘာနဲ့များ အာမခံထား သလဲဟု လို့မေးရင် ဘာနဲ့မျှအာမခံထား။ အစိုးရ၏ တရားဝင်မှုနှင့်သာ အာမခံထားခြင်းဖြစ်သည်။ သို့ဆိုပါက ဆက်လက်မေးခွန်းထုတ်ဖွယ်ရှိသည်မှာ အစိုးရက တရားဝင်မှု ရှိအောင် မည်သို့ ဆောင်ရွက်ပါသနည်းဆိုလျှင် အလွန်နယ်ပယ်ကျယ်ဝန်းသွားပါလိမ့်။ အဘယ်ကြောင့် အစိုးရ၏ တရားဝင်မှုသည့် အစိုးရ တစ်ရပ်မှ ပြည်သူလူထုအကျိုးအလို့ဌာ ချမှတ်ထားသော မူဝါဒကောင်းများပေါ်တွင် မူတည်နေသလို၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အမြင်သဘော ထားများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်လေး၊ အရာရှိများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမှုပေါ် မူတည်ပေ လိမ့်မည်။ ဤနေရာ၌ စာရေးသူပြောလိုသည်မှာ ငွေကြေးမူဝါဒသာ ဖြစ်သောကြောင့် အစိုးရ၏ ငွေကြေးမူဝါဒကို အဓိက ပုံဖော်နေသော အစိုးရအင်ဂျင်စီ၏ တရားဝင် လုပ်ဆောင်မှုများကို နယ်ပယ်ချူံ့၍ သရုပ်ခွဲစီစစ်ချင်ပါသည်။

အစိုးရ၏ ငွေကြေးမူဝါဒ (monetary policy)အား အဓိက ပုံဖော်နေသည့် အစိုးရအဖွဲ့အစည်းမှာ ဗဟိုဘဏ် ဖြစ် သည်။ ဗဟိုဘဏ်သည် တိုင်းပြည်တစ်ပြည်၏ ငွေကြေးမူဝါဒကို အဓိကပုံဖော်နေသည့် အဖွဲ့အစည်းဖြစ်သည့် အားလျှော်စွာ နိုင်ငံတော် အချုပ်အခြာအာဏာသုံးရပ်၏ မည်သည့်လက်အောက်ခံမှမဟုတ်ဘဲ လွတ်လွတ်လပ်လပ် ရှိသင့်လှပါ သည်။ ဒီမိုကရေစီ နိုင်ငံများမှာဆိုလျှင် ဗဟိုဘဏ်သည် အလွန်လွတ်လပ်သည့် Independent အဖွဲ့အစည်းတစ်ခု ဖြစ် သည်။ ဤကဲ့သို့ လွတ်လပ်မှလည်း တိုင်းပြည်စီးပွားရေးလမ်းကြောင်းမှန်ကန်ဖို့ မည်သူ့မျက်နှာကိုမျှမထောက်ပဲ မည်သည့် အကျိုးစီးပွားအုပ်စု(ကုန်သွယ်ရေးသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ကုန်သည်ကြီးများအသင်း)များ၏ လွှမ်းမိုးမှုမှမခံဘဲ မှန်မှန် ကန်ကန် လုပ်ဆောင်နိုင်မှာဖြစ်သည်။

ဗဟိုဘဏ် အငြိမ်းစား ဒုဥက္ကဋ္ဌ ဦးသန်းလွင်က တိုင်းပြည်တစ်ပြည်၏ ငွေကြေးမူဝါဒ ကောင်းမွန်ရေးတွင် ဗဟို ဘဏ်သည်အဓိက သွေးကြောဖြစ်ကြောင်းနှင့် ဗဟိုဘဏ်တွင် လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ လိုအပ်ကြောင်း ပြောကြားရာတွင် " Monetary Policy(ငွေးကြေးမူဝါဒ) ရဲ့ Blackbone(ကျောရိုးမဏ္ဍိုင်)ကတော့ ဗဟိုဘဏ်ပါပဲ။ ဗဟိုဘဏ်ဆိုတာ Center of Monetary Policy (ငွေကြေးမူဝါဒရဲ့ အသက်သွေးကြော)ပါပဲ။ ၁၉၅၂ ခုနှစ် ဗဟိုဘဏ် ဥပဒေမရှိတော့ပဲ ပြည်သူ့ဘဏ် ဥပဒေခေတ်ရောက်တဲ့အခါမှာလည်း ဗဟိုဘဏ်မှာ ငွေကြေးကို ထိန်းချုပ်တဲ့စနစ်တွေတော့ ရှိပါတယ်။ လုံးဝမရှိတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအရတော့ လေးဆထက်မပိုရဆိုတာ မရှိတော့ဘူးပေါ့။ ဥပဒေကို လျှော့လိုက်တယ်ပေါ့" ဟုဆိုသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် အပေါ်ထပ်အဆောက်အအုံဖြစ်သည့် နိုင်ငံရေးအ ဆောက်အအုံများ(ဒီမိုကရေစီစနစ်) ရွေ့လျားပြောင်းလဲသွားပြီဖြစ်ရာ ယင်းနှင့် အပြန်အလှန်ချိန်ဆက်နေသည့် အောက် ထပ်အဆောက်အုံ စီပွားရေးမှာလည်း အတွဲအစပ်ညီညီ ပြောင်းလဲပုံပေါ်လာတော့မည်ဖြစ်သည်။ သို့သော် အပြောင်းအလဲ များကြားတွင် သက်သောက်သက် သာရှိမည့် စည်းမျဉ်းစည်းကမ်းမျိုးလိုပါလိမ့်မည်။ (ကြမ်းတမ်းသော ခရီးတွင် မော်တော် ကားတစ်စီး အလှုပ်အယမ်းနည်းအောင် ရှော့ဘားခံထားခြင်းမျိုးနှင့်တူပါသည်) ယင်းကို ဦးသိန်းဟန် ပြောပြဖူးသော ဖြစ်ရပ် မှန် ပုံပြင်လေးတစ်ပုဒ်ဖြင့် လှပစွာ နိဂုံးချုပ်လိုက်ပါသည်။  

"ဥပမာ တစ်ခုပြောရင် မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ကို စတင်တည်ထောင်ခဲ့တဲ့ ဆရာဦးစံလင်းက အလုပ်က အနား ယူပြီးတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှာ ရာထူးကြီးကြီးယူပြီး အလုပ်လုပ်နေတဲ့အချိန်ပေါ့။ အဲဒီ အချိန်မှာ ဗဟိုဘဏ်က People'Bank (ပြည်သူ့ဘဏ်) ဖြစ်နေပြီ။ တော်လှန် ရေးကောင်စီခေတ် ၁၉၇၆ ခုနှစ် ပြည်သူ့ ဘဏ်ဥပဒေနဲ့ အုပ်ချုပ် နေတဲ့အချိန်ပေါ့။ အဲဒီတော့ကျွန်တော်တို့က ဆရာဦးစံကို တင်ပြကြတယ်ပေါ့ဗျာ။ ဆရာ ၁၉၅၂ ခုနှစ် ဗဟိုဘဏ်ဥပဒေတုန်းက ပြဋ္ဌာန်းထားတဲ့ ငွေထုတ်ရင် နိုင်ငံခြားငွေရဲ့ ရွှေတန်ဖိုး နှစ်ဦးပေါင်းရဲ့ လေးဆထက်မကျော်ရဘူးလို့ ပြောပြလိုက်ပါတယ်။

အရင်တုန်းက ဦးစံလင်းက ဒါကို ထိန်းတယ်။ ဆရာဦးစံလင်းက Infalation(ငွေဖောင်းပွမှု) မဖြစ်အောင်ဆိုပြီးဥပဒေတွေနဲ့ ထိန်းတယ်။ ဒါပေမဲ့ ပြည်သူ့ဘဏ်ဥပဒေခေတ်ရောက်တဲ့အခါကျတော့ ငွေကြေးထုတ်ဝေရင်ရှိတဲ့ နိုင်ငံခြား ငွေနဲ့ ရွှေနှစ်ခုပေါင်းတန်ဖိုးရဲ့ လေးဆထက်မကျော်ရဆိုတဲ့ ကန့်သတ်ချက် မရှိတော့ဘူး။ ဦးစံလင်းကို ဆရာ ဒီစနစ် မရှိတော့ဘူးလို့ တင်ပြတော့ သူက ဘာပြောသလဲ ဆိုတော့ အဲဒီမြန်မာပြည်ရဲ့ ဗဟိုဘဏ်ကို တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီးက "Then, The Central Bank Will Become The Center Of Inflation " တဲ့ဗျာ။ ဆိုတာကတော့ ဒီလိုထိန်းချုပ်မှုနစ်မရှိတော့ရင် ငွေ ဖောင်းပွမှုဖြစ်ပြီး တိုင်းပြည်မှာ ကုန်ဈေးနှုန်းတွေတက်လာရင် အဲဒါရဲ့ တရားခံဟာ ဗဟိုဘဏ်ပါပဲလို့ ပြောလိုက်တာပဲ။ ဒီတစ်ခွန်းပဲ သူပြောတယ်"

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

×××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment