Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၂)

  1. အိန္ဒိယနိုင်ငံအတွက် အရှေ့ဘက်ဆီမှ အခွင့်အရေးတစ်ရပ်

(The Diplomat စာစောင်မှ၊ 28 Oct 2011 ရက်စွဲပါ “India’s Burmese Moment” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မြန်မာနိုင်ငံရဲ့ တိမ်မြှုပ်နေတဲ့ သူရဲကောင်းတွေပါ

(IPS သတင်းဌာနမှ၊ 27 Oct 2011 ရက်စွဲပါ၊ Christian Papesch ၏ "Political Prisoners Are Burma's Unsung Heros" ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံ၏ ဗိုလ်ကျရန်စမှုကြောင့် ဒေသတွင်း မလုံခြုံမှု ပူပန်စိတ်များ ထွက်ပေါ်လာ

(The Jakarta Post မှ 1 Nov 2011 ရက်စွဲပါ “China provocation sparks insecurity” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

 

***************************************************************************

ဘာသာပြန်သတင်းများ

အိန္ဒိယနိုင်ငံအတွက် အရှေ့ဘက်ဆီမှ အခွင့်အရေးတစ်ရပ်

(The Diplomat စာစောင်မှ၊ 28 Oct 2011 ရက်စွဲပါ “India’s Burmese Moment” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အား အကောင်းဆုံးနှင့်ဦးသိန်းစိန်၏ မြန်မာအစိုးရအဖွဲ့သစ်သည် ယခင် ဆယ်စုနှစ်များအတွင်း တစ်ကြိမ်တစ်ခါမှ မရှိဖူးခဲ့သော ထူးခြားသည့် ဖြစ်ရပ်ကြီးများကို အချိန်တို အတွင်း လုပ်ဆောင်ခဲ့သည်။ အစိုးရလုပ်ကိုင်ခဲ့သည့် ဖြစ်ရပ်များမှာလည်းလူအများကြိုက် နှစ်သက်စေမည့် သတင်း ဖြစ်စဉ်များပင် ဖြစ်သည်။ ယင်းတို့မှာ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် အပစ်အခတ် ရပ်စဲမှုများ ပြုလုပ်ခြင်း (လက်နက်ကိုင် အုပ်စုအားလုံး မပါဝင်ပေ)၊ မီဒီယာထိန်းချုပ်မှုများကို အတော်အသင့် ဖြေလျှော့ပေးခြင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးကြခြင်း အစရှိသည်တို့ ဖြစ်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက အစိုးရသစ်လက်ထက် ဖြစ်စဉ်များသည် ပထမအဆင့်မျှသာဖြစ်ပြီး ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသား အားလုံး ယခုချက်ချင်း လွှတ်ပေးရမည်ဟု ဖိအားပေး တောင်းဆိုမှုများပြုလုပ်နေသည့်တိုင် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ဦးတည်ချက်လားရာသစ်များက မျိုးဆက်တစ်ဆက် အတွက် ပထမဆုံးအကြိမ်အဖြစ် အားတက်မှုများကို ဖြစ်စေသည်မှာ အမှန်ပင် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ နောက်ထပ်ထူးခြားသော ဆုံးဖြတ်ချက်ကြီးတစ်ခုမှာ တရုတ် ကျောထောက်နောက်ခံ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး အား ရပ်ဆိုင်းလိုက်မှုပင်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို ကြည့်ပါက မြန်မာအစိုးရသည် တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့ပေးသူများ၏ မျက်နှာတစ်ခု တည်းကိုသာ ကြည့်ခြင်းထက် ပြည်သူလူထု၏ ဆန္ဒသဘော ထားကိုလည်း မျက်နှာသာပေးသည်ဟူသော အချက်ကိုလည်း ဖော်ကျူးပြသလိုက်ရာ ရောက်သည်။ သို့သော် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်မတိုင်မီ ရက်အနည်းငယ်အလိုတွင် ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်အချိန် ကိုက်ထွက် ပေါ်လာမှုမှာ ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်မှုတစ်ရပ်ဟုပင် ဆိုရမည်။ တစ်နည်းဆိုပါက မြန်မာသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာ အခွင့်အလမ်း တစ်ရပ်ကို ယနေ့အချိန်အထိ ကိုယ်စားပြုဆဲဖြစ်ကြောင်း ယင်းကြေညာ ချက်က ရှင်းလင်းစွာ အချက်ပြလိုက်မှုပင်ဖြစ်သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား တိုးတက်လာသော ကုန်သွယ်ရေးကိစ္စအပြင် သမ္မတဦးသိန်းစိန်အတွက် အလိုရှိနေသည့်အရာမှာ ဘယ်အရာ ဖြစ်နိုင်သနည်းဟု မေးစရာဖြစ်လာသည်။ အဖြေမှာအခြားမဟုတ်ပါ။ မြန်မာနိုင်ငံအပေါ် အနောက်၏ ပိတ်ဆို့အရေးယူမှုများဖယ်ရှားလာရေးအတွက် အိန္ဒိယ နိုင်ငံက ကြားဝင် ဆော်သြပေးရန်သာဖြစ်သည်။ ကွန်မြူနစ်အာဏာရှင် တရုတ်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အနောက်ကို ဖျောင်းဖျ ပြောဆိုခြင်းထက် ဒီမို ကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယနိုင်ငံက ကြားခံပြောဆိုပေးခြင်းက ပို၍သင့်တော်မည်မဟုတ်ပါလော။ အိန္ဒိယကလည်း အဆိုပါ ကိစ္စကို လွှဲပြောင်းကူညီ ဆောင်ရွက်ပေးမည့်သဘောမျိုးတွေ့ရသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ Vishnu Prakash က အဓိက ဦးတည်ချက်များအပေါ် ထိရောက်မှုမရှိသည့် ပိတ်ဆို့အရေးယူမှုများကို အိန္ဒိယနိုင်ငံက စိတ်တိုင်းမကျဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယခုအချိန်မှစပြီးမြန်မာနိုင်ငံအပေါ်လိုလားမှုများကို ယခင်ကထက် အသံကျယ်လောင်စွာ ပြောဆိုလာပြီး ပိတ်ဆို့ အရေးယူ မှုများသည် ကျိုးကြောင်းဆီလျော်မှုမရှိသလို တရားမျှတမှုလည်း မရှိဟူသောအချက်ကို အနောက်နိုင်ငံများအား စတင်ပြောဆိုလာမည်ဟု မျှော်လင့်ရသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ဖြင့်လည်း အိန္ဒိယနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့် စိတ်ဆန္ဒများ ပြည့်ဝလာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၊ အနောက်ဘက်ဒေသရှိ စစ်တွေတွင် ရေနက်ဆိပ်ကမ်းသစ် စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး လာမည့် ၂၀၁၃ ခုနှစ်တွင် ယင်းစီမံကိန်းပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန် လာရောက်လည်ပတ်မှု မပြုမီ ရက်ပိုင်း အလိုတွင် ဗီယက်နမ်နိုင်ငံသမ္မတ လာရောက်လာမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံရေးသမားများနှင့် အကဲခတ်လေ့လာသူများက “အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အိန္ဒိယအရှေ့မျှော်ပေါ်လစီ အသက်ဝင်လာပြီ” ဟု သုံးသပ်ပြောဆိုကာ များစွာကြိုဆိုခဲ့ကြသည်။ အိန္ဒိယမှ နာမည်ကျော် The Hindustan Times သတင်းစာကမူ “မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းသည့် အိန္ဒိယအစိုးရ၏ မူဝါဒသည် အကျိုးအမြတ် ဖြစ်ထွန်းမှုတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်လျက်ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကျေးဇူးကြောင့် အိန္ဒိယအနေဖြင့် အနာဂတ်ကာလ မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင် နိုင်ငံရေးအရ တုံ့ဆိုင်းနေစရာ လို အပ်တော့မည်မဟုတ်ပေ” ဟု ရေးသားဖော်ပြသည်။

သို့သော် အန္တရာယ်များစေနိုင်သည့် အရေးကိစ္စတစ်ရပ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အခွင့်အရေးကိုအိန္ဒိယက အမိအရဖမ်းဆုပ်ရန် ဆန္ဒရှိနေခြင်းပင် ဖြစ်သည်။ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံတွင်း အခင်းအကျင်းများ နှင့် ဖြစ်ရပ်များကို အသေးစိတ် ရှုမြင်နိုင်အောင် ကြိုးစားခြင်းထက် ကနဦးလုပ်ဆောင်ထားသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအတွက် မြန်မာ အစိုးရကို အစောတလျင် ချီးမြှင့်မြှောက်စားမှုများ ပြုလုပ်မည့်သဘောတွင်ရှိသည်။ သို့သော် ယင်းသို့သော စိုးရိမ်ပူပန်မှုများအတွက် အိန္ဒိယအစိုးရ အနေဖြင့် လုပ်ဆောင်လာနိုင်ခြေရှိသော ကိစ္စတစ်ရပ်ရှိသည်။ ယင်းမှာ နေပြည်တော်အစိုးရက အကောင်အထည်ဖော်နေသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်လေ့လာသူနှင့် အကြံဉာဏ်ပေးသူအဖြစ် ဝင်ရောက် လုပ်ကိုင်ရေးပင်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း BBC ကထုတ်လွှင့်သော Lectures အစီအစဉ်၌ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး၊ အိန္ဒိယသည် မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိညီငယ်နှင့် ညီမငယ်များသဖွယ် ဖြစ်သော ဒီမိုကရေစီနိုင်ငံငယ်များကို စွန့်ပစ်ထားသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်ကို တွေ့ရသည်။ ယခုဆိုလျှင် အိန္ဒိယအနေဖြင့် နှစ်နိုင်ငံစလုံး အကျိုးအမြတ် ဖြစ်ထွန်းစေမည့် နည်းလမ်း သစ်များကို ပြင်ဆင် ကျင့်သုံးနိုင်မည့် အခွင့်အလမ်း ရရှိနေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Shyam Saran ထောက်ပြပြောဆိုသည့်အတိုင်းပင် “မြန်မာအစိုးရနှင့်ဒေါ်အောင်ဆန်း စုကြည်အကြား ဆက်ဆံရေး ပြောင်းလဲမှုသည် အိန္ဒိယအတွက် မြန်မာနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် တံခါးဖွင့်ပေးလိုက်သလိုဖြစ်စေသလို ဒီမိုကရေစီနိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်ပြည်သူများ နိုင်ငံရေးတွင် နေရာပိုမိုရရှိစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်” ဟုပင် ဆိုရမည်။ မြန်မာသမ္မတ ဦးသိန်းစိန်အတွက်မူ ယခုဖြစ်ရပ်သည် အိန္ဒိယနှင့် အနီးကပ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမှ မမျှော်မှန်းထား သည့် အကျိုးဆက်တစ်ခု ဖြစ်ဖွယ်ရှိသည်။ မြန်မာဒီမိုကရေစီ အင်အားစုများနှင့်သာမက မိမိ၏ နေပြည်တော် အစိုးရအတွက်ပါ အိန္ဒိယနှင့် ချိတ်ဆက် လုပ်ကိုင်မှုများ ပိုမိုမြှင့်တင်ပေးလိုက်ရာ ရောက်သည်။ သို့သော် အကယ်၍ ဦးသိန်းစိန်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် တိကျပြတ်သားမှုရှိပြီး အကျိုးအမြတ် ဖြစ်ထွန်းနိုင်သည့် အနေအထားများ ပါဝင်သည်ဆိုပါက အိန္ဒိယနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အားပေး အားမြှောက်ပြုမှုတို့ကို မြန်မာအနေဖြင့် ကောင်းမွန်စွာ အသုံးချနိုင်မည် ဖြစ်သည်။

ဆိုပါက လက်ရှိအချိန်ကာလသည် တရုတ်နိုင်ငံက အရှေ့တောင်အာရှဒေသနှင့် ယုံကြည်စိတ်ချမှုဆိုင်ရာ အကျပ်အတည်း ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်ရာ အိန္ဒိယအနေဖြင့် နိုင်ငံတကာရှေ့မှောက်တွင် မြန်မာ့အရေး ကိစ္စအတွက် ရပ်တည် ကာကွယ်ပေးသူတစ်ဦး ဖြစ်အောင် လုပ်ဆောင်ပြီး ဒေသတွင်း ခေါင်းဆောင်မှု စွမ်းရည်အချို့ ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးများရှိနေပြီဟု ဆိုရပေမည်။သို့သော် မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ ထောက်ပံ့မှုသည်စစ်မှန်ပြီး ဆက်လက်ဖြစ်ထွန်းမှုရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပေါ်တွင် မူတည်သည်ဟူသော တိကျပြတ်သားသည့် စည်းမျဉ်း စည်းကမ်းများ အကြိုသတ်မှတ်ထားရန် မဖြစ်မနေလိုအပ်ပါလိမ့်မည်။

                              ***************************************************************************

နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မြန်မာနိုင်ငံရဲ့ တိမ်မြုပ်နေတဲ့ သူရဲကောင်းတွေပါ

(IPS သတင်းဌာနမှ၊ 27 Oct 2011 ရက်စွဲပါ၊ Christian Papesch ၏ "Political Prisoners Are Burma's Unsung Heros" ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကျဉ်းသား ၆၃၅၉ ဦးအား လွှတ်ပေးမည်ဟု ကြေညာခဲ့ခြင်းသည် စံချိန်စံနှုန်း ပြည့်မီမှု မရှိသည့် လူ့အခွင့်အရေး မှတ်တမ်းတစ်ခုကို ဖော်ကျူးလိုက်နိုင်သည်။ သို့သော်ခန့်မှန်းခြေ ၅၀၀ မှ ၂၀၀၀ အထိရှိသော နိုင်ငံရေး အကျဉ်းသားများ ဦးရေထဲမှ မည်၍မည်မျှ လွတ်မြောက်ခွင့်ရရှိမည်ဟူသော ကိစ္စမှာ မသေချာ မရေရာဖြစ်နေဆဲပင်။ယင်းကြေညာချက်ထွက်ပေါ်လာပြီး

နောက်တစ်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟု နာမည်ပြောင်းလဲထားသည့် မြန်မာနိုင်ငံအစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်အား ဗွေဆော်ဦး လွှတ်ပေးလိုက်သည်။ ယင်းနိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်တွင် အစိုးရဝေဖန်ရေးသမားနှင့် စွယ်စုံရ ဟာသအနုပညာရှင် ဇာဂနာ ခေါ် ဦးသူရလည်းပါဝင်လာသည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသသို့ ကျရောက်ခဲ့သော နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သူ ဒုက္ခသည်ပေါင်းများစွာကို ကယ်ဆယ်ရေး လုပ်ရပ်များနှင့် ပတ်သက်၍ ထိုစဉ်က စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် ၅ လခန့်အကြာတွင် ၎င်းကိုအစိုးရက ပြည်သူများအတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

နိုင်ငံတကာမှ တက်ကြွစွာလှုပ်ရှားသူများနှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) တို့က မြန်မာအစိုးရ၏ ကနဦးအကျဉ်းသားများ လွှတ်ပေးမှုအပေါ် ယေဘုယျအားဖြင့် အသိအမှတ်ပြု ကြိုဆိုခဲ့ကြသည့်တိုင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ဝေဖန်မှုများကား ဆက်လက်ထွက် ပေါ်နေဆဲပင် ဖြစ်သည်။

"လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီနဲ့ သူတို့ရဲ့ မိသားစုတွေအတွက်တော့ အခုလို လွှတ်ပေးလိုက်မှုဟာ အပြုသဘောဆောင်တဲ့ အဆင့်တစ်ခုလို့ ပြောရမှာပါ။ ဒါပေမဲ့ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြောမယ်ဆိုရင်တော့ အစိုးရအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပါတယ်" ဟု HRW အဖွဲ့၏ အာရှရေးရာ ဒုတိယဒါရိုက်တာ Elaine Pearson က IPS သတင်းဌာနသို့ပြောကြားသည်။

"တကယ်တမ်းပြောကြစတမ်းဆိုရင် ဒါဟာ အင်မတန်သေးငယ်တဲ့အဆင့်တစ်ခုပါပဲ။ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ စစ်တပ်အတွက် နိုင်ငံရေးကစားဖို့ ဓားစားခံတွေ မဟုတ်သလို အလျှော့အတင်းလုပ်ဖို့ အလေးပြားတွေလည်း မဟုတ်ပါဘူး။ သူတို့အားလုံးဟာ မတရား အကျဉ်းချ ခံခဲ့ကြရတာပါ"

ဘန်ကောက်အခြေစိုက် အမေရိကန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးရေးသမားတစ်ဦးဖြစ်သော Jeanne Marie Hallacy တင်ဆက်သည့် "Into the Current" အမည်ရ မှတ်တမ်းတင်ဇာတ်လမ်းတွင် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေး စနစ်လက်အောက်သို့ရောက်ရှိခဲ့သော မြန်မာ နိုင်ငံတွင်းမှ အဆိုပါ နိုင်ငံရေးအကျဉ်းသားအချို့၏ ဘဝအကြောင်းကို သရုပ်ဖော်ထားသလို နိုင်ငံရေးနှင့် လူမှုရေး အခြေအနေအရပ်ရပ်ကိုလည်း ဖော်ကျူးထားသည်။

"ဒီဇာတ်ကားရဲ့ အဓိကစိန်ခေါ်မှုကတော့ ကျွန်မတို့မှတ်မိသမျှအတွေ့အကြုံတွေအပေါ် အမှီပြုရမယ်ဆိုတာ ကျွန်မတို့ သိထားတယ်ဆိုတဲ့ အချက် ပါပဲ" ဟု Jeanne Marie Hallacy က IPS နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

"အကျဉ်းချခံရတဲ့ သူတွေထောင်ထဲမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အင်မတန်နက်နက်နဲတဲ့ စိတ်ခံစားချက်နဲ့ စိတ်လှုပ်ရှားမှုမျိုးတွေ ပြန်လည် ဖြစ်ပေါ် စေလာမယ့် နည်းလမ်းရှာရတာဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့ တကယ်ကြုံတွေ့ခဲ့ရတာကို လက်တွေ့ကျကျ မျက်မြင် တွေ့ရတာမျိုး မပါဘဲလုပ်ရတာမို့ပါ" ဟု သူမက ရှင်းပြသည်။ သို့သော် ယခုလို လက်တွေ့မျက်မြင် အတွေ့အကြုံများ နည်းပါးစွာဖြင့် ရိုက်ကူးခဲ့မှုကပင် Into the Current ဇာတ်လမ်း၌ ဖိနှိပ်ချုပ်ခြယ်သော၊ ထိတ်လန့်စရာကောင်းသော သဘောသဘာဝများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းဇာတ်ကားကို နိုင်ငံရေး အကျဉ်းသားဟောင်းများ ထုတ်ပြန်သော ကြေညာချက်အပေါ်မူတည်၍ရိုက်ကူးခဲ့ရာ ဖိနှိပ်ချုပ်ခြယ်သော စစ်အစိုးရ၏ နိုင်ငံရေး အကြမ်းဖက်မှုမှာ ပေါ်လွင် လှသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေးအကျဉ်းသားများအနက် ကိုသက်မှူး ဆိုသူလည်း ပါဝင်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABFSU) ၌ အဖွဲ့ဝင် ဖြစ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အဆိုပါ ABFSU သည် ၁၉၈၈ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

"ထောင်ထဲမှာတုန်းက ကျွန်တော်တို့ရဲ့အနာဂတ် ဘာဖြစ်လာမလဲဆိုတာမသိကြဘူး။ ကျွန်တော်လည်း ဒီထောင်ထဲကနေ အသေထွက် ရမလား၊ အရှင်ထွက်ခွင့် ရမလား ဆိုတာမသိဘူး" ဟု ကိုသက်မူးက၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ နိုင်ငံရေး အကျဉ်းသားအများစုအတွက် တစ်နေ့လျှင် ရုပ်ပိုင်း ဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြစ်ဒဏ်ပေးရန် ထောင်တွင်းအမိန့်ထုတ်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ဒါရိုက်တာJeanne Marie ၏ Into the Current အတွက် မြန်မာနိုင်ငံတွင်းမှ ကူညီပံ့ပိုးပေးခဲ့ကြသော သတင်းစာဆရာများသည်လည်း ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် နေ့စဉ် ကြုံတွေ့ခဲ့ကြရသည်။

"သတင်းစာဆရာတွေနဲ့ မီဒီယာတွေအတွက် မြန်မာနိုင်ငံထဲမှာ ရပ်တည်လုပ်ကိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ" ဟု ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့သော ဒါရိုက်တာ Jeanne Marie ကဆိုသည်။ "သတင်းတစ်ပုဒ်ရေးမိတဲ့အတွက် ထောင်ဒဏ် ၆၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာသတင်းစာဆရာတွေ ရှိပါတယ်။ နောက်ပြီး အဲဒီလို အဖမ်းခံလိုက်ရတဲ့ သတင်းစာဆရာတွေ အပေါ် ညှဉ်းပန်းနှိပ်စက်တဲ့ သတင်းတွေလည်း ကျွန်မတို့ ရထားပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် မြေအောက်သတင်းကွန်ယက်အဖွဲ့တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိဖို့  ညှဉ်းပန်းနှိပ်စက်ခံကြရတာပါ"

အဆိုပါ အကြောင်းတရားကြောင့် Jeanne Marie ၏ Into the Current ဇာတ်လမ်းတွင်  ၁၉၉၀ ပြည်နှစ်အတွင်း သူမရိုက်ကူးခဲ့သော ပုံရိပ်များကို အများဆုံး အသုံးပြုထားရသည်။ မျက်မှောက်ခေတ်နှင့် ပတ်သက်သော မြင်ကွင်းများကိုမူ လျှို့ဝှက်စွာရိုက်ကူး ရယူထားသော မှတ်တမ်းများ၊ ပုဂ္ဂိုလ်ရေး ကြေညာချက်များ၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ စာများနှင့် ဖမ်းဆီးအကျဉ်းချခံခဲ့ဖူးသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်တိုင်သီဆိုထားသော သီချင်းများကို ထည့်သွင်းထားသည်။ "လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေကို လူတွေကပြန်ပြောပြတဲ့ ပုံစံမျိုးတွေ ပါတယ်။ ဖခင် သို့မဟုတ် မိခင် ဖြစ်သူတွေ၊ သိုမဟုတ် ညီအကို မောင်နှတွေ ဖမ်းဆီးထောင်ချခံထားရသူတွေပါပဲ"

"တကယ်တော့ ကိန်းဂဏန်းတွေကြောင့် အူကြောင်ကြောင်ဖြစ်နေရတာပါ" ဟု သူမက အသေးစိတ်ရှင်းပြရန် အစချီလိုက်သည်။ "တကယ်လို့ ရှင်တို့အနေနဲ့ စာရင်းဇယားပေါ်က ကိန်းဂဏန်းတွေကို ကိုးကားပြီး ပြောနေကြမယ်ဆိုရင် အများစုအတွက် ဘာမှအဓိပ္ပာယ်မရှိပါဘူး။ တကယ်လို့ ရှင်တို့ အနေနဲ့ သူရဲကောင်းတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်နဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိအပေါ် အလေးအနက် အာရုံစိုက်ကြဖို့ကြိုးစားမယ်ဆိုရင် ကျန်တဲ့သူ အားလုံးကို ကိုယ်စားပြုပြော ဆိုရာ ရောက်ပါတယ်" ဟု သူမကဆိုသည်။

Into the Current ဇာတ်ကားတွင် ပါဝင်သော မြန်မာနှင့်ပတ်သက်သည့် အခန်းတော်တော်များများမှာ အနုတ်လက္ခဏာဆောင်သည်ကို တွေ့ရသည်။ သို့သော်ဇာတ်ကားတစ်ကားလုံး အဆိုးမြင်သည့်သဘောမျိုး အပြည့်အဝ လွှမ်းခြုံထားခြင်းတော့ မရှိပေ။ နောက်ဆုံးခန်းတွင် ဇာတ်ဆောင် ဘိုကြည် (ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း၊ လက်ရှိထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်နေသူ) အနေဖြင့် သူ၏ဇနီးနှင့် သမီးဖြစ်သူတို့နှင့် ပြန်လည် ဆုံဆည်းခွင့် ရရှိပုံကို ရိုက်ကူးထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများအနေဖြင့် ပုံမှန်ဘဝမျိုး ပြန်လည်မရရှိသေးသည့်တိုင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲနောက်ပိုင်း ကောင်းမွန်သောအနာဂတ်တစ်ခု ထွက်ပေါ် လာနိုင်ခြေရှိ သည်ဟူသော မျှော်လင့်ချက်မျိုးတော့ ရှိနေပြီဖြစ်သည်။

"အစိုးရသစ်ရဲ့ ပြဿနာက သူရဲ့ဗျူရိုကရေစီယန္တရားက အင်မတန်နှေးကွေးလေးလံပြီး အရည်အသွေး မရှိသေးတာပါပဲ။ သူတို့ ပြောင်းလဲလာမယ့် အချိန်ကို ကျွန်တော်တို့စောင့်နေကြပါတယ်။ တကယ်လို့ သူတို့ပြောင်းလဲပြီဆိုရင် ကျွန်တော်တို့အားလုံး မြန်မာပြည် ပြန်သွားချင်ကြမှာပါပဲ" ဟု ကိုသက်မှူးက ရှင်းပြသည်။

မစ္စ Elanie Pearson ကမူ အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးအဆင့်ရှိသော မြန်မာနိုင်ငံအနေဖြင့် ခရီးရှည်ကြီးနှင်ရဦးမည်ဟု ရှုမြင်သည်။ "ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အဆိုးရွားဆုံး အခြေအနေမှာရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ လက်ရှိ အစိုးရသစ် အနေနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် ကြိုးစား လုပ်ကိုင်နေတာမျိုး ကျွန်မတို့မတွေ့ရသေးပါဘူး" ဟု သူမက ဆိုသည်။

Into the Current တွင် ထပ်လဲလဲရည်ညွှန်းဖော်ပြထားသည့် ဇာတ်သရုပ်လည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရိုးရှင်းဆုံးသော မျှော်လင့်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ "ဇာတ်လမ်းထဲမှာ အဓိကပေးထားတဲ့ Message ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံတွေရဲ့လမ်းစဉ်က အကြမ်းမဖက်သော လမ်းစဉ် ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ" ဟု ဒါရိုက်တာ Jeanne Marie ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ကြိမ်တစ်ခါမှ ထောင်သွင်းအကျဉ်းချမခံခဲ့ဖူးသော်လည်း နှစ်ပေါင်း ၂၁ နှစ်တွင် ၁၅ နှစ်တာကြာမျှ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ယင်းကိစ္စသည်ပင် နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာလူမျိုးအများစုအကြား ဖိနှိပ် ချုပ်ခြယ်မှုများကို တွန်းလှန်သော အတိုက်အခံအင်အားစု၏ ပြယုဂ်တစ်ခု ဖြစ်စေခဲ့သည်။

"နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကို လွတ်မြောက်ခွင့်ပေးလိုက်တာကို ကျွန်မတို့ တွေ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၁၈၀၀ ကျော် လွတ်မြောက်ဖို့ ကျန်နေပါသေးတယ်။ အဲဒီလို ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို ဝေဖန်ပြစ်တင်မိလို့၊ အငြင်းပွားစရာ ဆောင်းပါးတွေ ရေးသားမိလို့၊ ဆန္ဒပြမှုတွေမှာပါဝင်မိလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ သူတို့တတွေဟာ ထောင်ထဲမှာ ရှိမနေသင့်ပါဘူး။ သူတို့တွေဟာ မြန်မာလူ့အဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက် ခွင့်ရရှိသင့်တဲ့သူတွေပါ" ဟု မစ္စ Elanie Pearson က နိဂုံးချုပ်ပြောဆိုသည်။

                                        *************************************************************************************

တရုတ်နိုင်ငံ၏ ဗိုလ်ကျရန်စမှုကြောင့် ဒေသတွင်း မလုံခြုံမှု ပူပန်စိတ်များ ထွက်ပေါ်လာ

(The Jakarta Post မှ 1 Nov 2011 ရက်စွဲပါ “China provocation sparks insecurity” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ယခင်အပတ်က တရုတ်နိုင်ငံပိုင် မီဒီယာလက်စွဲသတင်းစာ တစ်စောင်တွင် “တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုနှင့် ပတ်သက်နေသော နိုင်ငံများအနေဖြင့် ဘီဂျင်းကို ပြင်းပြင်းထန်ထန် ဆက်လက်ဆန့်ကျင်နေမည်ဆိုပါက အမြောက်သံများကို နားထောင်ရန် စိတ်ကို ပြင်ဆင်ထားသင့်ကြောင်း” ရေးသားထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ခြောက်လုံးလှန့်လုံးကြောင့် ဒေသတွင်းနိုင်ငံများက အံ့အားသင့်သွားကြသည့် အပြင် ဒေသတွင်းလုံခြုံမှုကို တရုတ်နိုင်ငံက ခြိမ်းခြောက်နေသည် ပာူသော စိုးရိမ်မှုများကို အခိုင်အမာ ဖြစ်ပေါ်စေခဲ့သည်။

တရုတ်နိုင်ငံပိုင် မီဒီယာလက်စွဲ Global Times ၏ အယ်ဒီတာအာဘော်တွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများသည် တရုတ်နိုင်ငံ၏ သံတမန်ရေး သဘောကောင်းမှုကို အခွင့်ကောင်းယူကာ သူတို့ စိတ်ကြိုက်ဆောင်ရွက်ရန် လုပ်ဆောင်နေကြသည်ပာု စွပ်စွဲရေးသားထားသည်။ အကယ်၍ ယင်းနိုင်ငံများသည် ဘီဂျင်းနှင့် ဆက်ဆံမှုကို ပြောင်းလဲလိုခြင်း မရှိပါက အမြောက်သံကိုသာ နားထောင်ရန် စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မည်။ ပင်လယ်ပြင် ပြဿနာကို ဖြေရှင်းရန် ဤနည်းသာ ရှိသည့်အလျှောက် မိမိတို့ တရုတ်နိုင်ငံအနေဖြင့် ထိုကိစ္စအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ် သည်ပာု ပြောင်ပြောင်တင်းတင်း သတိပေးထားသည်။

တရုတ်နိုင်ငံက ယင်းကဲ့သို့ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြင့် ဒေသတွင်း ပဋိပက္ခအသစ်တစ်ခုအတွက် ကြိုတင်ပြင်ဆင် နေသလား ဆိုသည်ကို University of Indonesia မှ ပာာရာယာဒီဗီရာဝန်က မေးခွန်းထုတ်ထားသည်။ အကြောင်းရင်းမှာ ထိုင်ဝမ်နိုင်ငံက ကျွန်းပေါ်အနှံ့အပြားဒုံးကျည်များ ဖြန့်ချထားခြင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ မပာာမိတ်ဖွဲ့ခြင်း စသော နောက်ဆုံးသတင်းများကြောင့် အနောက်သြဇာလွှမ်းသော နိုင်ငံများ တရုတ်နိုင်ငံကို ဝိုင်းပတ်ထားသည်ပာု တရုတ်တို့ ခံစားနေရသောကြောင့် ဖြစ်ကြောင်း ပာာရာယာဒီက ပြောကြားသည်။

အင်ဒိုနီးရှားအနေဖြင့် တရုတ်နိုင်ငံသို့ ကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ ယင်းကြေညာချက်ကို ရှင်းလင်းချက်ပေးရန် တောင်းဆိုခြင်းတို့ဖြင့် ကြားဝင် စေ့စပ်မှု ကဏ္ဍကို ယူသင့်ကြောင်း ပာာရာယာဒီက တိုက်တွန်းထားပါသည်။

အင်ဒိုနီးရှားနိုင်ငံပာာ ဒီကိစ္စမှာ အပြန်အလှန် ဒိုင်ယာလော့ ပေါင်းကူး တည်ဆောက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဘီဂျင်း၊ မော်စကို၊ ဝါရှင်တန်တို့ကို ကိုယ်စားလှယ်တွေ စေလွှတ်သင့်ပါတယ်ပာု ယင်းက ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံမှာ အင်ဒိုနီးရှားလုပ်ခဲ့တဲ့ ပုံစံကိုပဲ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံကိစ္စတွေမှာ အသုံးချလို့ ရပါတယ်။ ကြေညာချက်တွေ ထုတ်ပြနေရုံနဲ့ မရပါဘူး။ ဒိုင်ယာလော့က ပိုပြီး အရေးကြီးပါတယ် ပာု ယင်းကဆိုသည်။

ပင်လယ်ပြင် ဥပဒေကျွမ်းကျင်သူ ပာပ်ဝဂျင်ဂျာလာက ယခုကဲ့သို့ ခြိမ်းခြောက်မှု ရှိလာမည်ပာု မျှော်လင့် မထားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒေသတွင်း မတည်ငြိမ်မှုနှင့် မလိုလားအပ်သော ဆိုးကျိုးများကိုသာ သက်ရောက် ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းက ဆက်လက်၍ “တရုတ်တို့၏ နောက်ဆုံးပိတ် ခြိမ်းခြောက်မှုမှန်သမျှသည် လှန့်လုံးများသာဖြစ်ကြောင်း၊ အကြောင်းမှာ ထိပ်တန်းအဆင့် ခေါင်းဆောင်များအကြား ဆက်သွယ်မှု ရှိနေဆဲဖြစ်ကြောင်း၊ ယခု ခြိမ်းခြောက်မှုသည် ထိပ်တန်းခေါင်းဆောင်များနှင့် မဆိုင်ပဲ သဘောထားတင်းသော အမျိုးသားရေး အစွန်းရောက်များထံမှ ထွက်ပေါ်လာ ပုံရကြောင်း၊ သို့သော် တောင်တရုတ်ပင်လယ်ပြင် ကိစ္စကို ဒေသတွင်းဖြစ်နိုင်ခြေ ပဋိပက္ခတစ်ခုပာု အသိအမှတ်ပြုကြောင်း၊ သို့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်စိတ်ချမှု တိုးတက်ဖြစ်ပေါ်စေမည့် တက်တက်ကြွကြွ ကြိုးစား နေ ကြောင်း၊ ထွက်ပေါ်လာမည့် တောင်တရုတ်ပင်လယ်ပြင် ကြေညာစာတမ်းပါ လမ်းညွှန်ချက်များကို သက်ဆိုင်ရာ နိုင်ငံများ အားလုံးက လေးစား လိုက်နာကြလိမ့်မည် ပာု မိမိမျှော်လင့်ကြောင်း” ရှင်းလင်းပြောဆိုသည်။

တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်ပြဿနာတွင် တရုတ်နှင့် အငြင်းပွားနေသော နိုင်ငံများအနက်မှ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်  ၄ နိုင်ငံမှာ အာဆီယံအဖွဲ့ဝင်များဖြစ်သည်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ် နိုင်ငံက ယင်းကိစ္စအပေါ် နှစ်နိုင်ငံခြားသာ ဆွေးနွေးလိုသော ဆန္ဒရှိပြီး အမေရိကန်ပြည်ထောင်စုကဲ့သို့သော မဆိုင်သည့် နိုင်ငံများပါဝင်နေခြင်းကို ပယ်ချထားသည်။ သယံဇာတ ကြွယ်ဝသည့် အလားအလာရှိသော စပရက်တလေကျွန်းများနှင့် ပတ်သက်၍ အငြင်းပွားမှုကိုဖြေရှင်းရန် ကြိုးစားရာတွင် ဒေသတွင်းနိုင်ငံများ ပတ်သက်သည့် စနစ်တစ်ခုကို အခြား ၄ နိုင်ငံ (အာဆီယံအဖွဲ့ဝင်များ) က ရွေးချယ်ထားကြသည်။

ယင်းဒေသတွင်း စနစ်ပုံစံကို တရုတ်ဆန့်ကျင်ရေး မပာာမိတ်တပ်ဦးတစ်ခုအဖြစ် ဘီဂျင်းက ရှုမြင်နေပုံရသည်ပာု University of Indonesia မှ မတ်ခ်မာကီလီယက်က ပြောကြားသည်။ အကယ်၍ တရုတ်နိုင်ငံက ၎င်း၏ ရပိုင်ခွင့်ကို အထောက်အကူပြုမည့် အထောက်အထား လုံလောက်သည်ပာု ယူဆပါက ၎င်း၏ အိမ်နီးခြင်းများကို တစ်နိုင်ငံခြင်း ရင် ဆိုင်ရေးကိစ္စကို ၂ ဆပို၍ စဉ်းစားလာဖွယ်ရှိသည်ပာု မတ်စ်မာက ဆိုသည်။

တရုတ်နိုင်ငံသည် စီးပွားရေးလျင်မြန်စွာ ကြီးထွားလာခြင်းကြောင့် ၎င်း၏ စစ်တပ်ကိုလည်း အင်အားကြီးအောင် တည်ဆောက်ရန် လိုအပ်လာခဲ့ သည်။ သို့သော် ယင်းသို့ စစ်ရေးတိုးချဲ့မှုကို ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ရန် လိုအပ်နေသည်။ “တရုတ်နိုင်ငံ စစ်ရေးတိုးချဲ့ဖို့ လိုတယ်ဆိုတဲ့ အမှန်တရားကို ကျွန်တော်တို့လက်သင့်ခံပါတယ်။ ဒါပေမယ့် ဒီကိစ္စ၊ ဒီနေရာမှာတော့ သူတို့ရဲ့ စစ်ရေးစွမ်းရည်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်” ပာု မတ်ခ်မာက မှတ်ချက်ပေးသည်။

အိမ်နီးခြင်းနိုင်ငံများနှင့် ပို၍ အလိုက်တသင့် ဆက်ဆံအောင် တရုတ်ကို တိုက်တွန်းမည့် ကဏ္ဍကို အင်ဒိုနီးရှားက တာဝန်ယူမည်ပာု (PDI-P) ပါတီမှ လွှတ်တော်အမတ် ဘူဒီမန်က ပြောကြားသည်။ တရုတ်နိုင်ငံအနေနဲ့ ဒီဒေသ(အာဆီယံ) နဲ့ ဆက်ဆံရာမှာ သူ့ရဲ့ သြဇာလွှမ်းဖို့ နည်းလမ်းတွေ ဒါမှမပာုတ် အမေရိကန်သြဇာကို ဖယ်ရှားဖို့ နည်းလမ်းတွေကို အသုံး မပြုဖို့ အင်ဒိုနီးရှားက တိုက်တွန်းရမှာပါ ပာု ယင်းကဆိုသည်။

*************************************************************************************

                 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment