Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၆.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အား စည်းစနစ်ရှိစွာ ပြုလုပ်မည်
  2. သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားနေခြင်းဟု ဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီ မှတ်ပုံတင်ရေးအတွက် အင်္ဂါနေ့တွင် CEC အစည်းအဝေးထိုင်မည်
  2. လွတ်လပ်ခြင်း တစ်နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ လုပ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အား စည်းစနစ်ရှိစွာ ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်မည့် လွတ်လပ်ခြင်း၏အနုပညာ ရုပ်ရှင်ပွဲတော်အား စည်းစနစ်တကျ ပြုလုပ်သွားမည် ဖြစ်ကြောင်း စီစဉ်သူ ရုပ်ရှင်ဒါရိုက်တာ ဇာဂနာက ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က မြန်မာ့ရုပ်ရှပ် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုးနှင့် ဦးဇာဂနာတို့ ရုပ်ရှင်ပွဲတော်တွင် ပြသ မည့် ဇာတ်ကားများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့သည်။

“သတင်းဂျာနယ်တွေမှာတောင် စိစစ်ရေးရှိတာ၊ ကျွန်တော်တို့မှာလည်း စည်းနဲ့ကမ်းနဲ့ လုပ်ရမယ့် အပိုင်းတွေ ရှိပါတယ်”ဟု ဦးဇာဂနာက ရုပ်ရှင်ပွဲတော်ကျင်းပရန် စီစဉ်နေမှုနှင့် ပတ်သက်၍ ဆိုသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပက်သက်၍ စည်းစနစ် တကျပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထား ကြောင်း ဦးဇာဂနာက ဆက်လက် ပြောကြားသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီလ ၁ရက်နေ့မှ ၄ ရက်နေ့အထိ ပြည်လမ်းရှိ တော်ဝင် စင်တာတွင် ပြသမည်ဖြစ်ပြီး၊ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်နှင့် အကောင်းဆုံးဇာတ်လမ်းတိုဟူ၍ ခွဲခြားကာ ဆုချီးမြှင့်မည် ဖြစ်ပြီး၊ယင်းဆုများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

      YC(KS)

-----------------------------------------------------------------------------------------------------------------------------------  

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားနေခြင်းဟု ဆို

မြန်မာနိုင်ငံတွင် မြေပြိုကျမှုဖြစ်စဉ်များပြားလာသည့်အတွက် လမ်းသားနိမ့် ဆင်းခြင်းနှင့် မြေပြင်ပြောင်းလဲခြင်း များ ဖြစ်ပေါ်လာသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သစ်တောများ အဆမတန် ခုတ်ယူခြင်းနှင့်မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု အကျိုးဆက်ကြောင့် မြေပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားနှုန်းမှာ တိုးတက်လာကြောင်း ယင်းက ဆက်လက် ဆိုသည်။

“၁၉၉၀ ခုနှစ်တုန်းကလို မြန်မာနိုင်ငံရဲ့ တောတောင်ထူထပ်တဲ့ နေရာတွေမှာ သစ်ပင်တွေ မရှိတော့ မြေပြိုကျမှုတွေ ပိုဖြစ်လာတယ်။ မြေဆီလွှာတွေ မရှိတော့တာကြောင့်လည်း မြေပြိုကျမှုကို ဖြစ်စေနိုင်တယ်”ဟု ယင်းက ပြောကြား သည်။

သစ်တောပြုန်းတီးခြင်းနှင့် မိုးများခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင်မြေပြိုမှုများသည် ၁၉၉၀ ပြည့်နှစ်များမှ စ၍ တစ်စတစ်စ အဖြစ်များ လာကြောင်းလည်း သိရသည်။

“အဝေးပြေးလမ်းမတွေမှာလမ်းသားနိမ့်ကျတာတွေ၊ မြေပြင်နိမ့်ဆင်းသွားတာတွေက အများဆုံးတွေ့နေရပါတယ်။ လောလောဆယ် ကြုံတွေ့ နေရတာက ပြည်- တောင်ငူကားလမ်းတစ်လျှောက်က တချို့နေရာတွေမှာ မြေပြိုပြီး လမ်းသား နိမ့်ဆင်းသွားတာတွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

၂၀၁၁ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့ ညပိုင်းက ပဲခူးရိုးမတောင်ခြေအနီး တောင်တွင်းကြီး မြို့နယ်အတွင်းရှိ မြေကွက်တစ်ခုအတွင်းမြေသားပြောင်းလဲမှု ဖြစ်ပေါ်လာကြောင်းလည်း သိရှိရသည်။

Ref: Weekly journals

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီ မှတ်ပုံတင်ရေးအတွက် အင်္ဂါနေ့တွင် CEC အစည်းအဝေးထိုင်မည်

နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသေးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မှတ်ပုံတင်ရေး ကိစ္စရပ်နှင့် ပတ်သက်သည်များကို စဉ်းစားဆုံးဖြတ်ရန် လာမည့်အင်္ဂါနေ့၊ နိုဝင်ဘာ ၈ ရက်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ခေါ်ယူရန် ရှိကြောင်း သိရသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ အတည်ပြုပြီးပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မှတ်ပုံတင်ရန် အရေးကိစ္စကို စဉ်းစားမည်ဟု ပြောကြားထားသည့်အတိုင်း CEC အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း  ယင်းပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

“ပါတီဝင်ထုရဲ့ သဘောထားကို ထင်ဟပ်နိုင်မယ့် အစည်းအဝေးဖြစ်ဖို့ အလွန်အရေးကြီးပါတယ်”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်က ဆိုသည်။

ကျင်းပနေဆဲ လွှတ်တော်အစည်းအဝေးများတွင်  အကျေအလည် ဆွေးနွေးခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါဝင်သည့်  အချက်သုံးချက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ရေး ကို ဆွေးနွေးမည်ဆိုလျှင် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ခေါ်ယူရမည် ဖြစ်ကြောင်း ယင်းပါတီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ NLD ပါတီသည် မှတ်ပုံမတင်သင့်ကြောင်း သဘောထား တစ်စောင်ကို ထုတ်ပယ်ခံ ထားရသည့်ပါတီဝင်၃၂ဦးကဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းတင်၊ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့ထံ လိပ်မှု၍ အောက်တိုဘာ ၃ ရက်နေ့က ပေးပို့ခဲ့သည်။

      YC(KS)

-----------------------------------------------------------------------------------------------------------------------------------

လွတ်လပ်ခြင်း တစ်နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ လုပ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်အကျယ် ချုပ်လွတ်မြောက်ခြင်း တစ်နှစ်ပြည့်အခမ်းအနားအဖြစ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် နေ့တွင် ဗပာန်းမြို့နယ်ရှိ NLD ဌာနချုပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြုလုပ်မည့် ၎င်း သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ မှတ် ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားသွားမည့်ပွဲ မပာုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ခြင်း တစ်နှစ်ပြည့် အဖြစ်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးမှာ ဥပဒေထွက်ပေါ်လာပြီးမှသာ ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း မကြာသေးမီ အချိန်က ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် နေအိမ်အကျယ်ချုပ် ၁၄ နှစ်နီးပါး ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်ပေးခံခဲ့ရပြီးနောက် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမျှအကြာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပြစ်ဒဏ်ပြည့်မြောက်သွားသည့်အတွက် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

                                                            Ref:The Voice 

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုအင်မတန်လေးနက်ကြီးမားလှတဲ့ ပြဿနာကြီးကို အစည်းအဝေးအစီအစဉ်မှာ အဲဒီအစည်းအဝေးနေ့ ရောက်မှ ထည့်သွင်းပြီးတော့ ‘ကန့်ကွတ်သူရှိပါသလား’ လို့ မမေးဘဲဆုံးဖြတ်လိုက်ခြင်းဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နိုင်ငံရေး အရ အဆင့်အနေအထားမြင့်မားနေတဲ့၊ အများက စိတ်ဝင်စားနေတဲ့ ကျွန်တော်တို့ လွှတ်တော် နိုင်ငံရေးကို မေးခွန်း ထုတ် စရာ ဖြစ်သွားပါတယ်။ ဒါကြောင့် ဒေါက်တာစိုးရင်ရဲ့ အဆိုကို ကျွန်တော်တို့ လေးလေးနက်နက်ထောက်ခံပါတယ်”

နိုဝင်ဘာ ၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၄၂) တွင်ပါသည့် “ပြည်ထောင်စုလွှတ်တော် နာယက၏ ဆုံးဖြတ် ချက်ကို ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်ကအတည်ပြု” သတင်းမှ သင်္ဃန်းကျွန်းမဲဆန္ဒနယ် မှ ဦးသိန်းညွှန့် ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံဟာပိုမိုကောင်းမွန်တဲ့ ခေတ်သစ်တစ်ရပ်ဆီသို့ ရည်မျှော်ပြီးဦးတည် ရွေ့လျားနေပြီ ဖြစ် တယ်ဗျာ။ ပြောရရင် ကျွန်တော်တို့ နိုင်ငံဟာအာဏာကိုဆွေးမျိုးသားချင်းတော်စပ်မှုနဲ့ သစ္စာခံမှု အပေါ်မှာတည်ဆောက်တဲ့ နိုင်ငံရေးစနစ်ဆီသို့ (ခေတ်စကားအရ ပါရာဒိုင်း) ရွှေ့ပြောင်းနေပြီ ဖြစ်တယ်ဗျ။ အာဏာဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပင်မဝင်ရိုးဖြစ်တာမို့ တစ်ဆက်တည်းပြောရရင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးရဲ့ အခြေခံဟာပညာလို့ ဆိုရမှာ ဖြစ်တယ် ဗျာ။

ဒီတော့ အဲဒီအချက်ကနေထွက်လာတဲ့ ကောက်ချက်က ကျွန်တောို့ နိုင်ငံအမြန်ဆုံးတိုးတက်လာစေဖို့ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ များနိုင်သမျှ များများပညတက်ကြရမယ်ဆိုတာပဲ ဖြစ်တယ်ဗျာ။ ပညာတက်ဖို့အတွက် အလွယ်ဆုံးနဲ့ အကုန် အကျအသက်သာဆုံးနည်းလမ်းကတော့ စာဖတ်ဖို့ပဲ ဖြစ်တယ်ဗျ။

နိုဝင်ဘာ ၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “ကျွန်တော် လန့်သွားတဲ့ ဇာဂနာရဲ့ စကားတစ်ခွန်း” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အဲဒီလူငယ်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လုံလုံလောက်လောက် မရှိဘူးဆိုတာ အထင် အရှားပါပဲ။ အလုပ်အကိုင် တစ်ခုခေါ်လိုက်ရင်  လျှောက်လွှာတင်သူတွေ တစ်ပုံတစ်ခေါင်းတွေ့နေရတာဟာအလုပ်အကိုင် အခွင့်အလမ်းနည်းပါနေတာကို ပြနေပါတယ်။ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတွေက မွေးထုတ်လိုက်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကျန်တဲ့ ဝန်ကြီးဌာနများမှာ အလုပ်အကိုင်ရရှိလာအောင် ဝန်ကြီးဌာနအသီးသီးညှိနှိုင်းပြီးအလုပ်အကိုင်တွေ ဖန်တီးပေးကြရပါမယ်။ ပုဂ္ဂလိကလုပ်ငန်းများမှာ အသုံးပြုနိုင်အောင်လည်း ညှိနှိုင်းပေးဖို့လိုပါလိမ့်မယ်။ တစ်ခါကအတွေ့အကြုံ တစ်ခုကို ပြန်ပြောရရင် ဌာနကြီးတစ်ခုကအလုပ်တွေခေါ်တယ်။ ဝိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့သူတွေ လျှောက်ထားနိုင်တယ်။ ဝင်ခွင့်စာမေးပွဲဖြေရမယ်ဆိုတော့ ဘွဲ့ရလူငယ်တွေ တော်တော်များများ လျှောက်လွှာတင်ကြတယ်။ ဝင်ခွင့် စာမေးပွဲ ဖြေဖို့ ကျူရှင်တက်ကြ၊ ပြင်ဆင်ကြတယ်။ စာမေးပွဲဖြေဖို့ ခုံအမှတ်သွားထုတ် တော့မှ “အဝေးသင် တက္ကသိုလ်ကဘွဲ့ရသူတွေမပါဘူး”တဲ့ဗျာ။ ဒီတော့ ကိုယ့်နိုင်ငံဝန်ကြီးဌာန တစ်ခုက မွေးထုတ်လိုက်တဲ့ ပညာတတ်လူငယ်တွေကို သူများတိုင်းပြည်က အသိအမှတ်မပြုတာ ထားလိုက်ပါတော့။  အလုပ်ခန့်ရမယ့် ဌာနဆိုင်ရာ အကြီးအကဲများဘက်ကအပြောက “အဝေးသင်ဘွဲ့ရတွေ ဘာတတ်လို့လဲ” လို့ပြောကြပြန်ပါတယ်။

နိုဝင်ဘာ ၄ ထုတ် First Weekly အတွဲ (၁) အမှတ် (၁) တွင်ပါသည့် ဆောင်းပါးရှင် စီမံကိန်းဝင်းနိုင်ရေးသားသည့် “ကျွန်တော်တို့ အလုပ်လုပ်ချင်ပြီ” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment