Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၁.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ဝန်ထမ်းများ၏ မှတ်ပုံတင်ကတ် သိမ်းဆည်းပါက အရေးယူမည်

ရန်ကုန်၊ မေ ၁၁။

အခြေခံလုပ်သားများအပါအဝင် ကုမ္ပဏီဝန်ထမ်းများ၏ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အား ကုမ္ပဏီများမှ အပေါင်သဘောမျိုးဖြင့် သိမ်း ဆည်းထားမည်ဆိုပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။

မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့ဆိုသည်မှာ ကုမ္ပဏီလုပ်ငန်းများပင်မပာုတ် တရားရုံးများ၊ တရားသူကြီးများပင် သက်သေခံအဖြစ် သိမ်းဆည်း ပိုင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကို သိမ်းဆည်းထားခြင်း၊ ပြဿနာတစ်ရပ်ရပ်ကြောင့် အလုပ်သမားမှတ်ပုံတင်ကိုင်၍ ခြိမ်းခြောက်အကျပ်ကိုင်မည်ဆိုပါက တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံသားအက်ဥပဒေကို ဖောက်ဖျက်သည့်အတွက် ပြစ်မှုကြီးကြောင်း စီးပွားရေးနှင့် ဥပဒေ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတွင်း၌ ကုမ္ပဏီများ၊ စက်ရုံများမှ ဝန်ထမ်းများ၏ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အား အပေါင်သဘောမျိုးဖြင့် သိမ်းဆည်းသည့် ကုမ္ပဏီများ၊ စက်ရုံများရှိနေ၍ ယင်းကိစ္စသည် နိုင်ငံသားအက် ဥပဒေအား ချိုးဖောက်ရာရောက်သည့်အတွက် ပြစ်မှုကြီးမားပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိမိတို့၏ မှတ်ပုံတင်ကတ်များကို ကုမ္ပဏီ၌ အလုပ်စတင်ဝင်ရောက်ကတည်းကပင် အပေါင်သဘောမျိုးဖြင့် စာချုပ်သတ်တမ်းဖြင့် ယူထား ကြောင်း၊ အလုပ်စတင်လုပ်ကိုင်မည်ဆိုပါက အပေါင်သဘောမျိုးဖြင့် ပိုက်ဆံ(သို့) မှတ်ပုံတင်ပေးထားရကြောင်း၊ အချို့အလုပ်သမားများမှာ အလုပ်ထွက် ချင်သော်လည်း မှတ်ပုံတင် အပေါင်ပေးထားရသည့်အတွက် ထွက်လို့မသည့်ကိစ္စရပ်များရှိနေကြောင်း လုံခြုံရေးဝန်ထမ်းတစ်ဦးကလည်း ပြောကြားခဲ့ သည်။

ကုမ္ပဏီအချို့တွင်လည်း အလုပ်လုပ်ကိုင်သူ ဝန်ထမ်းအချို့မှာ ကုမ္ပဏီမှ မှတ်ပုံတင်သိမ်းဆည်းထားခြင်းနှင့် အလွယ်တကူ ပြည်လည်ထုတ်ယူမှု မပြုနိုင်သည့်အတွက် အခက်အခဲများကြုံတွေ့လျှက်ရှိကြောင်းသိရသည်။

ကုမ္ပဏီ စည်းမျဉ်း၊ စည်းကမ်းများ၌ အလုပ်လုပ်ကိုင်မည်ဆိုပါက မှတ်ပုံတင်အား သိမ်းဆည်းထားခြင်း၊ အပ်နှံထားခြင်းများသည် နိုင်ငံသား ဥပဒေကို ဆန့်ကျင်နေကြောင်း၊ ကုမ္ပဏီများမှ ထိုသို့ပြုမူပါက လုံးဝလိုက်နာရန် မလိုအပ် ကြောင်း ဥပဒေပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

(Messenger Journal အတွဲ-၁၊ အမှတ်-၅၁၊ ပါ “ကုမ္ပဏီဝန်ထမ်းများ၏ နိုင်ငံသားစိစစ်ရေးကတ်အား အပေါင်သဘောဖြင့် သိမ်းထားပါက ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

မီဒီယာလွတ်လပ်ခွင့်များ ပိုမိုရှိလာမည်ဟု ဦးကျော်ဆန်းဆို

မေ ၁၁။

အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာလုပ်ငန်းများမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြသခွင့်များ ရရှိနေပြီ ဖြစ်သော်လည်း တစ်ဖက်မှလည်း ပုံနှိပ်မီဒီယာလုပ်ငန်း၌ စည်းမျဉ်း၊ စည်းကမ်းများကို ထားရှိနေရဦးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြား ခဲ့သည်။

ယနေ့ထုတ်ဝေဖြန့်ချီလျှက်ရှိသည့် စာအုပ်များ၊ စာစောင်များမှာ ကျေးလက်နေပြည်သူများထံသို့ ထိရောက်စွာ ထိုးဖောက်နိုင်မှုမရှိသေးကြောင်း၊ ထို့ကြောင့် ကျေးလက်နေလုပ်သားပြည်သူများ စာဖတ်နှုန်းတိုးတတ်နိုင်စေရန် အရှိန်အပာုန်မြှင့် ထပ်မံလုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း၊ ပုံနှိပ်မီဒီယာ လုပ်ငန်းများနှင့် ပတ်သတ်၍လည်း စာပေလွတ်လပ်ခွင့်များ ရှိလာဦးမည်ဖြစ်ကြောင်း၊ စာပေလွတ်လပ်ခွင့်များ ပိုမိုရရှိလာပြီဆိုပါက မီဒီယာလောကသား များအနေဖြင့်လည်း တာဝန်ယူမှု၊ ကျင့်ဝတ်စောင့်ထိန်းမှုနှင့် တာဝန်သိမှုတွေ ရှိရမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းစာပေလွတ်လပ်ခွင့်ဆိုရာ၌ စည်းမျဉ်း၊ စည်းကမ်းများကိုပါ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

နိုင်ငံအတော်များများ၌လည်း မီဒီယာလုပ်ငန်းများကို အခန်းကဏ္ဍ (၄) မျိုးဖြင့် သတ်မှတ်၍ စာပေလွတ်လပ်ခွင့်များဖြင့် ရေးသားခွင့်ပြုထား သည်ကို တွေ့ရှိရသည်။ ၎င်းအခန်းကဏ္ဍ (၄) မျိုးမှာ- (၁) သက်ဆိုင်ရာမီဒီယာများအတွက် လွတ်လပ်ခွင့်ပေးခြင်း၊ (၂) ထိုသို့ လွတ်လပ်ခွင့်များ ပေးထား သော်လည်း သက်ဆိုင်ရာ စာပေမီဒီယာများကို လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးထားခြင်း၊ (၃) သက်ဆိုင်ရာ ဂျာနစ်လစ်များ ကိုယ် တိုင်က ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအပါအဝင် ဂျာနယ်လစ်တို့၏ ကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာခြင်း၊ (၄) သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်သတ်မှတ်၍ အပြစ်ပေးခြင်းစသည့် ကျင့်ဝတ်စည်းကမ်းများဖြင့် ဂျာနယ်လစ်လောကအား ထိန်းချုပ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မီဒီယာလွတ်လပ်ခွင့်များပိုမို ရရှိလာမည်ဆိုပါက မီဒီယာသမားများမှာ တာဝန်ပိုမိုရှိလာတော့မည် ဖြစ်ကြောင်း၊ ထို့ပြင် တာဝန် ဆိုသည်မှာ မီဒီယာသမားများတင်မက တရားရုံးများပါ အလုပ်လုပ်ကြရတော့မည် ဖြစ်ကြောင်း၊ မီဒီယာသမားများက ရေးသားထားသည့်အပေါ်၌  ထိခိုက် နစ်နာမှုများဖြစ်လာပါက တရားရုံးများတွင် ဦးတိုက်လျှောက်ထား၍ ထိခိုက်နစ်နာမှုအပေါ် တရားစွဲဆိုနိုင်ကြောင်း သတင်းစာဆရာတစ်ဦးကလည်း ပြော ကြားခဲ့သည်။

(7 Day News Journal အတွဲ-၁၀၊ အမှတ်-၈၊ ပါ “ပုံနှိပ်မီဒီယာတွေနဲ့ပတ်သတ်ပြီး လွတ်လပ်ခွင့်ရှိလာမှာပါ” သတင်းအား အကျဉ်းချုံး ဖော်ပြ သည် )

-----------------------------------------------------------------------------------------------------------------------------------

အင်တာနက်လိုင်းများ ကောင်းမွန်ရေးလုပ်ဆောင်သင့်ဟု ပညာရှင်များ အကြံပြု

နိုင်ငံတွင်းနည်းပညာဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်လာနိုင်စေရန် ပြည်တွင်း၌ လက်ရှိအသုံးပြုလျှက်ရှိသော အင်တာနက်ဆက်သွယ်မှုလိုင်းများကို ပြုပြင်ဆောင်ရွက်မှုများပြုလုပ်ပြီး နည်းပညာပြဿနာများ မဖြစ်နိုင်စေရန် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များနှင့် နည်းပညာ လုပ်ငန်းရှင်များက အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိကာလများတွင်လည်း မြန်မာနိုင်ငံ၏အစိုးရသစ်သည် နိုင်ငံပိုင်ဂြိုလ်တုတစ်လုံးကို လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

နိုင်ငံပိုင်ဂြိုလ်တုတစ်လုံးကို လွှတ်တင်နိုင်ပါက များစွာကောင်းမွန်လာနိုင်မည်ဖြစ်သော်လည်း လက်ရှိကာလတွင် ကြုံတွေ့နေရသည့် အင်တာ နက် ဆက်သွယ်ရေးကောင်းမွန်မှုကို အထူးဦးစားပေးဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဥက္ကဋ္ဌ ဦးရဲမြတ် သူက ပြောကြားခဲ့သည်။

နိုင်ငံတွင်း၌ နိုင်ငံပိုင်ဂြိုလ်တုတစ်လုံးတပ်ဆင်မည်ဆိုပါက များစွာကောင်းမွန်ကြောင်း၊ သို့သော် ၎င်းအစီအစဉ်မှာ လတ်တလောအတွင်း မဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် လက်ရှိ နိုင်ငံတွင်း User များအသုံးပြုလျှက်ရှိသော အင်တာနက်ကွန်နက်ရှင်များ မြန်ဆန်ရန်ကောင်းမွန်ရန် အထူးဦးစားပေး ဆောင် ရွက်သင့်ကြောင်း၊ ထိုအစီအစဉ်များကောင်းမွန်မှသာ ဂြိုလ်တုလွှင့်တင်ရေးအစီအစဉ်သည် အမြန်ဆုံးအကောင်အထည်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ကွန်ပျူ တာပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ တန်းတူရင်ဘောင်တန်းယှဉ်ပြိုင်ရန်မှာ နည်းပညာအခန်းကဏ္ဍသည်လည်း အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင်း၌ မိုဘိုင်းဖုန်းလောက၌ အောင်မြင်မှုများရရှိပြီး ပိုမိုဖွံ့ဖြိုးလာသော်လည်း အင်တာနက်ဆက်သွယ် ရေးအပိုင်းများတွင် အရည်အသွေးပိုမိုကျဆင်းမှုများ ကြုံတွေ့နေရသည့်အတွက် ယင်း ကိစ္စရပ်အား ကောင်းမွန်ရန် အမြန်ဆုံး အကောင်အထည်ဖော်သင့် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

(7 Day News Journal အတွဲ-၁၀၊ အမှတ်-၈၊ ပါ “အစိုးရသစ်က အင်တာနက်ကောင်းမွန်ရေးကို အဓိကဦးစား ပေးဆောင်ရွက်သင့်ပာု နည်း ပညာလုပ်ငန်းရှင် ပညာရှင်များအကြံပြု” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)