Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြန်မာတို့ ပိုမိုလုပ်ဆောင်ရန်လိုကြောင်း အိုဘားမားပြော

(17 Nov 2011 ရက်စွဲပါ Reuters သတင်းမှ “Obama says Myanmar needs to do more” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဂျပန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တွေ့ရှိပာုဆို

(16 Nov 2011 ရက်စွဲပါ Reuters မှ Ben Blanchard ရေးသားသော Japan seco investment opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. အချို့နိုင်ငံရေးအကျဉ်းသားများအား အိမ်နှင့်နီးရာထောင်သို့ပြောင်းရွှေ့

(16 Nov 2011 ရက်စွဲပါ The Guardian မှ Burma moves some political prisoners closer to home ကို ဘာသာပြန်ဆိုသည်)

  1.  မြန်မာ့ဆန်က ထိုင်းကိုကျော်ဖြတ်ကာ၂၀၁၁ အတွက် အကောင်းဆုံးဆုရရှိ

(Monsters and Critics မှ 16 Nov 2011 ရက်စွဲပါ “Myanmar beats out Thailand for 2011 rice award” သတင်းကို ဘာသာပြန်ဆိုသည်)

******************************************************************************************************

လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြန်မာတို့ ပိုမိုလုပ်ဆောင်ရန်လိုကြောင်း အိုဘားမားပြော

(17 Nov 2011 ရက်စွဲပါ Reuters သတင်းမှ “Obama says Myanmar needs to do more” သတင်းကို ဘာသာ ပြန်ဆိုသည်)

“အာရှတန်ဖိုးဟူသော စကားလုံးကို အကာအကွယ်ယူ၍ ပြည်သူများကို လက်အောက်ငယ်သားသဖွယ် ချုပ်ချယ်ချင်သော အရှေ့တိုင်းအစိုးရများကို ရည်ညွှန်း ထားခြင်းဖြစ်သည်”

အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို တံခါးဖွင့်ဆွေးနွေးလျက် ရှိသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်ဟု ပြောကြားကာ ယခင်လကနိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့သော အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံမှ မြန်မာအစိုးရအပေါ် ပထမဆုံး မှတ်ချက်ပေးလိုက်သည်။

“နိုင်ငံရေးအကျဉ်းသားတချို့ကိုတော့ လွှတ်ပေးလိုက်ပါပြီ။ အစိုးရက ဒိုင်ယာလော့ဆွေးနွေးမှုကိုလည်း စလုပ်နေပါပြီ။ ဒါပေမဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကတော့ ရှိနေတုန်းပါပဲ၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုကောင်းလာဖို့အတွက် မြန်မာအစိုးရအနေနဲ့ လုပ်ကို လုပ်ရမယ့် ကိစ္စတွေကို ကျွန်တော်တို့ရှင်းရှင်းလင်းလင်း ဆက်လက် အသိပေးပြောကြားသွားမှာပါ” ဟု ကြာသပတေးနေ့က ဩစတြေးလျ ပါလီမန်သို့ မိန့်ခွန်းပြောကြားရာ၌ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့သည်။

မတ်လ ၃ဝ ရက်နေ့က အာဏာရလာခဲ့သော မြန်မာအရပ်ဖက်အစိုးရသစ်က အောက်တိုဘာ ၁၂ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာကာ နိုင်ငံရေးအကျဉ်းသား ၂၃ဝ ခန့် လွှတ်ပေးခဲ့ခြင်းကို အနှစ် ၅ဝ အုပ်ချုပ်ရေး အပြီး အာဏာရဗိုလ်ချုပ်ဟောင်းများ၏ စတင်လိုက်လျောမှုအဖြစ် အနောက်နိုင်ငံများက ကြိုဆိုခဲ့ကြသည်။

မြန်မာ့စီးပွားရေးစနစ်ကို ပျက်စီးစေပြီး တရုတ်ကိုပိုမို၍ မှီခိုအောင် တွန်းပို့ရာ ရောက်ခဲ့သော အရေးယူဒဏ်ခတ်မှု (Sanctions) များကို ရုတ်သိမ်း မပေးမီ နိုင်ငံရေးအကျဉ်းသား အားလုံးကို မဖြစ်မနေလွှတ်ပေးရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံများက ထုတ်ဖော်ပြောကြားထားသည်။

သမ္မတ ဘားရက်အိုဘားမားသည် အရှေ့အာရှ ထိပ်သီးညီလာခံအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ မသွားမီ ဩစတြေးလျတွင် ရောက်ရှိ နေခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ် ဒေသ၏ ရင်းနှီးလာသော ဆက်ဆံရေးကို ပြသလျက်ရှိသည်။ အိုဘားမားက ယင်း၏ မိန့်ခွန်းတွင် “အမေရိကန်ပြည်ထောင်စုသည် လူ့အခွင့်အရေးဦးစားပေး ထိပ်သီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်” ဟု ပါရှိသည်။

“နိုင်ငံတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်လမ်းစဉ်ကို ရေးဆွဲကြမှာပါ။ ဒါပေမဲ့ ဒီလူ့အခွင့်အရေးတွေဟာ တစ်ကမ္ဘာလုံး၊ တစ်လောကလုံးက လူသား အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကလည်း သေချာပေါက် မှန်ကန်မှုတစ်ခုပါ။ ဒီအခွင့်အရေးတွေထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ခေါင်းဆောင်ရွေးချယ်ခွင့် တွေဟာ အလွန်အရေးကြီးပါ တယ်”

“ဒါတွေဟာ အမေရိကန်တွေရဲ့ အခွင့်အရေးမဟုတ်ပါဘူး။ ဩစတြေးလျတွေရဲ့ အခွင့်အရေး မဟုတ်ပါဘူး။ အနောက်နိုင်ငံသားတွေရဲ့ အခွင့် အရေးလည်း မဟုတ်ပါဘူး။ လူသားတွေရဲ့ အခွင့်အရေးသာ ဖြစ်ပါတယ်။ အာရှတိုက်မှာ ဒီမိုကရေစီစနစ် အောင်မြင်နေတာကို ကြည့်မယ်ဆိုရင် ဒီလူ့ အခွင့်အရေး စံနှုန်း တွေဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ နေရာတိုင်းမှာ လိုက်လျောညီထွေ အံဝင်မှု ရှိနေတယ်ဆိုတာ တွေ့ရမှာပါ” စသည်ဖြင့် အိုဘားမားက ပြောဆိုသွားသည်။

၁၉၆၂ ခုနှစ်ကပင် စစ်ဖက်အာဏာသိမ်းခဲ့သော မြန်မာနိုင်ငံမှ စစ်အစိုးရက ၁၉၈၈ တွင် ဆန္ဒပြ ပြည်သူများကို အရေအတွက် ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုက ခပ်တန်းတန်း ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်တွင် အမှန်တကယ် ပြောင်းလဲမှုများ ပြုလုပ်နေပုံ ရကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို ဂုဏ်ပြုချီးမြှောက်ခြင်း မပြုမီ ယခုထက် ပိုမိုပြောင်းလဲမှုကို မြင်တွေ့လို ကြောင်း ပြီးခဲ့သော သောကြာနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။

ကလင်တန်က ဆက်လက်၍ မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဒိုင်ယာလော့ ပီသစွာ ဆွေးနွေးမှုသတင်းများ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေနှင့် အလုပ်သမားဥပဒေများ ပြင်ဆင်မှုသတင်းများ ကိုလည်း  အသိအမှတ်ပြု ပြောကြားခဲ့သည်။

*********************************************************************

ဂျပန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တွေ့ရှိပာုဆို

(16 Nov 2011 ရက်စွဲပါ Reuters မှ Ben Blanchard ရေးသားသော Japan seco investment opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

            အပယ်ခံမြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ တိုးတက်လာသည်ပာု တိုကျိုအနေဖြင့် ရှုမြင်ကြောင်း၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှတွင် မပာာဗျူပာာကျသော တည်နေရာရှိသည်ကို တွေ့ရှိရခြင်းကြောင့်လည်း ဖြစ်ကြောင်း ဂျပန်အစိုးရ အကြီးတန်း တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ဗုဒ္ဓပာူးနေ့က ပြောကြားခဲ့သည်။

              သို့သော် ဂျပန်နိုင်ငံသည် ကုန်သွယ်မှုနှင့် ကူညီမှုများ အပြည့်အဝပြန်လည်ပေးအပ်ရန် အဆင်သင့် မဖြစ်သေးခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု မှန်သမျှသည် တဖြည်းဖြည်းချင်းသာ ဖြစ်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန သမုဒ္ဒရာရေးရေဗျူရို ဒုတိယညွှန်ကြားရေးမှူးချုပ် Kimihiro Ishikane က ပြောကြားခဲ့သည်။

              “ကျွန်တော်တို့ပာာ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကို သတိထားပြီး စောင့်ကြည့်နေပါတယ်။ မြန်မာ အစိုးရ အခုလျှောက်နေတဲ့လမ်းကိုထောက်ခံကူညီဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီဆိုတာ အသေအချာပါပဲ” ပာု ၎င်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပ နေသော ဒေသတွင်းထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

              အာရှတွင် အထီးကျန်ဆုံးနှင့် အဖိနှိပ်ဆုံးနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံတွင် သံတမန်အများစု မြင်သကဲ့သို့ ဆယ်စုနှစ်များအတွင်း အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာပြီး အရေးယူမှုများ တဖြည်းဖြည်း ရုတ်သိမ်းသွားမည့် အလားအလာလက္ခဏာ ရှိနေသည်။

              အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သော အာဆီယံအဖွဲ့ကြီးသည် ယခုအပတ်အကုန်တွင် မြန်မာနိုင်ငံ အဆိုပြုထားသော ၂၀၁၄ ခုနှစ်တွင် အဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌနေရာအတွက် အတည်ပြုလိမ့်မည်ပာု မျှော်လင့်ရသည်။ ဝါရှင်တန်က ယခုထက်ပိုသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသေးသည်ပာု သံသယ ရှိနေသော်လည်း မြန်မာအစိုးရသစ် ကာလရှည်ကြာကပင် အလိုရှိသော အသိအမှတ်ပြုမှုကို ပေးအပ်ခြင်း ဖြစ်သည်။

              မကြာသေးမီက အစိုးရ၏ လုပ်ဆောင်မှုများတွင် တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း၊ ဝေဖန်မှုကို သည်းခံခြင်း၊ မီဒီယာ ချုပ်ကိုင်ထားမှုများကို လျော့ချခြင်း၊ တရုတ်တို့၏ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းခြင်းနှင့် အလုပ်သမား သမဂ္ဂများအတွက် ဥပဒေထုတ်ပြန်ခြင်းများ ပါဝင်သည်။

              ပြီးခဲ့သည့်မတ်လက သမ္မတဦးသိန်းစိန်တက်လာပြီးနောက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး သံသယရှိသူများ၏ ယုံကြည်မှုများကို ချေဖျက်ပြခဲ့သည်။

အကူအညီများ တဖြည်းဖြည်းပြန်လည်ပေးအပ်ခြင်း

            ဂျပန်နိုင်ငံ၏ အကူအညီပေးရေး လမ်းညွှန်ချက်များသည် ပြီးခဲ့သည့်နှစ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပြီး ကတည်း က စတင်ဖြေလျှော့ပေးခဲ့ပြီး သေးငယ်သော အခြေခံ အဆောက်အဦး စီမံကိန်းများတွင် ဂျပန်နိုင်ငံပါဝင်နိုင်ရန် လမ်းရှင်းပေးခဲ့သည် ပာု Ishikane က ဖြည့်စွက် ပြောကြားခဲ့သည်။

              “ကျွန်တော်တို့ တစ်ခုခုလုပ်လိုပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းပဲ သွားသင့်ပါတယ်။ ကျွန်တော်တို့ပာာ မြန်မာနိုင်ငံနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အဆင့်မှာမရှိသေးပါဘူး” ပာု Ishikane က ပြောသည်။

              နိုင်ငံစံကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြလာချိန်တွင် တရုတ်သည် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ထည့်သွင်းထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ မပာာဗျူပာာ ကျသော တည်နေရာကြောင့် ဆွဲဆောင်မှုပိုရှိနေကြောင်း Ishikane က ပြော သည်။

              မြန်မာနိုင်ငံသည် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ ပေါင်းထားသော အရွယ်အစားရှိပြီး ချမ်းသာလာသော အိန္ဒိယနှင့် တရုတ်နိုင်ငံကြားတွင် တည်ရှိနေ သော နိုင်ငံဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာနှင့် အန်ဒမန်ပင်လယ်ရှိ ဆိပ်ကမ်းများ၊ ရထားလမ်းနှင့် ပိုက်လိုင်းစီမံကိန်းများပြီးစီးသွားပါက ကုန်တင်သင်္ဘောများ မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်တော့မည်ဖြစ်သည်။

              အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ကုန်များသည် တရုတ်သို့လည်းကောင်း၊ ဒေသတွင်း ထိုင်းကဲ့သို့ နိုင်ငံများသည် မဲခေါင်မြစ်မှ တစ်ဆင့် ကုန်ပစ္စည်းများ ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။

              “ဒီလမ်းပာာ အီာယံ အထူးသဖြင့် မဲခေါင်ကို အိန္ဒိယနဲ့ ဆက်သွယ်ပေးပါလိမ့်မယ်။ အခုလောလောဆယ် လိုအပ်နေတဲ့ အရေးကြီးတဲ့ ဆက်သွယ် ရေး လမ်းကြောင်း၊ မလက္ကာရေလက်ကြားကို ရှောင်နိုင်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်” ပာု Ishikane ကပြောသည်။

              ဥပမာအားဖြင့် တရုတ်သည် ၎င်း၏ တင်သွင်းလာသော ရေနံ၏ ၈၀% ကို မလက္ကာရေလက်ကြားမှ တင်သွင်းရသည်။ ၎င်းသည် စင်္ကာပူနှင့် မလေးရှားမှ ပိုင်ဆိုင်သော ကျဉ်းမြောင်းသော လမ်းကြောင်းဖြစ်ပြီး ပြည့်ကျပ်နေသော ပင်လယ်လမ်းကြောင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ သုံးသပ်သူ များက ကုန်သွယ်မှု နှောင့နှေးအောင်ပြုလုပ်နိုင်သော နေရာအဖြစ်ကြောက်ရွံ့ကြသည်။

              တရုတ်သည် ၎င်း၏အနောက်ဖက်ပြည်နယ်များ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်နိုင်ရန် မြန်မာနိုင်ငံအား ကုန်းပိုင်းမှ ဖြတ်၍ အသုံးပြုခွင့်ရခြင်း ကြောင့် ရေနံသင်္ဘောတင်လာမှုများ အမြန်ဆုံးလမ်းကြောင်း ရရှိခြင်းပင် ဖြစ်သည်။

                            မြန်မာနိုင်ငံသည်တရုတ်၏ ထောက်ပံ့ငွေဖြင့် ဘီလီယံဒေါ်လာများစွာတန်သော ရေနံဆိပ်ကမ်းတစ်ခု ဆောက်နေပြီး ထိုဆိပ်ကမ်းမှ နေ၍ ၇၉၀ ကီလိုမီတာ(မိုင်၄၉၀) ရှည်သော ပိုက်လိုင်းဖြင့် တရုတ်အနောက်ပိုင်း ရေနံချက်စက်ရုံသို့ ရေနံများ တင်ပို့နိုင်မည်ဖြစ်သည်။ ပိုက်လိုင်း လုပ်ငန်းကို တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တရုတ်အလုပ်သမားများက ဆောက်လုပ်လျက်ရှိသည်။

              ရေနံပိုက်လိုင်းနှင့်အပြိုင် ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာ့ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

              သို့သော် မကြာသေးမီက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်တို့ တည်ဆောက်နေသော မြစ်ဆုံ ရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းသည် တရုတ်- မြန်မာဆက်ဆံရေးကို တင်းမာမှုဖြစ်စေခဲ့သည်။

              တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသညည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄ ဘီလီယံရှိပြီး၊ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ယခင် တစ်နှစ်က ဒေါ်လာ သန်း(၃၀၀) သာရှိခဲ့ရာမှ ရုတ်တရက် ဒေါ်လာ (၂၀) ဘီလီယံသို့ ရောက်ရှိစေသည်ပာု တရားဝင် အချက်အလက်များက ပြဆိုနေသည်။

**************************************************************************

အချို့နိုင်ငံရေးအကျဉ်းသားများအား အိမ်နှင့်နီးရာထောင်သို့ပြောင်းရွှေ့

(16 Nov 2011 ရက်စွဲပါ The Guardian မှ Burma moves some political prisoners closer to home ကို ဘာသာပြန်ဆိုသည်)

            မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေးအကျဉ်းသားများကို ဝေးလံခေါင်းပါးသော အရပ်မှ ထောင်များဆီမှ မိသားစုများနှင့် နီးရာထောင်များသို့ စတင်ပြောင်းရွှေ့လျက်ရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။

              အဆိုပါသတင်းကို အကျဉ်းသားများ၏ မိသားစုများနှင့် ပတ်သက်သူများကလည်း မယုံဝံ့ရဲနှင့် ကြားသိခဲ့ကြသည်။ အကျဉ်းသားများ ကျယ်ကျယ်ပြန့်ပြန့် လွှတ်ပေးမည်ဖြစ်ကြောင်း ယခုအပတ်အတွင်း မျှော်လင့်ခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်နှင့် နီလာသိန်း၊ ရှမ်းနိုင်ငံရေးသမား ခွန်ထွန်းဦးတို့ သုံးဦးအား ရွှေ့ပြောင်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

              ပြီးခဲ့သည့် မတ်လက စတင်တာဝန်ယူခဲ့သော မြန်မာအစိုးရသည် ယခင်စစ်အစိုးရ၏ သဘောထား တင်းမာသော မူဝါဒများကို ဖြေလျော့ပေးရန် ရည်ရွယ်သည်ပာု ကြေညာခဲ့သည်။ ၎င်းသည် ခြေလှမ်းအချို့ကို စတင်လှမ်းလျက်ရှိရာ ဆက်ဆာအချို့ လျော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ တရားဝင်ခွင့်ပြုခြင်း၊ အများ ကြိုက်နှစ်သက်ခြင်းမရှိသည့် တရုတ်တို့ငွေကြေးဖြင့် ဆောက်လုပ်နေသော ရေလှောင်တမံစီမံကိန်းအား ရပ်ဆိုင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်စကားပြောပြီး သူမ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ခွင့်ပြုခြင်း များကို စတင်လုပ်ဆောင်လာသည်။

***********************************************************************

မြန်မာ့ဆန်က ထိုင်းကိုကျော်ဖြတ်ကာ ၂၀၁၁ အတွက် အကောင်းဆုံးဆုရရှိ

(Monsters and Critics မှ 16 Nov 2011 ရက်စွဲပါ “Myanmar beats out Thailand for 2011 rice award” သတင်းကို ဘာသာပြန်ဆိုသည်)

            မြန်မာနိုင်ငံသည် ယခုနှစ်အတွက် အကောင်းဆုံးဆန်အမျိုးအစားဆုကိုရရှိကာ ထိုင်းနိုင်ငံ၏ စပယ်ဆန် Jasmine rice ကို ပထမဆုံးအကြိမ် ကျော်ဖြတ်အနိုင်ယူသွားကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ဗုဒ္ဓပာူးနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

              ဗီယက်နမ်နိုင်ငံ ပိာုချီမင်းမြို့တော်တွင် ကျင်းပနေသော ၂၀၁၁ ကမ္ဘာ့ဆန်စပါးညီလာခံတွင် မြန်မာ့ ပေါ်ဆန်းဆန်ကို အကောင်းဆုံးဆုအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်ပာု FAO က သတင်းဖော်ပြသည်။

              ပြည်တွင်းတွင် ပေါ်ဆန်းမွှေးပာုခေါ်သော မြန်မာတို့၏ ‘Parel Rice’ သည် ပြိုင်ပွဲသတ်မှတ်ချက် ၁၅ မှတ်အနက် ၁၄ မှတ်ရရှိကာ ထိုင်းနိုင်ငံ၏ ကမ္ဘာကျော် ‘Jasimne Rice’ ကို ၀.၂၅ မှတ်အသာဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်ပာု သိရှိရသည်။

              ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်ခဲ့သော်လည်း ၁၉၆၂ တွင်ဆိုရှယ်လစ်စနစ်သို့ ပြောင်းလဲကာ လယ်ယာကဏ္ဍနှင့် ဆန်စက်များကို ပြည်သူပိုင်သိမ်းခဲ့ပြီးနောက် နှစ်အနည်းငယ်အတွင်း၌ ကမ္ဘာ့ဆန်ချန်ပီယံရာထူးကို ထိုင်းနိုင်ငံက သိမ်းပိုက်သွားခဲ့ သည်။

              ပြီးခဲ့သော နှစ် ၅၀ အတွင်း ကမ္ဘာဦးဆောင်ဆန်တင်ပို့သူ ထိုင်းနိုင်ငံသည် မနှစ်က ဆန်တန်ချိန် ၁၁ သန်းတင်ပို့ခဲ့ပြီး ၂၀၁၁ တွင် ဆန်တန်ချိန် ၁၀.၅ သန်းတင်ပို့နိုင်မည်ပာု မျှော်လင့်ရသည်။

              မြန်မာနိုင်ငံတွင် ဧပြီလဆန်းက အာဏာစတင်ရရှိလာသော အရပ်ဖက်အစိုးရသစ်သည် ပုဂ္ဂလိကဏ္ဍကို ကန့်သတ်မှုဖြေလျော့ပေးကာ ပို့ကုန် ကဏ္ဍကို အားပေးမည့် လက္ခဏာများပြသထားသည်။

              မြန်မာနိုင်ငံသည် ပြည်တွင်းတံခါးပိတ်ကျောက်ခဲရေညှစ်စီးပွားရေး မူဝါဒများကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီးနောက်တွင် ဆန်တင်ပို့မှုကို နောက်တစ်ကြိမ် ပြန်လည်စတင်နေကာ၊ ပြည်ပဆန်တင်ပို့မှုကို အထောက်အကူဖြစ်စေရန် ပို့ကုန်အခွန်ကို မကြာသေးမှီက လျော့ချပေးခဲ့သည်ပာု FAO ကအသိအမှတ်ပြု ပြောဆိုခဲ့သည်။

              သို့သော် ကျပ်ငွေတန်ဖိုး ပြဿနာ၏ ဆိုးကျိုးများကြောင့် ယခုနှစ်အတွက် ဆန်တင်ပို့မှုကို များစွာထိခိုက်နစ်နာစေခဲ့သည်ပာု သိရှိရသည်။

              ပြည်တွင်းသုံးငွေကြေး ပြဿနာကြောင့် ပို့ကုန်လုပ်ငန်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသွားကာ ပို့ကုန်အတွက် လှောင်ထားသော ဆန်များကို ပြည်တွင်း၌ ပို၍ ထုတ်ရောင်းနေသောကြောင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်း ၁၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်ပာု ကုလသမဂ္ဂ အေဂျင်စီ၏ လပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

***********************************************************************

                   

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment