Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၀.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာမြို့ကြီး လေးမြို့တွင် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
  2. နယ်စပ်ဂိတ်များမှ ကျောစိမ်းအချောထည် တရားဝင်တင်ပို့ခွင့်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
  2. ဗီယက်နမ်နှင့် မြန်မာ စစ်ရေးအရ စတင်ပူးပေါင်း
  3. ပြည်ထောင်စုလွှတ်တော်အတည်ပြု ဥပဒေကြမ်းအား အခြေခံဥပဒေခုံရုံသို့ ပို့မည်မပာုတ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************************************

ပြည်တွင်းသတင်းများ

မြန်မာမြို့ကြီး လေးမြို့တွင် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

မြန်မာနိုင်ငံရှိ အထင်ကရမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် တောင်ကြီးမြို့ကြီးများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။

မကြာသေးမီအချိန်က ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအား ၎င်းမြို့ကြီးလေးမြို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးလေးမြို့တွင် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပါက အခက်အခဲအနေဖြင့် ဘာသာစကား ဆိုင်ရာပြဿနာများ ရှိလာနိုင်မည်ဖြစ်သော်လည်း နိုင်ငံတွင်းရှိ တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များပြားလာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးသစ်လက်ထက်မှ စတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ တရှိန်ထိုး ဝင်ရောက်လာခဲ့ပြီး နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကအရေးပါသည့် နည်းပညာများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နိုင်ငံခြားငွေ ပိုမိုရရှိ ခဲ့ကြောင်း သိရသည်။

ပိာုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CNTA ဥက္ကဋ္ဌ Mr.Shao giwei နှင့် ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ms.zhau Hong နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်များနှင့် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

                                                                                                    Ref: မြန်မာပို့စ်(ဂလိုဘယ်)

-----------------------------------------------------------------------------------------------------------------------------------

နယ်စပ်ဂိတ်များမှ ကျောစိမ်းအချောထည် တရားဝင်တင်ပို့ခွင့်ရ

မြန်မာနိုင်ငံဘက်မှ သစ်တောထွက်ပစ္စည်းများနှင့် သယံဇာတပစ္စည်းများကို တရုတ်နိုင်ငံဘက်သို့ ယခင်က တရားမဝင် မှောင်ခိုတင်ပို့နေရာ လမ်းကြောင်းများ၌ ကျောက်စိမ်းအခြေခံ ပုတီး၊ လက်ကောက်၊ ကျောက်စိမ်း အသားလွှာစသည့် ကုန်ချောပစ္စည်းအဖြင့် နိုဝင်ဘာ ၁၅ရက်နေ့မှစ၍ တရားဝင် တင်ပို့ခွင့်ပြုလိုက်ကြောင်း တရုတ်နယ်စပ်ရှိ ကျောက်အရောင်းအဝယ်သမားများက ဆိုသည်။

ယခုအခါတွင် သေတ္တာငယ်များဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းအချောထည်များမှာ တစ်နေ့လျှင် လိုက်အေစ့်နှင့် တောင်းအေစ့်ကား ခြောက်စီးခန့်အထိ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တရားဝင် အခွန်ဆောင်၍ တင်ပို့လျက်ရှိသည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာ့ကျောက်မျက်အသင်း၊ ကျောက်မျက်လုပ်ငန်းရှင်၊ နတလ၊ အကောက်ခွန်နှင့် တိုင်းဒေသကြီး အဖွဲ့ဝင်များ ပူးပေါင်း၍ ကျောက်စိမ်း အချောထည်များကို ရာဖြတ်တန်ဖိုး သတ်မှတ်ပေးခြင်းအား ချက်ချင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အခွန်ကို ကျပ်ငွေဖြင့် ပေးဆောင်ရပြီး လက်ကောက် တစ်ကွင်းအတွက် ၃၀၀ကျပ်၊ အသားလွှာတစ်ကီလိုဂရပ် ၂၀၀၀ ကျပ်နှင့် ပုတီးတစ်ကုံးလျှင် ၂၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

၂၀၁၀-၂၀၁၁၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ကျောက်စိမ်း ပြည်ပသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံကျောက်ရှိခဲ့ပြီး ထိုနှစ်မှာ ကျောက်စိမ်း တင်ပို့မှုမှရငွေ စံချိန်တင်ခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်းထုတ်ယူမှု ပိုမိုများပြာလာသည်ဟု ဆိုနိုင်ကြောင်း မန္တလေးကျောက်ဝိုင်းမှ သိရသည်။

Ref: The Voice

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာနိုင်ငံ၏ အပြုသဘော ပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် အမေရိကန်- မြန်မာ ဆက်ဆံရေး အခန်း ကဏ္ဍသစ်ကို စတင်နိုင်ရေးအတွက် လေ့လာရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ တာဝန်ပေးမှုအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့်  ပြည်ထောင်စုလွှတ်တော်တို့သည် ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းများ လှမ်းခဲ့ပြီး  မြန်မာအစိုးရနှင့်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်း၊  နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ သတင်း မီဒီယာများအပေါ် တင်းကျပ်မှုကို ဖြေလျှော့ပေးခြင်း၊ မြန်မာ့နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးနိုင်သည့်  ဥပဒေများ ပြဋ္ဌာန်းပေးခြင်းများ ရှိခဲ့သည်ဟု သမ္မတ အိုဘားမားက ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ရေးအတွက် သမိုင်းက ပေးအပ်လာသည့် အခွင့်ကောင်းတစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထားလိုပြီး  မြန်မာအစိုးရသည် ဒီမိုကရေစီရေး ပြုပြင်မှုလမ်းကြောင်းကို ဆက်ပြီးလျှောက်လှမ်းနေသရွေ့ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးအသစ်တရပ်ကို ပုံဖော်နိုင်လိမ့်မည်ဟု  သမ္မတ အိုဘားမားက ပြောကြားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးကိုပါ လက်ခံရရှိပြီး၊ အနောက်နိုင်ငံများမှ သဘောထားများသည်လည်း မြန်မာနိုင်ငံအပေါ် ပျော့ပြောင်းသောဆက်ဆံမှုများ ရှိလာခဲ့သည်ကို အထင်အရှား တွေ့မြင်နိုင်သလို မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုပေါ်ပေါက်လာနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အလျင်အမြန် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗီယက်နမ်နှင့် မြန်မာ စစ်ရေးအရ စတင်ပူးပေါင်း

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံရှိ တပ်မတော်တို့အား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီး General Phung Quang Thang တို့သည် ဗီယက်နမ်နိုင်ငံ ပာနွိုင်းမြို့၌ နိုဝင်ဘာ ၁၄ရက်နေ့တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“အဆင့်မြင့်တဲ့ တပ်မတော်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ လိုအပ်တယ်။ စစ်အင်အားများနေဖို့ မလိုပါဘူး၊ ဥပမာ ထိုင်းနိုင်ငံကို ကြည့်ပါလား။ စစ်အင်အားက နဲနဲလေး။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ ပြီးတော့ အမေရိကန်လို နိုင်ငံမျိုးနဲ့လည်း စာချုပ်တွေ ချုပ်ထားလိုက်တယ်။ စစ်အင်အားကို အဲလို တည်ဆောက်ရမှာပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။

အထက်ပါ တွေ့ဆုံပွဲအခမ်းအနား၌ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှု ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်များ ပြုလုပ်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါထားသည်။

၎င်းအပြင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရင်းနှီးမှု ပိုမိုခိုင်မာလာရန်နှင့် ဒေသအတွင်းလုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့သည် အဆိုပါချစ်ကြည်ရေးခရီးစဉ်ကို နိုဝင်ဘာ ၁၄ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုလွှတ်တော်အတည်ပြု ဥပဒေကြမ်းအား အခြေခံဥပဒေခုံရုံသို့ ပို့မည်မပာုတ်

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သည့် ဥပဒေကြမ်းများကို အခြေခံဥပဒေခုံရုံးသို့ ပေးပို့တော့မည် မပာုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထမြောက်နေ့၌ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အစီအစဉ်အမှတ် ၁၃ အရ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ပယ်ဖျက်လိုက်သည်ပာု ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်မှ လွှတ်တော်ကိုယ်စားလှယ်များအား ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “အခုလို သတင်းမျိုးတွေကြားရတာ လွှတ်တော်တွေ တကယ်အလုပ်လုပ်နေ တာပါလားဆိုပြီး ဝမ်းသာမိပါတယ်။ ကျွန်တော်ထင်ပါတယ် အခုလိုသာ အတိုက်အခံတွေနဲ့ ဆက်လက်ပြီး လွှတ်တော်ရှင်သန်နေမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂါတ်ပာာ ကောင်းလာမှာပါပဲ” ပာု ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသော (သို့) အတည်ပြုသည်ပာု မှတ်ယူရမည့် ဥပဒေကြမ်းများအား နိုင်ငံတော်သမ္မတ လက်မှတ်ရေး ထိုးရန် ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ စစ်ဆေး၍ သံသယဖြစ်ဖွယ်ရှိသော ဥပဒေကြမ်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ ရမည်ပာု ပြည်ထောင်စုလွှတ်တော်နာယကမှ အဆိုတင်သွင်းခဲ့ပြီး ၎င်းကိစ္စရပ်အား လွှတ်တော်ကိုယ်စားလှယ်များကို ဆွေးနွေးခြင်းမပြုစေဘဲ ဆုံးဖြတ် ခဲ့သည့်အတွက် နိုဝင်ဘာလ ၁ ရက် နေ့၌ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ၎င်းဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

                                                                                                                                                Ref: The Voice

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- အမျိုးသားအောင်ပွဲ မှေးမှိန်လာရင် ဘာဖြစ်မလဲ။

ဖြေ- မကောင်းနိုင်ဘူးပေါ့။ အမျိုးသားရေးစိတ်ဓာတ် ပျောက်ရင် တိုင်းပြည်ကျဆုံးဖို့ လမ်းများပါတယ်။ ကျောင်းသားလူငယ် တက်လူတွေကို အမျိုး သားရေးစိတ်ဓာတ် မြှင့်ပေးဖို့လိုပါတယ်။ အမျိုသားစိတ်ဓာတ်မရှိရင် သူများနိုင်ငံက အုပ်ချုပ်သွားပါမယ်။ အမျိုးသားအောင်ပွဲနေ့ဟာ ဘာဆိုတာကို တောင် မသိကြတော့ဘူး။ ဒါကို နိုင်ငံတော် အစိုးရအနေနဲ့ စုစည်းဆောင်ရွက်မြှင့်တင်ပေးစေချင်တယ်။ သခင်ကဘသောင်း၊ သခင်ဗစိန်၊ သခင် ထွန်းအုပ်၊ သခင်အောင်ဆန်းတို့တွေ အကုန်လုံးက အမျိုးသားရေးစိတ်ဓာတ်နဲ့ နယ်ချဲ့ကိုတွန်းလှန်ခဲ့တာပါ။ အလကားရတဲ့သွေး၊ အသက်တွေကို ပေးခဲ့ တာမဟုတ်ဘူး။ အမျိုးသားစိတ်ဓာတ်နဲ့ ပေးခဲ့တာပါ။ အခုဆိုလူငယ်တွေမှာ အမျိုးသားရေးဟေ့ တို့ဗမမာသီချင်းဆိုတဲ့သူ မရှိဘူး။ နိုင်ငံတော်သီချင်း ဘာမှန်းမသိဘူး။ ဒီအတိုင်းဆက်ထားရင် သမိုင်းညှိုးရပါမယ်။ ကိုယ့်အမျိုးသားရေးစိတ်ကိုကိုယ်တိုင်မမြှင့်တင်ရင် တိုင်းပြည်သေရပါလိမ့်မယ်။

နေပြည်တောင် တိုင်း(မ်) အတွဲ (၁) အမှတ် (၁) တွင်ပါသည့် “အမျိုသားနေ့နှင့် သူတို့အမြင်” သတင်းမှ တက္ကသိုလ် စိန်တင်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမျိုးသားရင်ကြားစေ့ရေးကို လိုချင်ရင် အမျိုးသားပြန်လည်ရင်ကြားစေ့လိုတဲ့ ဆန္ဒရှိရမယ်။ ဆန္ဒရှိမှ ကြိုးစားမယ်။ သည်းခံမယ်။ နည်းလမ်းရှာမယ်။ (Where there is a will there is a way) ၊ နည်းလမ်းရှာတွေ့ဖို့က အကြောင်းရင်းမှန်ကို အသေအချာသိအောင် လေ့လာရမယ်။ အကြောင်းမှန်သိမှ အဆုံးအဖြတ်မှန်မယ်။ ရိုးသားမှုရှိရမယ်။ ရိုးသားမှ ယုံကြည်မယ်။ ယုံကြည်မှ နားထောင်မယ်။ နားထောင်မှ အတူတူလုပ်လို့ရမယ်။ ညီညွတ် မယ်။ ဒီတော့မှ အောင်မြင်မယ်။ နိုင်ငံတော် နိုင်ငံသားတိုင်းတစ်ဦးစီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြောတတ်၊ လုပ်တတ်တဲ့ အသိဉာဏ်ပညာရှိရမယ်။ လူအများ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတော့ စုပေါင်းညီညွတ်စွာ ပြောတတ်လုပ်တတ်တဲ့ အလေ့အကျင့်ရှိရတယ်။ အဲဒီအသိဉာဏ်ပညာရှိရင် လူ့လောကမှာလိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ အဆင့်မြင့်လာမှာပေါ့။ အဲသလိုအဆင့်မြင့်လာရင် ကမ္ဘာကို ရင်ဘောင်တန်းနိုင်ပြီပေါ့။ အခု လက်ရှိအခြေအနေက စဉ်းစားရင်တော့ အစိုးရက ကောင်းသောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်အောင်လုပ်၊ နိုင်ငံသားတွေကလည်း နိုင်ငံတည်ဆောက်ရေးမှာ တာဝန် ရှိတယ်လို့ နားလည်။ ပြီးတော့ ဒို့နိုင်ငံ၊ ဒို့အစိုးရ၊ ဒို့ မြန်မာလူမျိုးဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားရင် ကမ္ဘာကို ရင်ဘောင်တန်းနိုင်မှာပါ။

နိုဝင်ဘာ ၁၈ ထုတ် First Weekly News အတွဲ (၁) အမှတ် (၃) တွင်ပါသည့် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အဓိက သက်ချက် အပေါ် နိုင်ငံရေးပါတီများ၊ လုပ်ငန်းရှင်များရဲ့ သဘောထားအမြင်များ”မှ ဦးသုဝေ (ဥက္ကဋ္ဌ) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အာဆီယံဥက္ကဋ္ဌတာဝန်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ အကျိုးခံစားရသလို အခြေခံလူတန်းစားတွေအတွက်လဲ ထည့်သွင်းစဉ်းစားဖို့ လိုတယ်၊ ဥပမာ- အဆောက်အအုံကြီးတွေဆောက်မှာဖြစ်လို့ ဈေးသည်တွေ ဖယ်ပေးရတာဆိုရင် တစ်ဖက်က အကျိုးရှိပေမဲ့ တစ်ဖက်က နစ်နာမယ်၊ အခြေခံ လူတန်းစားတွေ မနစ်နာဘဲအကျိုးခံစားရဖို့ ထည့်သွင်းရမယ်၊ စိန်ခေါ်မှုတွေ အများကြီးရှိပေမဲ့ ဒါတွေကိုလုပ်နိုင်ရင် အခွင့်အလမ်းတွေဖြစ် လာမယ်”

နိုဝင်ဘာ ၁၈ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၈၄) တွင်ပါသည့် “အာဆီယံဥက္ကဋ္ဌတာဝန် အချိန်တိုအတွင်း ပြင်ဆင်ရမည်” သတင်းမှ စီးပွားရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment