Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၅.၂၀၁၁

ဘာသာပြန်သတင်းများ

တောင်ကိုရီးယားဘဏ် ဆိုက်ဘာတိုက်ခိုက်ခံရမှုကို မြောက်ကိုရီးယားကြိုးကိုင်ခဲ့ဟု ဆို

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ဧပြီလတွင် ဖြစ်ပွားခဲ့သော တောင်ကိုရီးယား ထိပ်တန်းဘဏ်ကြီးတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် မြောက် ကိုရီးယားဟက်ကာများ ပါဝင်ကြောင်း တောင်ကိုရီးယား အစိုးရရှေ့နေများက ပြောကြားသည်။

တောင်ကိုရီးယား သမဝါယမဘဏ်တစ်ခုဖြစ်သော Nonghyup ဘဏ်လည်ပတ်မှုစနစ်များမှာ ဆိုက်ဘာ တိုက်ခိုက် ခံရမှုကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ Customer များအနေဖြင့် ၎င်းတို့၏ငွေကြေးများထုတ်ယူ၍ မရ ဖြစ်ခဲ့ရသည်။ တောင်ကိုရီးယား အစိုးရရှေ့နေချုပ်ရုံးက "ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားက တမင်တကာ စီစဉ်ပြုလုပ် ခဲ့သော ဖြစ်တောင့်ဖြစ်ခဲ ဆိုက်ဘာအကြမ်းဖက်မှုတစ်ခုဖြစ်သည်" ဟု သတ်မှတ်ပြောဆိုသည်။

ဆိုက်ဘာတိုက်ခိုက်မှုတွင် တွေ့ရသော ဆော့ဖ်ဝဲမှာ ယခင်တစ်ကြိမ်မြောက် ကိုရီးယားကပြုလုပ်ခဲ့သော တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သော

ဆော့ဖ်ဝဲနှင့် လိုက်ဖက်မှုရှိသည်ကိုတွေ့ကြောင်း ရှေ့နေချုပ်ရုံးကဆိုသည်။

ရှေ့နေများအဆိုအရ Nonghyup ဘဏ်လုပ်ငန်းသုံးကွန်ပျူတာစနစ်ကို တိုက်ခိုက်ခဲ့သည့် IP Address မှာ ယခု နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့ သည့် ဆိုက်ဘာတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော IP Address နှင့်တူညီကြောင်း၊ ထို့ပြင် ယခုဖြစ်ရပ်တွင်ဖြစ်ပေါ်ခဲ့သော ဆော့ဖ်ဝဲမှာ ၂၀၀၉ ခုနှစ် တောင်ကိုရီးယားဝန်ကြီးဌာနများကို တိုက်ခိုက်စဉ်ကသုံးခဲ့သည့် ဆော့ဖ်ဝဲနှင့်လည်း တူညီကြောင်းသိရသည်။

ယခုဖြစ်ရပ်ကြောင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ သုံးရက်တာမျှ ထိခိုက်ခဲ့ရသလို Customer များ၏ Credit Card နှင့်ပတ်သက်သော မှတ် တမ်းများပျက်ယွင်းသွားသည်။ တောင်ကိုရီးယားက ဆိုက်ဘာတိုက်ခိုက်မှုကို မြောက် ကိုရီးယားကလုပ်ဆောင်ခြင်းဖြစ်သည်ဟုစွပ်စွဲပြောဆိုသည်။                 တောင်ကိုရီးယားမီဒီယာများရေးသားချက်အရ မြောက်ကိုရီးယား အင်တာနက်ကွန်ယက် အဖွဲ့သည် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု အစိုးရအဖွဲ့များနှင့် ဘဏ္ဍာရေးဆိုင်ရာ ကွန်ယက်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဦးတည်ထားကြောင်း သိရသည်။

မြောက်နှင့်တောင်ကိုရီးယားတို့သည် ၁၉၅၀-၅၃ ခုနှစ်ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခဲ့သော်လည်း လုံးဝ ငြိမ်းချမ်း ရေး ရယူနိုင်ခြင်းမရှိသေး ပေ။ ယခုနှစ်ပိုင်းများအတွင်း အလွန်ဆိုးရွားသောဖြစ်ရပ်နှစ်ခုဖြစ်ပွားခဲ့ပြန်ရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလွန်အမင်းတင်းမာလျက်ရှိသည်။ အဆိုပါဖြစ် ရပ်နှစ်ခုမှာ ၂၀၁၀ ပြည့်နှစ်၊ မတ်လ တောင်ကိုရီးယား ချိုနန်စစ်သင်္ဘောတိုက်ခိုက်ခံရမှု နှင့် တောင်ကိုရီးယားပိုင် ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ် မှုတို့ ဖြစ်သည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ရေနံဈေးနှုန်း တစ်စည်လျှင် ၁၁၁ ဒေါ်လာအောက်သို့ရောက်

(AP သတင်းကိုဘာသာပြန်ဆိုသည်)

အမေရိကန်ရေနံစိမ်းတင်ပို့မှုမြင့်တက်လာပြီးနောက် အာရှဒေသ ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ၁၁၁ ဒေါ်လာ အောက်သို့ ကျဆင်းသွား ကြောင်း၊ သို့အတွက်ကြောင့် ဝယ်လိုအားတိုးတက်မှုလည်း လျော့နည်းသွားနိုင်ကြောင်း စင်ကာပူအခြေစိုက် AP သတင်းဌာနက ရေးသားသည်။                 ဇွန်လအတွက် ရေနံစိမ်းဈေးနှုန်းမှာ ၄၆ ဆင့်ခန့်ကျဆင်းသွားပြီး စင်ကာပူ-နယူးယောက် အီလက်ထရွန်နစ်ကုန်သွယ်ရေး နှင့် ငွေကြေးလဲလှယ် ရေး စင်တာ၌ တစ်စည်လျှင် ၁၁၀ ဒဿမ ၅၉ ဒေါ်လာပေါက်ခဲ့သည်။ မေလ ၃ ရက်နေ့တွင်မူ ၂ ဒဿမ ၄၇ ဒေါ်လာကျဆင်းသွားပြီး တစ်စည်လျှင် ၁၁၁ ဒဿမ ၀၅ ဒေါ်လာပေါက်သည်ကိုတွေ့ရသည်။

လန်ဒန်အခြေစိုက် ICE Future Exchange တွင်မူ လာမည့် ဇွန်လအတွက် ရေနံစိမ်းတင်ပို့မှုမှာ ၄၀ ဆင့်ခန့် ကျဆင်းသွားပြီး တစ်စည်လျှင် ၁၂၂ ဒဿမ ၀၅ ဒေါ်လာပေါက်သည်သည်။ အမေရိကန် Petroleum Institute (API) အဆိုအရ ရေနံစိမ်းလက်ကျန်မှာ လွန်ခဲ့သည့်ရက်သတ္တပတ်တွင် စည်ပေါင်း ၃ ဒဿမ ၂ သန်း ရှိခဲ့သည်။ စွမ်းအင်လေ့လာ သူများက စည်ပေါင်း ၁ ဒဿမ ၇ သန်းမျှကျန်ရှိလိမ့်မည် ဟုကြိုတင်ခန့်မှန်းထားသည်ထက် ပိုမိုခဲ့ခြင်း ဖြစ်သည်။

သိုလှောင်ဓာတ်ဆီလက်ကျန်မှာများလာပြီး ၆၅၇၀၀၀ စည်ရှိသော်လည်း ဓာတ်ဆီ ချက်လုပ်မှုမှာ စည်ပေါင်း ၁ ဒဿမ ၅ သန်းကျဆင်းသွား သည်ဟု API ကဆိုသည်။ ပြီးခဲ့သည့် ဧပြီလနောက်ဆုံးရက်သတ္တပတ်မတိုင်ခင် သုံးပတ် အတွင်း အမေရိကန်ဓာတ်ဆီလက်ကျန်မှာ လျော့နည်းခဲ့သည် ဟုလည်းဆိုသည်။

အမေရိကန်အစိုးရ စွမ်းအင်သတင်းအချက်အလက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနက မေလ ၄ ရက်နေ့တွင် စွမ်းအင် ရောင်းချမှုဆိုင်ရာ အစီရင်ခံစာ ကို ထုတ်ပြန်သည်။ ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းဝယ်လိုအားမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဖွံ့ဖြိုးတိုးတက်မှုအားအလွန်ကောင်း သော တရုတ် နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများ၏ စွမ်းအင် သုံးစွဲမှု မြင့်တက်နေခြင်းကြောင့်ဖြစ်သည်။ "ယခုအချိန်အထိတော့ ရေနံဈေးနှုန်းပုံမှန်မြင့် တက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံ ဝယ်လိုအားအပေါ် ဆိုးရွားသည့်ထိခိုက်မှုမရှိသေးပါ။ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာတဲ့နိုင်ငံများ၏ လောင်စာ ဈေးကွက်တွင် ရေနံဝယ်လိုအား ကျဆင်းလာမှုလည်းမတွေ့ရှိပါ" ဟု Barclays Capital ကဆိုသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment