Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၃.၆.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် Sanction ပြဿနာကို မည်သည့် အချိန်တွင် အမှန်တကယ် ကိုင်တွယ် မည်နည်း

(2 June 2011 ရက်စွဲပါ The Huffington Post မှ When will Aung San Suu Kyi Really Tackle Sanctions ကို ဘာသာ ပြန်ဆိုသည်။)

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နိုဝင်ဘာလ သူမလွတ်မြောက်ပြီး ကတည်းက သူမအား ထောက်ခံသူများနှင့် စကားပြောဆိုခြင်း နားထောင်ခြင်းများ ပြုလုပ်လျက် ရှိသည်။

သူမ ကြားရသော အချို့မှာ သူမအား အံ့အားသင့်စေမည် အမှန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခံစားချက်များမှာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ လူငယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖက်ရှင်အဟောင်းကြီးပမာ ဖြေရှင်းမရသော ပြဿနာများကြောင့် စွန့်ခွာခဲ့ကြပြီး၊ အသက်ကြီးသူများအတွက် နေရာသာ ဖြစ်နေသည်။ နောက်ပိုင်းတွင် သူမကိုယ်တိုင် Sanction များသည် လူကြိုက်မများတော့ကြောင်း၊ မြို့ပြမှသာမက သန်းပေါင်းများစွာသော မျိုးဆက်သစ်လူငယ်များက Sanction များ မအောင်မြင်ကြောင်း သတ်မှတ်လာကြသည်ဟု ၀န်ခံခဲ့သည်။

ပြီးခဲ့သော ဇန်န၀ါရီလက ဒါပို့စ်ကမ္ဘာ့စီးပွားရေး ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာ ပေးပို့ရာတွင် စီးပွားရေးကိစ္စရပ်များနှင့် ပတ်သက်၍ NLD ၏ ခေါင်းမာသော သဘောထားများကို စိုးရိမ်ပူပန်နေသူများထံမှ စကားများကို သူမကြားသိပြီး ဖြစ်ကြောင်း ရည်ညွှန်းလိုပုံရသည်။ (မနှစ်က ရွေးကောက်ပွဲများတွင် NLD လူဟောင်းများ ဖွဲ့စည်းထားသော NDF ပါတီကို မဲပေးရန် အတွက် လူတော်တော် များများက NLD ကို စွန့်ခွာခဲ့ ကြသည်။ NLD ကမူ သူ၏ ပါတီဝင်များအား ရွေးကောက်ပွဲ သပိတ်မှောက်ရန် ညွှန်ကြားခဲ့သည်။)

ဒါဗို့နှုတ်ခွန်းဆက် သ၀ဏ်လွှာတွင် သူမက Sanctions ဟူသော စကားလုံးကို ဖော်ပြသုံးစွဲခြင်း မရှိပဲ မြန်မာနိုင်ငံမှ စီးပွားရေး ပတ်သက် ဆက်ဆံမှုနှင့် ရင်းနှီးမြှုပ်နှံမှု များကိုသာ တိုက်တွန်းပြောဆိုခဲ့သည်။ “နည်းပညာနှင့် အခြေခံ အဆောက်အဦ ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ်နေပါ တယ်။ အသေးစားငွေချေးအစီအစဉ်တွေက တဆင့် ပြည်သူတွေရဲ့ အလုပ်လုပ်ချင်စိတ်ကို လှုံ့ဆော်ပေးမယ့် အခွင့်အလမ်းတွေ ဖန်တီးကမ်းလှမ်းခြင်း အားဖြင့် ကျယ်ပြန့်တဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖယ်ရှားပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်မတို့ နိုင်ငံမှာ သယံဇာတ ရင်းမြစ်တွေ များလွန်းပေမယ့် လွန်ခဲ့ တဲ့ နှစ်ငါးဆယ်အတွင်းမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့တာကြောင့် အခွင့်အလမ်း များစွာကို ဆုံရှုံးခဲ့ရပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုဟာ အိမ်နီးခြင်း နိုင်ငံတွေရဲ့ နောက်မှာ အဝေးကြီး ပြတ်ကျန် နေခဲ့ပါပြီ” ဟု သူမက ပြောကြားခဲ့သည်။

သို့သော်လည်း ဖေဖော်ဝါရီလတွင်မူ ဒေါ်အောင်ဆန်းစုကြည် က “သူမအနေဖြင့် အနောက်နိုင်ငံ Sanctions များကို ဆက်၍ချမှတ်ထားရန် အကြံပြုလိုကြောင်း၊ Sanctions များသည် တပ်မတော် အစိုးရနှင့် အပေါင်းအပါများကိုသာ ထိခိုက်စေပြီး သာမန်ပြည်သူများကို ထိခိုက်မှုမရှိကြောင်း” တိတ်တဆိတ် ကြေညာချက်ထုတ်ပြန်သည်။ NLD ပါတီက Sanctions များ၏ အကျိုးသက်ရောက်မှုကို လေ့လာသုံးသပ်မှု ပြုလုပ်လျက် ရှိကာ ယခု သီတင်းပတ်တွင် အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သည်။

မိသားစုများကို ၀လင်အောင် ကျွေးရန်၊ ကလေးများကို ပညာသင်ပေးရန် အနာဂတ်အစီအစဉ် ဆွဲရန် မတတ်နိုင်ကြသော ဆင်းရဲတွင်းနက်နေ သည့် သာမန် ပြည်သူ သန်းပေါင်းများစွာက ထိုကိစ္စကို ခါးသီးစွာ ဒေါသ ထွက်ကြမည်ကို သံသယရှိစရာ မလိုပါ။ စက်ရုံမရှိ၊ ကူးသန်းရောင်းဝယ်မှု မရှိ၊ ကုန်သွယ်ရေးနှင့် ခရီးသွား စီးပွားရေးလုပ်ငန်း မရှိသောတိုင်းပြည်တွင် တပ်မတော် ခေါင်းဆောင်များနှင့် ရောင်းရင်းများကိုသာ အကျိုး ဖြစ်ထွန်းစေသည့် စီးပွားရေး ရေပုတ်ရေသိုး (စီးဆင်းမှု တန့်နေသည့်) ထဲတွင် ပြည်သူ အများစုကြီး ပိတ်မိနေလျက် ရှိသည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိကြရန် တောင်းဆိုခြင်းမှာ ကောင်းသည့် ကိစ္စ ဖြစ်သော်လည်း အမှန်တကယ် စီးပွားရေး၊ လူမှုရေး တာဝန် ရှိမှုအရဆိုလျှင် Sanctions များ ပယ်ဖျက်ခြင်းကိုသာ လိုအပ် နေသည်။ တပ်မတော် အစိုးရသည် ကျန် အာရှဒေသ တစ်ခုလုံးနှင့် ရေနံ၊ ဓာတ်ငွေ့၊ ကျွန်း၊ ကျောက်မျက် စသည့် လုပ်ငန်း ကြီးများ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ယူရိုနှင့်အခြား နိုင်ငံတကာ ပိုက်ဆံများကိုလည်း အသုံးပြုနေဆဲပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများနှင့် ရောင်းရင်းများ သည် ယင်းလုပ်ငန်းအားလုံးကို လက်ဝါးကြီး အုပ်ထားကြပြီး ကောင်းစွာ အလုပ်ဖြစ်နေကြကာ Sanctions များ ရုတ်သိမ်းပေးလိုက်ချိန်တွင် ပို၍ အလုပ်ဖြစ်ကြမည်ကို အလွယ်တကူ စဉ်းစားသိရှိနိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းငယ်ပိုင်ရှင်များ ထွက်ပေါ်လာကြလိမ့်မည်။ နိုင်ငံ တစ်ဝှမ်း ကျေးရွာများ၏ ကျောရိုးမဏ္ဍိုင် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာမည်။ ခရီးသွား တိုးရစ်များသာ မြန်မာ ဟိုတယ်ခန်း များတွင် ပြည့်သွားပါက လမ်းဘေး စားသောက်ဆိုင်များ၊ လက်ပွေ့ဈေးသည်များ၊ တက်စီယာဉ်မောင်းများ အားလုံးအဆင်ပြေ သွားကြမည် ဖြစ်သည်။ အသေးအဖွဲပါဟု ဆိုသည့် တိုင်အောင် များစွာ အမြစ်မှလှန်၍ ပြောင်းလဲ သွားလိမ့်မည်။ ခရီးသွားလုပ်ငန်း မရှိခြင်းက မြန်မာတို့၏ သဘောထား ကြီးမှုကို ဖြစ်စေရာ ပြောင်းပြန် ဖြစ်သွားနိုင်သည်ဟု အချို့က မျှော်လင့်လျက်ရှိကြသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန် သူမတွင် တာဝန်ရှိသည်ဟူသော စိတ်ဓာတ်ကို မကြာခဏ အလေးထား ပြောကြားခဲ့သည်။ ယခုအခါ သူမချစ်သော နိုင်ငံ၏ မြင်ကွင်းကျယ် ရုပ်ပုံကို နားလည် သဘောပေါက်ရန် အချိန်ဖြစ်သလို Sanctions များ ရုတ်သိမ်းရန် အချိန်တန်နေပြီ ဖြစ်သည်။ သို့ရာတွင် မေလ (၁၆) ရက်နေ့က အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွား ရေး Sanctions များကို သက်တမ်းတိုးခဲ့ပြီး၊ ပြုပြင်ပြောင်းလဲရေး လုပ်ရန် အချိန်ဆွဲနေမှုများ အတွက် အစိုးရအား တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ကို အချိန်ပေးပါဦး။ စိတ်ရှည် သည်းခံပါလို့ ပြောရုံနဲ့ မလုံလောက်တော့ပါဘူး။ အချိန်တွေလည်း ပေးခဲ့ပြီးပြီ။ အတိုင်းအတာ တစ်ခု အထိလည်း သည်းခံခဲ့ပြီးပါပြီ” ဟု အရှေ့ အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားခဲ့သည်။

ယခုအပတ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD သည် ၁၅ နှစ်ခန့် ကိုင်စွဲခဲ့သော ခရီးသွားကဏ္ဍ ဆန့်ကျင်ရေးကို စွန့်လွှတ်ခဲ့သည်။ ငွေလို သောကြောင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရမည်ဟု ပြောခဲ့သည်။ ထို့အပြင် သူမသည် မြန်မာနိုင်ငံတွင် နယ်များသို့ ခရီးထွက်မည့်အကြောင်း ကြေညာ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ ကိုင်စွဲခဲ့သော Sanction များသည် ပေါ်ပြူလာ မဖြစ်တော့ ဆိုသည်ကို ၀န်ခံရပေဦးမည်။ သို့ဆိုလျှင် Sanction နှင့် ပတ်သက်၍ သူမ ဘာလုပ်မည်နည်းဟု မေးခွန်း ထုတ်ရတော့မည် ဖြစ်သည်။

***************************************************************************

ကမ္ဘာ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်သူ ထိပ်ဆုံး နိုင်ငံ (၁၇)နိုင်ငံ စာရင်းထုတ်ပြန်

(1st June 2011 ရက်စွဲပါ VOA News မှ Lisa Schlein ရေးသားသော 17 Countries Top List of World’s Worst Human Rights Abusers ကို ဘာသာ ပြန်သည်။)

လွတ်လပ်သောစောင့်ကြည့်ရေးအဖွဲ့တစ်ခု ဖြစ်သော Freedom House သည် နိုင်ငံ (၁၇)နိုင်ငံနှင့်နယ်မြေ (၃)ခုအား ကမ္ဘာ့အဖိနှိပ်ဆုံး လူ့အဖွဲ့ အစည်းများအဖြစ် အမည်စာရင်းထုတ်ခဲ့သည်။ အဆိုပါ နိုင်ငံများအနက် ကမ္ဘာပေါ်တွင် အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်သော ထိပ်တန်းစာရင်းဝင် နိုင်ငံများမှာ မြန်မာ၊ Equatorial Guinea၊ လစ်ဗျား၊ မြောက်ကိုးရီးယား နှင့် ဆူဒန်တို့ ဖြစ်ကြသည်။ ယင်းနှစ်ပတ်လည် အစီရင်ခံစာကို ဂျီနီဗာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စာရင်းတွင်ပါဝင်သော နိုင်ငံများသည် နိုင်ငံရေးအရပိုင်ခွင့်များနှင့် အရပ်သားများဆိုင်ရာ တာဝန်ယူမှုများတွင် အနည်းဆုံးရရှိသော နိုင်ငံများ ဖြစ်သည်။ အစီရင်ခံစာတွင် မှတ်သားထားသော အချက်မှာ ယခုစာရင်းတွင် ပါဝင်သော နိုင်ငံများသည်သာ တစ်နှစ်ထက်တစ်နှစ် ရက်စက် ကြမ်း ကြုတ် မှုများ ပိုမို များလာသည်ကို တွေ့ရသည်ဟု ဖြစ်သည်။

အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ဆီးရီးယား၊ ဆိုမာလီယာ၊ တစ်မင်နစ္စတန်၊ လစ်ဗျား၊ ကျူးဘားနှင့် ဆော်ဒီအာရေဗျနိုင်ငံများရှိ ပြည်သူ များသည် စကြ၀ဠာတွင် အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံး စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံရသောလူများဖြစ်သည်ဟု ဆိုသည်။

Freedom House မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Paula Schriefer က ပြောကြားရာတွင် သူမအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ သည် တက်တက်ကြွကြွဖြင့် အဆိုပါနိုင်ငံများ မိမိလုပ်ရပ်ကို အရှက်ရစေရန် ပြုလုပ်ခြင်း မရှိသည့်အတွက် မကျေနပ်ကြောင်း ပြောသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က မြန်မာ၊ လစ်ဗျာ&