Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၁)

  1. မြန်မာနိုင်ငံတွင် နောက်ထပ်လက်နက်ကိုင်အုပ်စုတစ်ခု ငြိမ်းချမ်းရေးလက်မှတ်ထိုး
    (Bernama News မှ 5 Nov 2011 ရက်စွဲပါ "More armed group in Myanmar sings peace agreement" သတင်းကို ဘာသာပြန်ဆိုသည်။)
  2. မြန်မာသမ္မတက လျင်မြန်သော ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် ကတိပေး
    (1 Nov 2011 ရက်စွဲပါ Christopher Ronneberg ရေးသားသော Burme’s President Promises rapid democratization ကိုဘာသာပြန်ပါသည်)
  3. အတိုက်အခံများနိုင်ငံရေးနယ်ပယ်သို့ ပြန်ဝင်နိုင်ရန် မြန်မာအစိုးရလမ်းဖွင့်ပေး
    (Monster and Critics မှ 5 Nov 2011 ရက်စွဲပါ “Myanmar Paves ways for opposition to rejion politics” သတင်းကို ဘာသာပြန်ဆိုသည်)
  4. အိန္ဒိယ၏ 'ရာဟူးဂန္ဒီ'  ကွန်ဂရက်ပါတီ ကို ဦးဆောင်တော့မည်
    (AFP သတင်းမှ 4 Nov 2011 ရက်စွဲပါ "India's Rahul Gandhi to head Congress Party" သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် နောက်ထပ်လက်နက်ကိုင်အုပ်စုတစ်ခု ငြိမ်းချမ်းရေးလက်မှတ်ထိုး

(Bernama News မှ 5 Nov 2011 ရက်စွဲပါ "More armed group in Myanmar sings peace agreement" သတင်းကို ဘာသာပြန်ဆိုသည်။)

ကရင်လက်နက်ကိုင်အုပ်စု တစ်ခုဖြစ်သော ကလို့ထူးဘော်အုပ်စုသည် ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးစေ့စပ်မှု ကော်မတီနှင့် ကနဦးသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် သတင်းထုတ်ပြန်သည်။

ကလို့ထူးဘော်အုပ်စုသည် ယခင်က ဒီကေဘီအေ(DKBA) တစ်ဖွဲ့ပင်ဖြစ်သည်။ ကလို့ထူးဘော်အုပ်စု၏ ဒုတိယခေါင်းဆောင် ဦးစောမူရှေး နှင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးကော်မတီဥက္ကဌ၊ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် တို့အကြား ဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် အချက်ငါးချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကရင်ပြည်နယ် ဖားအံမြို့တွင် ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်မှာ အချက် ၅ ချက် တွင် နိုဝင်ဘာ ၆ ရက်မှစ၍ ကရင်ပြည်နယ်တွင် အပတ်အခတ် ရပ်ဆိုင်းထားရန်၊ ကလို့ထူးဘော်အုပ်စု အနေဖြင့် 'ဆုံဆည်းမြိုင်' နေရာ တဝိုက်တွင် ယာယီအခြေစိုက်ရန်၊ အပစ်အခတ်ရပ်ထားစဉ် ဆွေးနွေးမှုများ ပြုလုပ်ရန် မြဝတီတွင် လက်နက်ကိုင်အုပ်စု၏ ဆက်ဆံရေးရုံးခွဲ ဖွင့်လှစ်ရန်၊ သတ်မှတ်နယ်မြေကို ကျော်၍ လက်နက်ကိုင်ဆောင်သွားလာမှုကို နှစ်ဖက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်၊ ပြည်ထောင်စု(ဗဟို) အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ကလို့ထူးဘော်အုပ်စု မှ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် နှစ်ဖက်စလုံး သဘောတူလက်ခံနိုင်မည့်အချိန်နှင့် နေရာကို သတ်မှတ်ကာ ပြည်နယ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေးနှင့် အခြေချမှု အဆင်ပြေရေး၊ ငြိမ်းချမ်းမှု ထာဝစဉ်တည်တံ့ရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် စသည့် အချက်များပါဝင်သည်။

မြန်မာဗဟိုအစိုးရသည် ပြီးခဲ့သော အောက်တိုဘာ လဆန်းကလည်း 'ဝ' အထူးဒေသ ၂ နှင့် မိုင်းလား အထူးဒေသ ၄ အခြေစိုက်လက်နက်ကိုင် အုပ်စု ၂ စု နှင့် ကနဦး ငြိမ်းချမ်းရေသဘောတူညီချက်များကို အသီးသီး လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာအစိုးရက သြဂုတ် ၁၈ တွင် ကြေညာချက် ထုတ်ပြန်ကာ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု အဆုံးသတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး တို့အတွက် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

­­­­­­­­­­­­­­××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာသမ္မတက လျင်မြန်သော ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် ကတိပေး

(1 Nov 2011 ရက်စွဲပါ Christopher Ronneberg ရေးသားသော Burme’s President Promises rapid democratization ကိုဘာသာပြန်ပါသည်)

(အင်္ဂလိပ် စာမူမှာ နော်ဝေမှ ဘာသာပြန်ထားခြင်းဖြစ်ပါသည်)

International Development မှ Erik Solheim သည် ယမန်နေ့က မြန်မာသမ္မတနှင့် တွေ့ဆုံခဲ့ရာ မြန်မာသမ္မတနှင့် တွေ့ဆုံသော ပထမဆုံး အနောက်နိုင်ငံရေးသမားဖြစ်လာပါသည်။ ၎င်းသည် သမ္မတ၏နန်းတော်တွင် ဦးသိန်းစိန်ထံမှ အနာဂတ်အတွက် အစီအစဉ်များကို ကြားခဲ့ရပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းမည်ဆိုသည်ကို ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်းသိခဲ့ရပါသည်။ အံ့သြစရာ ကောင်းကြောင်း၊ အားလုံးသည် စိတ်ကူးမပာုတော့ကြောင်း လွန်ခဲ့သော လအနည်းကမှ စတင်ခြင်းဖြစ်ကြောင်း Mr.Solheim ကဆိုပါသည်။

တကယ်တမ်းဆိုလျှင် ဦးသိန်းစိန်သည် အငြိမ်းစားဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် လူသုံးသိန်းခန့် သေဆုံးသော ၂၀၀၈ ခုနှစ်နာဂစ်ဆိုက်ကလုံးတွင် နိုင်ငံခြားသားအကူအညီပေးရေး လုပ်သားများအား ဝင်ခွင့်မပေးသော ၊ ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို စစ်သားများအား ပစ်ခိုင်းသော အာဏာရှင် ဦးသန်းရွှေလက်ထက်က ဝန်ကြီးချုပ်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုမည်လော

သို့သော် ယခုအခါ ဗိုလ်ချုပ်များထံမှ သံစဉ်သစ်များထွက်ပေါ်လာနေပါသည်။ ထိုအချက်ကို ယခင် စစ်အစိုးရလက်ထက်က နံပါတ်သုံး ခေါင်းဆောင်ပောာင်း လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ကအတည်ပြုပေးခဲ့ပါသည်။

၎င်းက မိမိတို့အား နေပြည်တော်ရှိ ကြီးမားသော ပါလီမန်အဆောက်အဦးတွင် တွေ့ဆုံ၍ မေးခွန်းများမေးခွင့်ပေးခဲ့ရာ ၎င်းက ယခု ပြောင်းလဲမှုများကို လုပ်ဆောင်ရသည်မှာ လိုအပ်၍ ဖြစ်ကြောင်းပြောခဲ့ပါသည်။

ဒီမိုကရေစီလုပ်ငန်းစဉ်များ တိုးတက်လျက်ရှိခြင်းကြောင့် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်မှာ လုပ်သာကိုင်သာသော အခြေအနေ ရှိလာခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက သူမ၏လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်ကြောင်း၊ မိမိတို့အပိုင်းမှာမူ သူမအား အသေအချာ ကြိုဆိုကြောင်း ဖြေကြားခဲ့ပါသည်။

အသေအချာစဉ်းစားပါက ဦးရွှေမန်းသည် ကရင်ပြည်နယ်တွင် ခက်ခက်ခဲခဲတိုက်ပွဲဝင်မှုကြောင့် ၁၉၈၉ တွင် “သူရ” ဘွဲ့ရခဲ့သူဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်က စစ်အစိုးရအတွက် ခေတ်မှီတိုးတက်သော လက်နက်များဝယ်ရန် မြောက်ကိုရီးယားသို့ သွားခဲ့သူဖြစ်ပါသည်။

အာဏာလေပာာနယ်

ယခင် စစ်အစိုးရခေါင်းဆောင်ပောာင်းများသည် ပြုပြင်ပြောင်းလဲရေးအကြောင်း၊ ဒီမိုကရေစီအကြောင်း ပြောလာကြပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစွမ်းအင် (green energy) အကြောင်း ပြောလာကြပါသည်။ ဘာတွေဖြစ်ကုန်ပြီနည်း။

ထိုသို့ဖြစ်ရသော အကြောင်းအချက်များရှိသည်ပာု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ပောာင်း ဦးသန့်၏မြေးဖြစ်သူ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက ပြောပါသည်။

အရေးကြီးဆုံးအချက်မှာ ဦးသန်းရွှေသည် အနားယူသွားခဲ့ပြီဖြစ်သည်။ မည်သူမျှ ၎င်းကိုစိန်ခေါ်ရန် အားမရှိခဲ့ပေ။ သမ္မတသစ် ဦးသိန်းစိန် ကဲ့သို့သော လူများသည် ယခင်ကာလရှည်ကြာကတည်းက စနစ်ကြီးကိုပြောင်းလဲလိုနေကြပါသည်။ ယခုမူ ထိုသို့လုပ်ဆောင်ရန် အခွင့်အလမ်း ရပြီဖြစ်ပါသည်။

သို့သော် ယခုလက်ရှိ ခေါင်းဆောင်များသည် ယခင်စစ်ခေါင်းဆောင်များလောက် လုပ်ပိုင်ခွင့်မရှိလှကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဏာကို အများသို့ ခွဲဝေလိုက်ခြင်းကြောင့်ဖြစ်သည်ပာု သန့်မြင့်ဦးက ဆိုပါသည်။

ယခင် အစိုးရလက်ထက်တွင် ဦးသန်းရွှေတစ်ဦးတည်း ကိုင်ထားခဲ့သော နေရာများအား ယခုအစိုးရလက်ထက်တွင် လူအများအားခန့်အပ် ခဲ့ပါသည်။ ၎င်းအင်အားစုကြီးသည် လျင်မြန်စွာပြောင်းလဲမှုများပြုလုပ်ရန် ဖြစ်စေခဲ့ပါသည်။

ချီးကျူးမှုကြောင့်အားတက်မည်လော

နော်ဝေကိုယ်စားလှယ်အဖွဲ့မှ တစ်ချို့သည် ယမန်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့ရာ ယခင်ဗိုလ်ချုပ်ပောာင်းများသည် ပြီးခဲ့သည့် လများအတွင်းက တိုးတက်မှုများအတွက် ဂုဏ်ယူလျက်ရှိသည်ကို မှတ်သားရသည်ပာုဆိုပါသည်။ ၎င်းတို့သည် အချိန်တိုလေးအတွင်းမှာပင် ကန့်သတ်ထားမှု အတော်များများကို ဖယ်ရှားခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသား(၂၀၀) ခန့်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် တကယ့် ဒီမိုကရေစီ ဖြစ်ပေါ်လာနေပြီဆိုသည့် လက္ခဏာပြသနိုင်ခဲ့ပါသည်။

မကြာခင်က လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာက ပြောကြားရာတွင် ၎င်းအနေဖြင့် ထင်မြင်သည်မှာ ဗိုလ်ချုပ်များသည် ၎င်းတို့ လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအတွက် အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုများရခဲ့သဖြင့် အားတက်ပြီး ရှေ့သို့ဆက်လက် လုပ်ကိုင်လိမ့်မည်ပာု ထင်ကြောင်းပြောခဲ့ပါသည်။

ယခင်က ၎င်းသည် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့လျှင် ပါးစပ်ပိတ်နေခဲ့ကြရကြောင်း၊ ယခုမူ ၎င်းတို့ သဘောပေါက်သွားကြပြီဖြစ်၍ လမ်းကြောင်း မှန်ပေါ်တွင် ဆက်လျှောက်ကြလိမ့်မည်ပာု ဇာဂနာက ပြောပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

အတိုက်အခံများနိုင်ငံရေးနယ်ပယ်သို့ ပြန်ဝင်နိုင်ရန် မြန်မာအစိုးရလမ်းဖွင့်ပေး

(Monster and Critics မှ 5 Nov 2011 ရက်စွဲပါ “Myanmar Paves ways for opposition to rejion politics” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီအား နိုင်ငံရေးလောကသို့ ပြန်ဝင်နိုင်ရန် တံခါးဖွင့်ပေးသည့် “ဥပဒေပြင်ဆင်ခြင်း” ကို မြန်မာသမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးလိုက်ပြီပာု မီဒီယာသတင်းများက စနေနေ့တွင် သတင်းထုတ်ပြန်ကြသည်။

မနှစ်ကရွေးကောက်ပွဲများတွင် NLD ပါတီ မပါဝင်နိုင်အောင် ထိထိရောက်ရောက် ပိတ်ပင်ထားသော စာပိုဒ်ကို ယခုပယ်ဖျက် ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းစာပိုဒ်တွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ပြစ်ဒဏ်ကျနေသူများကို ပါတီဝင်အဖြစ်လက်မခံရဲပာု ဖော်ပြထား ခဲ့သည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာရွေးကောက်ပွဲကာလအတွင်း နေအိမ်တွင် အကျယ်ချုပ်ထိန်းသိမ်းခံနေရပြီး ထို့နောက်မှသာ လွတ်မြောက်လာခြင်းဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားထားသည့် အချက်ထက် တပ်မတော်ပိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရအောင် နည်းပေါင်းစုံ သုံးနေသည့် အချက်ကြောင့် NLD ပါတီက ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်။

NLD ပါတီအနေဖြင့် တရားဝင်အောင် ပြည်လည်မှတ်ပုံတင်ရေးနှင့် ယခုနှစ်ကုန်(သို့) ၂၀၁၂ နှစ်ဆန်းတွင် ပြုလုပ်ဖွယ်ရှိသော ကြားဖြတ် ရွေးကော်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေး ကိစ္စများကို ဆုံးဖြတ်ရန် မကြာမှီတွေ့ဆုံစည်းဝေးကြမည်ပာု NLD သတင်းရပ်ကွက်က ဆိုပါသည်။

လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့်ထိန်းသိမ်းခံရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သူမ၏ အနီးကပ်လက်ထောက်များကို ပြောပြထားသည်ပာု ကြားသိရသည်။

အဆိုပါနိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလအထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယားအတွက် ဦးစားပေးကိစ္စတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ ဒေသတွင်းနဲ့ ကမ္ဘာမှာ ဝင်ဆန့်ရပ်တည်နိုင်ဖို့အတွက် အခုအပြောင်းအလဲတွေက ထုတ်ပေးလိုက်တဲ့ အရှိန်အပာုန်ကောင်းကို ဆက်ထိန်းထားဖို့ ဒီအချိန်၊ ဒီနေရာ၊ ဒီလမ်းခွပာာ အသက်တမျှ အရေးကြီးပါတယ်ပာု နမ်ဘီယားက ၅ ရက်ကြာခရီးစဉ်အပြီး သောကြာနေ့တွင် ပြောကြားခဲ့သည်။

၁၉၆၂ ကပင် စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် အားလုံးပို၍ ပါဝင်နိုင်ခွင့်ရှိမည့် နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ်ရေးအတွက် အခြားလိုအပ်ချက်များကိုဆောင်ရွက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်သင့်မြတ်ရေးကို ဆက်လက်ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်ကို နမ်ဘီယားက အားပေးတိုက်တွန်းခဲ့သည်ပာု ဆိုပါသည်။

အောက်တိုဘာလ အတွင်းကလည်း အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့သော်လည်း နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များ ထဲတွင် နိုင်ငံရေးအကျဉ်းသားခန့်မှန်းခြေ ၁၉၀၀ ခန့်ကျန်ရှိနေသည်။

မကြာသေးမှီက လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၏ နောက်ဆက်တွဲအဖြစ် ကျန်နိုင်ငံရေးအကျဉ်းသား အကုန်လုံးလွှတ်ပေးခြင်းနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေဆိုင်ရာ အဆိုပြု ပြင်ဆင်ချက်တွေကို ပြဋ္ဌာန်းခြင်းစတဲ့ ကိစ္စတွေကို ဦးစားပေးဆောင်ရွက်ရမယ့် အဆင့်သတ်မှတ်ရမှာပါ ပာု နမ်ဘီယားက ပြောကြားသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

အိန္ဒိယ၏ 'ရာဟူးဂန္ဒီ'  ကွန်ဂရက်ပါတီ ကို ဦးဆောင်တော့မည်

(AFP သတင်းမှ 4 Nov 2011 ရက်စွဲပါ "India's Rahul Gandhi to head Congress Party" သတင်းကို ဘာသာပြန်ဆိုသည်)

အနာဂတ် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာမည်ဟု တစ်ပြေးနေသော ရာဟူးဂန္ဒီသည် လက်ရှိအာဏာရ ကွန်ဂရက်ပါတီ၏ ဥက္ကဌ အဖြစ် ယခုနှစ်ကုန်ပိုင်းတွင် တာဝန်ယူရန် စီစဉ်နေသည်ဟု စနေနေ့ သတင်းများ ကဆိုသည်။ လက်ရှိ ဥက္ကဌဖြစ်သူ မိခင် ဆိုနီယာဂန္ဒီ ခွဲစိတ်ကုသမှုခံယူရာမှ ပြန်လည်ကျန်းမာလာချိန် သြဂုတ်လ အတွင်းက အဖွဲ့ဝင် ၄ ဦးပါ ကော်မတီထံ ရာဟူး၏ အမည်ကို ဥက္ကဌလောင်း အဖြစ် တင်ပြခဲ့ခြင်းဖြစ်သည်။

လာမည့် သီတင်းပတ် ၄ ပတ် မှ ၈ ပတ်အတွင်း ပါတီဥက္ကဌနေရာကို ရာဟူးတာဝန်ယူမည့် သတင်းကို အစိုးရဝန်ကြီးများ အပါအဝင် အမည်မဖော်လိုသော ပါတီခေါင်းဆောင် တော်တော်များများက အတည်ပြုခဲ့သည်ဟု Economic Times က သတင်းထုတ်ပြန်သည်။

၂၀၀၄ ခုနှစ်က ကွန်ဂရက်ပါတီ အာဏာပြန်ရလာအောင် ဦးဆောင်ထိန်းကျောင်းခဲ့သူ ဆိုနီယာဂန္ဒီသည် ပါတီနှင့်အစိုးရ အဖွဲ့အား ထိထိရောက်ရောက် ပံ့ပိုးပေးနေသော သူမ၏ ကဏ္ဍကို လျော့ချလိမ်မည်ဟု သတင်းစာ ကဆိုသည်။ ရာဟူး၏ အကြီးတန်းအကြံပေးတစ်ဦးကမူ မည်သည့် အစီအစဉ်မှ သိထားခြင်းမရှိပါဟု AFP သတင်းဌာနသို့ ပြောကြားသည်။

"ပါတီမှာ ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်မယ်ဆိုရင် တရားဝင် ကြေညာမှာပါ။ ဒါပေမယ့် ဒီလိုကိစ္စကို ပါတီထဲမှာ မကြားမိပါဘူး" ဟု အမည်မဖော်လိုသူ အကြံပေးက ဆိုပါသည်။

ကွန်ဂရက်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒစ်ဗီဂျေဆင်း ကမူ "မျိုးဆက်သစ်ခေါင်းဆောင် ရာဟူးဟာ အခု ပိုမိုကြီးမားတဲ့ ကဏ္ဍကနေ ပါဝင်ရမှာပါ။ ပင်မရေစီးထဲကို ရာဟူး ရောက်လာပါပြီ" ဟု သောကြာနေ့တွင် ပြောကြားသည်။

"လောလောဆယ်အထိတော့ ကွန်ဂရက်ပါတီရဲ့လူငယ်ပိုင်းနဲ့ ကျောင်းသား ဌာနခွဲကိုပဲ ရာဟူးက ဦးဆောင်နေပါတယ်၊ အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံးကို သူဦးဆောင်ပြီး တာဝန်ယူတော့မယ်လို့  ကျွန်တော်ထင်ပါတယ်" ဟု ယင်းက ပြောကြားသည်။

ရာဟူးဂန္ဒီအား သူ၏အဘွား ဝန်ကြီးချုပ်ဟောင်း အင်ဒီယာဂန္ဒီ၏ မွေးနေ့ နိုဝင်ဘာ ၁၉ ရက် နေ့တွင် ပါတီဥက္ကဌ တာဝန်ပေးအပ်လိမ့်မည်ဟူသော မီဒီယာ မှန်းဆချက်များ ယခင်ကပင် ထွက်ပေါ်နေခဲ့သည်။

ကွန်ဂရက်ပါတီ ၂၀၀၄ ခုနှစ်က အာဏာပြန်ရလာပြီး နောက်ပိုင်း ယခုအချိန်သည် အဂတိလိုက်စားမှု နှင့် ငွေဖောင်းပွမှု ပြဿနာ တသီတတန်းကို ရင်ဆိုင်နေရချိန်ဖြစ်၍ ရာဟူး အနေဖြင့် ပြဿနာတောထဲသို့ ဝင်ရတော့မည် ဖြစ်ပေသည်။

ထို့အပြင် အိန္ဒိယ၏ လူနေအထူထပ်ဆုံး အူတာပရာဒက်ရှ် ပြည်နယ် အပါအဝင် အရေးကြီးသော ဒေသန္တရ ရွေးကောက်ပွဲ များစွာကို လာမည့်နှစ်တွင် ကွန်ဂရက်ပါတီ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ လက်ရှိ ပါတီဥက္ကဌ ဆိုနီယာဂန္ဒီက ၂၀၀၇ ခုနှစ်တွင် သူမ၏သား ရာဟူး အား လူငယ်ရေးရာ ဌာနခွဲ အထွေထွေအတွင်းရေးမှူး တာဝန်ပေးကာ နိုင်ငံရေးအမွေဆက်ခံနိုင်ရန် ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

"ဆိုနီယာဂန္ဒီရဲ့ အစီအစဉ်အားလုံးဟာ သူမ၏သားဆီကို သရဖူလွှဲပေးဖို့ အစဉ်တစိုက် ဦးတည်ထားတာပါ" ဟု နိုင်ငံရေးအကဲခတ် အင်ဒါမာ ဟိုထရာ က AFP သတင်းဌာန သို့ မကြားသေးမှီက ပြောကြားခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ် ပထမဦးဆုံး ဝန်ကြီးချုပ် ဂျာဝါဟလာနေရူးထံမှ ဆင်းသက်လာသော ဂန္ဒီမျိုးဆက် (လွတ်လပ်ရေး သူရဲကောင်း မဟတ္တမဂန္ဒီ နှင့် မသက်ဆိုင်) သည် လွတ်လပ်ရေးအလွန် အိန္ဒိယနိုင်ငံသမိုင်းကို ကြီးကြီးမားမား လွှမ်းမိုးထားသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment