Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၁)

  1. မြန်မာတို့ အာဆီယံကို ဦးဆောင်ရန် ထောက်ခံအားပေးမှု ရရှိ

(The Jakarta Post မှ 1 Nov 2011 ရက်စွဲပါ “Myanmar gets support to lead Asean” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျပန်အစိုးရ ဝင်ရောက်လုပ်ဆောင်မှုကြောင့် ယန်းငွေ 5 % ကျဆင်း

( 30 Oct 2011 ရက်စွဲပါ BBC News မှ Japan intervenes in currency markets and Yen weakens 5% ကို ဘာသာပြန်သည်)

  1. ဘန်ကောက်မြို့တွင်းသို့ ရေများ အဆမတန်ဝင်ရောက်လာမှုကြောင့် မြို့ခံပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်

(BBC သတင်းဌာနမှ 27 Oct 2011 ရက်စွဲပါ Bangkok Floods: Thousands flee as waters approach ကို ဘာသာပြန်ဆိုသည်)

***************************************************************************

ဘာသာပြန်သတင်းများ

မြန်မာတို့ အာဆီယံကို ဦးဆောင်ရန် ထောက်ခံအားပေးမှု ရရှိ

(The Jakarta Post မှ 1 Nov 2011 ရက်စွဲပါ “Myanmar gets support to lead Asean” သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ ယခင်အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်တွင် မြန်မာတို့ အာဆီယံကို ဦးဆောင်မည့် အလားအလာအပေါ် ထောက်ခံမှု ပိုမိုကြီးမားလာပါသည်။

University of Indonesia မှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ပာာရီယာဒီဝီရာဝန်က “မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် စည်းရုံးသိမ်းသွင်း ချဉ်းကပ်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းပာု အမြဲတမ်းယုံကြည်ခဲ့သည်” ပာု တနလာင်္နေ့တွင်ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး မာတီရဲ့ ခရီးစဉ်ပာာ မြန်မာနိုင်ငံမှာ စတင်နေတဲ့ ဒီမိုကရေစီပြောင်းလဲမှုကို သေချာအောင် အကဲခတ်ဖို့ဖြစ်ပြီး ဒီလို အကဲခတ်ဖို့ အာဆီယံအဖွဲ့က အကြံပြုခဲ့တာပါ။ ဒီအပြောင်းအလဲ လုပ်ငန်းစဉ်မှာ မြန်မာအစိုးရ လုပ်ဆောင်နေတဲ့ အသေးအမွှားလေးတွေကအစ လက်ခံ အသိအမှတ်ပြု ပေးသင့်ပါတယ်” ပာု ပာာရီယာဒီက Jakarta Post သို့ ပြောကြားသည်။

ယခု ခရီးစဉ်အပြီးတွင် နာတာလီဂါဝါက “မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် နောက်ပြန်ဆုတ်မည့်ပုံ မရှိတော့ဘဲ အာဆီယံဥက္ကဋ္ဌ တာဝန်ယူ နိုင်ရေး လမ်းကြောင်းပေါ်တွင် ရွှေ့နေပြီဖြစ်ကြောင်း” ပြောကြားခဲ့ပြီး “ မြန်မာနိုင်ငံအပေါ် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးခဲ့သည့် အရေးယူ ပိတ်ဆို့မှု Sanctions များကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောသမဂ္ဂတို့က ရုတ်သိမ်းပေးသင့်ကြောင်း” တိုက်တွန်းပြောဆိုခဲ့သည်။

“သူတို့ ပြန်မလှည့်တော့ဘူးလို့ ကျွန်တော်ခံစားမိပါတယ်။ ဒီလိုပဲ ယုံကြည်ပေးချင်ပါတယ်။ ဒီလုပ်ငန်းစဉ် ရပ်သွားလိမ့်မယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ခဲ့ပါဘူး” ပာု ယင်းက ပြောကြားကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ ဌာနမှူး ဒေဝီဆာဗီထရာဝါပာပ်က “နိုင်ငံခြားရေး ဝန်ကြီးသည် အခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့်  အဖွဲ့ပြင်ပတွင် ဖြစ်ပေါ်နေသော ဒိုင်းနမစ် အရွှေ့များကို” ထည့်သွင်းစဉ်းစား သုံးသပ်မှုပြုလုပ်ချိန်တွင် ၎င်း၏ မြန်မာ ခရီးစဉ် ရလဒ်များကို ဆက်လက် ဆွေးနွေးဖွယ်ရှိသည်ပာု ပြောကြားသည်။

မြန်မာအစိုးသည် နှစ်ပေါင်း ၂၀ ခန့် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးပြီးနောက်တွင် (အင်ဒိုနီးရှားတို့ ဝန်ခံထားသည့်အတိုင်း ပြည့်စုံ မှန်ကန်မှု မရှိသော် လည်း) ပထမဆုံးရှားပါး ရွေးကောက်ပွဲကို မနှစ်က နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ မည်သို့ပင်ဖြစ်စေ မတ်လက အာဏာရလာသော အစိုးရသစ်သည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တောင်းဆိုခြင်း၊ သတင်းမီဒီယာများအပေါ် ချုပ်ချယ်မှုကို ဖြေလျှော့ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံဆောင်ရွက် လာခြင်းတို့ကို ပြုလုပ်ပြသ ခဲ့သည်။

မြန်မာတို့၏ ဒီမိုကရေစီသည် အာဆီယံပုံစံအတိုင်း အားတက်စဖွယ် တိုးတက်မှု ရှိနေသည်ကို မာတီ၏ ခရီးစဉ်က ပြသခဲ့သော်လည်း  ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုးများနှင့် ပတ်သက်၍ တိကျသော စံညွှန်းများရှိနေသော အနောက် နိုင်ငံများအတွက်မူ ကျေနပ်စရာ ဖြစ်လိမ့်မည် မပာုတ်ပာု ပာာရီယာဒီက မှတ်ချက်ပေးသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံ “တစ်ခါထဲ တန်းကနဲ” ပြောင်းသွားတာမျိုးကို မြင်ချင်ကြတာပါ။ ဒီလိုသေးသေးမွှားမွှား တိုးတက် ပြောင်းလဲမှုလေးတွေကိုတော့ သူတို့ ဘယ်တော့မှ ကျေနပ်ကြမှာ မပာုတ်ပါဘူး” ပာု ယင်းပြောကြားသည်။

Burma Partnership မှ ညှိနှိုင်းရေးတာဝန်ခံ ခင်ဥမ္မာကမူ “မြန်မာအစိုးရသည် အပြောင်းအလဲကို အပေါ်ယံ ရုပ်ပြမျှသာ လုပ်ပြနေခြင်း ဖြစ်သောကြောင့် အာဆီယံဥက္ကဋ္ဌ နေရာရအောင် ယင်းတို့ ကြိုးပမ်းနေခြင်းကို ခွင့်မပြုရန်” အင်ဒိုနီးရှားနိုင်ငံကို တိုက်တွန်းပြောဆိုခဲ့သည်။

နိုင်ငံတကာဆက်ဆံရေး ပညာရှင်တစ်ဦးဖြစ်သူ ဘွန်ဂတ်အေဒီချန်ဒရာကမူ အင်ဒိုနီးရှားအစိုးရ၏ ရပ်တည်မှုကို ထောက်ခံကြောင်း အာဆီယံ အနေဖြင့် မြန်မာနိုင်ငံကို ဒဏ်ခတ်ခြင်းထက် မက်လုံးပေးကာ စည်းရုံးသိမ်းသွင်းသင့်ကြောင်း သုံးသပ်ပြောကြားသည်။

မြန်မာတွေကို ယုံကြည်ပေးခြင်းအားဖြင့် ၂၀၁၅ မတိုင်ခင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ အရှိန်မြင့်လာအောင် ကျွန်တော်တို့ အမှန်တကယ် လက်တွေ့ကျကျ တွန်းအားပေးနိုင်ပါလိမ့်မယ် ပာု ချန်ဒရာက Jakarta Post သို့ ပြောကြားခဲ့သည်။

                                        ************************************

ဂျပန်အစိုးရ ဝင်ရောက်လုပ်ဆောင်မှုကြောင့် ယန်းငွေ 5 % ကျဆင်း

( 30 Oct 2011 ရက်စွဲပါ BBC News မှ Japan intervenes in currency markets and Yen weakens 5% ကို ဘာသာ ပြန်သည်)

ဂျပန်အစိုးရသည် စစ်ပြီးခေတ် အမြင့်မားဆုံး ရောက်ခဲ့သော ယန်း( Yen ) ငွေတန်ဖိုး အားနည်းစေရန် ငွေကြေး ဈေးကွက်သို့ ဝင်ရောက် လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်မှုကြောင့် ယန်းငွေသည် 5 % ခန့် အားနည်းသွားခဲ့သည်။ စောစောပိုင်းက အာရှရောင်းဝယ်မှုတွင် အမေရိကန် တစ်ဒေါ်လာတွင် 75.31 ယန်း ရှိနေရာမှ မကြာသေးမီက 79.33 ယန်းသို့ ရောက်ရှိခဲ့သည်။

ယန်းငွေ အားကောင်းမှုကြောင့် ဂျပန်နိုင်ငံ၏ ပို့ကုန်ဦးဆောင်သော စီးပွားရေးကို ထိခိုက်ပြီး၊ နိုင်ငံခြားမှ ဝယ်ယူသူများအတွက် ကုန်ပစ္စည်း ဈေးနှုန်းများ ကြီးမြင့်ခဲ့သည်။

ယန်းငွေ အားကောင်းမှုသည် ဂျပန်နိုင်ငံ၏ စီးပွားရေး အခြေအနေမှန်ကို ထင်ဟပ်ခြင်း မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Jun Azumi က ပြောကြားခဲ့သည်။

နိုင်ငံခြားငွေကြေးလှဲလှယ်မှု ( Forex ) ဈေးကွက်မှ ငွေကြေး ကစားသူများသည် အမေရိကန်နှင့် ဥရောပငွေကြေးများ အားကောင်းလာမည်ကို စိုးရိမ်သောကြောင့် ယန်းငွေ တန်ဖိုးကို သဘာဝမကျသော အဆင့်သို့ တွန်းတင်ခဲ့ ကြသည် ဟု ၎င်းကပြောသည်။

“ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အကယ်၍ နိုင်ငံခြားငွေကြေး လှဲလှယ်မှု( Forex ) ဟာ စီးပွားရေး အခြေခံများနဲ့ အမြတ်အတွက် လုပ်ဆောင်မှုတွေကို မထင်ဟပ်ဘူးဆိုရင် ဂျပန်နိုင်ငံဟာ ခိုင်မာတဲ့ တရားဝင် လုပ်ဆောင်မှု တွေ လုပ်ပါလိမ့်မယ်” ဟု Azumi က တနင်္လာနေ့က ရှင်းပြခဲ့သည်။

ယာယီထောက်ပံ့မှု

ယန်းငွေတန်ဖိုး တက်လာရခြင်း တစ်စိတ်တစ်ပိုင်းမှာ လက်ရှိ တန်ဖိုးကြီး ပိုင်ဆိုင်မှုများ အန္တရာယ်မရှိအောင် စဉ်းစားနေခြင်းကြောင့် ဖြစ်သည်။

ဥရောပတွင် လက်ရှိဖြစ်နေသော ကြွေးမြီပြဿနာများနှင့် အမေရိကန်၏ စီးပွားရေး ကျဆင်းလာမှုတို့ကြောင့် ဒေါ်လာနှင့် ယူရိုငွေကို ပြောင်းလဲရန် ကြိုးစားနေသော ရင်းနှီးမြှုပ်နှံသူများ တိုးလာနေသည်။ ၎င်းတို့သည် ယန်းငွေနှင့် ယန်းနှင့် ဆက်စပ်သော ပိုင်ဆိုင်မှုများကို စတင် ဝယ်ယူနေကြသည်။

ယန်းငွေ အားကောင်းလာမှုကို ကြုံတွေ့လာရခြင်းကြောင့် ဂျပန်အာဏာပိုင်များသည် ငွေကြေးဈေးကွက်သို့ ယခုနှစ် အစောပိုင်းကတည်းက ဝင်ရောက် ကိုင်တွယ်ခဲ့သည်။

မတ်လက ဂျပန်နိုင်ငံသည် G 7 နိုင်ငံ အင်အားစုများနှင့် ပူးပေါင်း၍ ယန်းငွေတန်ဖိုး တက်နေခြင်းကို ရပ်တန့်ရန် ကြိုးစားခဲ့သည် သြဂုတ်လတွင် ဂျပန်အာဏာပိုင်များသည် ဈေးကွက်အတွင်း ယန်းငွေများ ရောင်းချခဲ့သည်။

သို့သော် အဆိုပါ လုပ်ဆောင်မှုများသည် ယန်းငွေအပေါ် အကန့်အသတ်နှင့်သာ သက်ရောက်မှုရှိပြီး၊ တန်ဖိုး တက်မြဲတက်လျက် ရှိသည်။ ထို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းအချို့ အားနည်းစေခဲ့သည်။

နောက်ဆုံး ဝင်ရောက်လုပ်ကိုင်မှုများသည်လည်း ယခင်ရလဒ်သာ ထွက်မည်ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။

“ ဒါတွေဟာ ယာယီပဲ အထောက်အပံ့ဖြစ်မှာပါ။ ယန်းငွေ တက်စေတဲ့ အခြားအချက်တွေက ပြင်ပက ဖြစ်ပါတယ်” ဟု DBS ဘဏ်မှ Philip Wee က BBC သို့ ပြောကြားသည်။

“ အစိုးရရဲ့ ဝင်ရောက်လုပ်ကိုင်မှုဟာ ရုတ်တရက် ပြောင်းလဲမှု မဖြစ်အောင်သာ လုပ်ပေးနိုင်ပြီး၊ ဈေးနှုန်းကျတဲ့ လမ်းကြောင်းကို ပြောင်းမသွား စေနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

                                        ***********************************

ဘန်ကောက်မြို့တွင်းသို့ ရေများ အဆမတန်ဝင်ရောက်လာမှုကြောင့် မြို့ခံပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်

(BBC သတင်းဌာနမှ 27 Oct 2011 ရက်စွဲပါ Bangkok Floods: Thousands flee as waters approach ကို ဘာသာပြန် ဆိုသည်)

နှစ်လနီးပါးခန့် ရေလွှမ်းမိုးမှုများဆက်တိုက်ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်သို့ ရေများ အဆမတန် ဝင်ရောက်လာမှုကြောင့် မြို့နေပြည်သူ ထောင်ပေါင်းများစွာမှာ ဘန်ကောက်မှ ရှောင်ခွာတိမ်းရှောင်ရန် စိုင်းပြင်းနေကြရပြီ ဖြစ်ကြောင်း သိရသည်။

ရေလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးပမ်းသူပြည်သူများကြောင့် ဘန်ကောက်ရှိ ဘတ်စ်ကားများနှင့် မီးရထား ဘူတာရုံများနှင့် လမ်း အတော် များများမှာ ပြွတ်သိပ်ကျပ်ညပ်လျက် ရှိသည်။ ထိုင်းနိုင်ငံ ပြည်နယ်အတော်များများတွင် ဖြစ်ပေါ်နေသော အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ယနေ့အချိန်အထိ လူပေါင်း ၃၆၀ ကျော်ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ယင်း ရေလွှမ်းမိုးမှုမှာ ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာနှင့် ၎င်း၏ အစိုးရအဖွဲ့သစ်အတွက် ဗွေဆော်ဦး စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။ ထိုသို့ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေမှုကို အချိန်မီ ထိန်းချုပ် တားဆီးနိုင်ခြင်း မရှိခဲ့သောကြောင့် ရင်းလတ်ရှင်နာဝပ်ထရာနှင့် အစိုးရအဖွဲ့မှာ ပြစ်တင် ဝေဖန်မှုများခံနေကြရသည်။

"ဒါဟာ အကျပ်အတည်းပြဿနာကြီးတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အခုလို အဆမတန် များပြားလှတဲ့ ရေတွေကို တားဆီး ထိန်းချုပ်ဖို့ ကျွန်မတို့ကကြိုးစားမယ်ဆိုရင် သဘာဝအင်အားကြီးနဲ့ ယှဉ်သလိုဖြစ်ပြီးအောင်မြင်မှာ မဟုတ်ပါဘူး" ဟု ဝန်ကြီးချုပ် မစ္စ ရင်းလတ်က ဆိုသည်။  

ဒါပေမဲ့ ကျွန်မတို့က ရေတွေကို သူ့ဘာသာသူ စီးသွားနိုင်အောင် လွှတ်ထားလိုက်မယ်ဆိုရင် နေရာဒေသ အတော်များများမှာ ရေလွှမ်းမိုးမှုတွေပိုမို ဖြစ်ပေါ်လာမှာဖြစ်ပါတယ်"

ဘန်ကောက်အခြေစိုက် BBC သတင်းထောက် Rachel Harvey ကမူ စိတ်သက်သာရာရရှိစေမည့် အနေအထား မျိုး မရှိတော့ကြောင်း ပြောကြားသည်။

စားနပ်ရိက္ခာ ပြဿနာ

ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်မှစ၍ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွင် လွှမ်းမိုးထားသော ရေများမှာရာသီကြောင့် ဖြစ်သော ဒီရေမြင့်တက်မှုနှင့် ပေါင်းစုံသွားကာ ဘန်ကောက်မြို့နေရာဒေသ အတော်များများသို့ ဝင်ရောက်လာသည်။

ထိုင်းအာဏာပိုင်များက ရေလွှမ်းမိုးမှုဒဏ် ခံစားနေရသော ဘန်ကောက်အပါအဝင် အခြားပြည်နယ်မှ ပြည်သူများ နေရာပြောင်းရွှေ့ နိုင်ရေး အတွက် ရုံးပိတ်ရက် ငါးရက်တိတိသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာသည်။ ထို့ပြင်ဘန်ကောက် မြို့တော်ဝန် Sukhumbhand Paribatra က မြောက်ပိုင်းဒေသရှိ ဒွန်မောင်း၊ ဘန်ဖတ် နှင့် ဆာဝီဝတ်တာနာ မြို့နယ်များမှ ပြည်သူများအား အရေးပေါ်ကယ်တင်ရန် အမိန့်ထုတ်ပြန်သည်။

"အရေးပေါ်ကယ်တင်ရေးဆိုတဲ့ အသုံးအနှုန်းနဲ့ အမိန့်ထုတ်ပြန်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ ခင်ဗျားတို့ ရေးဘေးလွတ်မြောက်ရာ နေရာကို အမြန်ဆုံး ထွက်သွားကြဖို့ ကျွန်တော်အနေနဲ့ ပထမဆုံးအဖြစ် ပြောဆိုခြင်းဖြစ်ပါတယ်" ဟု မစ္စတာ Sukhumbhand ကဆိုသည်။ ဘန်ကောက်မြို့ မိုချစ်(Mo Chit) ဘတ်စကားဂိတ်တွင်မူ ကြီးမားလှသည့် လူအုပ်ကြီးကို တွေ့မြင်ရသည်။ ၎င်းတို့မှာ ဘန်ကောက်မြို့မှ ထွက်သွားရန် ဘတ်စကား စောင့်ဆိုင်း နေကြခြင်းလည်း ဖြစ်သည်။ သတင်းပေးပို့ချက်များအရ ဘန်ကောက်ပြည်သူ အတော်များများမှာ ရေလွှမ်းမိုးမှုမှ ကင်းဝေးသော တောင်ပိုင်းနှင့် အရှေ့ပိုင်း ကမ်းခြေဒေသများသို့ တိမ်းရှောင်ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်များမှာ ပုံမှန် ပြေးဆွဲလျက်ရှိခဲ့သော်လည်း မကြာမီ ကာလအတွင်း ဖျက်သိမ်းဖွယ် ရှိသည်ဟုဆိုသည်။ ဘန်ကောက်ပြည်တွင်း လေဆိပ်တစ်ခုဖြစ်သော ဒွန်မောင်းလေဆိပ်အား ရေဘေးသင့်ဒုက္ခသည်များ ကယ်ဆယ်ရေး ဌာနအဖြစ် ဖွင့်လှစ်ထားသည်။ ယင်းလေဆိပ်မှ လေယာဉ်ပြေးလမ်းများသည်လည်း ရေလွှမ်းမိုးခြင်းခံထားရပြီ ဖြစ်သည်။

ဒွန်မောင်းလေဆိပ်မှ ထိုင်းအစိုးရကယ်ဆယ်ရေးစင်တာက ရေဘေးသင့်ဒုက္ခသည်များကို ထပ်မံရွှေ့ပြောင်းနေရာ ချထားရန် မရှိကြောင်း အာမခံ ပြောကြားသည်။ ဘန်ကောက်မြို့တွင် လူဦးရေ ကိုးသန်းခန့် နေထိုင်လျက်ရှိရာ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ အစရှိသည့် လိုအပ်သည့် အခြေခံ စားနပ်ရိက္ခာများ မလုံလောက်မှုနှင့် ကြုံတွေ့ရမည်ကို မြို့ခံများက စိုးရိမ်လျက် ရှိကြသည်။ သတင်းအချို့အဆိုအရ သောက်ရေသန့်ဗူးများလည်း မြို့နယ်အတော်များများတွင် ပြတ်လပ်စပြုနေပြီ ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ခံအတော်များများက ၎င်းတို့နေအိမ်များနှင့် ဈေးဆိုင်များထဲသို့  ရေဝင်ရောက်မှုမှ ကာကွယ်ရန် သဲအိတ်များဖြင့် ကာရံထားကြ သလို အချို့က အင်္ဂဒေအကာအရံများ ပြုလုပ်ထားကြသည်ဟု AP သတင်းဌာနက ရေးသားဖော်ပြသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဘန်ကောက်သို့ သွားရောက်မည့် ဗြိတိန်နိုင်ငံသားများအတွက် အထူး သတိပေးကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဝန်ကြီးချုပ် မစ္စ ရင်းလတ်ရှင်နာဝပ်ထရာကမူ မြို့တော်ဘန်ကောက်တွင် ရက်သတ္တပတ်တစ်ပတ်မှ နှစ်ပတ် သို့မဟုတ် တစ်လအထိ ရေလွှမ်းမှုများ ရှိနေဦးမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ ယခုကဲ့သို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ရခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ ပုံမှန်မဟုတ်သည့် မုတ်သုန်မိုးများ အဆက်မပြတ်သည်းထန်စွာ ရွာသွန်းခဲ့သောကြောင့်ဖြစ်သည်။

                                        **************************************

                   


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment