Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ကလင်တန်၏ ခရီးစဉ်တွင် အရေးယူမှုများ မရုတ်သိမ်းပာု အမေရိကန်ပြော

(23 Nov 2011 ရက်စွဲပါ AFP မှ No easing of Myanmar sanctions in Clinton trip: US ကို ဘာသာပြန်ဆိုသည်)

  1. ကလင်တန် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံသို့ သွားမည်

(24 Nov 2011 ရက်စွဲပါ Channel News Asia မှ Cliton to visit S.Korea,Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည် )

 

**********************************************************

ကလင်တန်၏ ခရီးစဉ်တွင် အရေးယူမှုများ မရုတ်သိမ်းပာု အမေရိကန်ပြော

(23 Nov 2011 ရက်စွဲပါ AFP မှ No easing of Myanmar sanctions in Clinton trip: US ကိုဘာသာပြန်ဆိုသည်)

              ပီာလာရီကလင်တန်သည် လာမည့်အပတ်တွင် မြန်မာနိုင်ငံသို့ စတင် သွားရောက်မည်ဖြစ်သော်လည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရန် အချိန်မပာုတ်သေးကြောင်း အကြီးတန်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့က ပြောကြားလိုက်သည်။

                ကလင်တန်သည် တိုင်းရင်းသားလူမျိုးများအပေါ်ဆက်ဆံရေး အပါအဝင် လူ့အခွင့်အရေးတိုးတက်မှုများကို ကြည့်ရှုမည် ဖြစ်သည်။ သို့သော် စစ်တပ်နောက်ခံပြု အစိုးရအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ဆွေးနွေးရန် အချိန် မတိုင်သေးကြောင်း အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ် Ben Rhodes ကပြောကြားခဲ့သည်။

                “ဝန်ကြီးရဲ့ ခရီးစဉ်ပာာ ဖြစ်ပျက်ခဲ့တာတွေ ရှေ့ကို အရှိန်အပာုန်မပျက် ရှေ့ဆက်နိုင်ရေးနဲ့ ရှေ့မှာ လုပ်ဆောင် စရာတွေ ရှာဖွေသွားမှာဖြစ်ပေမယ့် အရေးယူမှုတွေ ရုတ်သိမ်းဖို့ အခုအစီအစဉ်မရှိသေးပါဘူး” ပာု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

                သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် အပတ်က ဘာလီတွင် ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့ရာ၌ ကလင်တန်သည် နှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်ပာု ကြေညာခဲ့သည်။

                မြန်မာနိုင်ငံသည် တိုင်းရင်းသားများနှင့် လည်းကောင်း၊ အတိုက်အခံနှင့် လည်းကောင်း စတင် စကားပြောနေပြီ ဖြစ်သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကလည်း ရွေးကောက်ပွဲများသည် တရားမျှတမှု မရှိပာုဆိုကာ သပိတ်မှောက်ထားခဲ့ရာမှ နိုင်ငံရေးပင်မ ရေစီးကြောင်းသို့ ပြန်လည်ဝင်ရောက်ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။

                “အမေရိကန်ပြည်ထောင်စုအနေဖြင့် အရေးကြီးတဲ့ အာရုံပြုမှုကိုပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိဖိစီးစီး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ပာု Rhodeo က ပြောသည်။

                Obama အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ယခုတွေ့ရသော ပြုပြင်ပြောင်းလဲမှုများအတိုင်း ရှေ့ဆက်သွားသည်ကို တွေ့မြင်ရန် မျှော်လင့်ကြောင်း ၎င်းကပင်ပြောသည်။

                Obama အစိုးရသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိကအပိုင်းအဖြစ် အမေရိကန်နှင့် ဆက်ဆံရေး အဆင်မပြေသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က မြန်မာစစ်အစိုးရအား ဒီမိုကရေစီ တိုးတက်မှုများ ရှိပါက အရေးယူမှုများ ရုတ်သိမ်းပေးမည်ပာု အဆိုပြု၍ စတင် စကားပြောခဲ့သည်။

                အမေရိကန်ပြည်ထောင်စုသည် အကျိုးအမြတ်များသော ကျောက်မျက်ရောင်းဝယ်ရေး အပါအဝင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ပိတ်ပင် ထားသည်။ အရေးယူမှုများ ဖြေလျော့ပေးရန် ကွန်ဂရက်၏ အတည်ပြုမှုလိုအပ်သည်။ သို့သော် ကွန်ဂရက်တွင် အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံလျက် ရှိသည်။

                သုံးသပ်သူများက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွင် ပါဝင်သူအများစုမှာ ထောင်ထဲတွင်ပင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုလျက်ရှိနေသည်။

*********************************************************

ကလင်တန် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံသို့ သွားရောက်မည်

(24 Nov 2011 ရက်စွဲပါ Channel News Asia မှ Cliton to visit S.Korea,Myanmar ကို ဘာသာ ပြန်ဆိုသည်)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် လာမည့်အပတ်တွင် အကူအညီပေးရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဆွေးနွေးပွဲ တက်ရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။ ထို့နောက် သမိုင်းဝင် မြန်မာနိုင်ငံသို့ ခရီးစဉ်ကို သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူ များ ဗုဒ္ဓပာူးနေ့က ပြောကြားလိုက်သည်။

                ကလင်တန်သည် နိုဝင်ဘာ(၃၀)ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်သို့ သွားရောက်၍ စတုတ္ထ အကြိမ်မြောက် အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့် အကူအညီများ ထိရောက်မှုဆိုင်ရာ ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ရာ ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းနှင့် ဂျော်ဒန်ဘုရင်မ ရာနီယာတို့လည်း တက်ရောက် မည် ဖြစ်သည်။

                ကလင်တန်၏ ပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ကြီးပွားတိုးတက်ရေးနှင့် ဒီမိုကရေစီ တိုးတက်မှုများ အတွက် အဓိကကျသော အစိတ်အပိုင်း အဖြစ် အမေရိကန်၏ ပြင်းပြသော တိုးတက်မှုအတွက် နိုင်ငံရေးဆိုင်ရာ ကတိ ကဝတ်များကို ထင်ပာပ်ကြောင်း၊ နိုင်ငံခြားရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

                ထို့နောက် ကလင်တန်သည် နိုဝင်ဘာ(၃၀) မှ ဒီဇင်ဘာ(၂) ရက်ထိ မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းမှာ နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခြင်းဖြစ်သည်။

                အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama က ပြီးခဲ့သည့်အပတ်က အင်ဒိုနီးရှားနိုင်ငံတွင် ကြေညာခဲ့ရာ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း နှစ်ပေါင်းများစွာ အမှောင်ကျနေရာမှ တိုးတက်မှုအလင်းရောင် တွေ့ရှိရသဖြင့် ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

                အဆိုပါကြေညာချက်သည် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံရေး စင်မြင့်သို့ ပြန်လည် ဝင်ရောက်မည်ပာု ပြောဆိုချိန်နှင့် တစ်ချိန်တည်းဖြစ်နေသည်။

                နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားရာတွင် ကလင်တန်၏ ခရီးစဉ်သည် မိမိတို့၏ လမ်းနှစ်သွယ်ချဉ်းကပ်မှု၏ အစိတ်အပိုင်းအဖြစ် အမေရိကန်၏ မူရှိသော ဆက်ဆံရေးနှင့် တိုက်ရိုက်စကားပြောခြင်း မူဝါဒအပေါ် အမေရိကန်၏ ကတိကဝတ်အား ပို၍ လေးနက်သည်ပာု ဆိုသည်။

                “သူမသည် မိမိတို့ မကြာသေးမီလများက တွေ့ရသော ပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှုကို တရားဝင်အောင် ပြုလုပ်မည်ဖြစ်ပြီး အဓိက နယ်ပယ်များတွင် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တိုးတက်မှုများကို အမေရိကန်က အားဖြည့်ကူညီနိုင်သည်များကိုလည်း ရှာဖွေသွားမည်” ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

                ကလင်တန်နှင့်အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell၊ Michael Posner နှင့် မြန်မာနိုင်ငံ အတွက် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် (Derek Mitchell) တို့လည်း ပါဝင်ကြမည်ဖြစ်သည်။

************************************************

မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည်)

(Joshua Kurlantzick သည် Council on Foreign Relation မှ အရှေ့တောင် အာရှဆိုင်ရာ ဖဲလိုး ဖြစ်သည်)

                 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့သွားရောက်မည်ဟူသော ကြေညာချက်နှင့်အတူ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဤကဲ့သို့ အဆင့်မြင့် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပထမဦးဆုံးခရီးစဉ် ဖြစ်ခြင်းကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေးသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေခြင်းကို အချိန်နှင့် အမျှလိုက်၍ပင် မမှီနိုင်အောင်ရှိရသည်။ တစ်ခါတရံ ကျွန်ုပ်သည် မြန်မာနိုင်ငံအကြောင်း ယခုလိုရေးရ လိမ့်မည်ဟု စိတ်ပင် မကူးမိခဲ့ပေ။ ကလင်တန်၏ ခရီးစဉ်မှာ နီးကပ်နေပြီဖြစ်ခြင်းကြောင့် ယခုမှစ၍ မည်သို့ ခရီးဆက်ကြမည်ဆိုသည်ကို စစ်ဆေးကြည့်ရှု ရန်မှာ မလုပ်မဖြစ် အရေးပါလှသည်။ သမ္မတသစ်ဦးသိန်းစိန်၏ အစိုးရသည် အနှစ်နှစ်ဆယ်အတွင်း အခြားအစိုးရများထက်စာလျှင် လမ်းဖွင့်ပေးရန် လုပ်ပေးခဲ့သည်။ သို့သော် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်တိုးတက်မှုရှိမရှိ အစိုးရကို အောက်ပါ အဓိကပေတံများဖြင့် စောင့်ကြည့်သင့်လှပေ သည်။

(၁) ဦးသိန်းစိန်သည် ဝါရင့်နေသော စစ်တပ်၊လွှတ်တော် နှင့် အဓိကဝန်ကြီးဌာနများကဲ့သို့သော အရေးကြီးသည့် အာဏာ၏ ဗဟိုချက်များ၏ ကျောထောက် နောက်ခံပြုမှုကို ဆက်လက်ရရှိသလော။ ယခုအထိတော့ ၎င်းသည် ထောက်ခံမှုရရှိနေပုံပေါ်သည်။ စစ်တပ်မှ တပ်မှူးများက သမ္မတကို ထောက်ခံမည်ဟု ဆိုခဲ့ကြသော်လည်း၊ ၎င်းတို့၏ သစ္စာရှိမှုမှာ မသေချာလှသေးပေ။ ထိပ်တန်းဗိုလ်ချုပ်တော်တော်များများသည် ၎င်းတို့ အဆိုပါရာထူး ရောက်ရှိလာခြင်းအတွက် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ်တွင် ကျေးဇူးများရှိနေဆဲဖြစ်သည်။ သို့သော် အချို့စစ်တပ်မှ ထိပ်တန်းပုဂ္ဂိုလ်အချို့က အကယ်၍ ၎င်းတို့သည် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ထောက်ခံပါက 2015 ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သမ္မတ သို့မဟုတ် ထိပ်တန်းနေရာများ ရနိုင်သည်ဟူသော အမြင် ရှိနေကြသည်။

                 သို့သော် အချို့အရာရှိကြီးများက ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်နေပါက စစ်တပ်က ယခင်ပြုလုပ်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ပေးခံရမှုများ ဖြစ်လာနိုင်သည်ဟု စိုးရွံ့နေမှုများရှိသည်ဟု သတင်းများကဆိုသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်မှုများသည် ဦးသိန်းစိန်၏ အာဏာအခြေခိုင် တည်ငြိမ်ရေးကို အနီးကပ်ထိတွေ့လုပ်ဆောင်ပေးရန်လိုအပ်လှသည်။ 2000 ခုနှစ် အစောပိုင်းကာလများက အမေရိကန်နှင့် အခြားနိုင်ငံများမှ ပုဂ္ဂိုလ်များသည် အလားအလာရှိသော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူး မှ အနားပေးခဲ့ရာ ကြီးစွာအံ့သြခဲ့ကြရသည်။ ပြန်စဉ်းစားကြည့်လျှင် ခင်ညွန့်သည် ၎င်း၏အောင်မြင်မှုအတွက် တကယ်တမ်းအာဏာကို အခြေခိုင်အောင် တည်ဆောက်နိုင်ခဲ့ခြင်း မရှိသေးပေ။

(၂) နေ့စဉ်အုပ်ချုပ်ရေးစနစ်တွင် ပြုပြင်ပြောင်းလဲရေးများကို မည်သို့ကောင်းစွာ အကောင်အထည်ဖော်မည်နည်း။ မြန်မာနိုင်ငံတွင် အလွန်တစ်ရာ ညံ့ဖျင်းသော ယန္တရားရှိသည်ဖြစ်ရာ စီးပွားရေးပုဂ္ဂလိကပိုင်ဖြစ်ရေး၊ ပိတ်ဆို့ထားမှုများ ဖြေလျော့ရေး၊ စစ်တပ်မှ စစ်တပ်ပီသအောင် ပိုမိုပြုလုပ်ရေးစသည့် မူဝါဒသစ်များ အကောင်အထည်ဖော်ရာတွင် ကျရှုံးမှုများရှိမည်ကို မျှော်လင့်ထားရမည်ဖြစ်သည်။ အတိတ်ကလည်း ခေါင်းဆောင်ဟောင်းများ ချမှတ်ခဲ့သော အချို့ လေးစားလောက်သည့် ရည်မှန်းချက်များကို အောက်ခြေတွင် အကောင်အထည်ဖော်လိုစိတ်မရှိခြင်းများကြောင့် လုံးလုံး မှေးမှိန်ပျောက်ကွယ်မှုများ ရှိခဲ့ဖူးသည်။ ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို ဈေးကြီးကြီးပေးဝယ်ရလေမလား။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများ မအောင်မြင်၍ နောက်ကြောင်း ပြန်လှည့်သည် အချိန်တွင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့သူများ ပြစ်ဒဏ်ချခံရမည်ကို ကြောက်ရွံ့သည့် အစိုးရတာဝန်ရှိသူများ နှင့် ဗျူရို ကရက်များ မည်မျှရှိလေမည်နည်း။

(၃) ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ သာမန်အဖွဲ့ဝင်များသည် ရန်ကုန် ၊ မန္တလေး မဟုတ်ပဲ တိုင်းပြည်၏ အခြား ဒေသများတွင် မည်မျှအထိ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရမည်နည်း။ Obama  အစိုးရသည်လည်းပြီးခဲ့သည့် အမေရိကန်အစိုးရနည်းတူ ၎င်း၏ မူဝါဒ အတော်များများကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားထင်ဟပ်မှုပေါ် မူတည်ချမှတ်ခဲ့ရာ၊ သမ္မတ Obama သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံ အကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးပိုမိုပြုလုပ်ရေးကို မရှိမဖြစ်ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။ သေချာအောင်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က Nelson Mandela ကဲ့သို့ပင် အရေးပါသော ဇာတ်ကောင်ဖြစ်သည်။ NLD နှင့် အခြားအတိုက်အခံပါတီများ လှုပ်ရှားနိုင်ခွင့် ရှိ မရှိ အမှန်တရားကို အကဲဖြတ်ရန် ပိုမိုကျယ်ပြန့်သော မှန်ဘီလူးလိုအပ်မည် ဖြစ်သည်။ အမှန်တရား ကိုပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ပြင်းထန်သော နှိပ်ကွပ်ခံရမှုမှ ကင်းလွတ်ခွင့် ရခဲ့သည်သာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်သူများသည် မြန်မာနိုင်ငံတွင် သေးငယ်သော မြို့ငယ်များအထိ သွားရောက်၍ အတိုက်အခံပါတီများ ပါတီရုံး ဖွင့်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း နှင့် မိန့်ခွန်းပြောခြင်းများကို မည်မျှထိ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် ဆောင်ရွတ်နိုင်သည်ကို အနီးကပ် လေ့လာသင့်ပေသည်။

(၄) အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ကုလသမဂ္ဂ နှင့် ဂျပန် တို့မှအစပြု၍ ထိတွေ့ဆက်ဆံလာခြင်းအပေါ် မြန်မာအစိုးရက မည်သို့တုန့်ပြန်မည်နည်း။ အခြား ဒီမိုကရေစီများက အကူအညီများ ပိုမိုဖွင့်ပေးသွားရန် ရှိနေချိန်တွင် အမေရိကန်က သံတမန်ဆက်ဆံရေး တိုးမြှင့်ခြင်း၊ မြန်မာအစိုးရနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းများ ပြုလုပ်လာသည်။ ယခင် မြန်မာအစိုးရများလက်ထက်က ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးကို တရုတ် (ထိုင်းနိုင်ငံနှင့်) နှင့် ဆက်ဆံရေး၊ အတိုး အလျော့ပြုလုပ်နိုင်ရေး အတွက်သာ စိတ်ဝင်စားခဲ့ရာ၊ ဆက်ဆံရေးမှာ အနောက်နိုင်ငံနှင့် ပြေလည်မလိုရှိလိုက် အေးခဲသွားလိုက်နှင့် ရှိခဲ့သည်။

(၅) တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကို ဖြေရှင်းရန် အစိုးရက မည်မျှအထိ လေးနက်သနည်း။ မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက် ကိုင် များနှင့် ဆွေးနွေးမှုအသစ်များ ပြုလုပ်ရန်တွန်းအားပေးလျက်ရှိရာ၊ အထောက်အကူပြုနိုင်မည့် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကဲ့သို့သော အုပ်စုများကို ချဉ်းကပ်ရာတွင် ခက်ခဲလျက်ရှိသည်။ တိုင်းပြည်တွင် ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့် တက်ကြွနေသည်ဟု ထင်ရချိန်တွင် မြောက်ဖက်နှင့်အရှေ့မြောက်ရှိ တိုင်းရင်းသားဒေသများတွင် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် ကထက်စာလျှင် ပို၍တည်ငြိမ်ဖြစ်လာသည်ကို တွေ့ရသည်။ အဆိုပါ ပဋိပက္ခများအတွက် အဖြေကို မရှာနိုင်မချင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော စနစ်တကျ ပြောင်းလဲမှုများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

 ***********************************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment