Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. အစိုးရတာဝန်ရှိသူများ၊ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန် အထူးကိုယ်စားလှယ် မြန်မာခရီးစဉ် အကြောင်း နှုတ်ဆိတ်နေ

(The Washington Post မှ 26 Oct 2011 ရက်စွဲပါ “ US special envoy quiet on visit to Myanmar after meetings with government, opposition” သတင်းကို ဘာသာပြန်သည်)

  1. အမေရိကန်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

( 25 Oct 2011 ရက်စွဲပါ Gulf Times မှ American envoy meets Suu Kyi ကို ဘာသာပြန်သည်)

  1. အိန္ဒိယ မြန်မာ နယ်စပ်များ ဖွင့်ပေးတော့မည်

(The Economic Times မှ 24 Oct 2011 ရက်စွဲပါ “India-Myanmar open up borders” သတင်းကို ဘာသာပြန် ဆိုသည်)

 

  1. တရုတ်တွင် ငွေကြေး ဖောင်းပွမှု ထိန်းချုပ်ရမည်ဟု ဝန်ကြီးချုပ်ပြော

(23 October 2011 ရက်စွဲပါ BBC News မှ China's Wen says country must control inflation ကို ဘာသာ ပြန်သည်)

  1. ဘန်ကောက်မြို့တော်မြောက်ပိုင်းသို့ ရေများဝင်ရောက်

(24 October 2011 ရက်စွဲပါ BBC News မှ Thailand floats waters advance on North Bangkok area ကို ဘာသာပြန်ပါသည်)

  1. အီတလီကုမ္ပဏီ Eni က မိုဇမ်ဘစ်တွင် ဓာတ်ငွေ့သိုက်ကြီးတွေ့

(20 Oct 2011 ရက်စွဲပါ Reuters ၏ Eni makes giant gas discovery in Mozambique ကို ဘာသာပြန်ပါသည်)

 

  1. မြန်မာအစိုးရက မြစ်ဆုံတမံခွင်ကို ရွှေတူးခြင်းနှင့် အစားထိုး

(Environment News Service မှ 21 Oct 2011 ရက်စွဲပါ “Myanmar replaces Myitsone dam Construction with gold mining” သတင်းကို ဘာသာပြန်ဆိုသည်)

*************************************************************************************

အစိုးရတာဝန်ရှိသူများ၊ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန် အထူးကိုယ်စားလှယ်က မြန်မာခရီးစဉ် အကြောင်း နှုတ်ဆိတ်နေ

(The Washington Post မှ 26 Oct 2011 ရက်စွဲပါ “ US special envoy quiet on visit to Myanmar after meetings with government, opposition” သတင်းကို ဘာသာပြန်သည်)

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ မူဝါဒညှိနှိုင်းရေး အထူးကိုယ်စားလှယ်သည် အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မပြုပဲ မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်လိုက် ပြီ ဖြစ်သည်။

မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အမေရိကန်ပြည်ထောင်စုက တုန့်ပြန်နိုင်မည့် အလားအလာ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ သည်ဟု ထင်ကြေးပေးမှုများ ရှိနေသော်လည်း ၎င်း၏ ခရီးစဉ်ကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြခြင်းမရှိဘဲ အင်္ဂါနေ့တွင် သံအမတ်ကြီး ဒဲရက်မစ်ချယ် (Derek Mitchell) ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးလိုက်ပြီးနောက်တွင် သံအမတ်ကြီး Mitchell က “ယခုနှစ်ဦးပိုင်းအထိ စစ်ဖက်က တိုက်ရိုက်အုပ်ချုပ်ခဲ့သော နိုင်ငံတွင် အားတက်စရာကောင်းသည့် ပွင့်လင်းမှုလက္ခဏာများ ပေါ်ထွက်လာပြီဟု ဝါရှင်တန်က ရှုမြင်ကြောင်း ယခင်အပတ် က ပြောကြားခဲ့သည်။

မတ်လက အာဏာရလာခဲ့သော သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက နိုင်ငံရေးနှင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းပေးစေရန်အတွက် မြန်မာအစိုးရမှ ဖြေလျှော့လိုက် လျောပေးသည့် ဆောင်ရွက်ချက်များကို စတင်လုပ်ဆောင် လျက် ရှိသည်။

*************************************************************************************

အမေရိကန်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

( 25 Oct 2011 ရက်စွဲပါ Gulf Times မှ American envoy meets Suu Kyi ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်(Derek Mitchell)သည် ယင်း၏ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ခရီးစဉ် တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံ စကားပြောခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒများနှင့်ပတ်သက်၍ အမေရိကန်ညှိနှိုင်းရေးမှူးအဖြစ် သြဂုတ်လက ခန့်အပ် ခြင်းခံရသူ ဒဲရက်မစ်ချယ် သည် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နှစ်ရက်တာ ခရီးစဉ် ပြီးဆုံးခဲ့ကြောင်း သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၏ အဆိုအရ သိရှိရသည်။ “ဒေါ်စုနဲ့ ဒဲရက်မစ်ချယ်တို့ဟာ အမေရိကန်သံရုံး နေအိမ်ဝင်းအတွင်းမှာ တစ်နာရီခွဲလောက်ကြာ တွေ့ဆုံခဲ့ ပါတယ်” ဟု အမည်မဖော်လိုသူ NLD အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မစ်ချယ်သည် ပြီးခဲ့သည့်လက ၎င်း၏ ပထမဆုံးတရားဝင် လာရောက်ခဲ့ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် အမေရိကန်တို့က အထီးကျန်မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး မဟာဗျူဟာအရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် မြန်မာနိုင်ငံ အပေါ် အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ် ထားခဲ့သည်။

ယခုတစ်ခေါက် ၎င်း၏ လာရောက်မှုမှာ ယခုလအစောပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တွင် အဓိကအစိုးရ ဆန့်ကျင်သူများ မပါဝင်ဘဲ နိုင်ငံရေး အကျဉ်းသား အကြမ်းဖျဉ်း ၂၀၀၀ ခန့်ကို လွှတ်လိမ့်မည်ဟု မျှော်လင့်ထားသူများ စိတ်ပျက် သွားရပြီးနောက် လာရောက်ခဲ့ခြင်းဖြစ်သည်။

*************************************************************************************

အိန္ဒိယ မြန်မာ နယ်စပ်များ ဖွင့်ပေးတော့မည်

(The Economic Times မှ 24 Oct 2011 ရက်စွဲပါ “India-Myanmar open up borders” သတင်းကို ဘာသာပြန်ဆိုသည်)

နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အိန္ဒိယအရှေ့မြောက် ပြည်နယ် ၄ ခုတွင် နေထိုင်သော အိန္ဒိယနိုင်ငံသားများအား နယ်စပ်မှ မြန်မာနိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမပါပဲ ခရီးသွား ခွင့်ပြုရန် မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ပြီပာု မီဇိုရမ်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

အိန္ဒိယနှင့် မြန်မာတို့ နှစ်ဖက်လုံး ထိုသို့ သွားရောက်နိုင်ရန်အတွက် နှစ်နိုင်ငံ စီစဉ်စရာများကို ယခင် တစ်ပတ် ချင်းပြည်နယ်ဖလမ်းတွင် ပြုလုပ်ခဲ့သော လက်ထောက်ကော်မရှင်နာ အဆင့်အစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးခဲ့ကြ သည်ပာု မီဇိုရမ်ပြည်ထဲရေးဌာန တာဝန်ရှိသူက IANS သတင်းဌာနသို့ ပြောကြားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူ၊ နာဂါလန်း၊ အရူချာဖရာဒက်ရှ် ပြည်နယ် ၄ ခု၏ အတွင်းဖက် ၁၆ ကီလိုမီတာအထိ မြန်မာနိုင်ငံသားကို အတား အဆီး မရှိ ဝင်ခွင့်ပေးမည့် အလားတူကြေညာချက်ကို  အိန္ဒိယက ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မီဇိုရမ်ဒေသခံတွေအပြင် မဏိပူ၊ နာဂါလန်၊ အရူချာဖရာဒက်ရှ် ပြည်နယ်သားတွေကိုပါ မြန်မာနယ်စပ်အတွင်း ဖက်ကို ဝင်ရောက်လည်ပတ်ခွင့် ပေးမှာဖြစ်ပါတယ်ပာု ၎င်းအရာရှိကဆိုသည်။ နှစ်ဖက်နိုင်ငံသားများအနေဖြင့် နယ်စပ်၏ အခြားတစ်ဖက်တွင် တစ်ပတ်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

စနေနေ့က ကျင်းပသော အစည်းအဝေးသို့ မီဇိုရမ်ပြည်နယ် ကပ်ပိုင်ဆိုင် လက်ထောက်ကော်မရှင်နာ Vigaya Komar Bidhuri က အိန္ဒိယကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်ကာ တက်ရောက်ခဲ့သည်။

ရှားပါးသစ်ခွများ၊ တောရိုင်းတိရစ္ဆာန် ကလီစာနှင့် သားရေများ၊ မူးယစ်ဆေးဝါးနှင့် သစ်မွှေးတို့ တရားမဝင် ကုန်ကူး ခြင်းကို ထိန်းချုပ်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည်ပာုလည်း နှစ်နိုင်ငံတာဝန်ရှိသူများက သဘောတူညီ ခဲ့ကြသည်။

                နယ်ခြား၏ နှစ်ဖက်စလုံးတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုဒေသခံများသည် နေထိုင်မှုပုံစံနှင့် ဓလေ့ထုံးစံများ တူညီကြသည်ပာုလည်း သိရှိရသည်။

                အရူချာပရာဒက်ရှ်၊ နာဂါလမ်၊ မဏီပူနှင့် မီဇိုရမ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၄၀ ရှည်သော နယ်စပ်တစ်လျှောက် ထိစပ် နေပြီး အိန္ဒိယဘက်ခြမ်းတွင် အာသံရိုင်ဖယ် တပ်ရင်းများက နယ်စပ်လုံခြုံရေး တာဝန် ယူထား သည်။ သို့သော်လည်း တောတောင် ထူထပ်မှုကြောင့် နယ်စပ်တစ်လျှောက် တိုးလျိုပေါက်ကာ တရားမဝင် ဖြတ်ကျော် ကူးသန်းမှုများ ရှိနေခြင်းဖြစ်သည်။

*************************************************************************************

တရုတ်တွင် ငွေကြေး ဖောင်းပွမှု ထိန်းချုပ်ရမည်ဟု ဝန်ကြီးချုပ်ပြော

(23 October 2011 ရက်စွဲပါ BBC News မှ China's Wen says country must control inflation ကို ဘာသာ ပြန်သည်)

တရုတ်နိုင်ငံအနေဖြင့် အစားအသောက်နှင့် အခြေခံပစ္စည်း ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်မှ လူမှုရေး တည်ငြိမ် မှု ရရှိနိုင်မည် ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင် က ပြောကြားခဲ့သည်။

                တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့်အပတ်အကုန်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ လတ်ဆတ်သော စား သောက်ကုန်ဈေးကွက် (fresh food market)သို့ သွားရောက်ပြီးနောက် အဆိုပါမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စက်တင်ဘာလက တရုတ်နိုင်ငံတွင် ငွေကြေး ဖောင်းပွမှုကို အနည်းငယ် လျှော့ချနိုင်ခဲ့သော်လည်း ဈေးနှုန်း ကြီးမြင့်နေမှုမှာ ပြည်သူလူထုအား စိုးရိမ်မှုကို ဖြစ်စေသည်။

လူသုံးကုန်ပစ္စည်းဈေးနှုန်းများသည် ပြီးခဲ့သည့်လက လွန်ခဲ့သည့် တစ်နှစ်ကထက် စာလျှင် ၆.၁% တက်ခဲ့ ကြောင်း အမျိုးသား စာရင်းအင်း ဗျူရိုက ပြောသည်။ "ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရမယ့် ပထမ အဆင့်ကတော့ စားနပ်ရိက္ခာ ဈေးနှုန်းကို သေချာ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်" ဟု Mr Wen က နန်နင်းရှိ ဝက်သား ရောင်းသူများထံ သွားရောက် လည်ပတ် အပြီးတွင် ပြောကြားခဲ့သည်။

                ဝန်ကြီးချုပ်က ပြောကြားရာတွင် စားနပ်ရိက္ခာ လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေး သေချာရန် အရေးကြီးပြီး၊ လယ်ယာ ထွက်ကုန်များ တိုး၍ အရန် အဖြစ် ထိန်းသိမ်းရန် လိုကြောင်း ဆိုသည်။ နေအိမ်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ တရုတ်လူမျိုးအများစုအတွက် အရေးကြီးသော ကိစ္စဖြစ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုခဲ့သည်။

Guangxi ပြည်နယ်တွင် လူတိုင်း တတ်နိုင်သော အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းမှာလည်း ငွေရင်း မပြည့်စုံ မှုကြောင့် နှောင့်နှေးလျက် ရှိခြင်း ကို Mr Wen က သိရှိသည်ဟု ဆိုသည်။ တရုတ်ဗဟိုအစိုးရသည် ငွေဖောင်းပွမှု ထိန်းချုပ်ရန်နှင့် စီးပွားရေး ကြီးထွားမှု နှေးကွေးရန် အမျိုးမျိုး ချမှတ် လုပ် ကိုင်လျက် ရှိသည်။

တရုတ်၏ စီပွားရေး တိုးတက်မှုသည် စက်တင်ဘာလကုန်ရှိ သုံးလပတ်တွင် ယမန်နှစ်ကထက် ၉.၁% ပိုမိုခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်က ၉.၅% ရှိခဲ့သည်။

*************************************************************************************

ဘန်ကောက်မြို့တော်မြောက်ပိုင်းသို့ရေများဝင်ရောက်

(24 October 2011 ရက်စွဲပါ BBC News မှ Thailand floats waters advance on North Bangkok area ကို ဘာသာပြန်ပါသည်)

ရေများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ဘန်ကောက်သို့ စီးဝင်လာမှုကြောင့် ရပ်ကွက်ကြီး (၆)ခုတွင် နေထိုင်သူများအား ပို၍မြင့်သော နေရာများသို့ ပြောင်းရွှေ့ရန် ပြောကြားထားသည်။ ဒွန်မောင်း ပြည်တွင်းလေဆိပ်အနီး လမ်းမတွင် ရေများလွှမ်းမိုးနေပြီး ဘန်ကောက်မြောက်ပိုင်း ချုပ်တူချပ် ဈေးကြီး မှာလည်း ရေလွှမ်းမိုးမည့် အန္တရာယ် ရှိနေသည်။ စက်မှုဇုန်နှစ်ခုမှာလည်း ရေလွှမ်းမိုးမည့် အန္တရာယ်ရှိနေပြီး၊ အကျဉ်းသား ၂၀၀၀ ရှိ အကျဉ်းထောင်မှာလည်း ရွှေ့ ပြောင်းခဲ့ရကြောင်း သတင်းများကဆိုသည်။

ထိုင်းနိုင်ငံသည် နှစ်ပေါင်းငါးဆယ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုနှင့် ရုန်းကန်ရလျက်ရှိပါသည်။ ဇူလိုင်လ ကုန်ကတည်းက ရွာသွန်းသော သည်းထန်သည့် မုတ်သုံမိုးကြောင့် ထိုင်းနိုင်ငံတဝှမ်း ရေကြီးခဲ့ပြီး လူ ၃၅၀ သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံပြည်နယ်အားလုံး၏ သုံးပုံတစ်ပုံစီသည် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရသည်။

အာဏာပိုင်များသည် ဗဟိုဒေသမှ များပြားသောရေများကို ဘန်ကောက်မြို့၏ အရှေ့ဖက်နှင့် အနောက်ဖက် ပိုင်းများမှတဆင့် ပင်လယ်ထဲသို့ စီးသွားစေရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ ဘန်ကောက်မြို့ပြင်ရှိ ရေများတားဆီးထားသော ရေတံခါးများတွင် ရေအလုံးအရင်းဖြင့် တိုးဝင်မှုကြောင့် ရေတံခါး များကို မဖွင့်မဖြစ်ဖွင့်ပေးခဲ့ရသည်။

ဘန်ကောက်ကိုကာကွယ်

ရေများသည် ဘန်ကောက်၏ မြောက်ပိုင်းသို့ စီးဝင်လာလျက်ရှိပါသည်။ သို့သော်မြို့၏ အလယ်ဗဟိုကျသော နေရာများကို ထိခိုက်ခြင်း မရှိသေးပေ။ အချို့ရပ်ကွက်များတွင် နေထိုင်သူများသည် ၎င်းတို့ရပ်ကွက်ရှိရေများ စီးသွားစေရန် အတားအဆီးကို ဖယ်ရှားခဲ့ ကြသည်ဟု သတင်းများ က ဆိုသည်။

သို့သော် ဘန်ကောက်မြို့တော်ဝန် Sukhumbhand Paribatra ကပြောကြားရာတွင် ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ စီးပွားရေးအသည်း နှလုံး ဖြစ်သည့်အတွက် ကာကွယ်ရန် လိုအပ်ကြောင်း ပြောသည်။ "ဒီလိုပြောလိုက်တာဟာ ဘန်ကောက်မြို့အပြင်က လူတွေကို ဂရုမစိုက်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ဘန်ကောက်မြို့လုံခြုံရေးဟာ တိုင်းပြည်တစ်ခုလုံး လုံခြုံရေးနဲ့ အတူတူပါပဲ" ဟု မြို့တော်ဝန်က ပြောသည်။ အကယ်၍ ဘန်ကောက်မြို့ သာ ရေလွှမ်းခံရပါက တိုးတက်မှုကို ၂ % အထိ ထိခိုက်နိုင်ကြောင်း သုံးသပ်သူများက သတိပေးကြပါသည်။

ဘန်ကောက်မှ BBC သတင်းထောက် Rachel Harvery က ပြောကြားရာတွင် ဗဟိုအစိုးရနှင့် ဘန် ကောက်မြို့အုပ်ချုပ်ရေးတင်းမာမှုများသည် ပြည်သူလူထုကို ယုံကြည်မှုများ လျော့ပါးစေသည်ဟု ဆိုသည်။ ကျောင်းများမှာလည်း ပြန်ဖွင့်ရန် ရွှေ့ဆိုင်းထားရပြီး စည်သွပ်ဗူးများနှင့် သောက်ရေသန့် များမှာ ဝယ်ယူမှု များပြား ခြင်းကြောင့် ပြတ်လုနီးပါးရှိနေပါသည်ဟု BBC သတင်းထောက်က ဆိုသည်။

ဘန်ကောက်မြောက်ဖက် Pathum Thani နှင့် အယုဒ္ဓယပြည်နယ်များတွင် ရေလွှမ်းမိုးမှုများမှာ ပြင်းထန်နေဆဲ ဖြစ်ပါသည်။ အဆိုပါ ပြည်နယ် များတွင် ပြီးခဲ့သည့် အပတ်ကုန်ဆုံးချိန်ထိ မိချောင်းအနည်းဆုံး (၆)ကောင် ခန့်ဖမ်းမိခြင်း(သို့) အသတ်ခံရခြင်းများ ရှိခဲ့သည်။ မိချောင်းမွေးစခန်းများ နှင့် ဥယျာဉ်များမှ မိချောင်းကောင်ရေ (၁၀၀၀)ခန့် လွတ်သွားခဲ့ သည်ဟု သတင်းများက ဆိုသည်။

*************************************************************************************

အီတလီကုမ္ပဏီ Eni က မိုဇမ်ဘစ်တွင် ဓာတ်ငွေ့သိုက်ကြီး တွေ့

(20 Oct 2011 ရက်စွဲပါ Reuters ၏ Eni makes giant gas discovery in Mozambique ကို ဘာသာပြန်ပါသည်)

အီတလီရေနံနှင့် သဘာဝဓာတ်ငွေ့အုပ်စုဖြစ်သော Eni ကပြောကြားရာတွင် ၎င်းသည် မိုဇမ်ဘစ်တွင် ကြီးမား သော သဘာဝဓာတ်ငွေ့များ တွေ့ရှိကြောင်း ဆိုခဲ့သည်ပာု သတင်းတစ်ရပ်က ဆိုသည်။ ထိုသို့ တွေ့ရှိမှုကြောင့် အာဖရိက တွင် ၎င်း၏ နေရာပိုမို ခိုင်မာစေခဲ့သည်။

Eni သည် အာဖရိကတွင် အကြီးဆုံး ရေနံထုတ်လုပ်သူတစ်ဦးတွင် ပါဝင်သည်။ Eni သည် တစ်ရက်လျှင် ရေနံ စိမ်းစည် 1.8 သန်းထုတ်လုပ်ရာ အာဖရိကမှ စည်(၁) သန်း ထုတ်လုပ်သည်။

ယခုတွေ့ရှိမှုမှာ ကမ်းလွန်အမှတ်(၄) ဇုံရှိ Mamba South 1 တွင်းမှ ထွက်ရှိခြင်းဖြစ်သည်။ Mamba South ဒေသတွင် သဘာဝဓာတ်ငွေ့ ၄၂၅ ဘီလီယံ ကုဗမီတာရှိကြောင်း Eni က ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ တွေ့ရှိမှုသမိုင်းတွင် ယခုတွေ့ရှိမှုသည် အကြီးဆုံးတွေ့ရှိမှုဖြစ် ကြောင်း Eni ကပြောသည်။

တူးဖော်ခြင်းနှင့် စမ်းသပ်ခြင်းလုပ်ငန်းများ ပြီးစီးပါက တွင်းတူးစင် (rig)အား ဒုတိယ တူးဖော်ရန်ဖြစ်သော Mamba North 1 သို့ ရွှေ့ပြောင်းမည် ဖြစ်ကြောင်း Eni က ပြောဆိုခဲ့သည်။ Eni သည် ကမ်းလွန်ဧရိယာ(၄) တွင် တူးဖော်သော အော်ပရေတာဖြစ်ပြီး၊ ဖက်စပ်ပိုင်ရှင်များမှ Galp Energia? KOGAS နှင့် ENH တို့ဖြစ်၍ Eni က ၇၀% ပိုင်ဆိုင်ထားသည်။

*************************************************************************************

မြန်မာအစိုးရက မြစ်ဆုံတမံခွင်ကို ရွှေတူးခြင်းနှင့် အစားထိုး

(Environment News Service မှ 21 Oct 2011 ရက်စွဲပါ “Myanmar replaces Myitsone dam Construction with gold mining” သတင်းကို ဘာသာပြန်ဆိုသည်)

“ပြည်သူတို့၏ ဆန္ဒအရ” ဧရာဝတီ မြစ်ဆုံတမံ တည်ဆောက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ကြေညာပြီး ၅ ရက် အကြာ တွင် အဆိုပါတမံ လုပ်ငန်းခွင်နေရာ၌ အစိုးရဦးဆောင်၍ ရွှေတူးမည့် စီမံကိန်း အတွက် ဒေသခံနေထိုင်သူများ နေရာဖယ်ပေးကြရန် ဒေသခံ အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ရာတွင် သူ၏ သမ္မတ သက်တမ်းအတွင်း မြစ်ဆုံတမံတည် ဆောက် မှုကို ရပ်ဆိုင်းထားမည်ပာု ဖော်ပြထားသည်။ ၎င်းတမံကို China Power Investment ကုမ္ပဏီက တရုတ်နိုင်ငံသို့ ဓာတ်အား ထုတ်လုပ် တင်ပို့ရန်အတွက် တည်ဆောက်နေခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ ထုတ်ပြန်သော “တန်ဖဲရွာတွင် နေထိုင်သူအားလုံး၊ ပုဂ္ဂလိကရွှေတူး သူများ နှင့် ဈေးဆိုင်ရှင်များအားလုံး ၅ ရက်အတွင်း ဖယ်ရှားပေးရမည်ဖြစ်ပြီး သို့မပာုတ်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်” ပာု ဖော်ပြထားသော အမိန့်စာကို Kachin Development Networking Group(KDNG) က လက်ခံရရှိထား ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော် လက်မှတ်ထိုး ထုတ်ပြန်သောအမိန့်စာတွင် “မြစ်ကြီးနားမြို့နယ် တန်ဖဲ ရွာ မြစ်ဆုံဒေသတွင် တရားဝင် ရွှေတူးဖော်ခွင့် ရရှိထားသော ခါကဘိုကုမ္ပဏီမှ လွဲ၍ ကျန်တန်ဖဲရွာသား အားလုံးနှင့် သက် ဆိုင်သည်” ပာု ဖော်ပြထားသည်။

ကချင်ပြည်နယ်၏ မေခနှင့် မလိခ မြစ်နှစ်သွယ်ပေါင်းဆုံကာ ဧရာဝတီမြစ် စတင်ဖြစ်ပေါ်ရာဒေသတွင် တန်ဖဲရွာ တည်ရှိသည်။ တရုတ်နိုင်ငံနှင့် နယ်စပ် မြန်မာပြည်မြောက်ဖျားပိုင်းရှိ ပိာမဝန္တာရေခဲတောင်များမှ မြစ်ဖျားခံလာသော ၎င်း မြစ်နှစ်သွယ် ပေါင်းဆုံကာဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် တောင်ဖက်သို့ စီးဆင်းကာ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက် ရင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေသည်။

မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်စာသည် မြစ်ကမ်းပါးများဖြိုချခြင်း၊ မြေလှန်ခြင်း၊ ဧရာဝတီမြစ်ဖျားကို တူးဆွလှန်လှောခြင်းတို့ဖြင့် ရွှေရှာဖွေမည့် သတ္တုတွင်းဝန်ကြီးဌာနနှင့် ခါကဘိုကုမ္ပဏီ ဖက်စပ်လုပ်ငန်းအတွက် လမ်းရှင်း ပေးခြင်းဖြစ်ပေသည်။

KNDG အုပ်စုက ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် “ပြဒါးနှင့် ဆိုင်ယာနိုက်များ အသုံးပြုလေ့ရှိသော စည်းကမ်းမဲ့ ရွှေတူးဖော် လုပ်ငန်းကြောင့် ကချင်ပြည်နယ်တစ်ဝှမ်း မြစ်ချောင်းများနှင့် မြေယာများကို ဆိုးရွားစွာ ပျက်စီးစေ ပြီး မြစ်ကြောင်းစီးဆင်းမှု ပြောင်းလဲခြင်း၊ တိုက်စားခြင်း နှင့် အဆိပ်သင့် တို့ကိုဖြစ်ပေါ်စေလျက်ရှိသည်” ပာု ဖော်ပြထား သည်။

မြစ်ဆုံနေရာ၌ ရွှေတူးမည့်စီမံကိန်းသည် မြစ်ဆုံအလှကို ပျက်စီးသွားစေပြီး ဧရာဝတီ၏ ဂေဟစနစ်ကို တိုက် ရိုက်ညစ်ညမ်းစေကာ မြစ်အောက်ဖက်တွင် နေထိုင်သူများကို ဆိုးကျိုးသက်ရောက်စေသည် ပာု ကချင်အုပ်စုက ဆိုသည်။ အစိုးရက ဧရာဝတီကို ချစ်တယ်လို့ တစ်ဖက်က ပြောနေပေမယ့် တစ်ဖက်ကလည်း ဧရာဝတီ သယံဇာတတွေကို ညစ်ညမ်းအောင်လုပ်နေပြန်ပါတယ် ပာု KNDG အုပ်စုမှ အနန်းက ဝေဖန်သုံးသပ်သည်။

၂၀၀၆ ခုနှစ်က မြစ်ဆုံတမံစီမံကိန်းကို ကြေညာပြီးနောက်တွင် လုပ်ငန်းခွင်နေရာကို ရှင်းလင်းရန်အတွက် ရွှေတူး ဖော်ခြင်းနှင့် သစ်လုံးခုတ်ယူ ခြင်းတို့ကို ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်နေရာ၌ အကြီးစား စကေးတူးဖော်မှုများကို ၂၀၁၀ တွင် စတင်ခဲ့ပြီး ရွှေတူးဖော်သည့် သန့်စင်မှုလုပ်ငန်း တွင် အသုံးပြုထားသော အဆိပ်သင့်ပြဒါးနှင့် ဆိုင်ယာနိုက် များကို မြစ်ရေထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြသည် ပာု သိရှိရသည်။

KNDG အုပ်စုက “မြစ်ဆုံတမံသည် တစ်နည်းနည်းဖြင့် ရှေ့ဆက် ဆောင်ရွက်နိုင်ဖွယ်ရှိသည်” ပာု သတိပေး ထားသည်။ တမံတည်ဆောက်မှုစီမံကိန်း အမှန်တကယ် ရပ်ဆိုင်းသွားသည့် လက်တွေ့အထောက်အထားများ မတွေ့ရပာု ၎င်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ တမံလုပ်ငန်းခွင်တွင် အလုပ်သမားများ ဆက်လက် လုပ်ကိုင်နေကြဆဲဖြစ်သည်ပာူသော သတင်းများကို တမံ စီမံကိန်း ပြန်လည်ရွှေ့ပြောင်းအခြေချစခန်းများရှိ ရွာသားများ ထံမှ KNDG အုပ်စုက လက်ခံရရှိထားခြင်းဖြစ်သည်။ ပြန်လည်အခြေချစခန်း ၂ ခုတွင် လူ ၁၀၀၀ ခန့်နေထိုင်ကြသည်ပာု အနန်းက ပြောကြားသည်။

မြစ်ဆုံတမံအပေါ် ဒေသခံကချင်တို့၏ ဆန့်ကျင်ကန့်ကွက်မှုများကို www.kdng.org တွင် တင်ထားသော “Resisting the flood” သတင်း အစီရင်ခံစာတွင် ဖတ်ရှုနိုင်သည်ပာု သိရသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment