Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၆.၂၀၁၁

ပြည်တွင်းသတင်းများ

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ စီမံကိန်းဝန်းကျင်မြေယာ ရင်းနှီးမြှုပ်နှံမှုများလာ

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင်သာမက အခြားစီမံကိန်းများ၌ မြေယာ ရင်းနှီးမှု တိုးချဲ့လာကြောင်း သိရသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရှိ အဓိကအချက်အချာ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာမက ထားဝယ်၊ ကျောက်ဖြူစသည့် ရေနက်ဆိပ်ကမ်း လုပ်ဆောင်နေသည့် စီမံကိန်းဝန်းကျင်များတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့်အတွက် မြေကွက်ဈေး နှုန်းများမှ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မြေကွက်များ ဝယ်ယူရာတွင်လည်း ပေါက်ဈေးထက်ပိုပေး၍ မြေကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ သည့်အတွက် မြေကွက်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျှက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ပုံမှန်ဆို လုပ်ငန်းရှင်များသည် ပေ ၁၀၀ ပတ်လည်ဆိုပါက ကျပ် သိန်း ၁၇၀၊ ၁၈၀ လောက်သာ ပေးဝယ်ကြရကြောင်း၊ သို့သော် တရုတ်စီးပွား ရေးလုပ်ငန်းရှင်များသည် သိန်း ၃၀၀ အထိ ပေးဝယ်သည့်အတွက် ၎င်းတို့ကိုသာ ရောင်းကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသစ် ပြောင်းလဲပြီးချိန်မှစတင်၍ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရန် အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများတွင်သာမက ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးစားလာကြ ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင်လည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ဝယ်ယူမှုများကြောင့် မြေကွက်ဈေးနှုန်းများမှာ အထူးကောင်းမွန်လျက် ရှိပြီး တန်ဖိုးအနေဖြင့် ဆယ်ဆကျော်မြင့်တက်လာခဲ့ကြောင်းသိရသည်။

(7Day News၊ အတွဲ-၁၀၊ အမှတ်-၁၂ ပါ “တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ မြေယာရင်းနှီးမြှုပ်နှံမှုတိုးချဲ့လာ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းအထည်ချုပ်စက်ရုံများ လုပ်သားခံစားခွင့် နည်းပါး

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး ခုနှစ်မှ စတင်၍ နိုင်ငံတကာသို့ ပို့ဆောင်မှုလုပ်ငန်းများ လည်ပတ်မှု ကောင်းမွန် လာသော်လည်း ထိုစက်ရုံများ၌ လုပ်ကိုင်နေသည့် အထည်ချုပ်အလုပ်သမားများ၏ လုပ်ခခံစားခွင့်နှင့် အခွင့်အလမ်း ရရှိမှုတို့မှာ နည်းပါးနေဆဲပင် ဖြစ် ကြောင်း သိရသည်။

ယခုနောက်ပိုင်း၌ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရမှု ပိုမိုလာကြောင်း၊ လုပ်ငန်းလည်ပတ်မှု ကောင်းမွန်လာသည့်အတွက် ၎င်းလုပ် ငန်းများ၌ လုပ်ကိုင်နေသည့် အလုပ်သမားများ မြဲရန်လိုအပ်လာသည့်အတွက် ယခင် အလုပ်သမားများကို လုပ်ခတိုးမပေးခဲ့သော်လည်း ယခုတိုးပေးသင့် ကြောင်း၊ ယခုအစိုးရသစ်လက်ထက်၌လည်း အစိုးရနှင့် ILO အဖွဲ့အစည်းမျိုးကပါ အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့်များနှင့် ပတ်သတ်၍ စဉ်းစားပေး လျက်ရှိကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကြားထဲ၌လည်း Negotative လုပ်ရမည့်သဘောရှိကြောင်း၊ အထည်ချုပ်စက်ရုံများ၌လည်း လုပ်ငန်း ကောင်းမွန်လာသည်နှင့်အမျှ အလုပ်သမားများနှင့် အလုပ်ရှင်များပါ ကောင်းမွန်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နေသည့် စက်ရုံစုစုပေါင်း ၁၅၀ ခန့်ရှိပြီး ၎င်းလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမားအရေအတွက်မှ ရှစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

ပြည်တွင်း အထည်ချုပ်စက်ရုံ ၁၀၀ ခန့်မှ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဝင်ထားကြောင်း သိရသည်။ အသင်းဝင်ထားသည့် အထည်ချုပ်စက်ရုံ ၂၀ ဝန်းကျင်မှာ နိုင်ငံခြားသားပိုင် စက်ရုံများဖြစ်ပြီး JV စနစ်ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းသုံးခုနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင် နေသည့် လုပ်ငန်းနှစ်ခုရှိပြီး မြန်မာပိုင်လုပ်ငန်းမှာ ၇၅ ခုခန့် ရှိကြောင်း သိရသည်။

စက်ရုံတော်တော်များများတွင် အလုပ်ချိန်သတ်မှတ်ထားသော်လည်း ညအချိန်ပိုဆင်းသည့် နေ့ရက်မျိုးရှိပြီး အချိန်ပိုကြေးမှာ တစ်နာရီလျှင် အနည်းဆုံး ကျပ် ၃၀ မှ အများဆုံး ကျပ် ၂၀၀ ဝန်းကျင်ခန့်ရရှိပြီး အထည်ချုပ်လုပ်ငန်း အများစု၏ လစာသတ်မှတ်မှုမှာ တစ်လလျှင် ကျပ် တစ်သောင်းခွဲ၊ နှစ်သောင်းဝန်းကျင်ကို အခြေခံလစာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

(Bi Weekly Eleven၊ အတွဲ-၄၊ အမှတ်-၁၀ ပါ “အထည်ချုပ်လုပ်ငန်းများလည်ပတ်မှုကောင်းမွန်လာသော်လည်း လုပ်သားများ၏ လုပ်ခခံစားခွင့် နည်းပါးနေဆဲ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ငါးသိန်းတန် GSM ဖုန်းများချပေးခွင့် ကုမ္ပဏီသုံးခု ရရှိ

ငါးသိန်းတန် GSM ဖုန်းများကို ယခင် ဆက်သွယ်ရေးရုံးတွင် လျှောက်ထားရန်မလိုပဲ ပုဂ္ဂလိက ဖုန်းကုမ္ပဏီသုံးခုကသာ ငွေသွင်း၍ နေ့ချင်းပြီး ဆောက်ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ယခု ဝန်ဆောင်မှုပုံစံသည် ဖုန်းလျှောက်လွှာများကို သီးသန့်လက်မခံတော့ဘဲ ကိုယ်စားလှယ်လွှဲထားသည့် ကုမ္ပဏီကသာ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ကုမ္ပဏီမှပေးသည့် မှတ်တမ်းစာရွက်ထဲ၌ဖြည့်၍ ပိုက်ဆံပေးသွင်း ရမည်ဖြစ်ကြောင်း၊ ထိုသို့ ပိုက်ဆံပေးသွင်းပြီးမှသာ ဖုန်းကတ်ကို တစ်ခါ တည်းရရှိမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြုလုပ်လိုက်သည့် ငါးသိန်းတန် GSM ဖုန်းဝန်ဆောင်မှုသည် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး One Stop Service ဟု ခေါ်ဆိုကြောင်း၊ ယခုကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းကို ဇွန်လ ဒုတိယပတ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ဖုန်းဝန်ဆောင်မှု လုပ်ခွင့်ရရှိသည့် ကုမ္ပဏီသုံးခုမှာ ရတနာပုံတယ်လီပို့စ် ကုမ္ပဏီလီမီတက်၊ အီလိုက် တက်ခ်(E-Lite Tech) ကုမ္ပဏီနှင့် အေးရှားမီဂါလင့်ခ်(Asia Mega Link Co.Ltd)တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသုံးခု၌ ဖုန်းလျှောက်ထားလိုသူများသည် ၎င်းတို့လျှောက်ထားသည့် ကုမ္ပဏီမှ ဖုန်းကတ်ရရှိပြီးသည်နှင့် ၎င်းကုမ္ပဏီများက ကျန်ရှိ နေသည့်ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီများသည် ဘဏ်များနှင့်လည်း ချိတ်ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းဖိုးငွေပေးသွင်းရာ၌လည်း အစိုးရကသတ်မှတ်ထားသည့် ဖုန်းဖိုးငွေကိုသာ ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်နှုန်းထားများထက် ပိုမို ကောက်ခံ ခြင်း မပြုရန် ညွှန်ကြားထားကြောင်းသိရသည်။

(7Day News၊ အတွဲ-၁၀၊ အမှတ်-၁၂ ပါ “ငါးသိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို ပုဂ္ဂလိကကုမ္ပဏီသုံးခုကသာ ချထားပေးတော့မည်” သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်လာဈေးကျဆင်းမှုဂယက် ပို့ကုန်လုပ်ငန်းရှင်များအပေါ် ထိခိုက်မှုမြင့်

ပြည်တွင်း၌ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ တရှိန်ထိုးကျဆင်းမှုသည် ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ အား ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများကို ဖြစ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

ပြည်တွင်း၌ ငွေလဲနှုန်းကျဆင်းမှုမှာ ပုံမှန်အတက်အကျဖြစ်ပေါ်ခြင်းမပာုတ်ဘဲ နေ့စဉ်အကျဘက်သို့ ဦးတည်နေကြောင်း၊ မြန်မာနိုင်ငံရှိ ပို့ကုန်လုပ် ငန်းအများစုတွင် ကြီးမားသည့် ဂယက်ရိုက်ခတ်မှုများဖြစ်ပေါ်လာခဲ့ပြီး အကျိုးဆုတ်ယုတ်မှုများကို ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်တစ်နှစ်အတွင်း၌ ၂၀ ဘီလီယံမြှုပ်နှံမည်ပာု သဘောတူခွင့်ပြုချက် ရရှိထားခြင်းကြောင့် နိုင်ငံခြားငွေ လဲနှုန်း ကျဆင်းသွားခြင်း ဖြစ်ကြောင်း၊ ယခုရင်းနှီးမြှုပ်နှံမှုသည် လွန်ခဲ့သည့် အနှစ် ၂၀ က ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုများပြားကြောင်း၊ ပြည်ပနိုင်ငံများတွင်လည်း ဒေါ်လာဈေးမှာ အကျဘက်သို့သာ ဦးတည်လျှက် ရှိကြောင်း၊ ကောလပာလသတင်းများကြောင့် ဒေါ်လာဈေးအကျဘက်သို့ ရောက်သွားကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

အချိန်၊ နှုန်းထားများကို တစ်ခုသာ သတ်မှတ်ခြင်းကို အစိုးရအနေဖြင့် ယေဘုယျအားဖြင့်သာ သဘောတူလက်ခံထားသည်ပာု မိမိထင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ငွေကြေးနှင့် နည်းပညာဆိုင်ရာအကူအညီများလည်း လိုအပ်မည်ထင်ကြောင်း၊ လက်ရှိအချိန်၌လည်း အစိုးရမှ သတ်မှတ်လိမ့် မည် မပာုတ်ကြောင်း၊ ဒေါ်လာဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ပို့ကုန်လုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း၊ ရေရှည်၌ ပြုပြင်ပြောင်းလဲမှုများ လုပ်ရဦး မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ရွှေဈေးတက်မှုပေါ်မူတည်၍ ဒေါ်လာဈေးထိုးကျသွားသည်ဆိုသည်မှာ ဆက်စပ်မှုတိုက်ရိုက်မရှိကြောင်း၊ အမေရိကန်အစိုးရ၏ မူဝါဒမှာ ဒေါ်လာပေါအောင်ကျင့်သုံးလျှက်ရှိကြောင်း၊ ဒေါ်လာဈေးမှာ ပြည်ပတွင် ဆက်လက်ကျဆင်း လျှက်ရှိကြောင်း၊ ပြည်တွင်း၌ အရမ်းကျလိမ့်မည်ပာု မမြင် ကြောင်း စီးပွားရေးပညာရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အမှတ်-၁၂ ပါ ပြည်တွင်းငွေလဲနှုန်းကျဆင်းခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် စီးပွားရေးအရ ကြီးမားစွာထိခိုက် လျှက်ရှိ သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC လာရောက်လေ့လာရေး မြန်မာစဉ်းစားမည်

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားမရှိပာု နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ပြောဆိုခဲ့မှုအပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက နိုင်ငံရေးအကျဉ်းသားရှိမရှိ ကိစ္စရပ်အား လေ့လာလိုသည်ကို ခွင့်ပြုပေးရန် ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများမရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ လာရောက်လေ့လာလိုမှုကို ယခင်နှစ်များ၌ ခွင့်ပြုပေးခဲ့ ကြောင်း၊ သို့သော် ၎င်းတို့လာရောက်စဉ်က လုပ်ပိုင်ခွင့်အတိုင်းအတာများထက် ပိုမိုကျော်လွန်ကာ ပြုလုပ်ခဲ့သည့်အတွက် ထပ်မံခွင့်မပြုတော့ခြင်း ဖြစ် ကြောင်း၊ သို့သော် ၎င်းတို့က ထိုကိစ္စရပ်အား အလေးအနက် ထားဆွေးနွေးခဲ့သည့်အတွက် မိမိတို့ဘက်မှလည်း ပြန်လည်၍ စဉ်းစားဆွေးနွေး ဆောင်ရွက် သွားပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထား ဆောင်ရွက်သွားပေးမှာ ဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားကိစ္စရပ်နှင့်ပတ်သတ်၍ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မိမိတို့နိုင်ငံတွင် နိုင်ငံ ရေးအကျဉ်းသား လုံးဝပင်မရှိတော့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေသူများမှာ နိုင်ငံတော်၏ ဥပဒေကို ချိုးဖောက် ကျူးလွန်သူများသာဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အမှတ်-၁၂ ပါ “မြန်မာနိုင်ငံရှိ နိုင်ငံသားအကျဉ်းသား ရှိမရှိကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက လာရောက် လေ့လာလိုသည်ကို စဉ်းစားမည်ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

အုပ်ချုပ်ရေးမှူးများ သားစဉ်မြေးဆက် ရာဇဝတ်မှုကင်းရန်လို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရသစ်လက်ထက် ပြောင်းလဲပြီးချိန်မှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ သားစဉ် မြေးဆက် ရာဇဝတ်မှု ကင်းရှင်းရမည်ဖြစ်ပြီး ထိုသို့ကင်းရှင်းခြင်းမရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများထဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်မျိုးကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ရွေးကောက်တင်မြှောက်ထား လျှက်ရှိရာ ယင်း ရွေးချယ်တင်မြှောက်ခံထားရသည့် ပုဂ္ဂိုလ်များကိုယ်တိုင် (သို့) ၎င်း၏ သားစဉ်မြေးဆက်များထဲ၌ ရာဇဝတ်မှု ပြစ်ဒဏ်ကျခံရသူ(သို့) ပြစ်ဒဏ် ကျခံနေရဆဲ မဖြစ်ရေးနှင့် အများယုံကြည် လေးစားခံရသော ပုဂ္ဂိုလ်များဖြစ်စေရေးအတွက် သက်ဆိုင်ရာမှ စိစစ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရ သည်။

ယင်းစိစစ်ချက်များ အောင်မြင်၍ အချို့ပုဂ္ဂိုလ်များကို ခန့်အပ်ထားပြီးပြီဖြစ်ကြောင်း၊ အချို့နယ်ဘက်များတွင် စိစစ်နေဆဲပင်ဖြစ်ကြောင်း၊ သို့သော် ခန့်ထားသည့် ပုဂ္ဂိုလ်များတွင် ရပ်ရွာမှ ကြည်ညိုလေးစားမှု ပျက်ယွင်းစေသည့် ရာဇဝတ်မှု ပြစ်မှုတစ်စုံတစ်ရာအား သားစဉ်မြေးဆက်များထဲမှ ကျခံဘူး သူ(သို့) ကျခံနေရဆဲသူများ ပါဝင်နေပါက အစိုးရအဖွဲ့ထံသို့ တိုင်ကြားနိုင်ကြောင်း၊ ပြန်လည်စစ်ဆေးပြီးပါက ယင်းအုပ်ချုပ်ရေးမှူးအား တာဝန်ပြန်လည် ရုတ်သိမ်းမည်ဖြစ်ကြောင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူးဆိုသည်မှာ အခြေခံကျဆုံး အုပ်ချုပ်ရေးလုပ်ငန်းဖြစ်ပြီး ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေရမည့်သူ ဖြစ်သည့်အတွက် သားစဉ်မြေးဆက် အကျင့်စာရိတ္တ ကောင်းမွန်သည့်သူများဖြစ်ရန် အရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ပုံနှင့် ပတ်သတ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ အခြေခံဥပဒေအခန်း(၅)၊ ပုဒ်မ (၂၈၉) အရ ရပ်ကွက်(သို့မပာုတ်) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှုးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေ နှင့်အညီ ခန့်အပ်တာဝန် ပေးဆောင်ရွက်စေရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၃ ပါ “အုပ်ချုပ်ရေးမှူးများ သားစဉ်မြေးဆက် ရာဇဝတ်မှုကင်းရမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က ပါတီတိုင်းနဲ့ ဆက်သွယ်ပါတယ်။ ကျွန်တော်တို့ပါတီမှာ နိုင်ငံတကာဆက်ဆံရေးဌာနဆိုတာကို ထားရှိတယ်။ ဆက်ဆံတယ် ဆိုတာကလည်း သူတို့ပါတီအတိုင်း လိုက်လုပ်မှာမဟုတ်ဘူး။ သူတို့ပါတီက ဘာတွေကောင်းလဲ ကောင်းတာလိုက်လုပ်မှာပေါ့။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကျွန်တော်တို့နဲ့ ဆက်သွယ်တယ်ဆိုပါတော့။ သူတို့အတိုင်း လုပ်ဖို့မဟုတ်ဘူး။ သူ့ထဲက ကောင်းတာယူမှာပေါ့။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတာကို ယူမှာ ပေါ့”

Popular အတွဲ(၃) အမှတ် (၂၂) တွင်ပါသည့် " တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ခိုင်ဖြိုး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး" သတင်းမှ ပြည် ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ လိုပါတယ်။ တစ်ဖက်က တိုက်ဖျက်သလို တစ်ဖက်ကလည်း လာဘ်ပေးလာဘ်ယူ လုပ်ရတဲ့အကြောင်းအရင်းတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အရေးကြီးတယ်။ နိုင်ငံရဲ့အရေးတကြီး ပြင်ဆင်ရမယ့် အကြောင်းအရင်းတွေထဲမှာ အကျင့်ပျက် ခြစားမှုကိစ္စလည်း ပါနေတယ်။ လုပ်ပိုင် ခွင့်အရ၊ နေရာအရ၊ အခွင့်အရေးအရစတဲ့ အခြေအနေမျိုးကနေ ပုံစံအမျိုးမျိုး၊ ပမာဏအမျိုးမျိုး လာဘ်ပေးလာဘ်ယူ လုပ်နေတာတွေ ရှိနေတယ်။ တိုက်ဖျက် ဖို့ ကြိုဆိုသလို တစ်ဖက်ကလည်း လာဘ်ပေးလာဘ်ယူ မလုပ်ဘဲ၊ လုပ်စရာမလိုဘဲ ရပ်တည်နိုင်တဲ့၊ ရပ်တည်ချင်တဲ့ အနေအထားတွေ ဖြစ်ဖို့လည်း လိုတယ် လို့ ယူဆပါတယ်”  

Bi Weekly ELEVEN (၄) အမှတ် (၁၀) တွင်ပါသည့် "  ဝန်ကြီးဌာနအချို့ရှိ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ တိုက်ဖျက်နိုင်ရေးအတွက် ဌာန တွင်းအဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်နေ " သတင်းမှ ပါမောက္ခဒေါ်လှမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီဘဏ္ဍာရေးနှစ်သစ်မှာ ပထမဆုံးမြှုပ်နှံလာတာက ကိုရီးယားနိုင်ငံပါ။ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ သန်း ထပ်မံမြှုပ် နှံခဲ့တာပါ။ ဗြိတိန်ရဲ့ မြှုပ်နှံမှုထက် အမေရိကန် ဒေါ်လာသန်း ၂၇၀ ပိုများသွားပါပြီ။”

Bi Weekly ELEVEN (၄) အမှတ် (၁၀) တွင်ပါသည့် "  မြန်မာ-ကိုရီးယား ကုန်သွယ်မှု ငါးနှစ်အတွင်း သုံးဆကျော်မြင့်တက်" သတင်း မှ UMFCCI  သုတေသနဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သတင်းမီဒီယာတွေနဲ့ တွေဆုံတဲ့အခါမှာ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ခံစားချက်တွေကို ဆွေးနွေးကြတဲ့ အခါမှာ ပုဂ္ဂလိက ဆေးရုံတွေမှာ အမှိုက်၊ အညစ်အကြေး၊ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျမရှိဘူး။ သေဆုံးလူနာတွေကို ချက်ချင်း ရွှေ့ပြောင်းမပေးဘဲ အခန်းထဲမှာပဲထားတယ် စသဖြင့် Com plain လုပ်နေကြတာကြောင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဂရုတစိုက် လုပ်စေလိုပါတယ်။”

Envoy (၂) အမှတ် (၇) တွင်ပါသည့် " ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် သေဆုံးလူနာများအား အချိန်မီပြောင်းရမည် " သတင်း မှ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဥာဏ်ထွန်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဂလိုဘယ်လိုက်ဇင်းရှင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပြောင်းလဲခြင်းသည် အုပ်ချုပ်မှုစနစ်သစ် ပြောင်းလဲခြင်းဟု အပေါ်ယံ ရှုမြင်ကြည့် ရှုနိုင်သော်လည်း နက်နက်နဲနဲသုံးသပ်ကြည့်လျှင် သမိုင်းခေတ် တစ်ခေတ်ကို ပြောင်းလဲဖြတ်သန်းနေသည်ကို တွေ့ရပေမည်။ ယခု ကျွန်တော်တို့ မြန်မာ ပြည်သူများ ဖြတ်သန်းရသည့် သမိုင်းခေတ်မှာ Globalization ဖြစ်သည်။ မြန်မာစာပေလောကတွင် Globalization ကို စာရေးဆရာအချို့က ကမ္ဘာပြုမှု ဖြစ်စဉ်ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။

တချို့မှာ ယင်း Globalization ကို ကိုလိုနီစနစ်နှင့် နှိုင်းယှဉ်သုံးသပ်မှုမျိုးများလည်းရှိပါသည်။ ကိုလိုနီစနစ်ဆိုသည်မှာ အနောက်တိုင်း  လူအဖွဲ့ အစည်းအတွင်း ပေါ်ပေါက်လာသည့်စနစ် ဖြစ်လေသည်။ အနောက်တိုင်းတွင် ပြင်သစ်တော်လှန်ရေး၊ စက်မှုတော်လှန်ရေးများ ဖြစ်ပွားပြီးသကာလ နိုင်ငံရေး လွတ်လပ်ခွင့် ပိုမိုရလာခြင်းနှင့်အတူ စက်ရုံ၊ အလုပ်ရုံများလည်း အများအပြား ထွန်းကာလာခဲ့လေသည်။ ထိုအတွက်ကြောင့် ယင်းစက်ရုံများမှ ထွက်သော ကုန်ပစ္စည်းများကို ကမ္ဘာဈေးကွက်သို့ ရောင်းချရန် ရည်ရွယ်၍သော်လည်းကောင်း၊ အခြားသော နိုင်ငံများ၏ သဘောဝသယံဇာတနှင့် လုပ်အားကို မိမိ အကျိုးစီးပွားအတွက် အသုံးချ၍သော်လည်းကောင်းကြောင့် ယင်းနိုင်ငံများကို သိမ်းပိုက်ကာ ကိုလိုနီပြုကျင့်ခြင်းကို ပြုလုပ်ကြလေသည်။ မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင်လည်း အဓိကအရေးကြီးသည့် ဇတ်ဆောင်မှာ အရင်းရှင်စနစ်ကို ကမ္ဘာပတ်ဖြန့်ချီနေသည့် အရှေ့အန္ဒိယကုမ္ပဏီ ဖြစ်လေသည်။ ယင်း အရှေ့အန္ဒိယကုမ္ပဏီမှ ရှယ်ယာပိုင်ဆိုင်သူများသည် ဗြိတိသျှပါလီမန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမိုင်းအမှားများပြောကာ မြန်မာနိုင်ငံကို သိမ်းပိုက် ရန် မဲဆွယ် လေတော့သည်။

ကိုလိုနီစနစ်မှာ မူဝါဒကိစ္စရပ်ဖြစ်နေကြောင့် ကြိုက်ခွင့်၊ မကြိုက်ခွင့်ရှိသော်လည်း Globalization မှာမူ မူဝါဒကိစ္စရပ် မဟုတ်ပေ။ လှိုင်းတစ်လှိုင်း ဖြစ်ပါသည်။ လှိုင်းဖြစ်သည့်အတွက် မဖိတ်ခေါ်လည်း ရောက်လာမည်သာ ဖြစ်လေသည်။ မြန်မာ့ လူ့အဖွဲ့အစည်းသို့ Globalization လှိုင်းများ ရိုက်ခတ်မှုကို ဥပမာဆောင်၍ ဖော်ပြရလျှင်မူ  ကိုရီယားရုပ်ရှင်ကားများကို နှစ်နှစ်ခြိုက်ခြိုက်ကြည့်ရှုနေမှုများဖြစ်လေသည်။ ယင်းမှာ တမင်သက်သက် တင်သွင်းလာသည့်  လွှမ်းမိုးလာသည့်အရာမျိုးမဟုတ်။ မြန်မာပြည်သူများက လိုလိုလားလားနှစ်ခြိုက်သည့် ကိုရီယားလူမျိုးများ၏ ယဉ်ကျေးမှုထွက်ကုန်သာ ဖြစ်လေသည်။ ယင်းကို နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် Soft power ဟု ဝိဂြိုလ်ပြုကြလေသည်။ ထို့အပြင် နည်းပညာနယ်ပယ်ကို ကြည့်လိုက်ပြန်လျှင်လည်း ယခု တလော လူငယ်များကြား ပေါ်ပြူလာဖြစ်နေသည့် smart phone အမျိုး အစားများမှာ Globaliztion ၏ လှိုင်းတစ်ခုလည်း ဖြစ်လေသည်။

အချို့သော နိုင်ငံများသည် Globalization လှိုင်းများကို ပါးပါးနပ်နပ် အသုံးပြုတက်သောကြောင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအပေါ် ရောက်ရှိ သွားသည်ကို တွေ့မြင်ရလေသည်။ အိန္ဒိယကို ဥပမာပေးကြည့်လျှင် ရနိုင်ပါသည်။ အန္ဒိယနိုင်ငံသည် ၁၉၉၀ မတိုင်ခင်ထိ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးနေကြသော်လည်း အဆင့်မြင့်ပညာရေးစနစ်မှာ အလွန်ကောင်းကြောင်းတွေ့ရလေသည်။ ယင်းနောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး သည့်အပြင် ဂယ်လိုဘယ်လှိုင်းများ ရိုက်ခတ်လာခြင်းအတွက်ကြောင့် အန္ဒိယနိုင်ငံသို့ ပြည်ပအရင်းအနှီးများ စီးဝင်လာခြင်းနှင့်အတူ နဂိုအဆင့်မြင့် ပညာ တတ်များလည်း ရှိနေသည့်အတွက် အန္ဒိယနိုင်ငံ၏ IT ကဏ္ဍမှာ တဟုန်ထိုး တိုးတက်သွားသည်ကို တွေ့ရလေသည်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မည်သည့်နိုင်ငံမှ တံခါးပိတ်အထီးတည်းနေ၍ မဖြစ်တော့ပေ။ တံခါးပိတ်ထားပါက မိမိနိုင်ငံ၏ စီးပွားရေး မဖွံ့ဖြိုး မတိုးတက်ရုံပင် ဖြစ်သည်။ အဓိကအရေးကြီးသည်မှာ ဂလိုဘယ် လိုက်ဇေးရှင်းကို ပါးပါးနပ်နပ် အသုံးပြုတက်ဖို့ပင် ဖြစ်လေသည်။ ပါးပါးနပ်နပ်ဆိုသည်မှာ ကိုယ့်အရပ်နဲ့ ကိုယ့်ဇတ်ကို နားလည်ရန် ဖြစ်လေ သည်။ မိမိနိုင်ငံ၏ လူမှုအဖွဲ့အစည်း၏ အခြေအနေကို သေသေချာချာ နားလည်သဘောမပေါက်ဘဲ အခြားဖွံ့ဖြိုးပြီး နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး သဘောတရားနှင့် မဟာဗျူဟာများကို သွတ်သွင်းအသုံးချပါက မအောင်မြင်ဘဲ ရှိကြသည်ကို တွေ့မြင်ရ လေသည်။ (ဥပမာ- ဖိလစ်ပိုင်) မြန်မာနိုင်ငံအနေ ဖြင့်လည်း နဂိုတံခါးပိတ်ထားသည့် အနေအထားမှ ယခု တစ်စုံတစ်ရာပွင့်လင်းမှုဆီသို့ ဦးတည်နေပြီ ဖြစ်လေသည်။ ယခုအစိုးရသစ်မှ ဂလိုဘယ်လိုက်ဇေးရှင်းကို ပါးပါးနပ်နပ် အသုံးချရင်း မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်သည့် မူဝါဒကောင်းများ ချမှတ်ပေးမှုကို စောင့်ကြည့်နေပါကြောင်း..........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment