yangonchronicle 2011 |
၎.၇.၂၀၁၁
ပြည်တွင်းသတင်းများ
ငွေမသွင်းနိုင်သည့် လေလံအောင်လုပ်ငန်းရှင်အချို့ကို အမည်ပျက်စာရင်းသွင်း
မကြာမီအချိန်အတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်ပိုင်မြေကွက်၊ စက်ရုံ၊ အလုပ်ရုံများ လေလံတင်မှုတွင် လေလံ အောင်မြင်ခဲ့သော်လည်း ငွေ မသွင်းနိုင်သည့်အတွက် အချို့လုပ်ငန်းရှင်များမှာ အမည်ပျက်စာရင်း တင်သွင်းခံခဲ့ရကြောင်း သိရသည်။
ထိုသို့ နိုင်ငံပိုင်အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများအား လေလံပွဲပြုလုပ်ရာတွင် လေလံဈေးနှုန်းများမှာ မတန်တဆ တိုးမြင့်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း မြင့်မားလျက်ရှိကြောင်း သိရသည်။ ထိုသို့ မြင့်မားလျက်ရှိသော်လည်း အချို့လုပ်ငန်းရှင်များမှာ ၎င်းဈေးများကိုပင် ဝယ်ယူမှုများ ရှိခဲ့ ကြပြီး ငွေပေးသွင်းရန် သတ်မှတ်ချိန်ပြည့်သွားသော်လည်း ငွေပေးသွင်းနိုင်ခြင်းမရှိသည့်အတွက် အမည်ပျက်စာရင်း တင်သွင်းခြင်း ခံခဲ့ရကြောင်း သိရသည်။
မိမိတို့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် နိုင်ငံပိုင်သိမ်းဆည်းထားသည့် ပစ္စည်းစီမံခန့်ခွဲမှုကော်မတီရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများမှ လေလံအောင် ထားသည့် လုပ်ငန်းရှင်များအား ဆက်သွယ်မေးမြန်းမှုတွင် လုပ်ငန်းရှင်အချို့ ငွေမသွင်းနိုင်သည့်အတွက် အမည်ပျက်စာရင်း၌ ပါဝင်လျက်ရှိကြောင်း၊ ယခု အချိန်၌ စိစစ်နေဆဲကာလဖြစ်သည့်အတွက် ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ လေလံအောင် လုပ်ငန်းရှင်အချို့ လေလံဆွဲဝယ်ယူထားသည့် ပစ္စည်းအတွက် တန်ဖိုးငွေပမာဏ ငွေပေးသွင်းနိုင်ခြင်းမရှိသော်လည်း အချို့ လုပ်ငန်ရှင်များမှာမူ သတ်မှတ်ပမာဏအား ဘဏ်များမှာ စိုက်ထုတ်ချေးယူနိုင်ခဲ့သည့်အတွက် အမည်ပျက်စာရင်းမှ ကင်းလွတ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အချို့လုပ်ငန်းရှင်များမှာ အမှန်တကယ်ပေးသွင်းနိုင်ရန် ခက်ခဲလျှက်ရှိကြောင်း၊ သို့သော် ဘဏ်များမှာ စိုက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် သတ်မှတ် ပမာဏ ပေးသွင်းနိုင်ခဲ့သည့် လုပ်ငန်းရှင်အချို့ရှိကြောင်း၊ အမည်ပျက်စာရင်း သွင်းခြင်း ဆိုသည်မှာလည်း လေလံပွဲစဉ်တုန်း၌ ပေးထားသည့် စည်းကမ်းချက် စာရွက်ထဲ၌ ပါဝင်သည့် သတ်မှတ်ထားသည့်အချိန်၌ တန်ဖိုးအား အကြေအလည် မပေးသွင်းနိုင်မှုကြောင့်ဖြစ်ကြောင်း၊ လေလံအောင်မြင်ခဲ့သော်လည်း ငွေပေးသွင်းခြင်း မရှိသည့်သူများအား အမည်ပျက်စာရင်း တင်သွင်းခြင်းပင်ဖြစ်ကြောင်း လေလံအောင်မြင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ငွေပေးသွင်းခြင်းမရှိသည့် ကိစ္စရပ်မျိုးမှာ ရှိမှာပင်ဖြစ်ကြောင်း၊ မတန်တဆနှင့် မည်သည့်အခါမှ မကြားခဲ့ရသည့် ဈေးနှုန်းများကြောင့်ဖြစ်ကြောင်း၊ မိမိသိရသလောက်မှာ အချို့လုပ်ငန်းရှင်များငွေအဆုံးခံ၍ ငွေဆက်လက်သွင်းခြင်း မပြုသည့် လုပ်ငန်းရှင်များပင်ရှိကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၄၀ ပါ “နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်အျားအား ကျပ်သန်းပေါင်းများစွာပေးကာ လေလံဆွဲဝယ်ယူ ထားကြပြီးနောက် ငွေမသွင်းနိုင်၍ အမည်ပျက်စာရင်းသွင်းခံရသူအချို့ရှိလာ လုပ်ငန်းရှင်အချို့ဘဏ်များမှ စိုက်ထုတ်ပေးထားမှုကြောင့် အမည်ပျက်စာရင်းမှ ကင်းလွတ်ခဲ့ရကြောင်း သိရ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)
-----------------------------------------------------------------------------------------------------------------------------------
တစ်နှစ်အတွင်း လေဆိပ်ခွန် နှစ်ကြိမ်တိုးမြှင့်ကောက်ခံ
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လေဆိပ်ခွန် (Airport Tax) တိုးမြှင့်ကောက်ခံလိုက်ပြီး အစိုးရသစ်လက်ထက်တွင် တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုးမြှင့်ကောက်ခံ ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် လေဆိပ်ခွန်အား မြန်မာကျပ်ငွေဖြင့် ၃၀၀၀ ခန့်သာကောက်ခံခဲ့သော်လည်း ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံလိုက်ကြောင်း သိရသည်။
လေယာဉ်လက်မှတ်မှာ M.M ဆိုသည့် တံဆိပ်ပါဝင်ကြောင်း၊ ၎င်းအမှတ်တံဆိပ်ပါပါက Airport Tax ဆောင်ပြီးသားပာု သတ်မှတ်ထားပြီး ဖြစ် ကြောင်း၊ ပြည်တွင်းမှ ပြည်ပ သို့ ၂၄ နာရီအတွင်းထွက်ခွာမည့် ခရီးသည်များနှင့် နှစ်နှစ် အောက်ကလေးငယ်များမှာမူ အခွန်ဆောင်ရမည်မပာုတ်ကြောင်း ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ရောက်ရှိလာသည့် ခရီးသည်များလည်း ပေးဆောင်ရန် မလိုကြောင်း သိရသည်။
လေယာဉ်လက်မှတ်ခမှာ တစ်ပါတည်းပေးရသည့်အတွက် အလုပ်သွားရောက်လုပ်ကိုင်သည့်သူများမှာ တစ်သောင်းနီးပါးခန့် အပိုကုန်တတ် ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ မြန်မာနိုင်ငံသားများ၏ လေဆိပ်ခွန်များကို ငွေကျပ် ၅၀၀ မှ ၃၀၀၀၊ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သို့ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
(မြန်မာပို့စ်၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “လေဆိပ်ခွန် တစ်နှစ်အတွင်း နှစ်ကြိမ်တိုးမြှင့်ကောက်ခံ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)
-----------------------------------------------------------------------------------------------------------------------------------
ဖုန်းခေါ်ဆိုခငွေ ပေးသွင်းမှုများ အွန်လိုင်းဝန်ဆောင်မှု ပေးမည်
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးဌာန၌ ဖုန်းခေါ်ဆိုခ သွားရောက်ငွေသွင်းမှု ပြုလုပ်နေရသည့် ကြိုးဖုန်းများသာမက မိုဘိုင်းဖုန်းအားလုံး အွန်လိုင်းမှ ငွေပေးချေမှုများပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယခင်က ဂျီအက်စ်အမ်ဖုန်း၊ CDMA 450 MHz၊ WCDMA၊ ဆယ်လူလာဖုန်းနှင့် ကြိုးဖုန်းများမှာ သက်ဆိုင်ရာ မြို့နယ်၊ ငွေစာရင်းရုံးများ၌ ဖုန်း ခေါ်ဆိုမှုငွေများ ကို ဖုန်းဘေလ်စနစ်ဖြင့်သာ ပေးသွင်းရလျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးရုံးမှာ နောက်မှ ထုတ်သည့် ဖုန်းများတွင် Prepaid စနစ်ဖြင့်သာ သွားကြောင်း၊ သို့သော် ကြိုးဖုန်းများနှင့် ယခင် ၁၅ သိန်း ဖုန်းများမှာမူ ဖုန်းဘေလ်စနစ်ဖြင့်သာ ကျန်ရစ်ခဲ့ကြောင်း၊ မြို့နယ်ငွေသွင်းရုံးများ၌ တန်းစီ စောင့်ဆိုင်းပြီးမှ ဖုန်းဘေလ်ဆောင်ရသည့်စနစ်ဖြင့် ကျန်ခဲ့ ကြောင်း၊ ဖုန်းသုံးစွဲသူများမှာ ဖုန်းဘေလ်ဆောင်ရန် တန်းစီစောင့်ဆိုင်း၍ ဘဏ်၌ ငွေပေးသွင်းရသည့် စနစ်ဖြစ်သည့်အတွက် အချိန်တစ်ခု သတ်မှတ်ထား ရကြောင်း၊ ဖုန်းဘေလ်ဆောင်ရာတွင် အခြားမလိုအပ်သည့် ငွေကုန်ကြေးမှုများလည်းရှိကြောင်း၊ ၎င်း ကိစ္စရပ်များကို လျှော့ချနိုင်ရန် အွန်လိုင်းဖုန်း ဘေလ် စနစ်အား မကြာမီအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ရှိကြောင်း အွန်လိုင်းဖုန်း ခေါ်ဆိုခပေးသွင်းမှုဆိုင်ရာရှင်းလင်းပွဲ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နှင့် နည်းပညာဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း အွန်လိုင်းဖုန်းဘေလ်စနစ်ကို မြန်မာ့စီးပွားရေးလုပ်ငန်းမှ စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ရတနာပုံဝက်ပေါ် တယ်မှတစ်ဆင့် ဝန်ဆောင်မှု အဆင့်ဆင့်ပြု လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အွန်လိုင်းဖုန်းဘေလ်စနစ်ဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၌ ဖုန်းငွေပေးသွင်းမှုဆိုင်ရာ ဘဏ်စာရင်းတစ်ခုဖွင့်လှစ်ရမည်ဖြစ်ပြီး ဘဏ်စာရင်းဖွင့်လှစ်နိုင်ရန် ငွေကျပ် တစ်သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘဏ်စာရင်းတစ်ခုထဲ၌ ဖုန်းအလုံးရေ ၁၀ လုံး ဖုန်းဘေလ်ငွေပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းဖုန်းဘေလ်စနစ်အား အသုံးပြုခြင်းဖြင့် အချိန်ကြန့်ကြာမှုကိုလျှော့ချနိုင်ပြီး ဖုန်းခေါ်ဆိုခ မည်မျှကျသင့်သည်ကို အချိန်မရွေးပြန်လည် စစ်ဆေးနိုင်မည်ဖြစ်သည့်အပြင် ပေးသွင်း ထားသည့် ဖုန်းခေါ်ဆိုခများကိုပါ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၄၀ ပါ “ဖုန်းဘေလ်စနစ်ဖြင့် ဖုန်းခေါ်ဆိုခပေးသွင်းမှုပြုလုပ်နေရသည့် ကြိုးဖုန်းများ အပါအဝင် မိုဘိုင်းဖုန်း အားလုံး အွန်လိုင်းမှ ငွေပေးချေမှုများ ပြုလုပ်နိုင်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ကြားဖြတ်ရွေးကောက်ပွဲပြင်ဆင်မှု ပိုမိုပြည့်စုံအဆင်ပြေလာနိုင်ဖွယ်ရှိ
၂၀၁၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ ကျင်းပနိုင်ဖွယ်ရှိသည့် လွှတ်တော်တွင်းလစ်လပ်နေရာ ပြည်လည်ဝင်ရောက်မည့် ကြားဖြတ် ရွေးကောက်ပွဲပြင်ဆင်မှုအနေအထားများမှာ ယခင်ကထက်ပင် ပိုမိုပြည့်စုံ အဆင်ပြေလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
ခန့်မှန်းအချိန်သိရသည့်အ၃တွက် ပြင်ဆင်ရသည်မှာ ပိုမိုအဆင်ပြေကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ကြုံတွေ့ရသည့် လစ်ပာာချက်များအပေါ် အတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် ပြင်ဆင်မှုမှာ ပို၍ပြည့်စုံလာ နိုင်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ရန် ပြင်ဆင်လျက်ရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦးထံမှ သိရသည်။
ထို့ပြင် လွှတ်တော်တွင်း၌ ယခုလစ်လပ်နေသည့် လစ်လပ်နေရာများအပြင် တရားရင်ဆိုင်ရလျှက်ရှိသည့် လွှတ်တော်အမတ်လောင်းများ ရှုံးနိမ့် ခဲ့ပါက ထပ်မံ၍ လွှတ်တော်တွင်း၌ လစ်လပ်နေရာများ ပိုမိုထွက်ပေါ်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ၌ အချိန်မလုံလောက်သည့်အတွက် ဒီမိုကရက်တစ်ပါတီများအချင်းချင်း နေရာထပ်ယှဉ်ပြိုင်မှု အများအပြားရှိခဲ့ ကြောင်း၊ ယခုတစ်ကြိမ်၌ ကြိုတင်ပြင်ဆင်နိုင်ရန် အချိန်ရရှိထားကြောင်း၊ ဒီမိုကရက်တစ် ပါတီအချင်းချင်း ညှိနှိုင်းဆောင်ရွက်၍ လစ်လပ်မဲဆန္ဒနယ်နေရာ များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိမိတို့ဘက်မှ လိုအပ်ချက်များကိုလည်း ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ယခင်ရွေးကောက်ပွဲ၌ ကြုံတွေ့ရသည့် မဲစာရင်းရရှိမှုအခက်အခဲများ၊ မဲရုံကိုယ်စားလှယ်နေခွင့် ရရှိရန် ပြည့်စုံမှုရှိပါက ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
(မြန်မာပို့စ်၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “ကြားဖြတ်ရွေးကောက်ပွဲပြင်ဆင်မှု ယခင်ကထက်ပိုမိုပြည့်စုံအဆင်ပြေလာဖွယ်ရှိ” သတင်းအား အကျဉ်း ချုံး ဖော်ပြသည်)
-----------------------------------------------------------------------------------------------------------------------------------
ဦသိန်းညွှန့် ပါတီသစ်၌ စီးပွားရေးသမားများ မခန့်ဟုဆို
ယခင် NDF ပါတီမှ နှုတ်ထွက်၍ ဗပာိုကောက်မတီဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းမည့် သင်္ဃန်းကျွန်းအခြေစိုက် ပါတီအသစ်တွင် စီးပွားရေးသမားများထံ မှ ငွေကြေးရယူ၍ လုံးဝခန့်အပ်သွားမည်မပာုတ်ကြောင်း ပါတီအသစ်၌ပါဝင်သည့် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြော ကြားခဲ့သည်။
မိမိသည် အသစ်ပြန်လည်ဖွဲ့စည်းမည့် သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် ပါတီသစ်တွင် ဒုတိယ နိုင်ငံရေးခေါင်းဆောင်(၁) ရာထူးရရှိကြောင်း၊ ပါတီမှ စီးပွားရေးလုပ်ကိုင်ရန် မရည်ရွယ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးမှာ ပြဒါးတစ်လမ်း သံတစ်လမ်းပင် ဖြစ်ကြောင်း၊ ငွေကြေးများရယူ၍ လုပ်ငန်းရှင်များအား ပါတီဝင်ရာထူး ပေးရန်မှာလည်း ရှက်စရာကောင်းကြောင်း၊ ထို့ကြောင့် စီးပွားရေးသမားများအား လုံးဝလက်ခံမည်မပာုတ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။
ယခုတည်ထောင်မည့် သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် ပါတီသစ်အား ဇူလိုင် ၄ ရက်နေ့မှ နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည် ထောင်ခွင့် သွားရောက်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များထံမှလည်း ၎င်းတို့ရရှိသည့် လစာများထဲမှ ၁၀ ရာခိုင် နှုန်းအား ပါတီရန်ပုံငွေများအဖြစ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ပါတီတည်ထောင်သည်ဆိုခြင်းမှာ ရန်ပုံငွေအခက်အခဲရှိကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်များမှ ၎င်းတို့ လစာများထဲမှ ဆယ်ရာခိုင်နှုန်း အား ပါတီရန်ပုံငွေအဖြစ် ပြန်ပေးကြောင်း၊ ပြည်သူများမှ မိမိတို့အား ယုံကြည်ကိုးစားသည့်အတွက် အလှူငွေထည့်ဝင်ပေးခြင်းကိုသာ မျှော်လင့်ရကြောင်း၊ ပါတီတည်ထောင်ခွင့်သာ ရရှိမည်ဆိုပါက စာစောင်များ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် ပြည်သူ့မေတ္တာပင်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
(Messenger၊ အတွဲ-၂၊ အမှတ်-၇ ပါ “ဗပိာုကော်မတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းမည့် ပါတီအသစ်တွင် စီးပွားရေးသမား လုံးဝမခန့်အပ်ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)
-----------------------------------------------------------------------------------------------------------------------------------
ရပ်ကွက်အုပ်ချုပ်ရေးဥပဒေများ မကြာမီထွက်မည်
အစိုးရသစ်လက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်ထားရေးကိစ္စရပ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ဥပဒေများ မကြာမီအချိန် အတွင်း၌ ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်ထားရေးနှင့် ပတ်သက်၍ ရပ်ကွက်အချို့နှင့် မြို့နယ်အချို့တွင် အငြင်းပွားဖွယ် ကိစ္စရပ်များနှင့် မမှန်ကန်မှုများ ရှိနေသေးသည့်အတွက် မကြာမီအချိန်၌ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားရေး ဥပဒေတစ်ခု ထွက်ရှိလာပါက များစွာ အဆင်ပြေတော့မည် ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမူဝါဒ တစ်ခုထွက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မဖြစ်ထိုက်သူ များအား လွှတ်တော်အထိ တက်ရောက်တင်ပြနိုင်မည်ဖြစ်ကြောင်း သိရသည်။
အစိုးသစ် အာဏာယူပြီးနောက်ပိုင်း မြို့နယ်တစ်ခုစီ၌ ယာယီရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ထားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့် ထားရေး ဥပဒေထွက်ရှိလာပါက ဥပဒေနှင့် လျော်ညီသော အုပ်ချုပ်ရေးမှူးများကို ဆက်လက်ခန့်ထားမည်ဖြစ်ပြီး ဥပဒေနှင့် မလျော်ညီသည့် အုပ်ချုပ်ရေးမှူး များအား ဖြုတ်ချ၍ ထပ်မံရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးရာထူးအား ရပိုင်ခွင့်တစ်ခုကဲ့သို့ သဘောထားမည်ဆိုပါက ၎င်းရပ်ကွက်အတွက် အဆင်ပြေနိုင်မည်မပာုတ်ကြောင်း၊ စဉ်းမျဉ်း ဥပ ဒေများ၊ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ သတ်မှတ်ချက်များ သတ်သတ်မှတ်မှတ် ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ ရပ်ကွက်နေပြည်သူများ ကြိုက်၍ တင် ခြင်းဖြစ်စေ မကြိုက်၍ တင်ခြင်းဖြစ်စေ အခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း၊ ၎င်း အုပ်ချုပ်ရေးမှူးများကို ထောက်ခံပေးမည့်သူများမှာလည်း မှန် ကန်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိမိရွေးချယ်လိုက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ပြစ်မှုတစ်စုံတစ်ရာရှိခဲ့ဘူးသူဆိုပါက မိမိရပ်ကွက် တိုးတက်နိုင်မည်မပာုတ်ကြောင်း၊ ရပ်ကွက် နေပြည်သူများကသာ သေချာစွာဆုံးဖြတ်ရွေးချယ်ခန့်အပ်သင့်ကြောင်း အင်းစိန်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
(Envoy၊ အတွဲ-၂၊ အမှတ်-၁၁ ပါ “ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်ထားခြင်းနှင့် ပတ်သက်၍ ရွေးချယ်ရေးဥပဒေ မကြာမီထွက်လာမည် အုပ်ချုပ် ရေးမှူး မဖြစ်ထိုက်သူအုပ်ချုပ်ပါက လွှတ်တော်အထိရေးသားတင်ပြနိုင်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
"စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲနေသော ယခုကာလတွင် နိုင်ငံအတွက် အကြီးအကျယ်ဆုံးစိန်ခေါ်မှုမှာ ဆင်းရဲနွမ်းပါးမှုမဟုတ်၊ အကျင့်ပျက် ခြစားမှု မဟုတ်၊ စီးပွားဖွံ့ဖြိုးမှုမဟုတ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမဟုတ်....။ သို့ဆိုလျှင် ထိုအရာများ အရေးမကြီးတော့ပြီဟု ဆိုလိုရင်လည်းမဟုတ်။
ထိုစိန်ခေါ်မှုများစွာထဲတွင် အရင်ဆုံးကျော်လွှားကြရသည့် စိန်ခေါ်မှုမှာ မိုင်းဆက်ပြောင်းလဲရေးပင် ဖြစ်သည်ဟု ကျွန်ုပ်တို့က ပြောလိုရင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရလဒ်ဟောင်းများသည် မိုင်းဆက်ဟောင်းများ၏ ထုတ်ကုန်များဖြစ်ကြရာ ရလဒ်သစ်များ မျှော်လင့်တောင့်တနေသော ယနေ့မျက် မှောက် မြန်မာ့ လူ့အဖွဲ့အစည်းက မိုင်းဆက် အသစ်များလိုလားနေသည်ဟု ဆီလျော်သဘာဝကျပေသည်။
ဇူလိုင် ၅ ထုတ် Flower News အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် "မိုင်းဆက်.....ပြောင်းဖို့ခက်" အယ်ဒီအာ ဘော်ကောက်နှုတ်ချက်
----------------------------------------------------------------------------------------------------------------------------------
"အခုလို ပင်စင်လစာတိုးတာ တကယ်ကြားတော့ တော်တော်ပဲ ဝမ်းသာပါတယ်။ ပင်စင်ယူတော့ ၁၉၈၉ ခုနှစ်မှာ။ လက်ရှိရနေတဲ့ ပင်စင် လစာက ကျပ် ၂၅၁၀ ပြား ၇၀ပါ။ အခုခေတ် ကုန်ဈေးနှုန်းနဲ့တော့ ဘယ်လိုမှမဟန်ဘူးပေါ့။ သားသမီးတွေထောက်ပံ့လို့သာအခြေအနေ မပျက်နေရတာပါ။ အခုတော့ အသက်ရှုချောင်တာပေါ့။ အသိမိတ်ဆွေ အငြိမ်းစား ဝန်ထမ်းတွေလည်း ဝမ်းသာနေကြတယ်။ တချို့ဆို တစ်လ ကျပ် ၄၀၀ လောက်နဲ့ အသွားအပြန် ကားခ လောက်တောင်မရှိဘဲ ပင်စင်ထုတ်နေကြတာ။ ကိုယ့်လစာလေးဆိုတော့ ဘယ်လောက်ပဲ ဖြစ်ဖြစ်တန်ဖိုးထားကြတာ။ အခုလိုတိုးလိုက်တော့ စိတ်အေးအေး နေလို့ ရပြီလို့ပြောနိုင်တာပေါ့။ နောက်မို့ဆို ဟိုအတွက်ပူ၊ ဒီအတွက်ပူနဲ့ ဖြစ်နေရတာပါ"
ဇူလိုင် ၆ ထုတ် WeeklyELEVEN အတွဲ (၁၆) အမှတ် (၄၀) တွင်ပါသည့် "နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေး ပ င်စင်လစာများ တိုးမြင့်သတ်မှတ်ကြောင်း ကြေညာ" ရန်ကုန်မြို့မှ အသက် ၈၂နှစ်ရှိ အခြေခံပညာဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးသန်းရွှေ၏ ပြော ကြားချက်အပေါ်ကောက်နှုတ်ချက်
----------------------------------------------------------------------------------------------------------------------------------
"တရားမဝင်တင်သွင်းနေတာတွေကို တကယ်တားဆီးနိုင်ရင်ကောင်းပါတယ်။ တရားမဝင်တင်သွားလာတဲ့ ကုန်စည်နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ အခုလည်း ပြည်ပကဈေးပေါပေါစားသောက်ကုန်တွေပဲ ဈေးကွက် ဝေစု ရထားတာလေ။ တရားဝင် ခွင့်ပြုလိုက်ရင် တရားဝင်ကုန်စည်ဖြစ်သွားပြီး နာမည်အရ တရားဝင် ကုန်စည်၊ သွင်းလာတာကျတော့ အောက်လမ်းကဆိုရင်တော့ ပြည်တွင်းကုန်ထုတ်လုပ်သူတွေဘယ်လိုမှ ယဉ်နိုင်မှာမဟုတ်ပါဘူး။ ပြည်တွင်းထုတ် ကုန် လုပ်သူတွေက အခွန် အမျိုးမျိုးပေးဆောင်ပြီး လုပ်ကိုင်ရတာပါ"
ဇူလိုင် ၆ ထုတ် WeeklyELEVEN အတွဲ (၁၆) အမှတ် (၄၀) တွင်ပါသည့် "၁၉၉၄ ခုနှစ်မှစ၍ တရားဝင်သွင်းသွင့် ပိတ်ထားသည့် အချိုမှုန့် အပါ အဝင် စားသောက်ကုန်အချို့စီးကရက်နှင့် အရက်ဘီယာများ တရားဝင်ပြည်လည် တင်သွင်းခွင့်ပြု" သတင်းဆောင်းပါးမှ စားသောက်ကုန် ထုတ်လုပ်သူလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
----------------------------------------------------------------------------------------------------------------------------------
"အရင်ကလို အစိုးရက စက်သုံးဆီတွေ အရှုံးခံပြီး ပြည်ပနိုင်ငံတွေက တင်သွင်းစရာမလိုတော့ဘူး။ စက်သုံးဆီ၊ စားအုန်းဆီတို့လို လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲကို ထည့်လိုက်ပြီဆိုတော့ အစိုးရရဲ့ နိုင်ငံခြားငွေအသုံးစိရိတ် တချို့လျော့သွားတယ်။ တခြားတဖက်မှာ အစိုးရဝင်ငွေတိုးနေတယ်။ ရင်းနှီးမြုပ်နှံမှု အသစ်တွေ ဝင်နေတယ်။ သဘာဝဓာတ်ငွေနဲ့ ကျောက်မျက်ကနေ ဝင်ငွေပုံမှန်ရနေတယ်။ ဒီလိုအချိန်မှာ အစိုးရဆီမှာ နိုင်ငံခြားငွေကြေး ဝင်ငွေက ပုံမှန်ရ နေတယ်။ ဒီလိုအချိန်မှာ အစိုးရဆီမှာ နိုင်ငံခြားငွေကြေးဝင်ငွေက ပုံမှန်တက်နေတယ်"
ဇူလိုင် ၄ ထုတ် The VOICE Weekly အတွဲ (၇) အမှတ် (၂၉)တွင်ပါသည့် "ကျပ်ငွေတန်ဖိုးဆက်လက်မြင့်တက်မည်" သတင်းမှ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အ ပေါ်ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
ပင်စင်နှင့် လူမှုဖူလုံရေး
"ဝမ်းသာတာပေါ့ကွယ်။ ရတဲ့ပင်စင်နဲ့ ဘဏ်ကိုသွားဖို့ ဘတ်စ်ကားလဲမစီးနိုင်တဲ့အရွယ်မှာ ပင်စင်က တက္ကစီခလဲ မမီဘူးလေ။ ဒုက္ခပေါ့။ အရင်တုန်း က ဒီဝန်ထမ်းဟောင်းတွေရဲ့ ပင်စင်လစာကိစ္စကို ဘယ်သူမှ အသိအမှတ် မပြုခဲ့ဘူး။ အခု အစိုးရသစ်လက်ထက်မှာ အသိအမှတ်ပြုတဲ့အတွက် အင်မတန် နည်းပါးတဲ့ ပင်စင်လစာနဲ့ ရပ်တည်နေတဲ့ ဝန်ထမ်းဟောင်း တွေကတော့ ဝမ်းသာတာပေါ့ကွယ်။ အဘွားတို့ကတော့ ဘယ်လောက်မှဆက်ပြီး ခံစားခွင့် ရရှိ တော့မှာမဟုတ်ပေမယ့် နောက်ဝန်ထမ်းတွေအတွက် ပိုကောင်းတာပေါ့။ ဒီပင်စင်လစာလေးနဲ့ စားသောက်ခဲ့ရတဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေအတွက်လဲ ဝမ်းနည်းပါတယ်။ နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ မျှော်လင့်မထားတဲ့အတွက် ကျွန်မလို အိုကြီးအိုမ ဘဝတူတွေလဲ ဝမ်းသာ လိမ့်မယ်လို့ ထင်ပါတယ်" ။
ဖော်ပြပါကောက်နှုတ်ချက်မှာ စနစ်ဟောင်း ပင်စင်လစာဖြင့်သာ ၂၀၁၁ ခုနှစ်အထိ ရရှိနေကြရသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား နောက်ဆုံး စနစ် ပင်စင်လစာများသို့ တိုးမြင့်ပေးလိုက်သော အမိန့်ကြေငြာစာကို ၂၀၁၁ခုနှစ် ဇွန် ၃၀ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် စနစ်ဟောင်း အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်သူ အဘွားဒေါ်ရီရီသန်း(၇၈) ခုနှစ်၏ Favourite News အတွဲ (၃) အမှတ် (၁၀၅) တွင်ပြောကြားချက်အပေါ်မှ ကောက်နှုတ်ချက်တစ်ခုဖြစ်ပါသည်။ အဘွားဒေါ်ရီရီသန်းကဲ့သို့ပင် ပင်စင်လစာ တိုးမြင့်သတ်မှတ်လိုက်ခြင်းကြောင့် အခြားသော ပင်စင်စားဝန်ထမ်းများလည်း အလွန်ပင်ပျော်ရွှင်ခဲ့ကြသည့် အတွက် နတ်လူသာဓု ခေါ်စရာပင်ဖြစ်လေသည်။
အမျိုးသားလွှတ်တော်တွင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံ၏ ပင်စင်စနစ်သည် အခြားနိုင်ငံများကဲ့သို့ ဝန် ထမ်း၏ လစာထည့်ဝင်ကြေးစုဆောင်းငွေအပေါ်တွင် ခွင့်ပြုခြင်းမဟုတ်ပဲ၊ နိုင်ငံတော်ဘတ်ဂျက်မှ တာဝန်ယူကျခံပြီး ဝန်ထမ်း၏ လုပ်သက်များအပေါ်တွင် ခံစားခွင့်ပြုသည့် ပင်စင်စနစ်ဖြစ်လေသည်။ ပင်စင်အကျိုးခံစားခွင့်များကို နှစ်အလိုက်ပြင်ဆင်ခဲ့ရာ ၁၉၅၆ ခုနှစ်တွင် ဝန်ထမ်းပင်စင်သာမက မိသားစု ပင်စင်ကိုပါ ခံစားခွင့်ပြုခြင်း၊ ၁၉၇၃ ခုနှစ်တွင် မူလပင်စင် ခံစားခွင့်ရှိသော လုပ်သက်ကို နှစ် ၃၀ အစား ၄၂ နှစ်အထိ တိုးမြင့်ပေးခြင်းနှင့် မိသားစု ပင်စင် သက်တမ်းကာလ ၁၀ နှစ်မှ ၁၅ နှစ်အထိ တိုးမြင့်ပေးခြင်း၊ ၁၉၇၃ ခုနှစ်တွင် ပင်စင်လစာအပေါ် နိုင်ငံတော်၏ လိုအပ်ချက်အရ ယာယီရှားပါးစရိတ် ခွင့်ပြု ပေးခြင်း၊ ၁၉၈၈ ခုနှစ်တွင် ပင်စင်လစာအပေါ် အပိုထောက်ပံ့ ကြေးခွင့်ပြုပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းနှင့် ၁၉၈၉ခုနှစ်တွင် ပင်စင်လစာငွေကျပ် ၆၀၀ ထက်မပိုရဟူသော မူကိုပယ်ဖျက်ခြင်း၊ ၁၉၉၃ ခုနှစ်တွင် ပင်စင်လစာအား လိုအပ်ချက်အရ ၂၅ ရာခိုင်နှုန်းတိုး မြင့်ခွင့်ပြုခြင်း၊ ၁၉၉၄ ခုနှစ်တွင် မိသားစု ပင် စင်ကို ဝန်ထမ်းပင်စင်လစာ၏ ထက်ဝင်အစား လေးပုံသုံးပုံအထိ တိုးမြင့်ပေးခြင်းနှင့်ဇနီး၊ ခင်ပွန်းတို့အတွက် ယခင်ခံစားခွင့် (၁၅) နှစ် အစား ကွယ်လွန်သည့် ခံစားခွင့် တိုးမြင့်ပေးခြင်း ၂၀၀၀ပြည့်နှစ်တွင် ပင်စင်လ စာများကို ၂ ဆ တိုးမြင့်ပေးခြင်းတို့ကို ဆောင် ရွက်ပေးခဲ့ကြောင်းများပါဝင်လေသည်။
အစိုးရ၏ ပင်စင်လစာတိုးမြှင့်အပြီး ဈေးကွက်အတွင်း မည်သို့ဂယက်ရိုက်မှုများကို စိစစ်သုံးသပ်ကြည့်လျှင် လွန်စွာစိတ်ဝင်စားဖွယ် ကောင်းပေလိမ့် မည်။ ဝန်ထမ်းလစာတိုးမြင့်သည့်အခါ ကုန်ဈေးနှုန်းများလည်း တက်လာနိုင်သည် ရှိသောလည်း ပင်စင်လစာတိုးမြင့်မှုမှာ ဝန်ထမ်းလောက် လူဦးရေမများ သည့်အတွက်ကြောင့် ကုန်ဈေးနှုန်းတိုးသည့် အလားအလာမှာ မရှိသလောက်ပင်ဖြစ်သည်။ သို့သော် ပုဂ္ဂလိကဝန်ထမ်းများ၏ လစာမှာ တက်ကောင်းတက် သွားနိုင်ပေသည်။ ပင်စင်လစာမှာ ပုဂ္ဂလိကဝန်ထမ်းများ၏ လစာထက်ပိုမိုမြင့်မားနေသည်များရှိ ခြင်းကြောင့် အလုပ်ရှင်များအား လစာတိုးမြင့်ပေးအပ်ရန် သွယ်ဝိုက်၍ တွန်းထိုးပေးသလိုဖြစ်နေလေသည်။ ယင်းကဲ့သို့ ပင်စင်လစားများတိုးပေးခြင်းဖြင့် ဈေးကွက်အတွင်း ဝယ်နိုင်စွမ်းအားတက်လာကာ မြန်မာ ငွေကြေး လည်းခိုင်မာလာနိုင်ပေသည်။ ယခုလောလောဆယ်တွင် ကျောက်မျက်ပွဲရှိသည့်အပြင် ဗီယမ်နမ်ကုမ္ပဏီများ နယ်ပယ်စုံတွင် ဒေါ်လာ သန်း ၅၀၀ဖိုး ရင်းနှီးမြုပ်နှံမည် ဖြစ်သောကြောင့် ဒေါ်လာများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်လာဖို့ရှိလေသောကြောင့် ဒေါ်လာဈေး Demand ကျကာ မြန်မာငွေ တန်ဖိုး ယခုထက်ပိုမို တက်မည့် အလားအလာများလည်းရှိနေလေသည်။ ထို့အပြင် ဒေါ်လာကိုင်ဆောင်သူများကလည်း ဒေါ်လာကိုတန်ဖိုး တက်သည်ဖြစ် စေ၊ ကျသည်ဖြစ်စေ ခိုင်မာသည်ဟု ယုံကြည်သောကြောင့် မရောင်းထုတ်ဘဲ ထားရှိသည့် ငွေကစားသူများလည်း ရှိနေလေရာ အမှန်တကယ် ဒေါ်လာဖြင့် အလုပ်လုပ်ကြသည့် စီးပွားရေးလုပ်ငန်းများများစွာ အထိနာလေသည်။ ဤသို့သော ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများရှိနေသည့် အရပ်ရပ်အခြေအနေ အောက်တွင် အစိုးရ၏ အသုံးစရိတ်မြင့်တင်လိုက်ခြင်း(တနည်း) လှည့်ပတ်ငွေကြေး မြင့်တက်လိုက်ခြင်းဖြင့် ဈေးကွက် အတွင်း ဝယ်နိုင်စွမ်းအား တက်လာ ကာ ကျပ်ငွေတန်ဖိုးမှာ ဒေါ်လာနှင့်ယှဉ်လျှင် မမာလာသည့်တိုင် ထပ်၍ တန်ဖိုးကျသွားခြင်းတော့ ရေတိုဖြစ်တော့ မည်မဟုတ်ပေ။
မြန်မာနိုင်ငံသည် လွှတ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်သုံးခေတ်ကို ဖြတ်သန်းသွားခဲ့ပြီးဖြစ်လေသည်။ ပထမ ခေတ်(၁၉၄၈-၁၉၆၃) မှာမူ ဈေးကွက် စီးပွားရေးနှင့် လယ်ဘရယ်ဒီမိုကရေစီစနစ်၊ ဒုတိယခေတ်(၁၉၆၂-၁၉၈၈)၌ စီမံကိန်းစီးပွားရေးနှင့် တစ်ပါတီဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ပြီး၊ တတိယခေတ် (၁၉၈၈-၂၀၁၀)တွင်မူ ဈေးကွက်စီးပွားရေးနှင့် အာဏာပိုင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့လေသည်။ ယခု နိုင်ငံတော်မှ သွားသည့်လမ်းကြောင်းမှာ လမ်းညွှန်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး ဝါဒမှာ ဆိုရှယ်ဒီမိုကရေစီ လမ်းကြောင်းဖြစ်လေသည်။ နိုင်ငံတော်သည် အဒမ်စမစ်၏ မမြင်ရသော လက် (Invisible Hand) ယုံကြည်မှု ရှိသော်လည်း ဈေးကွက်အတွင်း ထင်သာမြင်သာရှိသော Crony Capitalism ကဲ့သို့ လက်တံဖြန့်ခြင်းမျိုးကို ကြိုတင် မြင်ထားမှုများ ကြောင့် Social welfare economy လက်တွေ့ကျကျ ကျင့်သုံးမည့် အနေအထားဖြစ်လေ သည်။ ကမ္ဘာ့ပေါ်၌လည်း ဈေးကွက်နှင့် နိုင်ငံတော် တွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ပိုမိုအလေးပေးခြင်းမျိုးလည်း ရှိနေသည်ဖြစ်လေရာ နိုင်ငံတော်အနေဖြင့်လည်း ဈေးကွက်အတွင်း ယဉ်ပြိုင်မှုအား ပိုမို ကောင်းအောင် ပီပြင်သော စည်းမျဉ်းစည်းကမ်းများကို တည်ဆောက်ခြင်းအပါအဝင် လူမှုရေးမျှတမှုများ၊ စိတ်ချမ်းသာမှု အပြည့်ရှိသည့် လူအဖွဲ့အစည်းမျိုး ဖြစ်လေစေရန် တာဝန်ခံတည်ဆောက်ဖို့လိုအပ်ပါကြောင်း.............။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.