Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ဓါတ်ဆီ ဈေးကွက်တွင် ဝယ်ယူရန်ခက်

ရန်ကုန်၊ ဇွန် ၁၆။

စက်သုံးဆီကုမ္ပဏီများအနေဖြင့် အစိုးရထုတ်ပေးနေသည့် ဆီအမျိုးအစားကို ဝယ်ယူဖြန်ဖြူးရန် ကမ္ဘာ့စက်သုံးဆီဈေးကွက်၌ လိုက်လံဝယ်ယူ၍ မရကြောင်း စက်သုံးဆီဆိုင် ၁၀ဆိုင်ထက်မနည်း ဖွင့်လှစ်ထားသူ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဓါတ်ဆီကားတန်းရှည်ခြင်းအကြောင်းအား ပုဂ္ဂလိကကိုလွှဲပြီးမှဖြစ်ကြောင်း ကုမ္ပဏီများခေါင်းပေါ်ကို စွမ်းအင်နှင့် စီးပွားကူးသန်းက ပုံချနေခြင်း ကြောင့် ပြည်ပမှ လိုက်လံဝယ်ယူရာတွင် မည်သည့်နေရာတွင်မှ ဝယ်ယူ၍မရကြောင်း နိုင်ငံတကာတွင် မသုံးတော့သည့် ဓါတ်ဆီကို အစိုးရမှ လုံလောက် အောင် ထုတ်ပေးခြင်းမပြုဘဲ ကုမ္ပဏီများကြောင့်ဟု ရန်ကုန်တိုင်းရုံးမှလည်း ပြည်တွင်းသတင်းဂျာနယ်များကို သတင်းမှားထုတ်ပေးပြီး ကုမ္ပဏီများကို အပြစ်ပုံချနေကြောင်း ပုဂ္ဂလိကဆီဆိုင် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

တစ်ဂါလံ ၂၅၀၀ဖြင့် ရောင်းရန်အစိုးရမှ ထုတ်ပေးသည့် ဓါတ်ဆီသည် ခဲဓါတ်ပါဝင်မှုများပြီး တာရှည်အသုံးခံသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုပိုမိုသဖြင့် နိုင်ငံတကာတွင် ပေါက်ကွဲမှုအားကောင်းသည့် အော့တိန်းကိုဂရိတ်များ သတ်မှတ်ပြီးရောင်းကြောင်း ပုဂ္ဂလိကိကုမလွဲပြောင်းခင်က တစ်နိုင်ငံလုံးတွင် အော့တိန်းရောင်းသည့်ဆိုင် နှစ်ဆိုင်ခန့်သာရှိပြီး ပုဂ္ဂလိကလက်ထဲထည့်ပြီးမှ ဆိုင်တိုင်း အော့တိန်းတင်ရောင်းလာသည် သာဓကကိုကြည့် လျှင် နိုင်ငံတကာဆီဈေးကွက် အနေအထားကို သိနိုင်ကြောင်း အတွေ့အကြုံ နှစ်သုံးဆယ်ကျော်ရှိ အစိုးရစက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ပြောကြား သည်။

ဈေးကွက်သဘောတရားအရ Supply နှင့် Price ပင် ဖြစ်ကြောင်း လုံလောက်အောင် မပေးနိုင်လျှင် ဈေးနှုန်းကို စီးမျောခွင့်ပြုရမည်ဖြစ်ကြောင်း ဓါတ်ဆီဈေးနှုန်းကို နင်းထားပြီး ကုမ္ပဏီများကြောင့် ဝိသမလောဘသားများကြောင့်ဟု လက်ညှိုးထိုးအပြစ်ပုံနေ၍ မရကြောင်း နိုင်ငံတကာ ဈေးမြင့်နေ ချိန်တွင် ပြည်တွင်ဈေးနှုန်း နိမ့်နေပါက အိမ်နီးချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ကိုပါ Subsidization လုပ်ပေးသလို ဖြစ်နေသည်ဟု ပြည်သူ့ရေးရာမူဝါဒ ကျွမ်း ကျင်သူတစ်ဦးက ပြောကြားသည်။

NZ

--------------------------------------------------------------------------------------------------------------------------

အလုပ်သမားများအရေး မြန်မာ-ထိုင်း ဆွေးနွေးမည်

ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏အရေးကိစ္စအား မြန်မာ-ထိုင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအပတ်ထဲ၌ပင် မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်သည် ထိုင်းနိုင်ငံသို့ ၄ ရက်ကြာခရီး သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ အရေးကိစ္စနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံ ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင် ရပ်တည်နိုင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနရှိ အရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် လက်မှတ်အသစ်များကို ယခုလ ၁၅ ရက်နေ့မှ ဇူလိုင်လအတွင်း ပြုလုပ်ပေးသွားရန် အစီအစဉ် ရှိနေကြောင်းသိရသည်။ ထို့ပြင် စမုစခွန်နှင့် နခွန်စမ် ပြည်နယ်တို့၌ မြန်မာအလုပ်သမားများ မှတ်ပုံတင်ရန် စင်တာနှစ်ခုဖွင့်လှစ်သွားရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် စမုစခွန်ရှိ အလုပ်သမားများ မှတ်ပုံတင်ရမည့် စင်တာသို့ သွားရောက်ရန် အစီအစဉ်ဆွဲထားပြီး ထိုင်းနိုင်ငံရှိ စက်ရုံများနှင့် ထိုင်းနိုင်ငံခြားရေးရာဌာနသို့လည်း သွားရောက်ရန်ရှိကြောင်း သိရသည်။

(ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၄၇ ပါ “ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး မြန်မာနှင့် ထိုင်းဆွေးနွေးမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------

မလေးရှား၌ နိုင်ငံခြားအလုပ်သမားခေါ်ယူမှု ယာယီဆိုင်းငံ့မည်

မလေးရှားနိုင်ငံ၌ နိုင်ငံခြားအလုပ်သမား ခေါ်ယူနေမှုများကို တရားမဝင်အလုပ်သမားများ စီမံခန့်ခွဲခြင်းကိစ္စရပ် ဆောင်ရွက်နေစဉ် အတော အတွင်း ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အေးဂျင့်တို့မှ တင်ထားသည့် မလေးအလုပ်ခေါ်စာများအား ကတ်ဘိနက်သို့တင်ပြခြင်း လုပ်ငန်းရပ်အားလည်း တစ်လကြာ ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင်အလုပ်သမားများ စီမံခန့်ခွဲရေးအစီအစဉ်အား မကြာခင်ကာလ၌ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းသိရသည်။

မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင် အလုပ်သမားများအနေနှင့်လည်း သက်ဆိုင်ရာဌာနများတွင် လာရောက် မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာမိခင်နိုင်ငံသို့ ပြန်ပို့ရေးနှင့် မလေးရှားနိုင်ငံ၌ ဆက်လက် အလုပ်လုပ်ကိုင်ရေးပာူ၍ သတ်မှတ်ပြီး မှတ်ပုံတင်ခြင်းကိစ္စရပ်အား ရက်သတ္တပတ် ၃ ပတ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်အလုပ်သမားများအား တရားဝင်ဖြစ်စေရန် လုပ်ကိုင်ပေးခြင်းမှာ တရားမဝင်အလုပ်သမားများ ပို့ဆောင်နေသူများအတွက် ပိုမိုအလုပ် ဖြစ်စေနိုင်ကြောင်း၊ တာဝန်ယူသည့်သူများရှိပါက ပိုမိုအလုပ်ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရှင် သဘောတူလက်ခံပါက မည်သည့်နည်းနှင့်မဆို အလုပ်ဖြစ် သွားနိုင်ကြောင်း မလေးရှား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်သတ်တမ်း ၅ နှစ်ပြည့်သော်လည်း မိခင်နိုင်ငံသို့ မပြန်ဘဲ တရားမဝင် ဆက်လက်အလုပ် လုပ်ကိုင် နေသူ၊ တရားမဝင်နည်းဖြင့် အလုပ်လုပ်ကိုင်နေသူ၊ စက်ရုံ၊ အလုပ်ရုံများမှ စာချုပ်သက်တမ်းမပြည့်မီ ထွက်ပြေးသူ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၃ ပါ “မလေးရှားလုပ်သားတံခါး ယာယီပိတ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်)

-------------------------------------------------------------------------------------------------------------

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်ရေး သင်ကြားချိန်လေးနာရီ ထပ်တိုးမည်

၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာနိုင်စေရန် နဝမတန်းနှင့် တက္ကသိုလ် ဝင်တန်းကျောင်းသားများအတွက် တစ်ရက်လျှင်စာသင်ချိန် လေးနာရီထပ်မံတိုးမြှင့်၍ သင်ကြားစေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးသည် ယခုပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ တစ်နိုင်ငံလုံး၏ တတိယနောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ သည့်အတွက် ယခုနှစ်မှစတင်၍ ပညာရေးကဏ္ဍ၌ ကြပ်ကြပ်မတ်မတ်ဖြင့် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်၌ တစ်နိုင်ငံလုံး၌ အောင်ချက်မှာ ၂၇ ဒဿမ ၄ ရာခိုင်နှု