Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၆-၅-၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာနိုင်ငံမှ လက္ခဏာများ အားတက်စရာကောင်းဟု ကုလကိုယ်စားလှယ်ပြော

(The Peninsula မှ 13th May 2011 ရက်စွဲပါ “Myanmar signs encouraging : UN envoy” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး မှုများ အပြီးတွင် မြန်မာနိုင်ငံ၏ တပ်မတော် နောက်ခံပြု အစိုးရသစ်ထံမှ တွေ့ရှိရသော လတ်တလော လက္ခဏာများမှာ အလွန်ပင် အားတက်စရာ ကောင်း သည်ဟု မနေ့က ပြောကြားလိုက်သည်။

“အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ကြေညာချက် အချို့ကို အစိုးရက ထုတ်ပြန်ခဲ့တာဟာ အလွန် အားတက်စရာ ကောင်းပါတယ်” ဟု ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး ဗီဂျေးနမ်ဘီယာက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များအား ပြော ကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ၎င်းက ဆက်လက်၍ “လူ့အခွင့်အရေး ကဲ့သို့သော နယ်ပယ်များတွင် အမှန်တကယ် တိုးတက် ပြောင်းလဲမှု ရှိ/မရှိကို စောင့်ကြည့်ရန် အရေးကြီးသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးမှာလားဆိုသည့် ကိစ္စပင်ဖြစ်သည်” ဟု ပြောကြားသည်။

မစ္စတာ နမ်ဘီယာ၏ ခရီးစဉ်ကို မြန်မာ ခေါင်းဆောင်များက ကိုယ်ကျိုးအတွက် အသုံးချဖွယ် ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက သတိ ပေးထားကြသည်။ မတ်လက တပ်မတော် အစိုးရကို ဖျက်သိမ်းပြီးနောက် အာဏာ ရလာသော နာမည်ခံ မြန်မာ အရပ်ဖက် အစိုးရနှင့် ပထမဆုံး အကြိမ် ဆွေးနွေးပွဲများအတွင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သော မစ္စတာ နမ်ဘီယာက “မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက် ပေါ်မှာ အားလုံး မူတည်နေပါတယ်။ အရေးကြီးတဲ့ ပြောင်းလဲ တိုးတက်မှု ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောဆိုခဲ့သည်။

ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း အထောက်အထားများ ရှိကြောင်း တင်ပြသည့် အစီရင်ခံစာများကြောင့် နာမည်ပျက် သိက္ခာကျခဲ့ရသော ရွေး ကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ကုလသမဂ္ဂ တာဝန်ရှိသူနှင့် တွေ့ ဆုံခြင်းသည် ယခု ဒုတိယအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ ကိစ္စကို ကုလသမဂ္ဂ တာဝန်ရှိသူနှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားသည်။ ကျွန်မတို့ စောင့်ကြည့်ကြရမယ် ဆိုပေမယ့်လည်း ဆန့်ကျင်ဖက် ရလာဒ်တွေကိုတော့ မလိုချင်ပါဘူးဟု သူမက ဆိုသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာလက ရွေး ကောက်ပွဲများ ကျင်းပပြီးနောက် မတ်လကုန်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဟု ခေါ်သော တပ်မတော် အစိုးရကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

မြန်မာ အစိုးရက စစ်မှန်သော ပြောင်းလဲ တိုးတက်မှု မရှိပဲနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သူတို့၏ သိက္ခာကို ကျားကန်ရန် အတွက် ယခု ခရီးစဉ်အား အသုံးချခြင်းကို ခွင့်မပြုရန် နယူးယောက် အခြေစိုက် Human Rights Watch အုပ်စုက နမ်ဘီယာကို တိုက်တွန်းလျက် ရှိသည်။

“တကယ်လို့ နမ်ဘီယာက စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ဖို့ လိုအပ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးဆိုရင်တော့ မြန်မာ အစိုးရက သူတို့ရဲ့ ဖိနှိပ် ညှင်းပန်းမှု လုပ်ရပ်တွေကို ကာကွယ်ဖို့ အတွက် ဒီခရီးစဉ်ကို အလွယ်တကူ အသုံးချ လိုက်ကြမှာပါ” ဟု Human Rights Watch ၏ အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ Elainc Pearson က သုံးသပ် ပြောကြားသည်။

*******************************************************************************************************

ကုလ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

(12th May 2011 ရက်စွဲပါ The Washington Post မှ AP ၏ UN Special envoy meets Myanmar pro-democracy leader Aung San Suu Kyi ကို ဘာသာပြန်သည်။)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာရောက်ခြင်းကို သဘောတူကြောင်း ပြောခဲ့ပြီး၊ အရပ်သား အစိုးရဟု ခေါ်သော အစိုးရသစ်ကို သက်သေပြရန် အခွင့်အရေး ပေးသင့်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က Vijay Nambiar နှင့်တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ပြီး တွေ့ဆုံမှုကိုလည်း ပွင့်လင်းသော တွေ့ဆုံမှုအဖြစ် ဖော်ပြခဲ့သည်။ သူမ၏ ပါတီသည် တရားဝင် ဖျက်သိမ်းခံရပြီး ဖြစ်သော်လည်း သူမမှာ တိုင်းပြည်၏ အဓိက အတိုက်အခံအဖြစ် ရှိနေဆဲ ဖြစ်သည်။ နှစ်ဦး စလုံးက အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာမှုကိုသာ စောင့်ကြည့်လိုပြီး၊ ဆုတ်ယုတ်မှုကို မမြင်တွေ့လိုကြောင်း သဘောတူခဲ့ကြသည်ဟု သူမက ပြော သည်။

ဝေဖန်သုံးသပ်သူများကမူ အစိုးရသစ်သည် ဖိနှိပ်သော စစ်အစိုးရက နောက်ဆုံးပုံစံသစ်ဖြင့် ဆက်လက် အုပ်ချုပ်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ကြ သည်။ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီးသော Nambiar က ပြောကြားရာတွင် အစိုးရသည် အားတက်ဖွယ် ဖြစ်သော စိတ်ဝင်စားဖွယ်ကောင်း သည့် ပြောဆိုမှု အချို့ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ၎င်းက အကျယ်ချဲ့ ပြောကြားခြင်း မပြုခဲ့ပေ။

**********************************************************************************************************

အီးယူ - အာဆီယံ FTA ပြန်လည် ဆွေးနွေးမည်ဟု Mustapa ပြော

(9th May 2011 ရက်စွဲပါ Bernama မှ Tengku Noor Shamsiah Tengku Abdullah ရေးသားသော EU-Asean FTA set for revival, says Mustapa ကို ဘာသာပြန်သည်။)

ဥရောပ သမဂ္ဂ - အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (EU-Asean FTA) မှာ မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာ ဆောင် သော နိုင်ငံရေး ဥတု အခြေအနေများ ထွက်ပေါ်လာပြီး နောက်ပိုင်း ပြန်လည် အသက်ဝင်လာခဲ့သည်ဟု နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Mustapa Mohamed က ပြောကြားခဲ့သည်။ အဆိုပြုချက်ကို ဂျကာတာတွင် ကျင်းပပြီးခဲ့သော ပထမအကြိမ် အာဆီယံ-အီးယူ စီးပွားရေး ထိပ်သီး အစည်းအဝေးတွင် တင်ပြခဲ့သည်။

Mustapa က ပြောကြားရာတွင် ထိပ်သီး အစည်းအဝေးတွင် အချက် ၇ ချက် ပါဝင်သော ကြေညာချက် ထုတ်ပြန်ခဲ့ရာ အာဆီယံနှင့် အီးယူ တို့သည် နှစ်ဖက် FTA သဘောတူညီချက်ရရေး အရှိန်မြှင့် ဆောင်ရွက်ရန်နှင့် အနာဂတ် ကုန်သွယ်ရေး သဘောတူညီချက် အဆုံးသတ်နိုင်ရေး ဖော်ပြ ထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ အီးယူ-အာဆီယံ FTA ပြန်လည် ဆွေးနွေးနိုင်မယ့် ဖြစ်နိုင်ချေတွေကို စကားပြောခဲ့ပါတယ်။ အီးယူက အာဆီယံကို မြန်မာနိုင်ငံ ကြောင့် သဘောတူညီချက် တုံ့ဆိုင်းနေခဲ့ပါတယ်” ဟု တနင်္လာနေ့က ဥရောပနေ့ နေ့လည်စာ စားပွဲအပြီး ၎င်းက သတင်းထောက်များသို့ ပြောကြား ခဲ့သည်။ အစောပိုင်းက Mustapa သည် ဥရောပ ကုန်သည်ကြီးများအသင်း စင်္ကာပူ (EuroCham) မှ အဖွဲ့ဝင်များနှင့် လက်ရှိ စီးပွားရေး ပြောင်းလဲ ဖွဲ့စည်းမှုများနှင့် မလေးရှားရှိ ဥရောပ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများနှင့် ပတ်သက်၍ ၎င်း၏အမြင်များကို ဖလှယ်ခဲ့သည်။ ဥရောပ သမဂ္ဂ၊ စင်္ကာပူနှင့် မလေးရှားတို့ကြား စီးပွားရေးအရ ဆက်ဆံရေးသည် လက်ရှိ အီးယူ FTA ညှိနှိုင်းမှုများကြောင့် အားကောင်းလာရန် အသင့် ဖြစ်နေသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ Mustapa က ပြောကြားရာတွင် နိုင်ငံတွင် အပြောင်းအလဲများကြောင့် အာဆီယံနှင့် အီးယူကြား FTA ညှိနှိုင်းမှု ပြန်လည် ပြုလုပ်ရန် ဖြစ်လာရကြောင်း ပြောသည်။ ၂၀၀၇ ဧပြီလက ဥရောပ ကော်မရှင်သည် ဥရောပ အဖွဲ့ဝင် နိုင်ငံများအား ကော်မရှင်၏ ကမ္ဘာလုံး ဆိုင်ရာ ဥရောပ မဟာဗျူဟာ၏ အစိတ်အပိုင်းအဖြစ် အာဆီယံနှင့် FTA ကိစ္စ ညှိနှိုင်းရန် အခွင့်အာဏာ ပေးအပ်ခဲ့သည်။

ဥရောပ ကော်မရှင်၏ လွတ်လပ်သော သုတေသနပြုချက်အရ အာဆီယံနှင့် အီးယူတို့ကြား စီးပွားရေးအရ အကျိုးအမြတ်များမှာ ထည့်သွင်း စဉ်းစားရမည့် ပမာဏများ ဖြစ်ကြောင်း အကြံပြုခဲ့သည်။ မလေးရှား-အီးယူ FTA နှင့်ပတ်သက်၍ Mustapa က ပြောကြားခဲ့ရာတွင် FTA မှာ လာမည့်နှစ် တတိယ လေးလပတ်တွင် လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။ ဝန်ကြီးချုပ် Datuk Seri Najih Tun Razak က FTA ကို ၁၈ လအတွင်း အပြီးသတ် သဘောတူရန် ညွှန်ကြားထားသည်ဟု ၎င်းက ပြောသည်။ “ဥရောပ သမဂ္ဂဟာ အရေးကြီးတဲ့ ကုန်သွယ်မှု ပါတနာဖြစ်ပြီး ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ အီးယူဟာ အာဆီယံရဲ့ အကြီးဆုံး နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “အီးယူ ကိုယ်၌က ကြီးမားတဲ့ ဈေးကွက်ရှိပြီး ဖြစ်ပေမယ့် ဥရောပ ကုမ္ပဏီတွေဟာ အာဆီယံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အား ထက်သန်နေတုန်းပါပဲ” ဟု ဆိုသည်။ မလေးရှား အတွက်လည်း အီးယူသည် အဓိက ကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး နှစ်နိုင်ငံကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏသည် ယမန်နှစ်က အမေရိကန် ဒေါ်လာ ၃၈ ဘီလီယံ ရှိသည်။

****************************************************************************************************

မြောက်ကိုရီးယားကို နျူကလီယာ လုံခြုံရေး ထိပ်သီး ညီလာခံသို့ တောင်ကိုရီးယား ဖိတ်ခေါ်မည်

(Reuter သတင်းမှ 9th May 2011 ရက်စွဲပါ “S. Korea will invite North to summit if conditions met” သတင်းကို ဘာသာပြန်ဆိုသည်)

အကယ်၍ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးကသာ အနုမြူ လက်နက်များ စွန့်လွှတ်ရန် သဘောတူမည် ဆိုပါက လာမည့် မတ်လတွင် ကျင်းပမည့် နျူကလီယာ လုံခြုံရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ မြောက်ကိုရီးယား ခေါင်းဆောင်ကို ဖိတ်ကြားရန် အဆင်သင့်ရှိကြောင်း တောင်ကိုရီး ယား သမ္မတ လီမြောက်ဘက်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဂျာမန် အဓိပတိ Angela Merkel နှင့် ဘာလင်တွင် တွေ့ဆုံပြီးနောက် သမ္မတ လီမြောင်ဘက်က သတင်းထောက်များအား “နျူကလီယာ လက်နက်တွင် စွန့်လွှတ်မယ် ဆိုတာကို မြောက်ကိုရီးယား အနေနဲ့ ကြိုကြိုတင်တင် ရှင်းရှင်းလင်းလင်း ပြောထားဖို့တော့ လိုပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီလို ပြတ်ပြတ်သားသား ကတိပေးမှသာ ဖိတ်ကြားမယ့် အစီအစဉ်ကို ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်မှာပါ” ဟု လီမြောင်ဘက်က စကား ပြန်မှ တဆင့် ပြောကြားခဲ့သည်။

**************************************************************************************************

ကုန်သွယ်ရေးစင်္ကြံကြီးဖြစ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသစ်

(BBC မှသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မဟာမိတ်စစ်သုံ့ပန်းများကိုအသုံးပြုပြီး ကွေးမြစ်ပေါ်၌တံတားဆောက်လုပ်ရန်ကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်၏ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော် ပြသရာ ရောက်သလို ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ရေးတွင်အခက်အခဲပေါင်းများစွာရှိသည်ဟူသည်ကိုလည်း ဥပမာညွှန်းဆိုနေသလို ရှိသည်။

ယခုအခါ သက်တမ်း ၅၀ ကျော်ရှိပြီဖြစ်သော ထိုင်းဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Intal-Thai Development က မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ၊ ထားဝယ်တွင် တွင် ရေနက်ဆိပ်ကမ်းကြီးတစ်ခုတည်ဆောက်လျက်ရှိသည်။ စီမံကိန်းတွင် စက်မှုနယ်မြေကြီးတစ်ခုပေါ်ထွန်းရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းရေး၊ ကားလမ်းနှင့် ရထားလမ်းများဖောက်လုပ်ရေးတို့ပါဝင်သည်။ ကုန်ကျစရိတ်စုစုပေါင်း ဒေါ်လာ ၁၀

ဘီလံခန့်ရှိမည်ဟုခန့်မှန်းထားသည့် ယင်းစီမံကိန်းကြီးကြောင့် အလုပ်အကိုင်ပေါင်းမြောက်မြားစွာလည်း ပေါ်ထွန်းလာဖွယ်ရှိသည်။ Intal-Thai Development ကုမ္ပဏီ အဆိုအရ ယင်းစီမံကိန်းကြီးပြီးဆုံးသွားပါက ကမ္ဘာကြီး၏ ကုန်သွယ်မှုပုံသဏ္ဍန်ကိုပြောင်းလဲပစ်လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

အရှေ့တောင်အာရှဒေသ၏ အနောက်တောင်ဘက်စွန်းတွင်တည်ရှိသည့် အဆိုပါရေနက်ဆိပ်ကမ်း စီမံကိန်းကြီးပြီးဆုံးသွားပါက ဥရောပဒေသ နှင့် အီဂျစ်နိုင်ငံပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဆူးအက်သို့ ကုန်ပစ္စည်းတင်ပို့မှုလမ်းကြောင်းပြောင်းလဲသွားမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တင်ပို့ရာ၌ တောင်ဘက်ရှိစင်ကာပူနိုင်ငံနှင့် မလက္ကာရေလက်ကြားကိုဖြတ်သန်းကာ တင်ပို့ကြရသည်။

သို့သော် စီမံကိန်းအပေါ် အယုံအကြည်ကင်းမဲ့သူများက မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးစနစ် လက်အောက်တွင် စီမံကိန်းဒေသရှိ ပြည်သူများ အနေ ဖြင့် ၎င်းတို့၏အိမ်ယာမြေများ ဆုံးရှုံးရုံသာရှိပြီး အခွင့်အလမ်းအနည်းငယ်သာရရှိလိမ့်မည်ဟုထောက်ပြကြသည်။ စီးပွားရေးအကျိုးအမြတ်အားလုံးမှာ စစ်အစိုးရ၏ မိတ်ဘက်နိုင်ငံများဆီသာရောက်ရှိသွားမည်ဖြစ်သည်ဟု ဆိုသည်။

ကုန်သွယ်ရေးလမ်းကြောင်း

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကန်ထရိုက်ကို မြန်မာအစိုးရနှင့် Ital-Thai Development ကုမ္ပဏီိတို့ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ နှစ်ပေါင်း ၇၅ နှစ်တိတိသဘောတူလိုက်လျောမှုဖြင့် ချုပ်ဆိုခြင်းလည်းဖြစ်သည်။ အဆိုပါစာချုပ်ကို မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ၅ ရက်အလိုနှင့် နှစ်နိုင်ငံအကြားအရေးကြီးသည့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီး ရှစ်လ အကြာခန့်တွင် ချုပ်ဆိုခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းကြီးမည်မျှအတိုင်းအတာအထိ တိုးတက်ဖွံ့ဖြိုးမှုရှိနေသည်ဟူသော အချက်အလက်အသေးစိတ် မသိရှိရ သလို မြန်မာနိုင်ငံမှ စီးပွားဘက်များမည်သူမည်ဝါဖြစ်မည်ဟူသည်ကိုလည်း သိရမည်မဟုတ်ပေ။ စီမံကိန်းကနဦးအစတွင် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဒုတိယဝန်ကြီး Alongkorn Ponlaboot က ချိတ်ဆက်မှုကြီးတစ်ရပ်အဖြစ်ညွှန်းဆိုသည်။ "ဒါဟာ အရှေ့နဲ့အနောက်ဒေသအတွက် နိုင်ငံ တကာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်လာမှာပါ" ဟု ၎င်းကဆိုသည်။

"ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဆယ်စုနှစ်တစ်ခုတာ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံးစီမံကိန်းတွေနဲ့ အကြီးမားဆုံးရင်းနှီး မြှုပ် နှံမှု တွေ ထဲက တစ်ခုဖြစ်လာမှာပါ။ ဒါပေမဲ့ ဒီစီမံကိန်းကြီးက အားလုံးအတွက်အကျိုးအမြတ်တွေဖန်တီးပေးမှာပါ။ အာဆီယံတစ်ခုတည်းအတွက် သာမကပါဘူး တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပ၊အာဖရိက၊ အရှေ့အာရှနဲ့အာရှပစိဖိတ်ဒေသတွေအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာပါ" ဟု ၎င်းက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးသည် ရာစုနှစ်သက်တမ်းကြာအစီအစဉ်ဖြစ်ပြီး မည်သည့်အခါကမျှ အကောင်အထည်မဖော်နိုင်ခဲ့သော

ကရာတူးမြောင်းဖောက်လုပ်ရေးအိပ်မက်ကိုသယ်ယူဆောင်ကြဉ်းလာသည်။ ကရာတူမြောင်းသည် ပနားမားကဲ့သို့သော တူးမြောင်းမျိုးကို ထိုင်းတောင် ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းအကြားဖောက်လုပ်မည့်အစီအစဉ်ဖြစ်သည်။

Ital-Thai Development မှ စီမံကိန်းဒါရိုက်တာ Somchet Thinapong က ကရာတူးမြောင်းဖောက်လုပ်မည့်စိတ်ကူးကို "အခြေခံကုန်စည် စီးဆင်းမှု" တစ်ခုအဖြစ်သတ်မှတ်ပြောဆိုသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းသစ်သည် ကုန်စည်စီးဆင်းမှုနှင့် မဟာဗျူဟာမြောက်ကုန်ထုတ်လုပ်မှု အခြေခံတစ်ရပ်တို့ ပူးတွဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းကညွှန်းဆိုသည်။ မစ္စတာ Alongkorn နှင့် မစ္စတာ Thinapong တို့နှစ်ဦးစလုံးက အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းထဲသို့ဝင်ဆံ့ရေးဟူသော မြန်မာနိုင်ငံ၏လုပ်ဆောင်ချက်မှာ ၂၀၁၅ ခုနှစ်တွင်အပြီးသတ်အကောင်အထည်ဖော်နိုင်လိမ့် မည်ဖြစ် ကြောင်း ထောက်ပြပြောဆိုကြသည်။

အထူးစီးပွားရေးဇုန်များဖန်တီးရေးနှင့်သက်ဆိုင်သော ဥပဒေများထုတ်ပြန်မှုသည် တစ်ချိန်တစ်ခါက တရုတ်နိုင်ငံက အကောင်အထည် ဖော်ခဲ့ သော အစီအစဉ်အတိုင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ အဆိုပါအစီအစဉ်ကြောင့် တရုတ်တောင်ပိုင်းကမ်းခြေဒေသသည် ယခုအခါ စီးပွားရေးပါဝါ အချက်အချာ တစ်ခုဖြစ်လာပြီဖြစ်သည်။

ယုံကြည်မှုနှင့် ယုံကြည်စိတ်ချရမှု

စီမံကိန်းဒီဇိုင်းရေးဆွဲသူများက မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာစစ်ဘက်အုပ်ချုပ်မှုရှိခဲ့ရာမှ အရပ်ဘက်အုပ်ချုပ်ရေးအစိုးရထံသို့ လတ်လော အာဏာလွှဲပြောင်းလိုက်သော သဘောသဘာဝသည် ကောင်းသောအလားအလာဖြစ်သည်ဟု ဆိုကြသည်။ "ကျွန်တော်ကြိုက်တဲ့အချက်တွေထဲက တစ်ခု က စစ်တပ်ရဲ့လုပ်ဆောင်မှုပါ။ စစ်တပ်အုပ်ချုပ်တဲ့အခါမှာ သူတို့ကိုယ်တိုင်သူတို့ဘာလုပ်နေတယ်ဆိုတာသိရင် အလုပ်တစ်ခုဖြစ်မြောက်သွားပါပြီ" ဟု မစ္စတာ Somchet ကပြောသည်။ စစ်အုပ်ချုပ်ရေးစနစ်သည် လွန်စွာသက်သောက်သက်သာရှိလှသော အပေးအယူတစ်ခုဖြစ်ပေါ်အောင် လုပ်ဆောင် ပေးနိုင်ကြောင်း၊ စီမံကိန်းအပေါ်နိုင်ငံရေးနှင့်ဆက်နွှယ်သော အကျိုးသက်ရောက်မှုများရှိလာမည်မထင်ကြောင်း ၎င်းကဆိုသည်။

"ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိတယ်။ မြန်မာခေါင်းဆောင်ပိုင်းတွေအပေါ်မှာလည်း ယုံကြည်စိတ်ချမှုရှိတယ်။ အဲဒါကြောင့် စီမံကိန်း အထ မြောက်လာလိမ့်မယ်။ နိုင်ငံရေး နဲ့ပတ်သက်တာဘာမှမရှိဘူး"။ ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Alongkorn က မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီဖွံ့ဖြိုးလာမှုကို ချီးမွမ်းပြောဆိုသည်။ "ကျွန်တော်တို့တတွေရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးနဲ့ပတ်သက်မှုမရှိအောင် ကြိုးစား နေပါတယ်" ဟု ၎င်းကဆိုသည်။ သို့သော် အခြားသော စီးပွားရေးကျွမ်းကျင်သူပညာရှင်များက မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ပတ်သက်သော ခိုင်မာသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ အားနည်းနေသည့်ကိစ္စကြောင့် ရေနက်ဆိပ်ကမ်းစီမံကိန်းသဘောတူညီချက် သည် နိုင်ငံရေးနှင့်ဆက်နွှယ် သည့် အန္တရာယ်များကိုဖန်တီးလာနိုင်သည်ဟု သုံးသပ်ကြသည်။

"မြန်မာအစိုးရကဘယ်လိုမှယုံကြည်စိတ်ချလို့မရတဲ့ မိတ်ဖက်တစ်ဦးပါပဲ။ မြန်မာနိုင်ငံရဲ့ မက်ခရိုစီးပွားရေးဆိုတာကလည်း အချိန်မရွေးပျက်စီး သွားနိုင် တယ်။ နောက်ပြီး မြန်မာအစိုးရက ဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ ထင်ရာစိုင်းတတ်ပြီး သူနဲ့ပတ်သက်သမျှကို ဘာဖြစ်လာမယ်လို့ ခန့်မှန်းဖို့ လည်း အတော်ခက်ခဲပါတယ်" ဟု မြန်မာ့နိုင်ငံရေးဘောဂဗေဒဆိုင်ရာကျွမ်းကျင်သူ ပေါမောက္ခ Sean Turnell က BBC သတင်းဌာနသို့ပြောကြားသည်။

အခြားသောစိုးရိမ်စရာအရေးကိစ္စများအနက်မှ တစ်ခုမှာ မြန်မာနှင့် ထိုင်းအကြားဖောက်လုပ်မည့် အဝေးပြေးမော်တော်ကားလမ်းမကြီးသည် သူပုန်နှင့် သောင်းကျန်းသူများကျင်လည်ကြက်စားသော ဒေသကိုဖြတ်သန်းမည်ဟူသည့်အချက်ပင်ဖြစ်သည်။ ဘန်ကောက်ပို့စ်သတင်းစာကမူ ထားဝယ် စီမံကိန်းသည် ၂၁ ရာစုထိုင်းနိုင်ငံ၏ အရှေ့ပင်လယ်ပြင်ဖွံ့ဖြိုးရေးဆိုင်ရာ အမြင်တစ်ခုဖြစ်ကြောင်းရေးသားပြီး "မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့် အလမ်းရှာရန်ကြိုးပမ်းခြင်းသည် ထိုင်းနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကျော်လွှားမှုတစ်ခုဖြစ်သည်" ဟု ညွှန်းဆိုသည်။ ထိုင်းနိုင်ငံမှ

စီးပွားရေးကုမ္ပဏီများသည် ပြည်တွင်း၊ပြည်ပမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၏ ဆော်သြမှုကြောင့် ပြည်တွင်းစက်မှုဇုန်များတွင် ရင်းနှီး မြှုပ်နှံရာ၌ အကန့်အသတ်များဖြင့်ရင်ဆိုင်နေကြရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment