Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၃.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ပြန်လည်ဖွဲ့စည်းပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်

ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်လက်ထက်၌ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးကောင်းမွန် လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အား အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဦးမောင် မောင်သိမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းသည့်အနေဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုး တတ်မှုဝန်ကြီးဌာနနှင့်  မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့်အတွက် မြန်မာနိုင်ငံ၌ စီးပွားရေး အခွင့်အလမ်းကောင်းများ ပိုမို ကောင်း မွန်ပွင့်လန်းလာနိုင်သည်ဟု ယူဆကြောင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် မျှော် လင့်မိကြောင်း၊ ယင်းအခွင့်အရေးများကို လုပ်ငန်းရှင်များက အလွန်အကျွံ့မသုံးမိနိုင်စေရန် ထိန်းချုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် ယခုအသစ်ပြန်လည်ဖွဲ့စည်းရာ၌ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်ရသည့် ဦးတင်နိုင်သိန်းသည် ယခင်ကတည်းကပင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့်အတွက် ယခုကော်မရှင်၏ အားနည်းချက်များကို တွေ့ရှိနိုင်ပြီး ပိုမိုကောင်းမွန်၍ ခေတ်နှင့်သင့်လျော်သော လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ် များကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတတ်လာသည့်အတွက် အခွင့်အရေးများလည်း ပိုမိုရရှိလာနိုင် လိမ့်မည်ဟုမျှော်လင့်ရကြောင်း၊ ထို့ပြင် ယင်းကော်မရှင်၏ အားနည်းချက်များကို ပြန်လည်သုံးသပ်ရမည် ဖြစ်ကြောင်း၊ ပညာရှင်များ၏ အကြံဉာဏ်များကိုလည်းယူ၍ လုပ်ကိုင်ဆောင်ရွက် မည် ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်လာနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

(မြန်မာတိုင်းမ်၊ အတွဲ-၆၊ အမှတ်-၅၂၀ ပါ “ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

တရုတ်-အာဆီယံ ကုန်သွယ်မှု တိုးမြှင့်ရန် စီစဉ်

တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်နိုင်ရေး လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိသော တရုတ်နိုင်ငံသည် ယခုအခါ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်း ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်ရန် တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်ရာ၌ Pan-Beibu Gulf စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစီစဉ်သစ် အရ ဂေါင်ဇူ၊ ဟိုင်နယ်၊ ဖူဂျီယန်ပြည်နယ်များ၌ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် စီစဉ်နေ ခြင်းဖြစ်ကြောင်း၊ ၎င်းပြည်နယ်များနှင့် ယူနန်ပြည်နယ်တို့သည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကဝင်ပေါက်တစ်ခု ဖြစ်ကြောင်း၊ လာ မည့် ငါးနှစ်အတွင်း တရုတ် -အာဆီယံ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် မြင်သာထင်သာရှိလာနိုင်စေရန် ရည်ရွယ်၍ တရုတ်နိုင်ငံမှ ယွမ် ၂.၆ သန်း ထရီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း၌ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာ၌ ပထမလေးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၉.၃၃ ဘီလီယံ ရှိခဲ့သည့်အတွက် ယခင်နှစ်များထက် ၂၆.၁ ရာခိုင်နှုန်း ပိုမိုတိုးတက် လာခဲ့ကြောင်း သိရသည်။

တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာနိုင်စေရန် အာဆီယံနိုင်ငံများတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရင်းနှီး မြှုပ်နှံမှုများကို တရုတ်နိုင်ငံမှ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အမှတ်-၁၁ ပါ “အာဆီယံနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် တရုတ်နိုင်ငံစီစဉ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ကုန်ပို့ခများကျသလောက် ကုန်ဈေးနှုန်းလည်းကျရန်လို

ကုန်တင်ယာဉ်ကြီးများ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ယခင် တန်ပိုကုန်မသတ်မှတ်မီ ကုန်ပို့ခနှုန်းထားများအတိုင်း ပြန်ဖြစ်သွားသည့် အတွက် ကုန်ပို့ခများ ကျဆင်းသွားသကဲ့သို့ ကုန်စည်ဈေးနှုန်းများလည်း ကျဆင်းသွားရန် လိုအပ်ကြောင်း ဘုရင့်နောင်ပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ကုန်တင်ယာဉ်များမှာ တန်ပိုတင်ဆောင်မှု ကန့်သတ်ချက်များကြောင့် ရန်ကုန်-တောင်ကြီး ခရီးစဉ်များတွင် ဆန်တစ်အိတ်လျှင် ကုန်ပို့ခ ကျပ် ၄၀၀၀ သို့ မြင့်တတ်ခဲ့ရသည်။ ယခုနှစ် မေလ ဒုတိယပတ်မှစတင်၍ ကုန်တင်ယာဉ်များ ကုန်ပို့ခနှုန်းထားများမှာ ဆန်တစ်အိတ်လျှင် ကုန်ပို့ခ ၁၂၀၀ ကျပ်၊ တောင်ကြီး မြို့အထိဆိုပါက ၁၄၀၀ ကျပ်နှုန်းဖြစ်လာ ကြောင်း၊ ထို့ပြင် ရှမ်းပြည်နယ်မှ ရန်ကုန်အဆင်း ကုန်ပို့ခနှုန်းထားများမှာ တစ်ပိဿာလျှင် ၈၅ ကျပ်နှုန်းမှ ၆၀ ကျပ်နှုန်းသို့ ကျဆင်းသွားကြောင်း၊ သို့သော် ယခုကဲ့သို့ ကုန်တင်ယာဉ်နှုန်းထားများ ကျဆင်းသွားသော်လည်း စားသောက်ကုန် ဈေးနှုန်းများ မှာမူ ပြန်လည်ကျခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

စားအုန်းဆီတစ်မျိုးမှလွဲ၍ ကျန်သည့်စားသောက်ကုန်ဈေးနှုန်းများမှာ ဈေးနှုန်းများ မကျဆင်းသေးကြောင်း၊ အချို့ စားသောက်ကုန်များမှာ ယခင် ထက် ပိုမို ဈေးနှုန်းများပင် တတ်လာကြောင်း ဘုရင့်နောင်ပွဲရုံတစ်ခုရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ကုန်တင်ယာဉ်များ၏ ကုန်ပို့ခဈေးနှုန်းများမှာ ရန်ကုန်-ပုသိမ် ခရီးစဉ်၌ ဆန်တစ်အိတ်(ပိဿချိန် ၃၀) ကုန်ပို့ခမှာ ယခင် ကျပ် ၉၀၀ မှ ယခုကျပ် ၄၅၀ သို့ ကျဆင်းသွားကြောင်း၊ ရန်ကုန်-မန္တလေး ခရီးစဉ်၌ ကုန်တစ်ပိဿာ ကုန်ပို့ခမှာ ယခင် ကျပ် ၁၄၅ ကျပ်မှ ၇၀ ကျပ်သို့ ကျသွားကြောင်း၊ ရန်ကုန် - တောင်ကြီး ခရီးစဉ်၌ ကုန်ပို့မှာ ယခင် ဆန်တစ်အိတ် ကုန်ပို့ခမှာ ယခင် ကျပ် ၄၀၀၀ မှ ယခု ကျပ် ၁၂၀၀ ခန့်သို့ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကုန်တင်ယာဉ်များ ကုန်ပို့ခနှုန်းထားများ ကျဆင်းသွားသော်လည်း အချို့ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းအချို့မှာ ဈေးပြန်လည် မြင့်တတ်လာခဲ့ကြောင်း သိရသည်။ လက်လီပြန်ရောင်းချ၍ အဆင်ပြေနိုင်မည့် ကုန်များကို အစားထိုး၍ ရောင်းချပေးနေပြီ ဖြစ်ကြောင်း၊ ကုန်ပို့ ခနှုန်းထားများ ကျဆင်းနေပြီ ဖြစ်သည့်အတွက် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာရန် မျှော်လင့်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၆၀ ပါ “ကုန်ပို့ခကျပါပြီ၊ စားသောက်ကုန်ဈေးကျမှာလား”  သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပိုမိုကောင်းသော အုပ်ချုပ်မှု ဖြစ်လာရန် ဒေါက်တာအေးမာင် ပြောကြား

မြန်မာနိုင်ငံ၌ ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရအဖွဲ့ ဖြစ်ပေါ်လာရေးအတွက် အလားအလာကောင်းများ ရှိကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက် တာ အေးမောင်က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၂၃ ရက်နေ့၌ နေပြည်တော်လွှတ်တော်ရုံးခန်းမ၌ပြုလုပ်ခဲ့သည့်  လွှတ်တော်ဆိုင်ရာ ဆွေးေ