Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ယီမင် ခေါင်းဆောင် အာဏာကို ရေရှည် ထိန်းနိုင်မည် မဟုတ်

(AFP သတင်းမှ 23 March 2011 ရက်စွဲပါ “Yemeni leader can’t hold power much Longer” သတင်းကို ဘာသာ ပြန်ဆိုသည်)

အခက် အခဲများ ဝိုင်းရံ နေသော ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလက် သည် ပြည်သူ လူထု၊ သူ၏ စစ်တပ်နှင့် လူမျိုးစု အကြီး အကဲများ ထံမှ ထောက်ခံ အားပေးမှု ဆုံးရှုံး နေသဖြင့် အာဏာကို လက်လွှတ် ဆုံးရှုံး တော့မည့် အလား အလာ ရှိနေသည်ဟု အီးယူ ထိပ်တန်း တာဝန် ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“ဒီပုံစံ အတိုင်း ကြာရှည် ခံတော့မှာ မဟုတ် ဘူးလို့ ကျွန်တော် ထင်ပါ တယ်” ဟု အီးယူ ပြည်ပ ရေးရာ ဌာန အရှေ့ အလယ်ပိုင်း ရုံးခွဲ အကြီး အကဲ Hugues Mingarelli က ဥရောပ ပါလီမန် ကော်မတီသို့ ပြောကြား ခဲ့သည်။

“စစ်တပ်ရဲ့ အစိတ် အပိုင်း တချို့၊ လူများစု အကြီး အကဲတွေ ထဲက တချို့နဲ့ နိုင်ငံရေး မဟာမိတ် တွေ ထဲက အစိတ် အပိုင်း တချို့က သမ္မတနဲ့ သဘော ကွဲလွဲ အဆက် အဆံ နည်းလာတဲ့ အချိန်မှာ သမ္မတက အာဏာကို အကြာကြီး ချုပ်ကိုင် ထားနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု Mr.Mingarelli က ဆိုသည်။

သမ္မတ ဆာလား ဟာ မြောက်ပိုင်းက ရှီအစ်တီ မျိုးနွယ်စု သူပုန် ထမှု၊ တောင်ပိုင်း ခွဲထွက်မှု၊ တိုင်းပြည်ရဲ့ လူငယ်တွေနဲ့ အကြမ်းဖက် အဖွဲ့ အစည်းတွေ ကြားမှာ နေမထူး၊ သေမထူး စိတ်ဓာတ် ပေါက်ဖွား နေမှု စတဲ့ ပြဿနာ အရပ်ရပ်နဲ့ ရင်ဆိုင် နေရ ပါတယ် ဟု Mingarelli က ပြောကြားသည်။

“တိုင်းပြည်ရဲ့ ပိုင်နက် နယ်မြေ အတော် များများကို ထိန်းချုပ် နိုင်ခြင်း မရှိ တော့ပါဘူး၊ ဒါကြောင့် ယီမင် နိုင်ငံက အနေ အထားဟာ အမှန် တကယ် ထိတ်လန့် စရာ အနေ အထား ဖြစ်နေ ပြီလို့ ယူဆ ရပါတယ်၊ လာမယ့် ရက်တွေ အတွင်းမှာ ပိုမို ပြင်းထန် ဆိုးဝါး လာနိုင် ပါတယ်” ဟု အီးယူ နိုင်ငံခြား ရေးရာ မူဝါဒ အကြီး အကဲ Catherine Ashton ကို အနီးကပ် ကူညီ နေသူ Mr.Mingarelli က ပြောကြားသည်။

ယီမင် နိုင်ငံ၏ ခေါင်းဆောင် နေရာကို ကြိုတင် ခန့်မှန်းမှု ပြုလုပ် ခဲ့သည့် ထိပ်တန်း သံတမန်၏ အမြင်ကို တနလာင်္ နေ့က နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး အပြီးတွင် အီးယူက ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

*****************************************************************************************************************************

တားမြစ် ပစ္စည်းများကို မြောက်ကိုရီးယားထံမှ ဝယ်ယူရန် အီရန် ကြိုးစားခဲ့

(Reuters သတင်းမှ 23 Mar 2011 ရက်စွဲပါ “Iran tried to boybanned items from N.Korea” သတင်းကို ဘာသာ ပြန်ဆိုသည်)

တီဟီရန်၏ နျူကလီယာနှင့် ဒုံးကျည် အစီ အစဉ်များ အပေါ် ချမှတ် ထားသော ကုလ သမဂ္ဂ အရေးယူ ပိတ်ဆို့မှု များတွင် အကျုံးဝင် တားမြစ် ထားသည့် ပစ္စည်းများကို မြောက်ကိုရီးယားနှင့် တရုတ် နိုင်ငံ ထံမှ တင်သွင်းရန် အသစ် ထပ်မံ ကြိုးပမ်းမှု များကြောင့် အီရန် နိုင်ငံကို စုံစမ်း စစ်ဆေးမှု ပြုလုပ် နေသည်ဟု ကုလ သမဂ္ဂ သံတမန် များက အင်္ဂါ နေ့တွင် ပြောကြား လိုက်သည်။

အနုမြူဗုံး ထုတ်လုပ်ရန် ရည်ရွယ် နေသည်ဟု အနောက် နိုင်ငံ များက စိုးရိမ် မကင်း ဖြစ်နေသည့် နျူကလီယာ လောင်စာ သန့်စင်မှု အစီ အစဉ်ကို ရပ်ဆိုင်းရန် ငြင်းဆန် နေသည့် အတွက် တီဟီရန် အပေါ် ကုလ လုံခြုံရေး ကောင်စီက ၄ ချီမြောက် ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုကို အီရန် နိုင်ငံက လိုက်နာမှုနှင့် ပတ်သက်သည့် လေးလပတ် အစီရင် ခံစာကို ဆွေးနွေးရန် ပြုလုပ်သည့် ကုလ လုံခြုံရေး ကောင်စီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် အထက်ပါ သတင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

အီရန် ကမူ သူ၏ နျူကလီယာ အစီ အစဉ်သည် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး သက်သက် ကိုသာ ရည်ရွယ် သည်ဟု ပြောကြား ထားသည်။

လုံခြုံရေး ကောင်စီ၏ အီရန် sanctions ကော်မတီ ဥက္ကဋ္ဌ ကိုလံ ဘီယာ သံအမတ်ကြီး Nestor Osoria ကမူ အဆိုပါ ဖြစ်ရပ် နှစ်ခုကို အသေးစိတ် ပြောကြား ခဲ့ခြင်း မရှိပါ။ သို့သော်လည်း သံအမတ်ကြီးက အဆိုပါ ကိစ္စ နှစ်ရပ် စလုံးကို အီရန် sanctions ကော်မတီနှင့် ကုလ သမဂ္ဂ ကျွမ်းကျင်သူ အဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ် နေသည်ဟု လုံခြုံရေး ကောင်စီသို့ တင်ပြ ပြောဆို ခဲ့သည်။

“ကြားသိ ထားရတဲ့ sanctions ချိုးဖောက်မှု အကြိမ် အရေ အတွက် များပြား လာခြင်းဟာ အထူး စိုးရိမ် စရာ ကိစ္စ တစ်ခု ဖြစ်ပါတယ်”ဟု သံအမတ်ကြီး Osoria က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

**************************************************************************************************************************

အစီရင်ခံစာက ချိုနန် နစ်မြုပ်မှုအတွက် တောင်ကိုးရီးယား စစ်တပ်အား ဝေဖန်

(24 March 2011 ရက်စွဲပါ BBC News မှ Cheonan sinking:Paper criticises S Korea militaryကို ဘာသာ ပြန်သည်)

တောင်ကိုရီးယား အစိုးရသည် တော်ပီဒို အပစ်ခံ၍ သင်္ဘောသား (၄၆) ဦး သေဆုံးသော စစ်သင်္ဘော ချိုနန် Cheonan ၏ တစ်နှစ်ပြည့် အထိမ်း အမှတ် အဖြစ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

စာမျက်နှာ (၃၀၈) မျက်နှာရှိ အဆိုပါ အစီရင်ခံ စာတွင် တောင်ကိုရီးယား စစ်တပ်အား မြောက်ကိုရီးယား ရေငုပ် သင်္ဘော များကို ကာကွယ်ရန် သတိပေးမှု အဆင့်ကို မြှင့်တင်ရန် မလုပ် ဆောင်နိုင်မှု အတွက် ဝေဖန် ခဲ့သည်ဟု Yonhap သတင်း ဌာနက ဆိုသည်။

တစ်ချိန် တည်းမှာပင် တောင်ကိုရီးယားသည် ဒုံးကျည်တင် ဖျက်သင်္ဘော အသစ်ကို စတင် အသုံးပြု နေပြီ ဖြစ်သည်။ ဆိုးလ်သည် မြောက်ကိုရီးယားကို နယ်စပ် ဖြတ်ကျော် ကိစ္စများကို ပြန်လည် စကား မပြောမီ Cheonan ကိစ္စအား တောင်းပန်ရန် တောင်းဆို ထားသည်။

ထို့အပြင် တောင် ကိုရီးယားက မြောက် ကိုရီးယားကို ပြီးခဲ့သည့် နိုဝင်ဘာလက Yeongpyeong ကျွန်းအား အမြောက်ဖြင့် ပစ်ခတ်မှု အတွက် တောင်းပန် ရမည်ဟု ဆိုနေ ပြန်သည်။

မြောက်ကိုရီးယားက Cheonan အား ပစ်ခတ်မှု အတွက် ငြင်းဆိုခဲ့ပြီး၊ ကျွန်းအား ပစ်ခတ် ရခြင်း မှာလည်း ထိုဒေသတွင် တောင်ကိုရီးယား စစ်တပ်က စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်၍ ရန်စခြင်း ကြောင့်ဟု ဆိုသည်။

တောင်ကိုရီးယား မီဒီယာ သတင်းစာ တစ်ခုက ချိုနန် ကို မကာကွယ် နိုင်ခဲ့ ခြင်းသည်၊ အစိုးရ၏ ကာကွယ်ရေးနှင့် စစ်တပ် မဟာ ဗျူဟာ အတွက် ကြီးမားသော တိုက်ခိုက် ခံရမှုပင် ဖြစ်သည်ဟု အကြံပြု ရေးသား ခဲ့သည်။

“မတ်လ (၂၆) နံနက်က စစ်တပ်သည် Yono အဆင့် ရေငုပ် သင်္ဘော အချို့ တွေ့ရှိ ခဲ့သော်လည်း၊ ၎င်းတို့ မြောက်ကိုရီးယား အနောက်ဖက် ကမ်းရိုး တန်းမှာ ထွက်ခွာ လာချိန်တွင် ရေဒါမှာ ပျောက်ကွယ် သွားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ရေငုပ် သင်္ဘောတွေနဲ့ ပတ်သက်ပြီး သတိပေး အဆင့် မြှင့်ဖို့ မလုပ် နိုင်ခဲ့ပါဘူး”ဟု အစီရင် ခံစာတွင် ဖော်ပြ ထားခြင်းအား Yonhap က ကိုးကား ဖော်ပြခဲ့သည်။

“ထိုအချိန်က တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယား ရေငုပ် သင်္ဘော များသည် ပုံမှန် လေ့ကျင့်ရေး ပြုလုပ်သည်ဟု ယူဆ၍ လျော့တွက် ခဲ့ကြသည်” ဟု အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

တောင်ကိုရီးယား၏ တတိယမြောက် ဖျက်သင်္ဘောသည် ယခု အခါ စမ်းသပ် နေသည်မှာ တစ်နှစ်ခန့် ရှိပြီ ဖြစ်ပြီး အဆင့်မြင့် နည်းပညာသုံး Aegis ရေဒါ စနစ်နှင့် လက်နက် ထိန်းချုပ်ရေး စနစ်များ တပ်ဆင် ထားသည်။

(T600) တန်ရှိ အဆိုပါ KDX-3 ဖျက် သင်္ဘောကို (၁၆) ရာစု နှစ်က ပညာရှင်၏ အမည်နှင့် Seoae Ryu Seoae-ryong ဟု အမည် ပေးထားသည်။

တောင်ကိုရီးယားသည် ၂၀၀၄ မှ စ၍ Aegis ဖျက်သင်္ဘော သုံးစင်း စတင် ဆောက်လုပ် ခဲ့သည်။

***********************      *************************

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာ ပြန်ဆို ဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

×××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment