Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ကားတင်သွင်းကြားခံကုမ္ပဏီ ဆိပ်ကမ်းရှိသူများလက်ဝါးကြီးအုပ်ရန်ကြံစည်
  2. ဦးဇော်ဇော်၏ ဘောလုံးအပေါ်မြတ်နိုးမှု အလုံလူငယ်များ ဝေဖန်
  3. ကားအပောာင်းဖျက်သိမ်းသတင်းကြောင့် ဒေါ်လာနှင့် ပို့ကုန်ရငွေတန်ဖိုး မြင့်တက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ အရေးယူမည်
  2. နိုင်ငံတော်အလံသစ် ပြည်သူများ မလေးစား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. မြန်မာတွေမညံ့ သို့သော်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ကားတင်သွင်းကြားခံကုမ္ပဏီ ဆိပ်ကမ်းရှိသူများလက်ဝါးကြီးအုပ်ရန်ကြံစည်

သက်တမ်းလွန်ကားများကို မှတ်ပုံတင်ဖျက်သိမ်းပြီး ကားတင်သွင်းပြုမည့်စနစ်အရ ကြားခံကုမ္ပဏီများ ဆောင်ရွက်ရာတွင် ဆိပ်ကမ်းရှိသူ    များသာ လုပ်ကိုင်ခွင့်ရရန် စီးပွားကူသန်းဝန်ကြီးနှင့် ပေါင်းပြီး လက်ဝါးကြီးအုပ်ရန် ကြိုးစားနေသူများ ရှိကြောင်း နှစ်ပေါင်း၃၀ ကျော် ကားတင်သွင်းခြင်း လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“ဦးစိုးသိန်းအိမ်မှာ ဦးစိုးသိန်းနဲ့တွေ့ဖို့ တန်းစီစောင့်နေသူတွေ အများကြီး၊ အများအတွက်မစဉ်းစားဘူး ငို့ဘသမားတွေ များနေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ကားတင်သွင်းခွင့်ပေးမည့်အပေါ် အခွင့်ကောင်းစောင့်နေသူများ စက်မှုဝန်ကြီးထံမှ အခွင့်အရေး ရှာဖွေနေပုံနှင့် ပတ်သက်၍ သုံးသပ်ပြောဆို သည်။

သက်တမ်းလွန်ကားများ မှတ်ပုံတင်ဖျက်သိမ်းမည် သတင်းကို လူကြီးပိုင်းနှင့် နီစပ်သူတစ်ချို့က သတင်းဦးရပြီး လက်ဦးမှုရှိရှိ ကားများကို ဈေးအနိမ့်ဖြင့် လိုက်ဝယ်ခဲ့ကြောင်း မရှိမဲ့ရှိမဲ့လူများထံမှ မတရားအမြတ်ထုတ်သွားကြောင်း စီးပွားရေးလုပ်ကိုင်ရာတွင် လောဘရှိရမည်မှန်သော်လည်း ဝိသမလောဘနှင့် သူများမျက်ရည်ပေါက်ကြီးကျမှ စားဝင်သူများ ရှိကြောင်း အသက်၅၀ အရွယ် ကားဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

မိဖြူ

-------------------------------------------------------------------------------------------------------------

ဦးဇော်ဇော်၏ ဘောလုံးအပေါ်မြတ်နိုးမှု အလုံလူငယ်များ ဝေဖန်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဘောလုံးအားကစားအပေါ် မြတ်နိုးတန်ဘိုးထားမှုကို ရန်ကုန်မြို့ အလုံမြို့နယ်တွင် နေထိုင်သည့် ဘောလုံးဝါသနာရှင်လူငယ်များက သံသယထား ဝေဖန်လျက်ရှိကြောင်း အလုံဆင်မင်းဈေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

အလုံမြို့နယ်တွင် နေထိုင်သည့် လူငယ်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကစားကွင်းနှင့် ပန်းခြံများဌာနအောက်ရှိ သီရီမင်္ဂလာ ဘောလုံးကစားကွင်းတွင် ၂၀၁၀ ခုနှစ်ကုန်ပိုင်းအထိ လွတ်လပ်ပျော်ရွင်စွာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းများကို ဆော့ကစားခွင့် ရခဲ့ ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

သို့ရာတွင် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ဦးဇော်ဇော်၏ Max စက်သုံးဆီဆိုင်ကို ယခင်ဘောလီဘောကွင်း နေရာတွင် တည်ဆောက်ခဲ့ပြီး ကစားကွင်းဧရိယာ၏ ငါးပုံတစ်ပုံခန့်ဆုံးရှုံးသွားရကြောင်း အလုံဆရာမှတ်ကြီးရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ဦးဇော်ဇော်သည် အားကစားကို စိတ်ဝင်စားသော်လည်း သူကျောင်းသားဘ၀က ကစားခဲ့သည်မှာ တင်းနစ်အားကစားသာ ဖြစ်ပြီး ဒေသကောလိပ် အမှတ်သုံး (RC3)တွင် တက်ရောက်စဉ်ကသာ ကစားခဲ့ကြောင်း ရှစ်လေးလုံးဆန္ဒပြပွဲများကို စစ်တပ်မှအကြမ်းဖက်နိမ်နင်းပြီးနောက် ဂျပန်နိင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ကြည့်မြင်တိုင် အိုးဘိုရပ်ကွက်တွင် နေထိုင်ခဲ့သူ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦး၏ အဆိုအရ သိရှိရသည်။

ဂျပန်နိုင်ငံမှ ပြန်ရောက်လာပြီး စက်ယန္တယားကြီးများ တင်သွင်းခြင်း၊ ကားတင်သွင်းခြင်း လုပ်ငန်းဖြင့် ချမ်းသာလာပြီး မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချူပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ တင်းနစ်ဝါသနာရှင် ယခင်ထောက်လှမ်းရေးမှူးဗိုလ်မှူးချုပ် ကျော်ဝင်း၏ ကောင်းမှုကြောင့် ဘောလုံးဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပိုမိုချမ်းသာလာကာ လက်ရှိ ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး အတွင်းရေးမှူး (၁)လုပ်စဉ် အကြီးစားဆောက်လုပ်ရေး လုပ်ငန်းများ စီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိပြီး မြန်မာနိုင်ငံ၏ လိုင်စင်ရသူဌေးကြီး ဖြစ်လာကြောင်း အိုးဘိုရပ်ကွက်ပွဲစားလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းတွင် အလုံမြို့နယ်သည် ဘောလုံးအစဉ်အလာကြီးမားပြီး ၁၉၉၃ အရှေ့တောင်အာရှ ဘောလုံး ငွေတံဆိပ်ဆုရ လက်ရွေးစင်ဟောင်း ဂိုးသမား အောင်ကျော်ကျော်သည် သီရီမင်္ဂလာကစားကွင်းအနီးရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း အလုံအထက ၄ ကျောင်းသား ဟောင်းကြီး တစ်ဦးထံမှ သိရသည်။

မိဖြူ

-------------------------------------------------------------------------------------------------------------

ကားအပောာင်းဖျက်သိမ်းသတင်းကြောင့် ဒေါ်လာနှင့် ပို့ကုန်ရငွေတန်ဖိုး မြင့်တက်

နိုင်ငံတော်မှ ကားအပောာင်းများ ဖျက်သိမ်း၍ ကားများ တင်သွင်းခွင့်ပြုမည်ဆိုသော သတင်းများ ထွက်ပေါ်ပြီးချိန်မှ စတင်၍ ဒေါ်လာနှင့် ပို့ကုန်ရငွေ တန်ဖိုးများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၎င်းကားအပောာင်းဖျက်သိမ်း ကားအသစ် တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများမှာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဆယ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ခန့် တန်ဖိုး တက်လာခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၇၅၀ ရှိရာမှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ကားအပောာင်းဖျက်သိမ်း ကားအသစ်တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်ထားများ ဈေးတက်လာ သကဲ့သို့ ပို့ကုန်ရငွေ တန်ဖိုးမှာလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပို့ကုန်ရငွေတန်ဖိုးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ၇၇၀ ကျပ်ရှိရာမှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ၈၃၃ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့လာခဲ့ပြီး သတင်းထွက်ပေါ်ပြီးချိန် ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်၊ ပို့ကုန်ရငွေမှာ ၆၃ ကျပ် တန်ဖိုးတက်လာခဲ့ကြောင်း သိရသည်။

ဒေါ်လာ၊ ပို့ကုန်ရငွေနှင့် အက်ဖ်အီးစီ စသော ငွေမာတန်ဖိုးများ တက်လာပြီးနောက် များစွာပြန်လည် မကျဆင်းနိုင်ဘဲ၊ ဒေါ်လာနှင့် ပို့ကုန်ရငွေမှာ ကျပ် ၈၀၀ နှင့် အထက်၌သာ ဈေးနှုန်းများ လည်ပတ်နေနိုင်ကြောင်း ငွေဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းသည်။

                                                                                                                  Ref: 7Day News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ အရေးယူမည်

မကြာမီက ဖွဲ့စည်းလိုက်သည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခင်ကဖြစ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နောက်ကြောင်းပြန် အရေးယူမည်မပာုတ်ဘဲ လက်ရှိ ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူ့အခွင့်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၌ ချက်ထရီယံပိာုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ထိုသို့ ပြောကြား     သွားခြင်း ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကော်မရှင်မှ စစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်သူများ အနေနှင့်လည်း လူ့အခွ