Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၂.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ စလိုးမိုးရှင်း နိုင်ငံရေးနှင်းခဲပျော်ချိန်

(8 November 2011 ရက်စွဲပါ CBS News မှ Myanmar’s slow-motion political thaw ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံတွင် ရုတ်တရက်ပြောင်းလဲလာမှုများကို စိုးရိမ်တကြီးကြိုဆို

(npr.org မှ 12 Nov 2011 ရက်စွဲပါ “In Myanmar, a wary welcome for signs of changes” သတင်းကို ဘာသာပြန် ဆိုသည်)

***************************************************************************************

မြန်မာနိုင်ငံ၏ စလိုးမိုးရှင်း နိုင်ငံရေးနှင်းခဲပျော်ချိန်

(8 November 2011 ရက်စွဲပါ CBS News မှ Myanmar’s slow-motion political thaw ကို ဘာသာပြန်ပါသည်)

                ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်များက ၎င်းတို့ အာဏာလက်မလွှတ်ရစေရန် ကိုယ်တိုင်စီမံထားသည့်သဖွယ် တူနေပါသည်။ ထို့နောက်တွင် အချို့အံ့သြဖွယ်အရာအချို့ စတင်ဖြစ် ပေါ်လာပါသည်။

အစိုးရသစ်သည် ဆင်ဆာများကို ဖြေလျော့ပေးခဲ့ပါသည်။ အများမနှစ်သက်သည့် တရုတ်တို့လုပ် ဆောင်နေသည့် ရေလှောင်တမံစီမံကိန်းကို ရပ်ဆိုင်ခဲ့ပါသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်စကားပြောခြင်း၊ သူမ၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို ခွင့်ပြုလာခြင်းများ လုပ်ဆောင်လာပါသည်။

သို့သော် အလုံးစုံကို တောင်လှန်ပစ်ခြင်း ကားမဟုတ်ပေ။ နိုင်ငံရေးအကျဉ်းသားများ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။ စစ်တပ်သည် တိုင်းရင်းသားအုပ်စုများအပေါ် ကျူးလွန်မှုများ ပုံမှန်ပြုလုပ်ဆဲဖြစ်သည်ဟု စွပ်စွဲမှုများရှိနေဆဲ ဖြစ်ပါသည်။ ကာလရှည်ကြာကတည်းက ခံစားခဲ့ကြရသော မြန်မာပြည်သူများသည် အစိုးရ အပေါ်သံသယကြီးစွာ ရှိနေဆဲဖြစ်ပြီး ရုပ်သိမ်းစေရန် သို့မဟုတ် အာရပ်နွေဦးတော်လှန်ရေးများကို ရှောင်ရှားနိုင် ရန်ရည်ရွယ်ုသည်ဟု ယုံကြည်နေကြပါ သည်။

“အစိုးရက ဘယ်တော့မှ မရိုးသားဘူးဗျ။ သူတို့ဖြစ်ချင်တာရပြီဆိုရင် အချိန်မရွေး အရင်လမ်းကို ပြန်လျှောက်သွား နိုင်ပါတယ်” ဟု အသက်(၄၅)နှစ်ရှိ ရှေ့နေဦးမြင့်သိန်းက ရန်ကုန်တွင်ပြောကြားခဲ့ပါသည်။ ယခု သိမှုအကောင်းမြင်မှု အများစုမှာ မြန်မာနိုင်ငံပြင်ပမှ လာသည့် သဘော ရှိပါသည်။ မြန်မာနိုင်ငံသည် ကာလရှည်ကြာ တရုတ်အပေါ် မှီခိုလာရသည် ဖြစ်ရာ၊ မြန်မာရော အနောက်ကပါ ဆယ်စုနှစ်များစွာ အေးခဲနေသော ဆက်ဆံရေးပြီးနောက် ပြန်လည်ပေါင်းစည်းရန် ဆန္ဒ ပြင်းပျနေကြပါသည်။

အမေရိကန်ကိုယ်စားလှယ် Derek Mitchell က သောကြာနေ့က ရန်ကုန်တွင် သတင်းထောက်များအား ပြောကြားခဲ့ရာတွင် မြန်မာ အစိုးရသစ်သည် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းများ လုပ်ဆောင်နေခြင်းကြောင့် ဝါရှင်တန်သည် ၎င်း၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့ ကူညီလိုသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့အနေနဲ့ တစ်ခုခုတုန့်ပြန်ဖို့ (In Kind) ကြိုးစားနေပါတယ်”ဟု ၎င်းကပြောပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်များသည် အသေအချာစီမံထားသည် ၂၀၁၀ နိုဝင်ဘာ(၇) ရွေးကောက်ပွဲပြီးစက မြင့်မားလှခြင်း မရှိပေ။ မျှော်လင့်ထားသည့်အတိုင်းပင် စစ်တပ်လက်အောက်ခံပါတီကသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်။

သို့သော် အထက်ပါခံယူချက်များသည် ပြီးခဲ့သည့်လများအတွင်း ပြောင်းသွားခဲ့ပြီဟု ဂျော့တောင်းတက္ကသိုလ်မှ David Sheinberg က ပြောကြားခဲ့ပါသည်။

“တစ်ခုလုံးအသစ်တွေ ဖြစ်နေပါတယ်။ ဒါတွေကို ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်မြန်မြန် သူတို့လုပ်ဆောင်နိုင်မလဲဆိုတာတော့ မသိနိုင်ပါဘူး။ ဒါပေမယ့် ရွေ့တော့ ရွေ့နေပါပြီ။ ကျွန်တော်တို့ မခန့်မှန်းခဲ့မိခဲ့ အရာတွေ ဖြစ်ပေါ်နေပါ တယ်” ဟု Steinberg က ပြောပါသည်။

သို့သော် အားလုံးက အနီးကပ်စောင့်ကြည့်နေကြသော ကိစ္စတစ်ခုတွင် အစိုးရသည် မျှော်မှန်းထားသလောက် မလုပ်ဆောင်နိုင်သေးပေ။ အကျဉ်းသားများစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား(၂၀၀၀)ခန့် ရှိသည့်အနက် (၃၀၀)လျော့လျော့သာ ပါဝင်ပါသည်။ ထင်ရှားသူ အများအပြား ထောင်ထဲတွင် ရှိနေဆဲဖြစ်ပါသည်။

“အစိုးရရဲ့ လေသံပြောင်းတာရယ် ပြုပြင်ပြောင်းလဲရေးစကားတွေ ပြောတာရယ်ဟာ အပေါ်ယံအပြကောင်းရုံလား၊ အရေးကြီးတဲ့ ပြောင်းလဲမှု လာတော့မယ်ဆိုတဲ့ သက်သေပြချက်လားဆိုတာကတော့ သိနိုင်ဖို့ စောပါသေးတယ်”ဟု နယူးယောက်အခြေစိုက် Human Rights Watch က ကျေညာချက်တွင် ဖော်ပြခဲ့ပါသည်။

အောက်တိုဘာလက အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့်များ ခွင့်ပြုခဲ့ပါသည်။

ပြီးခဲ့သည့် အပတ်က အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို နိုင်ငံရေးလောကသို့ ပြန်ဝင်ရန် အားပေးသည့်အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးခဲ့ပါသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန်အတန်ကြာ စကားပြောခဲ့ပြီး၊ သမ္မတအိမ်တော်သို့ ဖိတ်ခေါ်ခဲ့ရာ ၎င်း၏အမျိုးသမီးနှင့် မြေးများက ကြိုဆိုခဲ့ကြပါသည်။ အဆိုပါနွေးထွေးစွာ ဆက်ဆံမှုနှင့် ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အေးစက်သော အမုန်းတရားတို့နှင့် နှိုင်းယှဉ်လျှင် များစွာခြားနားနေပါသည်။

ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးဆန္ဒနှင့်ပတ်သက်၍ စစ်မှန်ပြီး၊ ရိုးသားသည်ကို တွေ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုတွင် အချိန်တော်တော်များများ စစ်အစိုးရ၏ ထိန်းသိမ်းခြင်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ကို အကဲဖြတ်ရာတွင် သူမကိုကိုယ်စားပြုသော လူအများထက်စာလျှင် ပို၍ သာသာထိုးထိုးရှိသည့် သဘော ရှိပါသည်။

“ဖြစ်နိုင်သည့် အချက်မှာ သူမအနေဖြင့် ခပ်ဝေးဝေးထိသက်ရောက်မှုရှိနိုင်မည့် အချိန်ရောက်ပြီဟု ခံစားရခြင်းကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဒီမိုကရေစီအင်အားစုတွေ တည်ဆောက်ရမှာပါ” ဟု Steinberg က ပြောပါသည်။

London School of Economic မှ ဖဲလိုးဖြစ်သူ မောင်ဇာနည်က စစ်တပ်က ကာလရှည်ကြာဆုပ်ကိုင် ထားသော အာဏာကို လှုပ်ခါအောင် ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်နိုင်မည်လားဆိုသည်ကို သံသယရှိ ကြောင်းပြောကြားခဲ့ပါသည်။

“သူမအနေနဲ့ အလောင်းအစားလုပ်နေတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် တည်ဆောက်ထားပုံအရ အံစာတုံးက စစ်တပ်ကို မျက်နှာသာ ပေးနေပါတယ်”ဟု ၎င်းက အီးမေးလ်အင်တာဗျူးတွင် ဖြေကြားထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇) ခုနှစ်က လုပ်ကြံခံရပြီးကတည်းက မြန်မာ့နိုင်ငံရေးတွင် စိတ်ပျက်စရာများက တွဲလျက်ပါလာပါသည်။ ၁၉၆၂ ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုပ်သော ဆိုရှယ်လစ်စနစ်ဖြင့် စွမ်းအားများ ပြည့်နေသော စီးပွားရေးကို စိတ်ပျက်စရာ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပို့ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကိုလည်း စစ်တပ်မှ နှိမ်နင်းခဲ့ပါသည်။

ဦးနေဝင်းထံမှ အာဏာသိမ်းခဲ့သော စစ်အစိုးရသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲလုပ်ပေးခဲ့ပါသည်။ ဒေါ်အောင် ဆန်းစုကြည်၏ ပါတီက အနိုင်ရသော်လည်း အာဏာလွှဲပေးရန် ငြင်းဆိုခဲ့ပါသည်။ ဒီမိုကရေစီလှုပ် ရှားသူများထောင်ထဲသို့ ဝင်ကြရပါသည်။ တိုင်းပြည်သည် နိုင်ငံတကာ၏ အပယ်ခံဘဝရောက်ရပြီး၊ ဝါရှင်တန်ကလည်း အကူအညီများ ဖြတ် တောက်ခြင်း၊ ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများ၏ အကူအညီများ ဗီတိုသုံး၍ ရပ်ဆိုင်းခြင်းဖြင့် ဦးဆောင်ခဲ့ပါသည်။မည်သို့ ဆိုစေထိုမှစ၍ ဆယ်စုနှစ်နှစ်ခုခန့်လမ်းများအားလုံးပိတ်သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုချီးမြှင့်ခြင်းခံရပြီး နေအိမ်အကျယ်ချုပ်ကို ဝင်ချီထွက်ချီနှင့် ရှိခဲ့ပါသည်။ စစ်တပ်သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံခဲ့ပါသည်။ ငွေများကို လိုအပ်နေသော အခြေခံအဆောက်အဦများအတွက် အသုံးပြုခြင်းမရှိပေ။ နယ်စပ်ရှိ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲမှုကိုလည်း အလျင်အမြန်ပြုခဲ့ပါသည်။

၂၀၀၇ စက်တင်ဘာတွင် လောင်စာဆီဈေးတက်ခြင်းကြောင့် မီးပွားဖြစ်ကာ ရွှေဝါရောင်တော်လှန်ရေးခေါ် လမ်းမပေါ်ဆန္ဒပြပွဲများ ဖြစ်ခဲ့ရာ စစ်တပ်က ရက်စက်စွာနှိမ်နင်းခဲ့ပါသည်။

၂၀၁၀ တွင် စစ်အစိုးရသည် ၎င်းအလိုကျရေးဆွဲထားသော အခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပပြီး၊ အမည်ခံ အရပ်သားအစိုးရ အပေါ်တွင် ဗီတိုအာဏာနှင့်ကိုင်ထားနိုင်ဆဲဖြစ်ပါသည်။

မတ်လ(၃၀)ရက်နေ့တွင် ဦးသိန်းစ