Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၇.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ကြိုဆိုရမည့် ပြောင်းလဲမှု ဒေါ်အောင်ဆန်းစုကြည်တွေ့ပာုဆို

(25 Oct 2011 ရက်စွဲပါ ANI မှ Suu Kyi sees welcome change in Myanmar ကို ဘာသာပြန်ပါသည်။)

  1. မြန်မာနိုင်ငံတွင် နေအိမ်စွန့်ခွာထွက်ပြေးရသူများ များပြားခဲ့ပာု အစီရင်ခံစာတစ်ခုကဆို

(25 Oct 2011 ရက်စွဲပါ IRIN မှ Burmese Displacement Continues unabated, report says ကိုဘာသာပြန်ပါသည်)

  1. မြန်မာအစိုးရ၏ အာဆီယံဥက္ကဋ္ဌ တောင်းဆိုမှုကိစ္စကို ဆိုင်းငံ့ထားရန် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများ တောင်းဆို

(IRIN သတင်းမှ 26 Oct 2011 ရက်စွဲပါ “Activists Call for delay in Myanmar’s ASEAN Chairmanship” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်တို့၏ ဖိအားအောက်မှ လွတ်ရာလွတ်ကြောင်း ကြိုးပမ်းသည့် မြန်မာတို့ အနောက်ကို တံခါးဖွင့်

(25 Oct 2011 ရက်စွဲပါ “World Politics Review မှ “Myanmar Open to the West to offset Chinese pressure” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကို နွေးထွေးစွာ ကြိုဆိုရမယ့်အချိန်သို့ ဆိုက်ရောက်လာပြီလော

(The Jakarta Post သတင်းစာ၊ 25 Oct 2011 ရက်စွဲပါ “Insight: Is it time to embrace Myanmar?” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. ဘာကြောင့် မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အလားအလာရှိနေတာလဲ

(Money Week မှ 21 Oct 2011 ရက်စွဲပါ Why Burma has Huge potential သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ကြိုဆိုရမည့် ပြောင်းလဲမှု ဒေါ်အောင်ဆန်းစုကြည်တွေ့ပာု ဆို

(25 Oct 2011 ရက်စွဲပါ ANI မှ Suu Kyi sees welcome change in Myanmar ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ၁၉၈၀ ခုနှစ်များကတည်းက ဖိနှိပ်ပြီး အုပ်ချုပ်ခံရသော အရှေ့တောင် အာရှနိုင်ငံအတွက် အကြီးမားဆုံး ဖွင့်ပေးလာခြင်းပင် ဖြစ်သည်ပာု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါသည်။

သို့သော် သူမအနေဖြင့် အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေးအရေးယူမှုများ ဖြေလျော့ပေးရန် ထောက်ခံပေးခြင်းမပြုမီ၊ ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ခြင်းကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါသည်။

 နိုင်ငံရေးအကျဉ်းသားပောာင်းလည်းဖြစ်ပြီး နိုဘယ်လ်ဆုရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လများအတွင်း မီဒီယာ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ နိုင်ငံပိုင် စီးပွားရေးများအား ပြုပြင်ပြောင်းလဲရေးလုပ်ခြင်းနှင့် အတိုက်အခံနှင့် စကားပြောခဲ့ခြင်းများကို အားကောင်းစွာ ထောက်ခံမှု ပြုခဲ့ပါသည်။

“အရင်တုန်းကထက်စာရင် သွားမယ့်လမ်းကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါပြီ” ပာု သူမက ပါတီရုံးချုပ်တွင် The Wall Street Journal နှင့် အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။

“ကျွန်မတို့ ပန်းတိုင်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ဘယ်တုန်းကမှနဲ့ မတူအောင် သွားရမယ့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့နေရပါပြီ” ပာု သူမက ပြောပါသည်။ မကြာသေးမီက အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းများကိုလည်း အမှန်အကန်ပာု ခံစားရကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်က တွေ့ဆုံမှုများနှင့် မတူကြောင်း သူမက ပြောပါသည်။

သူမ၏ ပါတီ တရားဝင် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ မိမိတို့ချမှတ်ထားသော အခြေအနေများနှင့် အစိုးရ၏ သဘောတူညီမှု နီးကပ်နေကြောင်း ပြောပါသည်။ အဆိုပါ ကိစ္စသည် အရေးပါသော ကိစ္စဖြစ်ပြီး၊ အစိုးရ၏ ဖွင့်ပေးလာသော စနစ်အပေါ် သူမ၏ ယုံကြည်မှုကို ပြသရာရောက်သည့်ပြင်၊ မြန်မာ ခေါင်းဆောင်များ အလိုရှိသော တရားဝင်မှု အဆင့်တစ်ခုကိုလည်း ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သူမက ဖြစ်နိုင်မဖြစ်နိုင် ပြောကြားခဲ့ခြင်း မရှိသေးပေ။

***************************************************************************************

မြန်မာနိုင်ငံတွင် နေအိမ်စွန့်ခွာထွက်ပြေးရသူများ များပြားခဲ့ပာု အစီရင်ခံစာတစ်ခုကဆို

(25 Oct 2011 ရက်စွဲပါ IRIN မှ Burmese Displacement Continues unabated, report says ကိုဘာသာပြန်ပါသည်)

၂၀၀၂ ခုနှစ်ကတည်းက စ၍ကြည့်လျှင် အခြားနှစ်များထက်စာလျှင် ပြီးခဲ့သည့်နှစ်က မူရင်းနေရာအား စွန့်ခွာ ထွက်ပြေးလာရသော မြန်မာများ ပိုမို များပြားလာသည်ပာု နယ်စပ်တွင် လုပ်ကိုင်နေသော NGO များလက်အောက်မှ Thailand Burma Border Consortium (TBBC) က အောက်တိုဘာ (၂၅) ရက်နေ့က ထုတ်ပြန်သော ၎င်း၏ နှစ်ပတ်လည်စစ်တမ်းတွင် ဖော်ပြထားပါသည်။

“ဝိရောဓိ ဖြစ်စရာ အချက်တစ်ခုကတော့ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုပေမယ့် ပဋိပက္ခတွေ စစ်ရေးတွေ မြင့်တက်လာနေ ပါတယ်။ ဒါပာာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေပါတယ်” ပာု TBBC မှ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Dunca Macarthur က IRIN သို့ ပြောပါသည်။ အမျိုးသားပြန်လည်စည်းလုံးမှု အောင်မြင်မှုရရန် လုပ်ဆောင်ရေးသည် အရေးပေါ်လိုအပ်ချက် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။

“ဆင်းရဲမွဲတေမှုရဲ့ အဓိက အကြောင်းရင်းကတော့ လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ အကန့်အသတ်တွေ ဖြစ်နေပါတယ်” ပာု ပြည်တွင်း အိုးမဲ့၊ အိမ်မဲ့ဖြစ်နေသော ကရင်များအတွက် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ကရင်ရုံးမှ အတွင်းရေးမှူး စောထူးကလဲက ပြောပါသည်။

TBBC စစ်တမ်းအရ ၂၀၁၀ သြဂုတ်လ နှင့် ၂၀၁၁ ဇူလိုင်လအတွင်း အိုးမဲ့၊ အိမ်မဲ့ဖြစ်ရသူ မြန်မာ(၁၁၂၀၀၀) ခန့် ရှိမည်ပာု သိရပါသည်။ ထို အနက်အချို့မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာပြီး၊ အချို့မှာ နေရာပောာင်းသို့ ပြန်ခြင်း၊ အချို့မှာ ကြုံရာနေရာတွင် အခြေချခြင်းများ ရှိသည်ပာု ဆိုပါသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင် ကရင်ဒေသတွင် ယခင်ကတည်းက အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ (၄၅၀၀၀၀) ခန့်ရှိပါသည်။

***************************************************************************************

မြန်မာအစိုးရ၏ အာဆီယံဥက္ကဋ္ဌ တောင်းဆိုမှုကိစ္စကို ဆိုင်းငံ့ထားရန် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများ တောင်းဆို

(IRIN သတင်းမှ 26 Oct 2011 ရက်စွဲပါ “Activists Call for delay in Myanmar’s ASEAN Chairmanship” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးလာသည်အထိ မြန်မာနိုင်ငံအတွက် အာဆီယံဥက္ကဋ္ဌနေရာ ဆုံးဖြတ်မှုကို ဆိုင်းငံ့ထားရန်အတွက် ပြည်ပရောက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကို တောင်းဆို လျက် ရှိပါသည်။

မုန့်ကျွေး၊ ဆုပေးတဲ့ ကိစ္စကို အလောသုံးဆယ် မလုပ်သင့်ပါဘူးပာု မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်း လှုပ်ရှားမှုကွန်ယက်အဖွဲ့ Burma Partnership မှ ညှိနှိုင်းရေးတာဝန်ခံ ခင်ဥမ္မာက ပြောကြားပါသည်။ ကျွန်မတို့ လိုချင်တာက တကယ့်နိုင်ငံရေး အပြောင်းအလဲပါ။ ပာန်လုပ်ပြတာကို မလို ချင်ပါဘူး ပာု သူမက ဆိုပါသည်။

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌနေရာအတွက် တောင်းဆိုထားသော ၂၀၁၄ ခုနှစ်သည် ထိုနိုင်ငံတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပရန် တစ်နှစ်သာ လိုတော့သည့်အချိန် ဖြစ်သည်။ မြန်မာအစိုးရက အောက်တိုဘာ ၁၂ ရက် တွင် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို ထည့်သွင်း လွှတ်ပေးလိုက်သော်လည်း အထိန်းသိမ်းခံ နိုင်ငံရေးလှုပ်ရှားသူ(သို့) နိုင်ငံရေးအကျဉ်းသားများ ၁၈၀၀ ကျော် ခန့် အကျဉ်းထောင်များ ထဲတွင် ကျန်နေခဲ့သည်ပာု သိရှိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ကနဦး စတင်မှုအဖြစ် မြန်မာအစိုးရပာာ ပြည်သူတွေရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို စတင်လေးစားပြဖို့ လိုပါတယ်ပာု ထိုင်းနိုင်ငံအခြေစိုက် Assistance Association for Political Prisoners (Burma) ပူးတွဲ တည်ထောင်သူ ကိုဘိုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံကို ၂၀၁၄ အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ပေးမှာလား ဆိုသည့် ကိစ္စအပေါ် ဆုံးဖြတ်ချက်ကို လာမည့် နိုဝင်ဘာ ၁၇ တွင် ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံတွင် ကြေညာနိုင်ဖွယ်ရှိသည်။

***************************************************************************************

တရုတ်တို့၏ ဖိအားအောက်မှ လွတ်ရာလွတ်ကြောင်း ကြိုးပမ်းသည့် မြန်မာတို့ အနောက်ကို တံခါးဖွင့်

(25 Oct 2011 ရက်စွဲပါ “World Politics Review မှ “Myanmar Open to the West to offset Chinese pressure” သတင်းကို ဘာသာပြန်ဆိုသည်)

မတ်လက အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လမ်းကြောင်းပုံစံသစ် ချမှတ်လုပ်ဆောင်နေသည်ပာု အကဲခတ် လေ့လာသူ အတော်များများ မှတ်ချက်ပေးကြသော ဆောင်ရွက်ချက် တသီတတန်းကို မြန်မာအာဏာပိုင်များက လတ်တလောတွင် ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အပြောင်းအလဲများအနက် အထင်ရှားဆုံးမှာ ဧရာဝတီမြစ်ဖျားပေါ်တွင် တရုတ်တို့ လာရောက်ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော မြစ်ဆုံရေအားလျှပ်စစ် တမံစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်ခြင်းနှင့် အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို ထည့်သွင်းလွှတ်ပေးခဲ့ခြင်းတို့ပင် ဖြစ်သည်။

ယခုချိန်အထိ ဆောင်ရွက်ခဲ့သမျှကို ကြည့်ပါက မြန်မာအစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နည်းလမ်းများထက် နိုင်ငံတွင်း တရုတ်တို့၏ နိုင်ငံရေး၊ စီးပွားရေး သြဇာလွှမ်းမိုးလာမှုကို လျှော့ချရန် နည်းလမ်းများကိုသာ ပိုမို ကြိုးစားရှာဖွေနေသည်ပာု ယူဆ၍ ရနိုင်သည်။

စက်တင်ဘာ ၃၀ တွင် သမ္မတဦးသိန်းစိန်က “ မြစ်ဆုံတမံစီမံကိန်းသည်  ပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်နေသည်” ပာု သဝဏ်လွှာပေးပို့ ကြေညာခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာမူဝါဒဆိုင်ရာ ညှိနှိုင်းရေး အမေရိကန် အထူးသံတမန် Derek Mitchell အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ၊ အမေရိကန် အစိုးရ လူ့အခွင့်ရေးတာဝန်ခံအရာရှိ Michael Posner တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း မြစ်ဆုံတမံ ရပ်ဆိုင်းကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

***************************************************************************************

မြန်မာနိုင်ငံကို နွေးထွေးစွာ ကြိုဆိုရမယ့်အချိန်သို့ ဆိုက်ရောက်လာပြီလော

(The Jakarta Post သတင်းစာ၊ 25 Oct 2011 ရက်စွဲပါ “Insight: Is it time to embrace Myanmar?” ကို ဆီလျော် အောင်ဘာသာပြန်ဆိုသည်)

ယခု အောက်တိုဘာလကုန်ပိုင်းဆိုလျှင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြည်တွင်း အခြေအနေများကို လေ့လာ အကဲဖြတ်တော့မည်ဖြစ်သည်။

အဆိုပါခရီးစဉ် လွန်စွာအရေးကြီးရသည့် အကြောင်းအရင်းသုံးရပ်ရှိသည်။ ပထမအချက်မှာ ယင်းခရီးစဉ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်း အခင်း အကျင်းသစ်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲနောက်ပိုင်း အသစ်ဖွဲ့စည်းလိုက်သော မြန်မာအစိုးရသစ်သည် လွန်စွာအရေးကြီးသည့် လုပ်ကိုင်ဆောင်ရွက်မှုများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ အကယ်၍ အစိုးရသစ်ကသာ ယင်းသို့ ဆက်လက် လုပ်ကိုင်သွားမည်ဆိုပါက မြန်မာနိုင်ငံ သည် ကောင်းမွန်သော အခြေအနေတစ်ရပ်ဆီသို့ ပြောင်းလဲ ရောက်ရှိသွားမည်ဖြစ်သည်။

မြန်မာအစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ကုလသမဂ္ဂ အထူးသံတမန် ကိုလည်း လာရောက်ခွင့်ပြုခြင်း၊ အငြင်းပွားစရာဖြစ်နေသည့် မြစ်ဆုံရေလှောင်တမံစီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းလိုက်ခြင်းနှင့် ယခင်က ပိတ်ပင် ထားသည့် နိုင်ငံခြားသတင်းမီဒီယာများနှင့် ဝက်ဘ်ဆိုက်များကို ဖွင့်လှစ်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

ဒုတိယအချက်အားဖြင့် ဆိုပါက မစ္စတာMarty Natalegawa၏ ခရီးစဉ်သည် မြန်မာနိုင်ငံက အဆိုပြုထားသည့် ၂၀၁၄ ခုနှစ်၊ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးကိစ္စနှင့် ချိတ်ဆက်နေသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌရာထူး ရယူမည့်ကိစ္စကို မြန်မာနိုင်ငံအနေဖြင့် ရှောင်လွှဲပေးရန် အာဆီယံအဖွဲ့၏ အဆိုပြု တောင်းဆိုချက်ကို လက်သင့်ခံခဲ့သည်။ သို့အတွက်ကြောင့် ယခုတစ်ကြိမ်တွင် နေပြည်တော်အစိုးရသစ်က မိမိတို့အနေဖြင့် ယင်းရာထူး ပြန်လည် တောင်းခံရန် အခွင့်အရေးရှိသည်ဟု ယူဆထားပုံရသည်။

မြန်မာနိုင်ငံ၏ အဆိုပြုချက်အပေါ် အာဆီယံအဖွဲ့အနေဖြင့် ခွင့်ပြုပေးသင့်၊ မသင့်ကိစ္စအား မစ္စတာ Marty Natalegawa ၏ ခရီးစဉ်က အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်သည်။

တတိယအချက်အားဖြင့် ဆိုပါက ယင်းခရီးစဉ်သည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ဒီမိုကရေစီဖွံ့ဖြိုးမှု သဘောသဘာဝနှင့် ပတ်သက်၍ မျှော်လင့်ချက်များ မြင့်မားနေစဉ်အတွင်း ထွက်ပေါ်လာမည် ဖြစ်ခြင်းပင်။ မြန်မာနိုင်ငံအနေဖြင့် ကိုယ်တိုင်ရေးဆွဲ ချမှတ်ထားသော ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံအတိုင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အသွင်ကူးပြောင်းမှုများကို အောင်မြင်စွာ အကောင်အထည်ဖော်လာနိုင်ခြင်း ရှိ၊မရှိဟူသည့်ကိစ္စနှင့် လက်ရှိ လုပ်ဆောင်ချက်များသည် အာဆီယံ ဥက္ကဋ္ဌရာထူးရရှိရေး တစ်ခုတည်းအတွက် သက်သက်သာ အကောင်အထည်ဖော်ခြင်း ဟုတ်၊ မဟုတ် ကိစ္စတို့မှာ လည်း ယနေ့အချိန်အထိ အငြင်းပွားစရာ ဖြစ်နေဆဲပင်ဖြစ်၏။ တစ်နည်းဆိုပါက အကယ်၍ အာဆီယံကသာ ဥက္ကဋ္ဌရာထူး အဆိုပြုချက်ကို သဘောတူ ခွင့်ပြုလိုက်ပါက မြန်မာအနေဖြင့် မကြာမီကာလအတွင်း ယခင်လမ်းကြောင်းကို ပြန်လှည့်ကာ လက်ရှိစတင် အကောင်အထည် ဖော်နေသည့် အလားအလာ ရှိသော လုပ်ဆောင်ချက်များကို ပြန်လည်ရုပ်သိမ်းပစ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိ အာဆီယံဥက္ကဌရာထူးကို ရယူထားပြီး ဒေသတွင်း ဒီမိုကရေစီအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားအတွက် မြန်မာ့ အရေးကိစ္စသည် လွန်စွာခက်ခဲသည့် မူဝါဒရေးရာ ရွေးချယ်မှုတစ်ရပ် ဖြစ်သည်။

တစ်ဖက်တွင် လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများက အင်ဒိုနီးရှားအတွက် အခွင့်အလမ်းများဖြစ်ပေါ်စေပြီး အာဆီယံအနေဖြင့်လည်း မြန်မာ နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်လာရေးအတွက် မြန်မာကို လက်သင့်ခံ ယုံကြည်ကာ အားပေးအားမြှောက်ပြုမှုများ လုပ်ဆောင်ပေးရမည့် အနေအထားတွင် ရှိသည်။

အဆိုပါကိစ္စ ဆောင်ကြဉ်းနိုင်ရေးအတွက် နည်းလမ်းမှာ မြန်မာကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌရာထူး ရယူခွင့်ပြုလိုက်ရန်သာ ရှိသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် အကယ်၍ အာဆီယံဥက္ကဌရာထူး မြန်မာရရှိသွားပြီးနောက် လက်ရှိဖြစ်ပေါ်နေသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှ  နောက်ကြောင်းပြန် လှည့်သွားမည်ဆိုပါက အင်ဒိုနီးရှားနှင့် အာဆီယံအနေဖြင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ သို့အတွက်ကြောင့် ယခုအခင်းအကျင်းတွင် အာဆီယံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့မည်ပုံ တုံ့ပြန်လာမည်ဟူသော အချက်ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

အဓိက အခရာကျနေသည့် အရေးကိစ္စမှာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သဘောသဘာဝနှင့် အနာဂတ်နှင့်ပတ်သက်၍ မရေရာ မသေချာမှုပင်ဖြစ်ပြီး ယင်းကိစ္စအတွက် အာဆီယံ၏ တီထွင်ဆန်းသစ်မှုပါသော ဖော်မြူလာတစ်ရပ်လည်း လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးမှုများအတွက် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော အသိအမှတ်ပြုမှုသည် လွန်စွာအရေးကြီးပါသည်။ သို့အတွက်ကြောင့် အာဆီယံအနေဖြင့် သံသယတစ်ခု၏ အကျိုးအမြတ်က ပြဿနာပေးလေ့ရှိသည့် အဖွဲ့ဝင်ဖြစ်သောမြန်မာနိုင်ငံကို ပေးရန် လိုအပ်မည်ဖြစ်သည်။ မြန်မာကို ဥက္ကဋ္ဌရာထူး ပေးလိုက်မှုကြောင့် ပြုပြင်ပြောင်းလဲမှုများ ထပ်မံပြုလုပ်ကာ စေ့စပ်ညှိနှိုင်း လုပ်ဆောင်လိုသည့် အာဆီယံအဖွဲ့အတွက် ကြီးမားသော အခွင့် အလမ်းများ ထွက်ပေါ်လာမည်ဖြစ်သည်။ အကယ်၍ ဥက္ကဋ္ဌရာထူးပေးရန် ငြင်းပယ်လိုက်မည်ဆိုပါက မြန်မာနိုင်ငံအား လက်ရှိ အကောင်အထည်       ဖော်နေသော ပြုပြင်ပြောင်းလဲမှုများကို ရပ်ဆိုင်းပြီး နောက်ကြောင်းပြန် လှည့်သွားစေရန် ဖိအားများ တိုးမြှင့်ပေးလိုက်သကဲ့သို့ ရှိစေလိမ့်မည်။

ထို့ကြောင့် လာမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၊ အလှည့်ကျ ဥက္ကဌရာထူးအား မြန်မာနိုင်ငံက လွှဲပြောင်းရယူခွင့်ပြုရန် အာဆီယံ အဖွဲ့အနေဖြင့် ဆုံးဖြတ်သင့်တော့သည်။ သို့သော်အာဆီယံ၏ ယင်းဆုံးဖြတ်ချက်သည် ဗလာလက်မှတ် သက်သက်တော့ မဖြစ်သင့်ပေ။ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ရာ၌ မြန်မာအနေဖြင့် လိုက်နာဆောင်ရွက် ရမည့် အရေးကိစ္စများကို တစ်ပါတည်းထည့်သွင်းဖော်ပြရန် လိုအပ်သည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သင့်သည်။

(၁) မြန်မာနိုင်ငံသည် ပေးထားသည့် ကတိကဝတ်များအတိုင်း ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမှုများကို မဖြစ်မနေ ဆက်လက်လုပ်ကိုင် ဆောင်ရွက် သွားရမည်။ တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် အကယ်၍ မြန်မာပြည်တွင်း တိုးတက်ဖြစ်ထွန်းမှုများအပေါ် စိတ်ကျေနပ်မှုမရှိပါက လာမည့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲ၌ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးမည့်ကိစ္စကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုသင့်သည်။

(၂) အာဆီယံအဖွဲ့ ဥက္ကဌရာထူး ရယူထားသည့် မြန်မာနိုင်ငံအနေဖြင့် ယခင် ဥက္ကဋ္ဌရာထူးရယူခဲ့သော နိုင်ငံများအတိုင်း (အထူးသဖြင့် အင်ဒိုနီးရှား) အာဆီယံအဖွဲ့၏ လုပ်ငန်းစဉ်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ခွင့် ပြုမည်ဖြစ်ကြောင်း အာမခံ ပြောဆိုသင့်သည်။ ပို၍ အတိအကျပြောရမည်ဆိုပါက လာမည့် ၂၀၁၂ ခုနှစ်၊ ရန်ကုန်မြို့၌ အရပ်ဘက်လူ့အဖွဲ့အစည်းများကွန်ဖရင့် (CSC)ကျင်းပရန် မြန်မာနိုင်ငံက မဖြစ်မနေ အကူအညီပေး စည်းရုံး ထောက်ပံ့ရမည်ဖြစ်သည်။

(၃) အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံ ဥက္ကဋ္ဌရာထူးရယူရန် ပြင်ဆင်နေမှုအား အကူအညီ အထောက်အပံ့ပေး လုပ်ကိုင်ရန် သာမန်ဆန္ဒ ရှိခြင်းထက်ပင် ပိုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသရုံမျှမက မြန်မာနိုင်ငံကို ပြည့်စုံကျယ်ပြန့်မှုရှိသော ထောက်ပံ့မှုပြုရေးအတွက်ပါ ဆန္ဒရှိကြောင်း ပြသသင့်သည်။ ဥပမာအားဖြင့်ဆိုပါက အင်ဒိုနီးရှား နိုင်ငံသည် (ဂျကာတာအစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းနှစ်ရပ်စလုံး) မြန်မာနိုင်ငံ အင်စတီကျူးရှင်းဆိုင်ရာ အရည် အသွေးနှင့် စွမ်းဆောင်မှုများ အားကောင်းလာအောင် အကူအညီပေးရန် မြန်မာနှင့်လက်တွဲလုပ်ကိုင်နိုင်သည့် အနေအထားတွင် ရှိသည်။ အာဆီယံဥက္ကဋ္ဌ ရာထူးနှင့် ဆက်နွှယ်သော အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးပွဲများ အကောင်အထည်ဖော် ကျင်းပနိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး အစရှိသည်တို့တွင် အတွေ့အကြုံများ ဖလှယ်ရေး အစရှိသည်တို့အတွက် အကူအညီပေးရန်ဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းပြီး ကွန်မြူနစ်တီဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဒိုင်ယာလော့ခ် ဆွေးနွေးပွဲများ၊ ပါလီမန်လွှတ်တော်များနှင့် တက္ကသိုလ်များအကြား အမြင်ချင်းဖလှယ်မှုများ အစရှိသည်တို့ကိုလည်း လက်တွဲ လုပ်ကိုင်နိုင်သည်။

ဆိုပါက မြန်မာနိုင်ငံတွင် နောက်ထပ်ထွက်ပေါ်လာမည့် ပြုပြင်ပြောင်းလဲမှုများသည် မြန်မာအတွက်သာမက အာဆီယံအဖွဲ့နှင့် အရှေ့တောင် အာရှဒေသအတွက်ပါ အကျိုးအမြတ်ဖြစ်ထွန်းစေမည်ဖြစ်သည်။ အဆိုပါအခွင့်အရေးကို အာဆီယံအနေဖြင့် အမိအရ ဖမ်းဆုပ်ရမည်ဖြစ်သည်။ သို့မှသာ အာဆီယံအနေဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲသို့ ဝင်ရောက်ကာ တန်ဖိုးရှိသောအထောက်အပံ့နှင့် အကူအညီများပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အာဆီယံအတွက် ပြီးပြည့်စုံသော ပြုမူဆောင်ရွက်ချက်များဖြင့် မြန်မာနိုင်ငံကိုလက်ခံယုံကြည်ကာ နွေးထွေးစွာကြိုဆိုရမည့် အချိန် ဖြစ်သည်ဟု ဆိုချင်သည်။ ထို့အတူ မြန်မာနိုင်ငံကလည်း ယခုတစ်ကြိမ်တွင် အာဆီယံကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင်၊ အခက်အခဲ ကြုံတွေ့အောင် လုပ်လိုသည့် ဆန္ဒ မရှိပါကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသသင့်ပါသည်။

                                        ************************************

ဘာကြောင့် မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အလားအလာရှိနေတာလဲ

(Money Week မှ 21 Oct 2011 ရက်စွဲပါ Why Burma has Huge potential သတင်းဆောင်းပါးကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို အဂတိကင်းကင်းဖြင့် သုံးသပ်ထားသော ဆောင်းပါးဖြစ်သည်။

မနှစ်ကနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ ကျင်းပသော ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သော်လည်း ပြည်သူ အများစုက စိတ်ပါဝင်စားခြင်း မရှိခဲ့ကြပါ။ ထွက်ပေါ်လာမည့် ရလဒ်ကိုလည်း အများစုက ကြိုတင်သိရှိထားကြပြီး ဖြစ်နေသည်။

နိုင်ငံကို အချိန်ကြာကြာ အုပ်ချုပ်ခဲ့ကြသော စစ်ဖက်အုပ်ချုပ်သူများက ယူနီဖောင်းချွတ် အရပ်ဝတ်လဲခဲ့ကြသော်လည်း အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကသာ ခိုင်ခိုင်မာမာ ဆက်လက်ဖက်တွယ်ထားပြီး အခြေခံ ဥပဒေကလည်း လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် တိုက်ရိုက်သီးသန့် ဖယ်ထားပေးခဲ့သည်။ အဓိက အတိုက်အခံအများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသောကြောင့်လည်း တပ်မတော် ကိုယ်စားပြု နိုင်ငံရေးပါတီက ပြိုင်ပွဲဝင် အမတ်နေရာ ၅ ပုံ ၄ ပုံကို အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ကာလကြာမြင့်စွာ ဆင်းရဲဒုက္ခ ခံစားခဲ့ရသော ပြည်သူများအတွက် မကြာမီအတွင်း သိသိသာသာ ကောင်းမွန်လာအောင် ဆောင်ကြဉ်းပေးမည့် အရာများရှိနေပြီဟု မြင်ရန်အတွက် သင်သည် အလွန်အ ကောင်းမြင်လွန်းသောသူ ဖြစ်ရပေလိမ့်မည်။ မည်သို့ဆိုစေ မရေရာသော အပြောင်းအလဲ လက္ခဏာများ ထိုနိုင်ငံတွင် ရှိနေပြီ။ နှစ်အနည်းငယ်အတွင်း အလွန် ကွဲပြားခြားနားသွားမည့် နိုင်ငံကိုပင် မြင်တွေ့ရဖို့ အလားအလာများ ရှိနေသည်။

တပ်မတော်က အုပ်ချုပ်နေဆဲ

ပထမဦးစွာ ရွေးကောက်ပွဲများနှင့် လွှတ်တော်အသစ်သည် ရှိုးပြရုံသက်သက်မျှသာ ဟူသောအချက်ကို အပြည့်အဝ သိရှိလက်ခံရန် အရေးကြီးမှာ သည် ၁၉၉၂ မှ စ၍ နိုင်ငံကို ဂုတ်စီးအုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ခဲ့သော တပ်မတော်အစိုးရဟောင်းထဲမှ သော့ချက် ပုဂ္ဂိုလ်များထံတွင် အာဏာဆက်လက်ရောက်ရှိနေ ခြင်းကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲများအပြီးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံအကြီးအကဲအဖြစ်မှ တရားဝင်အနားယူလိုက် သည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန် စစ်ဖက်ရာထူးစွန့်ခဲ့သော အခြားတပ်မတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ထံ နိုင်ငံဂုတ်စီးရာထူးကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူမြင်ကွင်း နောက်ကွယ်မှ အာဏာ ဆက်လက်ချုပ်ကိုင်နေဆဲဆိုသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသဖြင့် ရှိသူမရှိပါ။

ထိုလမ်းကြောင်းသည် ဗိုလ်နေမြဲ၊ ကျားနေမြဲသာ ဖြစ်နေပါလိမ့်ဦးမည်။ ပိုမိုသဘောကွဲလွဲခွင့်၊ ဆွေးနွေးခွင့်ကို သိသိသာသာ ခွင့်ပြု လာသော်လည်း တပ်မတော်အစိုးရ ထိပ်သီးပုဂ္ဂိုလ်များက ထိပ်တန်းရာထူးများကို ရယူထားကြဆဲဖြစ်၍ ကျန်အခြားသူများမှာလည်း အနားယူသော်ငြား အာဏာရှိနေကြ ဆဲပင် ဖြစ်ပေသည်။ သူတို့ထဲမှ လူများက ယခုအချိန်တွင် မတူကွဲပြားသောလမ်းကြောင်းကို ခွဲထွက်ကြတော့မှာလား ဆိုသည်ကိုသာ မေးစရာရှိသည်။

နောက်တစ်ချက်မှာ မြစ်ဆုံတမံနှင့်ပတ်သက်၍ ချက်ခြင်းလက်ငင်းပြောင်းလဲသွားအောင် မည်သည့်အရာက ပြုလုပ်ခဲ့သည်ဆိုသည်မှာ အလွန် စိတ်ဝင်စားစရာကောင်းသည်။ မြန်မာပြည်မြောက်ပိုင်း ဧရာဝတီဖြစ်ဖျားမှ ကြီးမားလွန်းသော ရေအားလျှပ်စစ်တမံစီမံကိန်းကို လျှပ်စစ်ဓာတ်အား အကုန်လုံး နီးပါးဝယ်ယူမည့် အိမ်နီးခြင်း မဟာမိတ် တရုတ်နိုင်ငံက ဝင်ရောက်တည်ဆောက်နေခြင်း ဖြစ်သည်။

ထိုမြစ်ဆုံတမံသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမည့် အကြောင်းရင်းများ ရှိနေသည့်အပြင် ဒေသခံပြည်သူ တိုင်းရင်းသားလူမျိုးများကို ဇာတိမြေမှ မောင်းထုတ်လျက်ရှိခြင်းကြောင့် ကြီးကြီးမားမား အငြင်းပွားစရာဖြစ် နေသော်လည်း တပ်မတော်အစိုးရသည် ယခင်က ထိုကဲ့သို့ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိခဲ့ပါ။

သို့ဖြစ်ရာ သမ္မတဦးသိန်းစိန်က သူ့အစိုးရလက်ထက်တွင် အနည်းဆုံး ၂၀၁၅ အထိ စီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု ယခင်လက ရုတ်တရက် ကြေညာ လိုက်သောအခါ များစွာအံ့အားသင့်ကုန်ကြလေသည်။ စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒကို ဆန့်ကျင်နေသောကြောင့်ဟု အကြောင်းပြခဲ့ခြင်းကို ပို၍ပင် အံ့အားသင့်ခဲ့ကြသည်။

ထိုအတောအတွင်း အတိုက်အခံ နိုင်ငံရေးသမားများကိုလည်း အစိုးရက လက်ကမ်းဆက်ဆံလာခဲ့သည်။ ပင်လယ်ရပ်ခြားရောက် မြန်မာ နိုင်ငံသားများ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန် အိမ်ပြန်လာမည်ဆိုပါက လက်ကမ်းကြို ဆိုမည်ဟုလည်း အစိုးရကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံရေး ပြစ်မှုဖြင့် ထိန်းသိမ်းခံနေရသူ ၂၀၀၀ ခန့်အနက်မှ အချို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ (ဆန့်ငင်ဆန့်ငင်၊ တုန့်နှေးတုန့်နှေးဖြင့်) လွှတ်ပေးလျက် ရှိသည်။

အပြောင်းအလဲသည် ဒီမိုကရေစီနှင့် ဘာမှမဆိုင်

သို့ဖြစ်လျှင် အဘယ်ကြောင့် တပ်မတော်က အပြောင်းအလဲ လုပ်ပြနေတာလဲဟု မေးစရာရှိသည်။ ၁၉၆၂ နောက်ပိုင်း တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာအစိုးရသည် ၁၉၈၈မှ စ၍စစ်အုပ်ချုပ်ရေး စနစ်ကျင့်သုံးခဲ့သူများသာ ဖြစ်သည်။ သူတို့၏ လွတ်တော်အမတ်များ ရှုံးနိမ့်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲကို လည်း ဖျက်သိမ်းပစ်ခဲ့ကြသည်။ ထိုသူများက ဒီမိုကရေစီလမ်းညွှန်မြေပုံဟူသော စကားကို နှုတ်ဖျားမချ ပြောဆိုလာသောအခါ မည်သူကမှ မယုံကြည်ကြ တော့ပေ။ မဲပုံးများမှ တစ်ဆင့်သွားမည့် နောက်ခရီးစဉ်သည် ဘာကြောင့် ထိုမျှအရေးကြီးနေရပါသလဲ။

အဓိကသော့ချက်ပုဂ္ဂိုလ်များ ရုတ်တရက် ဒီမိုကရေစီလိုလားသူများ ဖြစ်သွားသောကြောင့် ဤကိစ္စမှာ စဉ်းစားစရာ ဖြစ်လာသည်။ အကယ်၍ ယခုအခင်းအကျင်းပုံစံမျိုးသည် အမှန်တကယ် စံပြုဖွယ်ထူးခြားနေသည် ဆိုပါက ပတ်သက် နေသော အကြောင်းရင်း ၂ ရပ်ရှိနိုင်သည်။

ပထမတစ်ချက်မှာ ထိပ်ပိုင်း ပုဂ္ဂိုလ်အချို့ ကာလကြာရှည်အာဏာရခဲ့သည့် ကိစ္စဖြစ်သည်။ သူတို့နှင့် အပေါင်းအပါများသည် များပြားလွန်းသော ဓနဥစ္စာများနှင့် စီးပွားရေးလက်ဝါးကြီးအုပ်ထိန်းချုပ်ခွင့်ကို ရရှိထားကြသည်။ အကယ်၍ ဤနေရာတွင် သင်ကိုယ်တိုင် ပါးနပ်လွန်းသူတစ်ဦး ဖြစ်နေပါက နန်းမွေခံများကို အာဏာ စတင်လွှဲတော့မည့်အချိန်တွင် သင်ရရှိပိုင်ဆိုင်ထားသော ဥစ္စာများနှင့် သြဇာအာဏာကို မည်သို့ထိန်းထားနိုင် မည်ဆိုသည်ကိုသာ စတင်စဉ်းစားပေလိမ့်မည်။

ဒုတိယအချက်မှာ အာဏာရှင်အစိုးရများသည် ကျောက်သားဖြင့် ထုထားသူများ မဟုတ်ခြင်းပင် ဖြစ်သည်။ အလွန်ရက်စက်သော အာဏာရှင် များကိုပင် ဒီနေ့ဘယ်သူ့ကို နှိပ်စက်ရမလဲဟု ကြုံးဝါးနေသော ဂျိန်းစဘွန်း ဗီလိန်ဂိုဏ်သားများနှင့် တူသည်ဟု စဉ်းစားပါက မှားယွင်းသွားပါလိမ့်မည်။

ထိပ်ပိုင်းအာဏာပိုင်များအနက် အချို့က အလုံးစုံထိန်းချုပ်ထားချင်ကြသလို အချို့က စီးပွားရေးကဏ္ဍကို သီးခြားခွဲ၍ စဉ်းစားကြသည်။ ပထမအုပ်စုက ဆင်းရဲသော အထီးကျန်နိုင်ငံတွင် တစ်ချက်လွှတ်အာဏာဖြင့် ဗိုလ်လုပ်ရသည်ကို ပျော်ရွှင်ကြသည်။ နောက်အုပ်စုကမူ နိုင်ငံတကာတွင် လူရာဝင်၍ ချမ်းသာသော နိုင်ငံမျိုးကို ဦးဆောင်လိုကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အထက်ပါ နှစ်မျိုးနှစ်စားလုံးအတူတကွ ပြူထွက်လာသည်ကို တွေ့မြင်နေရသည်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကဲ့သို့သော သဘောထား တင်းမာသူများအနေဖြင့် သူတို့ကိုယ်တိုင်၊ သူတို့မိသားစု၊ သူတို့ အပေါင်းအပါများအား ပိုမိုကာကွယ်ုပေးနိုင်မည့် နယ်ပယ်ကျဉ်းလာဖွယ် ရှိနေသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားများအတွက်မူ စနစ်ပြောင်းခြင်းကို ပဲ့ကိုင်နိုင်ဖို့ ကြိုးစားရန် အခွင့်အလမ်းများ ပိုမိုရရှိနေသည်။

သို့သော်လည်း ထိုရီဖော်မာများသည် ဒီမိုကရေစီကို စိတ်မကူးပဲ စီးပွားရေးကိုသာ ပြောင်းရန်ကြံရွယ်နေ ခြင်းဖြစ်သည်။ ယခု ကျွန်တော်တို့သည် စီးပွားရေးအမြင်ရှိသော ပြုပြင်ရေးသမားများက သံသယကြီးလွန်းသော လှေနံဓားထစ်သမားများကို အသာစီးရသွားမှာလား ဆိုသည်ကိုသာ ရိုးရိုးရှင်းရှင်း ဆွေးနွေးပြောဆိုနေကြခြင်း ဖြစ်သည်။ ယခု မြန်မာနိုင်ငံအခြေအနေသည် ၁၉၇၈ ခုနှစ် တရုတ်နိုင်ငံ လမ်းကြောင်းပြောင်းချိန်တွင် တိန်ရှောက်ဖိန်နှင့် မော်ဝါဒီများအကြား အားပြိုင်မှုမူရှိခဲ့သော တရုတ်ကဲ့သို့ နိုင်ငံများတွင် ကျွန်တော်တို့မြင်တွေ့ခဲ့ရသည့်ပုံစံနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။

လတ်တလော ရေတိုကာလမျိုးတွင် ကိုယ်ကျိုးစီးပွားကိစ္စကသာ နိုင်ငံကို ပဲ့ကိုင်မောင်းနှင်နေခြင်းမှာ သဘာဝထုံးစံပင် ဖြစ်လေသည်။ မြန်မာ နိုင်ငံတွင် စစ်ဖက်ခေါင်းဆောင်များနှင့် ယင်းတို့၏ စီးပွားဖက်ရောင်းရင်းများ နှစ်အုပ်စုလုံးလက်ထဲသို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ကာ ထိုးထည့်ခဲ့သည်ကို တွေ့မြင်ရသည်။ ဤကိစ္စသည် ဒီမိုကရေစီနှင့် မသက်ဆိုင်သလို ဖြောင့်မတ်မှန်ကန်မှုနှင့် သန့်ရှင်းသော အုပ်ချုပ်ရေးစနစ်ကိုလည်း လုံးဝမတွေ့မြင်ရပါ။

မြန်မာနိုင်ငံ၌ ရှေ့ပြေးအပြောင်းအလဲဖွံ့ဖြိုးမှုအဖြစ် ဒီမိုကရေစီကို မမြင်ရပါ။ အမှန်စင်စစ် သဘာဝထုံးစံအား ဖြင့်လည်း ထိုသို့ ဖြစ်လေ့မရှိပါ။ နိုင်ငံ ချမ်းသာလာချိန်၊ လူလတ်တန်းစားအလွှာ ဖွဲ့စည်းဖြစ်ပေါ်ချိန်မှသာ ဒီမိုကရေစီ ပေါ်ထွက်လာကာ ခေါင်းဆောင်များ၊ လက်နက်ကိုင်တပ်များ၊ အဓိက ပါဝင်သူများ၏ အတွေးအခေါ်၊ အကျိုးစီးပွားတို့ ပြောင်းလဲသွားတတ်သည့်အချက်ကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ အတွေ့အကြုံများက ပြသနေသည်။ ထိုအချိန်သို့ရောက်လျှင် အပြောင်းအလဲကို ငြင်းဆန်ခုခံနေခြင်းထက် ခွင့်ပြုလိုက်လျောခြင်းက ပို၍ကောင်းကြောင်း သဘောပေါက်တတ်ကြသည်။ ထိုအနေအထားထက်ကိုသာ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးမျှော်လင့်နိုင်မည်။

စစ်ခေါင်းဆောင်များလက်လျော့သွားချိန်တွင် မြန်မာနိုင်ငံ ပို၍အလုပ်ဖြစ်မည်

ဤအချက်သည် မြန်မာနိုင်ငံမှ အပြောင်းအလဲကို သေချာသည်ပာု ဆိုလိုခြင်းမပာုတ်ပါ။ ထိုနိုင်ငံတွင် ယခင်ကလည်း ပြုပြင်ပြောင်းလဲရန် ကြိုးစား ကြည့်မှုများ ရှိခဲ့ဘူးသည်။ (အထူးသဖြင့် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလ ၂၀၀၃-၂၀၀၄ ခန့်က) ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သိသိ သာသာ သဘောကွဲလွဲခဲ့သော သူ့ကို သဘောထားတင်းမာသူအုပ်စုများက အဆင်းဘီးတပ်ပေးလိုက်ကြပြီး အဂတိလိုက်စားမှု စွဲချက်ဖြင့် ရာထူးမှချကာ ထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင်ပင်ဖြစ်သည်။

အကယ်၍ ဦးသိန်းစိန်သည် လုံလောက်သော ထောက်ခံမှုအင်အားကို မရခဲ့ပါက ဗိုလ်ချုပ်ကြီးခင်ညွှန့်၏လမ်းကို လိုက်သွားရနိုင်သည်။

(ဤနေရာတွင် သူ၏ ပြုပြင်ရေးစီမံကိန်းများအောက်၌ ပို၍ချမ်းသာ ကြွယ်ဝလာကြလိမ့်မည်ပာု သဘောတင်းသူ အဓိက ခေါင်းဆောင်ပိုင်းများကို စည်းရုံးသိမ်းသွင်းလျှင် ရနိုင်သည်။) အနောက်နိုင်ငံများ Sanction ရုတ်သိမ်းပေးအောင် လုပ်နိုင် လျှင်မူ အဓိကအောင်ပွဲကို ရသွားပါလိမ့်မည်။ အဆိုပါ ပုံရိပ်မျိုးကို ဦးသိန်းစိန်က မြစ်ဆုံတမံနှင့် အခြားနေရာများတွင် ပြသရန် ကြိုးစားနေပါသည်။ (မြစ်ဆုံတမံသည် ရပ်ဆိုင်းထားခြင်းသာဖြစ်၍ ဖျက်သိမ်းခြင်း မပာုတ်ပါ။ ယခုအချိန်တွင် မှန်ကန်စွာ စဉ်းစားဆောင်ရွက်လိုက်သော တမံကိစ္စသည် အနာဂါတ်တွင်လည်း တရုတ်နှင့် ဈေးဆစ်ညှိနှိုင်းရန် အသုံးဝင်သော နည်းကိရိယာတစ်ခုဖြစ်နေဦးမည်)

အကယ်၍ ဦးသိန်းစိန် ကျရှုံးသွားပါက မြန်မာနိုင်ငံအနေဖြင့် နောက်ထပ်ပြောင်းလဲရေးဝါဒီတစ်ဦး နိုင်ငံအကြီးအကဲနေရာ ရလာမည့်အချိန်ကို ထပ်မံစောင့်ဆိုင်းရဖွယ် ရှိပါသည်။ သို့သော် ဦးသိန်းစိန်က သူ့နေရာကိုကာကွယ်ကာ သူကတိပေးထားသည့်အတိုင်း လုပ်ဆောင်နိုင်မည်ဆိုပါက အနည်းဆုံး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် လျင်လျင်မြန်မြန် တိုးတက်လာပေလိမ့်မည်။

အချို့ကမူ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလို နိုင်ငံများနှင့် တန်းတူထားကာ နိုင်ငံတကာ အပယ်ခံအုပ်စုတွင် ထည့်သွင်းထားကြသည်။ သို့ သော်လည်း နိုင်ငံအုပ်ချုပ်ပုံနည်းလမ်း (သို့) ဖိနှိပ်အုပ်ချုပ်မှုအတိုင်းအတာ တစ်မျိုးမျိုးတွင် အနည်းငယ်မျှ နှိုင်းယှဉ်ကြည့်ခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံသည် လျော့လျဲ့လျဲ ဈေးကွက်အခြေပြု စီးပွားရေးစနစ်ကို ကျင့်သုံးနေသော်လည်း အဂတိလိုက်စားမှု အလွန်ကြီးမားလွန်းပြီး တပ်မတော်ကသာ ကဏ္ဍများစွာ ထိန်းချုပ်ထားသော မမျှတသည့် နိုင်ငံတစ်ခုသာဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် အလွန်တရာ ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှု နိမ့်ကျလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီ (နိုင်ငံများအကြား ခြားနားသော ဈေးနှုန်းများ၊ ဝန်ဆောင်မှုများကို ချိန်ညှိသည့် ဝယ်လိုအား နှိုင်းယှဉ်ချက်) မှာ အမေရိကန်ဒေါ်လာ ၁၂၅၀ သာရှိသည်။ အလွန် မညီမျှစွာ ခွဲခြားဆက်ဆံလွန်းသော နိုင်ငံတစ်ခုပာု သတ်မှတ်ကြသည်။

နှိုင်းယှဉ်ချက်များအရဆိုလျှင် အလွန်ဆင်းရဲလွန်းသည်ပာု ဆိုကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီသည်ပင် ဒေါ်လာ ၁၆၀၀ ရှိသည်။ အနီးအနားက ဗီယက်နမ်နိုင်ငံ တစ်ဦးချင်းဂျီဒီပီသည် ဒေါ်လာ ၃၁၀၀ ခန့်ရှိနေပြီ။

 ဖွံ့ဖြိုးမှုအတွက်လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးရှိနေသောနိုင်ငံ

ထိုသို့ ဆင်းရဲနိမ့်ကျနေသော်လည်း လျှင်မြန်စွာဖွံ့ဖြိုးရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများစွာ ထိုနိုင်ငံ၌ ရှိနေသည်။ ပြည်သူလူထုကလည်း ပျိုမြစ်သည်။ ဆိုလိုသည်မှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနယ်ပယ်တစ်ခုအတွက် အစဉ်အလာ ကနဦး လိုအပ်ချက်တစ်ခုဖြစ်သော ထုတ်လုပ်စရိတ် သက်သာရေး အတွက် ဈေးပေါသော လုပ်သားများ၊ လုပ်အားများ ရှိနေခြင်းပင် ဖြစ်သည်။ ပညာရေးအဆင့်အတန်းသည်လည်း နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျော ညီထွေ ရှိကာ စာတတ်မြောက်သူ ၉၀ ရာခိုင်နှုန်းရှိနေသည်။

သန်း ၆၀ ခန့်ရှိသော လူဦးရေကလည်း အတော်အတန်ကြီးသော စီးပွားရေးဈေးကွက်တစ်ခု ဖြစ်လာရန် ဘောင်ဝင်နေသည်။ ကြွယ်ဝသော သယံဇာတများကလည်း ယခုအချိန်အထိ အမြတ်ထုတ်၊ သွေးစုတ်ခံနေရသော်လည်း နိုင်ငံစီးပွားရေးကို ထိရောက်တန်ဖိုးရှိစွာ အားဖြည့်မှုကို ပြုလုပ် ပေးနိုင်သည်။

ပထဝီအနေအထားအရလည်း မြန်မာနိုင်ငံသည် နေရာကောင်းကောင်း ရထားသည်။ ထိုနိုင်ငံသည် ပို့ကုန် ဦးစားပေး ထုတ်လုပ်ရေးကဏ္ဍကို တိုးတက်အောင် ကူညီပေးမည့် ကမ္ဘာ့ကုန်သွယ်မှု ပို့ဆောင်ရေး လမ်းကြောင်းများပေါ်တွင် တည်ရှိနေသည်။ အကယ်၍ အနောက်နိုင်ငံများက ဆက်လက် အချိန်ဆွဲ ပိတ်ဆို့ထားသည့်တိုင်အောင် တရုတ်နှင့် ထိုင်းကဲ့သို့သော ပိုမိုဖွံ့ဖြိုးချမ်းသာသည့် အိမ်နီးချင်းနိုင်ငံများထဲမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာ စီးဝင်နေနိုင်သည်။

အမှန်စင်စစ် ထိုရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်လောင်းထည့်ပြီးသားပင် ဖြစ်နေပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်တစ်နှစ်ကျော်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိရာမှ ပြီးခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ သို့ သံသယဖြစ်ဖွယ် တိုးတက်သွားခဲ့သည်။ မှန်ပါသည်။ ဘီလီယံ အနည်းငယ်မှ ဘီလျံများစွာအထိ ကွာပာသွားခြင်း ဖြစ်သည်။

သံသယဖြစ်ဖွယ်ပာု ဆိုရခြင်းမှာ မြန်မာအစိုးရ၏ စာရင်းအင်းကိန်းဂဏိန်းများ မှန်ကန်လေ့ မရှိသော ကြောင့် ဖြစ်သည်။ သို့သော် ထိုပိုက်ဆံများ နိုင်ငံတွင်းသို့ စီးဝင်လာသည်ကိုမူ သံသယမရှိလှပါ။ အကြောင်းမှာ ဆင့်ပွားပြဿနာ များကို မြင်နေရသောကြောင့် ဖြစ်သည်။

အစိုးရ အသုံးပြုနေသော တရားဝင်ငွေလဲနှုန်းနှင့် ပြောင်းပြန်ဖြစ်နေသော ဈေးကွက်ငွေလဲနှုန်း ယခုနှစ်အတွင်း ပာန်ချက်မညီ တန်ဘိုးတက် မှုကြောင့် လယ်ယာကဏ္ဍထွက် ပို့ကုန်အများစုမှာ ဈေးကွက်တွင်ပြိုင်ဆိုင်နိုင်စွမ်းရှိရန် အလွန်ပင် စရိတ်စက ကြီးမြင့်နေပြီပာု သိရှိရသည်။

စိတ်မကောင်းစရာအချက်မှာ နိုင်ငံအတွက် အကျိုးသိပ်မရှိသော သဘာဝသယံဇာတနှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းများထဲသို့သာ ရင်းနှီးမြှုပ်နှံမှု ပိုက်ဆံအများစု စီးဝင်နေခြင်းဖြစ်သည်။ ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွား တိုးရစ်ဇင် ကဏ္ဍ ကဲ့သို့သော နယ်ပယ်များထဲသို့ ရင်းနှီးမြှုပ်နှံမည့် ပိုက်ဆံများကို ဆွဲဆောင်ရန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ဆောင်ရန် လိုအပ်ပါလိမ့်မည်။

ယခု မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု မှန်ကန်ခြင်း၊ ထိရောက်ခြင်း ရှိနိုင်သလား  ဆိုသည်ကို အထက်ပါ လုပ်ဆောင်ချက် အမျိုးအစားများက ပြသ သွားပါလိမ့်မည်။ လောလောဆယ်တွင်မူ အကောင်းမြင်ချင်လာလောက်အောင် ဆွဲဆောင်အား မရှိသေးပါ။ သို့သော် အစိုးရအဖွဲ့အတွင်း အာဏာလွန်ဆွဲပွဲ ဖြစ်နေကာ အတော်အတန်ကြာပြီ ပာူသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် တကယ့်အပြောင်းအလဲအတွက် အခွင့်အရေး ရှိလာပြီပာု ဆိုရပါမည်။

နိုင်ငံသားတို့၏ ဘဝများကို တိုးတက်စေခြင်းမှာမူ အရေးကြီးဆုံးသော အချက်ဖြစ်သည်။ သို့သော် များစွာသိသာထင်ရှားသည့်အချက်မှာ ယခင် ဆယ်စုနှစ် အနည်းငယ်အတွင်း အခြား အာရှစီးပွားရေး နိုင်ငံအများစုတွင် တွေ့မြင်ခဲ့ရဘူးသော ရင်းနှီးမြှုပ်နှံမှုဖြစ်စဉ်များနှင့် တစ်ထေရာထဲ တူညီနေကြောင်းကို ယခု ပြုပြင်ပြောင်းလဲမှုများ ထင်ပာပ်ပြသနိုင်ခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲများက အတုအယောင် ဖြစ်နေသည့်တိုင်အောင် မြန်မာနိုင်ငံကတော့ အဝေးက ပန်းတိုင်ကို အသေအချာ စူးစိုက်မျှော်ကြည့်နေလေပြီ။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment