Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ 

  1. ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

(Associated Press မှ 22 Nov 2011 ရက်စွဲပါ “ Pro- democracy leader Suu Kyi confirms she will stand in Burmese by- election” သတင်းကို ဘာသာပြန်သည်)

  1. အိုဘားမား၏ အားပေးမှုနှင့်အတူ မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှု ရုပ်လုံးကြွလာ

(Reuters News မှ 20 Nov 2011 ရက်စွဲပါ Emblodened by Obama, Myanmar maps out reforms” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား ကြိုးပမ်းမှုကို မြန်မာသမ္မတပိတ်ပင်ဟန့်တားမည်မဟုတ်

(The Asahi Shinbum မှ 20 Nov 2011 ရက်စွဲပါ “Myanmar President won’t squash Suu Kyi’s political bid” သတင်းကို ဘာသာပြန်ဆိုသည်)

**********************************************************

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

(Associated Press မှ 22 Nov 2011 ရက်စွဲပါ “ Pro- democracy leader Suu Kyi confirms she will stand in Burmese by- election” သတင်းကို ဘာသာပြန်သည်)

              မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လစ်လပ် လွှတ်တော်ကိုယ်စားလှယ်များ အတွက် ကျင်းပသော လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပြီဟု သိရှိရသည်။

                ကာလကြာ အထီးကျန် အပယ်ခံနိုင်ငံ၏ နိုင်ငံရေးပင်မရေစီးကြောင်းတွင် တရားဝင် ပြန်လည်လှုပ်ရှားရန် သူမ၏ NLD ပါတီက ပြီးခဲ့သော သီတင်းပတ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် သူမ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မျှော်လင့်ရသည်။

                ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “သူမသည် မည်သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်ရမည်ကို မဆုံးဖြတ်ရသေးသော်လည်း ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီ” ဟု ပြောကြားသည်။

                မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် နောင်ကာလ ရွေးကောက်ပွဲများအတွက် ပြန်လည်မှတ်ပုံ တင်ရန် NLD ပါတီက သောကြာနေ့က ဆုံးဖြတ်လိုက်ခြင်းသည် မနှစ်က အာဏာရလာသော အရပ်ဖက် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို လက်ခံယုံကြည်ကြောင်း အချက်ပြ ခြင်းပင်ဖြစ်သည်။

                မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ယိုယွင်းပျက်စီးလာချိန်၌ စစ်ဖက်အုပ်ချုပ်သူများက ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်၍ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပေးထားသည့်အတိုင်း ကျင်းပပေးခဲ့သော ရွေးကောက်ပွဲများတွင် ယခုအာဏာရ တပ်မတော်ကိုယ်စားပြုပါတီက အနိုင် ရရှိခဲ့သည်။

                အဆိုပါ ရွေးကောက်ပွဲအကြိုကာလအတွင်း တမင်ထိန်းသိမ်းထားခြင်းခံနေရသူ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တားဆီး သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ယခင်အစိုးရက ထုတ်ပြန်ခဲ့ခြင်းကြောင့် ယင်းရွေးကောက်ပွဲများကို NLD ပါတီက သပိတ်မှောက်ခဲ့သည်။

                သို့သော် ယခုနောက်ဆုံး ထိုဥပဒေကို လက်ရှိအစိုးရသစ်က ပြင်ဆင်ပေးလိုက်ပြီဖြစ်၍ မြန်မာ့နိုင်ငံရေး ဇာတ်ဝင်ခန်းအသစ်များ ထွက်ပေါ် လာပြီဖြစ်သည်။

***********************************************************

အိုဘားမား၏ အားပေးမှုနှင့်အတူ မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှု ရုပ်လုံးကြွလာ

(Reuters News မှ 20 Nov 2011 ရက်စွဲပါ Emblodened by Obama, Myanmar maps out reforms” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

(အာဆီယံညီလာခံများတွင် လူရှောင်လေ့ရှိသော မြန်မာတာဝန်ရှိသူများ ယခုလူရာဝင်လာပုံကို ဥပမာပေးကာ မြန်မာ့ အပြောင်းအလဲကို ရုပ်လုံးဖော် သုံးသပ်ထားသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်သည်)

              သမ္မတအိုဘားမား ထုတ်ဖော်ပြောဆိုထားသော စိုးရိမ်စရာ ကိစ္စရပ်များကို ဖြေရှင်းရန် စနေနေ့က ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံသည် အောင်မြင် ရန် ခက်ခဲသော တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို ခပ်ဖြေးဖြေး လွှတ်ပေးနေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့် ချုပ်ချယ်ထားမှုကို ဖြေလျှော့ပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

                ဗိုလ်ချုပ်ပောာင်းများ ကျောက်ဆူးချနေရာယူထားသော အရပ်ဖက်အစိုးရသစ်ထံ ယခင်တပ်မတော်အစိုးရက မတ်လတွင် အာဏာလွှဲပေးကာ ရာစုနှစ်ဝက် အပယ်ခံ အာဏာရှင်နိုင်ငံ ဘဝကို အဆုံးသတ်လိုက်ပြီးနောက်တွင် အဆိုပါ အာဏာရအစိုးရက အပြောင်းအလဲခြေလှမ်း မြန်ဆန်လွန်းပါက အာရပ်ပုံစံ တော်လှန်ရေးများ ဖြစ်ပွားမည်ကို ကြောက်ရွံ့ကာ ပြုပြင်ပြောင်းလဲရေးပာူသည် ဖြေးဖြေးမှန်မှန် ဖြစ်ရမည်ပာု  ခုခံပြောဆိုလျက်ရှိသည်။

                တရုတ်နှင့် ခြံစည်းရိုးခြင်း ကပ်နေသော အရှေ့တောင်အာရှ အထီးကျန် မြန်မာနိုင်ငံသည် သောကြာနေ့တွင် သမ္မတအိုဘားမားက ၁၉၆၂ နောက်ပိုင်း ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်အဖြစ် ပီာလာရီ ကလင်တန် သွားရောက်ရန်ရှိကြောင်း ထုတ်ပြန်ကြေညာလိုက် ချိန်တွင် ခွန်အားကြီး အားပေးထောက်ခံမှုကို ရရှိသွားခဲ့ သည်။ အိုဘားမားက မြန်မာနိုင်ငံကို “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ပာု ခိုင်းနှိုင်း ပြောဆိုလိုက်သည်။

                အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များက မြန်မာနိုင်ငံအား ဒေသတွင်း အာဆီယံအဖွဲ့၏ ၂၀၁၄ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုပေးကာ ပိုမို လူရာ သွင်းလိုက်ပြီး နောက်တစ်ရက်တွင် အိုဘားမား၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

                ဘာလီကျွန်း အရှေ့တောင်အာရှ ထိပ်သီးညီလာခံအသိုင်းအဝိုင်းတွင် Reuters သတင်းဌာနနှင့် တစ်နာရီကြာ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်း စူးစမ်း သော အင်တာဗျူးတွင် မြန်မာသမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က “ဒီမိုကရေစီကို ထိထိရောက်ရောက် ကူးပြောင်းဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်” ပာု ပြောကြား ခဲ့သည်။

                ထိုသို့ အင်တာဗျူး လက်ခံဖြေဆိုမှုသည် အရာအားလုံးထဲတွင် အထင်ရှားဆုံးကိစ္စတစ်ခုဖြစ်သည်။ ယခင်က ဒေသတွင်းဖိုရမ်များ၊ ညီလာခံများ တွင် မြန်မာကိုယ်စားလှယ်တို့သည် မီဒီယာများကို အထူးဂရုစိုက် ရှောင်ရှားကာ အစည်းအဝေးများသို့ တိတ်တဆိတ် ဝင်လာတက်ပြီး ပရိသတ်များ သုံးသော နောက်ဖေးတံခါးမှ ပြန်ထွက်သွားလေ့ ရှိကြသည်။ ယခုနှစ်တွင်မူ မြန်မာတာဝန်ရှိသူတို့သည် စင်္ကြန်လမ်းများတွင် ရပ်ကာ မေးခွန်းများကို အသင့် စောင့်နေကြပြီး တစ်ခါတစ်ရံ သူတို့၏ အောင်ပွဲကို ပီတိဖြစ်နေပုံရကာ တစ်ချက်တစ်ချက် အပြုံးများ ဝင်းလက်သွားသည်ကို တွေ့မြင်ရသည်။

                ဦးကိုကိုလှိုင်ကဲ့သို့သော မြန်မာအများစုမှာ ဤကိစ္စသည် ဖြစ်ချိန်တန်နေပြီပာု ယူဆထားကြသည်။ အသက် ၅၅ နှစ်အရွယ် တပ်မတော်အရာရှိ ပောာင်းဖြစ်သော ဦးကိုကိုလှိုင်သည် တစ်ချိန်က အစိုးရသုတေသန အဖွဲ့တစ်ခုကို စီမံခန့်ခွဲခဲ့ဖူးသည်။ သူတို့သည် နိုင်ငံတကာရေးရာများ၊ အင်တာနက်နှင့် အတူ ကမ္ဘာကြီးပြောင်းလဲခဲ့ပုံများ၊ ယခင်က အာဏာရှင်နိုင်ငံဖြစ်ခဲ့ဘူးသော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တွင် ဒီမိုကရေစီအမြစ်တွယ်ခဲ့ပုံတို့ကို လေ့လာခဲ့ကြ သည်။

                သမ္မတ၏ အကြံပေးအဖြစ် လက်ရှိရာထူးကိုမရမှီ ပြန်ကြားရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ခဲ့သော ဦးကိုကိုလှိုင်က “အားကြီးသော်လည်း စနစ် ကျ ၍ တည်ငြိမ်သော ပြောင်းလဲမှုကို လိုလားသော သတိကြီး ရီဖော်မာတစ်ဦး” အဖြစ် သူ့ကိုယ်သူ ဖွင့်ဆိုသည်။

                “တစ်ချို့ လှေနံဓားထစ်သမား ကွန်ဆာဗေးတစ်တွေက ဖြည်းဖြည်းနှေးနှေး ပြောင်းချင်ကြတယ်။ လုံးဝ အပြောင်းအလဲမလုပ်ချင်ဘူး ဆိုတဲ့ တကယ့် လူနည်းစုကလည်း ရှိသေးတယ်။ အယူအဆသဘောထား ဆိုတာ ပြောင်းလဲဖို့ အတော်ခက်ပါတယ်။ ဒါပေမယ့် ပြည်သူအများစုကြီးကတော့ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလို့ ယူဆထားကြပါတယ်။ အပြောင်းအလဲရထားကတော့ သူ့အချိန်အတိုင်းထွက်သွားပါပြီ” ပာု ဦးကိုကိုလှိုင်က ဆိုသည်။

                မကြာမီလာမည့် ပြောင်းလဲမှုများအဖြစ် တိုင်းရင်းသားပြည်သူများအပေါ် ဆောင်ရွက်ပေးမှုများ တိုးမြှင့်ခြင်း၊ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ အား လွှတ်ပေးခြင်း တို့ အပါအဝင် သမ္မတအိုဘားမား စိုးရိမ်ပူပန်နေသော ကိစ္စရပ်များကို တိုက်ရိုက်ဦးစားပေး ဖြေရှင်းသွားတော့မည်ပာု ဦးကိုကိုလှိုင်က ထုတ်ဖော်ပြောကြားသည်။

                ဒီမိုကရေစီလိုလားသော ပြည်သူများအား သတ်ဖြတ်ခြင်းအပါအဝင် ဖုံးမရဖိမရ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် မြန်မာနိုင်ငံကို ပစ်ပယ် ဒဏ်ခတ်အရေးယူထားသော sanctions များ ရုတ်သိမ်းအဆုံးသတ်သွားရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့၏ သတ်မှတ်ချက်များ ကို ပြည့်မီအောင် ဆောင်ရွက်ရန် လိုအပ်သည်ပာု သံတမန်များက မှတ်ချက်ပေးထားကြသည်။

ရွေးကောက်ပွဲစစ်စစ်

              “တကယ်မှန်တဲ့နိုင်ငံရေး လုပ်ငန်းစဉ်နဲ့ တကယ်စစ်တဲ့ ရွေးကောက်ပွဲတွေကို မြင်ချင်ပါတယ်” ပာု နိုင်ငံခြားရေး ဝန်ကြီး ပီာလာရီကလင်တန်က Fox News သို့ပြောကြားသည်။

                မြန်မာတာဝန်ရှိသူက “တကယ်ဖြစ်လာမှာပါ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ထပ်လွှတ်ပေးမှာပါ။ အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးသမား ၂၃ဝ ပာာ သူတို့ရဲ့ အသိုက်အဝန်းနဲ့ နိုင်ငံရေး လောကမှာ ချောချောမွေ့မွေ့ ပြန်လည် လှုပ်ရှားနေကြပါပြီ” ပာု ပြောဆိုသည်။

                “ဒီအတိုင်း အိုကေနေတယ်ဆိုရင် နောက်တစ်ခေါက်မှာ အများကြီး ပိုလွှတ်ပေးပါလိမ့်မယ်”ပာု ယင်းက ပြောကြားသည်။

                လာမည့် ဒီဇင်ဘာတွင် ပြုလုပ်မည်ပာု မျှော်လင့်ရသော ကြားဖြတ်ရွေးကောက်ပွဲများ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ချိန်တွင် မြန်မာအစိုးရ၏ သရုပ်မှန်ကို စမ်းသပ်စစ်ဆေးမှု ထွက်ပေါ်လာပါတော့မည်။

                NLD ပါတီသည် တပ်မတော်အစိုးရ ချမှတ်ထားသော နိုင်ငံရေးစနစ်အပေါ် သပိတ်မှောက်ထားခြင်းကို အဆုံးသတ်လိုက်ပြီ ဖြစ်၍ ရွေးကောက်ပွဲ ဝင်ရန် ပြန်လည်မှတ်ပုံတင်မည်ပာု သောကြာနေ့က ဆုံးဖြတ်ကြေညာခဲ့သည်။

                ၁၉၉၀ ရွေးကောက်ပွဲကို နိုင်ခဲ့သော်လည်း ရလာဒ်ပယ်ဖျက်ခြင်းခံခဲ့ရသည့် NLD ပါတီသည် ယခုအခါ ရွေးကောက်ပွဲများ၏ ယုံကြည်စရာ သိက္ခာကို မြှင့်တင်ပေးတော့မည်ဖြစ်ကာ အကယ်၍ ရွေးကောက်ပွဲများ ချောမောစွာ ကျင်းပနိုင်မည်ဆိုပါက နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွတ်မြောက် လာရန် လမ်းပွင့်သွားမည့် အလားအလာရှိနေသည်။  အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ထောင်ထဲတွင် ကျန်နေသေးသည်ပာု ပြောဆိုထားသည်။

                ဦးကိုကိုလှိုင်က ဆက်လက်၍ “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှုနှောင့်နှေးစေမယ့် ခိုင်ခိုင်မာမာ အကြောင်းရင်း မရှိပါဘူး။ ဒါပေမယ့် အာရပ် ကမ္ဘာ အုံကြွမှုတွေက မြန်မာနိုင်ငံကို အရမ်းမမြန်ဖို့ သတိပေးသလို ဖြစ်နေပါတယ်” “ခင်ဗျားတို့ မြင်ကြရတဲ့အတိုင်း အာရပ်နိုင်ငံတွေမှာ၊ ဆီးရီးယားမှာ၊ အီဂျစ်မှာ ထိန်းမနိုင် သိမ်းမရ ဗရမ်းဗတာ ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ခေါင်းဆောင်တွေက တည်ငြိမ်ချောမွေ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို မြင်ချင်ကြတာပါ။ တချို့အကျဉ်းသားတွေက အကြမ်းဖက်ဆူပူမှုတွေ လုပ်ခဲ့ကြဘူးတယ်။ ဒီအချက်ကို ကျွန်တော်တို့ စိုးရိမ်နေတာ ပါ။ ဒီမိုကရေစီခရီးစဉ်ကို ထွက်ခါစလှေပာာ သူတို့ကြောင့်လူးသွားနိုင်ပါတယ်” ပာု ရှင်းလင်းပြောဆိုသည်။

                ယခင်ထောက်လှမ်းရေးအကြီးအကဲနှင့် ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးပောာင်း ခင်ညွှန့်ကို ဖယ်ရှားစဉ် အချိန်က ကြူပင်ခုတ် ကြူငုတ်မကျန် ဖမ်းဆီးထားခဲ့သော တပ်မတော်ထောက်လှမ်းရေး အရာရှိပောာင်းများကို အစိုးရက ကြောက်ရွံ့နေခြင်းဖြစ်သည်ပာု သံတမန်များက ပြောဆိုနေကြသော် လည်း ဦးကိုကိုလှိုင်က ယင်းစိုးရိမ်ပူပန်မှုကို ငြင်းဆိုသည်။

                “သူ့ကိုလည်း (ဗိုလ်ချုပ်ကြီးပောာင်း ခင်ညွှန့်ကို ဆိုလိုသည်) တစ်ခြားအကျဉ်းသားတွေနဲ့ တန်းတူညီမျှ သဘောထားမှာပါ” ပာု ယင်းက ပြောကြား သည်။        

တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

                နောက်ထပ်ဦးစားပေးကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကြောက်မက်ဖွယ် ပဋိပက္ခများ ဖြစ်ပွားမှု အဆုံးသတ်ရေးပင်ဖြစ်သည်ပာု ကလင်တန် က ပြောကြားထားသည်။

                ဒီကိစ္စကိုလည်း လုပ်နေပါပြီ ပာု ဦးကိုကိုလှိုင်က ဆိုပါသည်။ ၁၉၆၀ ကတည်းက တရုတ်နယ်စပ်တစ်လျှောက် ဖြစ်ပွားခဲ့သော ပဋိပက္ခ အဆုံး သတ်ရန် ရည်ရွယ်သည့် စေ့စပ်ဆွေးနွေးမှုများ ပျက်ပြားကာ ယခုနှစ်အတွင်း ပြန်လည်တိုက်ခိုက်လျက်ရှိသော ကချင်ခွဲထွက်ရေး လက်နက်ကိုင်များ အပါအဝင် တိုင်းရင်းသားအုပ်စုများနှင့် အစိုးရက ဆွေးနွေးနေပြီပာု ယင်းကပြောကြားသည်။

                “ကချင်အုပ်စုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုက လောလောဆယ် အရမ်းနှေးနေပေမယ့် ဒီအနေအထားကို ဖောက်ထွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေ ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေမယ့် တခြားနည်းလမ်းတွေ ကိုလည်း ရှာကြံကြိုးစားနေပါတယ်။ ကချင်အုပ်စုအကြီးအကဲတွေနဲ့ သဘော တူညီမှုရအောင် အစိုးရက ဆွေးနွေးနေပါ တယ်။ ဒါပေမယ့် နိုင်ငံတကာ ကြားဝင်စေ့စပ်မှုကိုတော့ မလိုချင်ပါဘူး” ပာု ဦးကိုကိုလှိုင်က ထုတ်ဖော် ပြောကြားသည်။

                ၁၉၉၄ က သဘောတူခဲ့သော အပစ်အခတ်ရပ်စဲမှုသည် မနှစ်က တပ်မတော်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် သိမ်းသွင်းရန် ကြိုးစားချိန်တွင် ပျက်ပြား သွားခဲ့ဖူးသည်။

                ယင်းသို့ ပူးပေါင်းခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုက်စားခံရမည်ကို စိုးရိမ်သည်ပာုဆိုသော ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့က လက်နက် ကောင်းစွာ တပ်ဆင်ထားသော အတွေ့အကြုံရှိ တပ်ဖွဲ့ဝင်အနည်းဆုံး တစ်သောင်းခန့်ဖြင့် ဖွဲ့စည်းထားသည်ပာု ပြောကြားသည်။

                ထို့အပြင် အစိုးရသည် ၁၉၄၉ ကပင် တော်လှန်ခဲ့သော KNU အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA နှင့်လည်း လိုလားချက်များ ကွဲလွဲ ဆန့်ကျင် လျက်ရှိသည်။

                တစ်ချိန်က အင်အားအကြီးဆုံးလက်နက်ကိုင်အုပ်စုဖြစ်ခဲ့သော KNU အဖွဲ့သည် ခွဲထွက်မှုများ၊ သဘောကွဲမှုများကြောင့် ယခုအခါ ယခင် အင်အား ၏ ကိုင်းဖျားကိုင်းနား အဆင့်သာရှိတော့သည်။ ခရစ်ယာန်လွှမ်းမိုးသော KNU အုပ်စုထံမှ ၁၉၉၄ တွင် ဗုဒ္ဓဘာသာ DKBA အုပ်စုက ခွဲထွက်ကာ အစိုးရ စစ်တပ်နှင့် ပူးပေါင်းသွားခဲ့ချိန်တွင် အဓိကဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်လေသည်။

                ၎င်း DKBA အဖွဲ့၏ အုပ်စုကွဲတစ်ခုက နယ်ခြားစောင့်တပ်အဖြစ် ပူးပေါင်းရန် ငြင်းဆန်ကာ ပြန်လည် တိုက်ခိုက်လျက်ရှိသည်။

                ဦးကိုကိုလှိုင်က “မြန်မာအစိုးရသည် ကရင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို စီးပွားရေး မျှော်လင့်ချက်များပေးကာ ပြေငြိမ်း ကြရန် ရည်ရွယ်ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး အင်အားပြသိမ်းသွင်းခြင်း မပာုတ်ပါ” ပာု ပြောကြားသည်။

                “ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုမရှိရင် ဒီဒေသတွေမှာ ဘယ်လိုဖွံ့ဖြိုးရေးစီမံကိန်းမှ လုပ်လို့မရပါဘူး။ ဒီလိုနဲ့ ဒီနယ်မြေတွင် မဖွံ့ဖြိုးဘူး ဆိုရင်လည်း လက်နက်ကိုင် တော်လှန်မှုက နာတာရှည်စွဲကပ်နေဦးမှာပါ။ ဒါပာာ ကြက်ဥနဲ့ ကြက်မ ပြဿနာပါ။ ကျွန်တော်တို့ ကြက်ဥတွေကို ခွဲပစ်လိုက်ရမှာပါ” ပာု ယင်းက ဆိုသည်။

                ယင်းက ဆက်လက်၍ “မြန်မာအစိုးရက တောင်ပိုင်းရှမ်းပြည်နယ်က ‘ဝ’ အုပ်စုနဲ့ တစ်ခြားသက်ဆိုင်ရာ အုပ်စုတွေကို စေ့စပ်ဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးစေ့စပ်မှုတွေက တိုးတက်မှုရှိနေပါပြီ” ပာု ပြောကြားသည်။

                သီချင်း၊ ဝတ္ထု၊ ကာတွန်း၊ ရုပ်ရှင်နှင့် အနုပညာဖန်တီးမှု မှန်သမျှကို နိုင်ငံရေးအယူအဆ မပါအောင် ဆင်ဆာ တည်းဖြတ် ချုပ်ချယ်ခြင်းကို နှစ်ပေါင်း များစွာ ကျင့်သုံးခဲ့ပြီးနောက်တွင် ယခုအခါ မီဒီယာဥပဒေသစ်တစ်ခုကို ပြင်ဆင် ရေးဆွဲနေပြီ ပာုလည်း ဦးကိုကိုလှိုင်က ပြောဆိုသည်။

                “အခု ရေးဆွဲနေတဲ့ မီဒီယာဥပဒေသစ်ပာာ လွတ်လပ်စွာပြောဆိုခွင့်ကို အာမခံ ထင်ပာပ်ပြသမှာပါ။ စောင့်ကြည့်တဲ့ စနစ်တစ်ခုတော့ ရှိဦးမှာပါ။ ဒါက လည်း ဘာသာရေးနဲ့ ယဉ်ကျေးမှုအတွက်ပါ။ ကျန်တာကတော့ လွတ်လပ်စွာ ဖန်တီးနိုင်ကြမှာပါ။” ပာု ယင်းက ရှင်းလင်းပြောဆိုသည်။

                မြန်မာအစိုးရသည် သြဂုတ်လအတွင်းက မြန်မာနိုင်ငံပိုင်သတင်းစာများတွင် အနောက်နိုင်ငံများအား တိုက်ခိုက်သည့် ဝါဒဖြန့်စာတမ်းများကို ရုတ်သိမ်း ပေးခဲ့ပြီး စက်တင်ဘာလတွင် ယခင်ပိတ်ပင်ထားသော အင်တာနက် သတင်း ဝက်ဆိုက်များကို ပြန်ဖွင့်ပေးခဲ့သည်။

                “ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေကို ပြောင်းရမှာပါ” ပာု ဦးကိုကိုလှိုင်က ပြောကြားသွားခဲ့သည်။

***************************************************

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား ကြိုးပမ်းမှုကို မြန်မာသမ္မတပိတ်ပင်ဟန့်တားမည်မဟုတ်

(The Asahi Shinbum မှ 20 Nov 2011 ရက်စွဲပါ “Myanmar President won’t squash Suu Kyi’s political bid” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခံရ လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပြီး အကယ်၍ သူမအနိုင်ရရှိခဲ့ပါက သူမ၏ လမ်းကြောင်းတွင် မိမိပိတ်၍ရပ်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ကြမှာပါ။ တကယ်လို့ ဒီလိုလွှတ်တော်မှာ ရွေးကောက်တင်မြှောက်လိုက်ပြီ ဆိုရင်တော့ သူမအတွက် တစ်စုံတစ်ခုတော့ ဖြစ်လာမှာပါ။ ဒါက ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီပေါ့။” ဟု သမ္မတဦးသိန်းစိန်က အဆာဟိရှင်ဘွန်း အပါအဝင် သတင်းမီဒီယာများကို နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လာမည့်မတ်လအတွင်း ကျင်းပမည်ဟု မျှော်လင့်ရသော ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဆုံးဖြတ်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် သမ္မတဦးသိန်းစိန်က သူ၏ ပထမဆုံး အင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်နေရာ ၅ဝ ခန့်အတွက် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသည်။

သမ္မတဦးသိန်းစိန်က ပြီးခဲ့သော ဩဂုတ် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် သူမအား သဘောကွဲလွဲမှု များ ဘေးဖယ်ထားကာ တူညီသော ပန်းတိုင်ကို ဦးတည်လုပ်ကိုင်သွားကြရန် တောင်းဆိုခဲ့သည်ဟု ဆက်လက်ပြောကြားသည်။

ထိုသို့ တိုင်းပြည်၏ အကျိုးစီးပွားအတွက် အတူတကွ စတင်လုပ်ကိုင်သွားရန် တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဟု သမ္မတ ကြီးက ဆိုသည်။

ပြီးခဲ့သောမတ်လအထိ တပ်မတော်အစိုးရကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယင်းအားမုန်းတီးသော ပြည်သူတစ်ရပ်လုံးက ချစ်ခင်လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်နီးပါး အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပြီး အမျိုးသားနိုင်ငံရေးစနစ်အတွင်း သူမပါဝင်နိုင်ခြင်း မရှိအောင် ပိတ်ဆို့ထားရန် ဥပဒေများ ပြဋ္ဌာန်းထားခဲ့သည်။

ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်အောက်တွင် ဦးသိန်းစိန်က ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါ သမ္မတ အိုဘားမား ဦးဆောင်သော အမေရိကန်အစိုးရက မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ဦးတည်သည့် တိုးတက်ပြောင်းလဲမှုကို ပြုလုပ်လိုက်ပြီဟု ချီးကျူး ပြောဆိုနေပြီဖြစ်သည်။

နောက်ဆုံးတိုးတက်မှုရလဒ်များကို သမ္မတဦးသိန်းစိန်က ကြိုဆိုလိုက်ပြီး ဒီဇင်ဘာ ၁-၂ တွင် လာရောက်မည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်မှတစ်ဆင့် ဝါရှင်တန်နှင့် ဆက်ဆံမှုများ တိုးတက်လာစေဖို့ ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဟီလာရီကလင်တန်သည် နှစ်ပေါင်းငါးဆယ်အတွင်း အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါကလည်း နိုဝင်ဘာ ၁၈ ရက်က အင်ဒိုနီးရှားတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရားဝင် ဖွံ့ဖြိုးရေး အကူအညီပေးမှု ပြန်လည်စတင်ရန် ဂျပန်နိုင်ငံက စီစဉ်နေပြီဟု ပြောကြားခဲ့သည်။

ဂျပန်တို့၏ ဆုံးဖြတ်ချက်ကို ဦးသိန်းစိန်က ကြိုဆိုလိုက်ပြီး မကြာမီကာလအတွင်း မြန်မာနိုင်ငံ၌ ဂျပန်ရင်းနှီး မြှုပ်နှံမှုများ ကြီးထွားလာရန် မျှော်လင့် ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

**********************************************************************

                 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment