Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. လာအို၏ မဲခေါင် Xayaburi ရေလှောင်တမံ အစီအစဉ် ဆက်လက်ကြန့်ကြာဦးမည်

(8 Dec 2011 ရက်စွဲပါ BBC News မှ Lao’s Mekong Xayaburi dam plan delayed again ကို ဘာသာပြန်သည်)

  1. ရန်ကုန်တွင် ပြုပြင်ပြောင်းလဲမှုအသံ ကျယ်လောင်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ကြီးထွား

(VOA News မှ 8 Dec 2011 ရက်စွဲပါ “AS Reform lauded in Rangoon, Conflict in Kachin State” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းများကြီးထွားလာချိန်၌ ယှဉ်ပြိုင်ရန် ဒေသခံများစိုးရိမ်

(VOA News မှ 7 Dec 2011 ရက်စွဲပါ While Burma’s Chinese Businesses Thrive, Competition Worries Locals သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. စစ်မက်ပဋိပက္ခအတွက် အသင့်ပြင်ထားရန် တရုတ်ရေတပ်ကို ဟူဂျင်တောင်တိုက်တွန်း

(BBC သတင်းဌာနမှ၊ 7 Dec 2011 ရက်စွဲပါ Hu Jintao tells China navy: Prepare for warfare ကိုဘာသာပြန်ဆိုသည်)

 

 **********************************************************************************

လာအို၏ မဲခေါင် Xayaburi ရေလှောင်တမံ အစီအစဉ် ဆက်လက်ကြန့်ကြာဦးမည်

(8 Dec 2011 ရက်စွဲပါ BBC News မှ Lao’s Mekong Xayaburi dam plan delayed again ကို ဘာသာပြန်ပါသည်)

      မဲခေါင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ရေလှောင်တမံ တည်ဆောက်လုပ်ရန် အငြင်းပွားဖွယ် အစီအစဉ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုများကို ရွှေ့ဆိုင်း ဆိုင်းငံ့ထားသည်။

      လာအိုနိုင်ငံရှိ Xayaburi တွင်ပြုလုပ်မည့် အဆိုပါ စီမံကိန်းသည် မဲခေါင်အောက်ပိုင်း အဓိကရေစီးကြောင်းပေါ်တွင် ဆောက်လုပ်မည့် ပထမဦးဆုံး ရေလှောင်တမံဖြစ်သည်။ လာအိုသည် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား အများစုကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောင်းချလိုသည်။ သို့သော် ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်တို့က ပြောကြားရာတွင် အဆိုပါရေလှောင်တမံသည် ငါးများဖြစ်တည်နေမှုကို ထိခိုက်နိုင်ပြီး မြစ်အောက်ပိုင်းတွင် မြစ်ကို မှီခိုနေရသော လူသန်းပေါင်းများစွာ၏ ဘဝကို ထိခိုက်နိုင်ကြောင်း ဝိုင်းဝန်း ပြောကြသည်။ မဲခေါင်မြစ်နှင့် ပတ်သက်သော နိုင်ငံလေးနိုင်ငံမှ ကိုယ်စားလှယ်များ၊ ကမ္ဘော ဒီးယား ဆီရမ်ရိ(ပ်) တွင် တွေ့ဆုံ၍ ထိုသို့လုပ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါ အုပ်စုသည် မဲခေါင်မြစ်ကော်မရှင်ကို ဖွဲ့ခဲ့ပြီး ပြီးခဲ့သည့်ဧပြီလကနောက်ဆုံးတွေ့ခဲ့သည်။ ထိုစဉ်က အဆိုပါစီမံကိန်းကို သဘောတူညီခြင်း မရှိခဲ့ပေ။ အခြားနိုင်ငံများက လာအို၏ ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိ Xayaburi ရေလှောင်တမံနှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းသည် မဲခေါင်မြစ်တွင် မှီခို နေသော သက်ရှိများနှင့် ငါးဖမ်းလုပ်ငန်းတို့ကို အခြေအနေဆိုးရွားအောင်လုပ်မည့် စီမံကိန်းများကို လမ်းဖွင့်ပေးလိုက်သလိုဖြစ်မည်ကို ကြောက်ရွံ့နေသည်။

ကမ္ဘောဒီးယားကလည်း မဲခေါင်မြစ် အဓိကရေစီးကြောင်းတွင် ရေလှောင်တမံဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး၊ လာအိုတွင် အခြားအဆိုပြုထား သော အစီအစဉ်များ ရှိနေသည်။ အဆိုပါ အုပ်စုက ပြောကြားရာတွင် ၎င်းတို့သည် နောက်ထပ် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများအတွက် ဂျပန်နိုင်ငံအား ချဉ်းကပ်ထားကြောင်း ပြောသည်။ “မဲခေါင်မြစ်မကြီးပေါ်မှာ ဆောက်တဲ့ ရေအားလျှပ်စစ်စီမံကိန်းများ၏ သက်ရောက်မှုများအပါအဝင် မဲခေါင်မြစ် အဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံခန့်ခွဲမှုအတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ဖို့လိုအပ်ပါတယ်” ပာု ၎င်းတို့က ကြေညာချက်တွင် ဖော်ပြထားပါသည်။

********************************************************************

ရန်ကုန်တွင် ပြုပြင်ပြောင်းလဲမှုအသံ ကျယ်လောင်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ကြီးထွား

(VOA News မှ 8 Dec 2011 ရက်စွဲပါ “AS Reform lauded in Rangoon, Conflict in Kachin State” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သော ဇွန်လက တာပိန်မြစ်ပေါ်ရှိ တရုတ်-မြန်မာ ဖက်စပ်ရေလှောင်တမံ အနီးမှ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်သွားခဲ့လေသည်။ တိုက်ပွဲကာလ ၆ လနှင့် စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီးနောက်တွင် မြန်မာအစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများကို ဦးတည်၍ တိုးတက်မှုများရရှိနေသော်လည်း ကချင်ပြည်နယ်ကို နောက်တွင်ချန်ထားခဲ့သည်။

ယခုလ အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က “သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်နှစ် သား အရပ်ဖက်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်၍ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ထက် ပို၍ လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ပာု ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က နယ်စပ်ဒေသ တိုင်းရင်းသားများအား နှိပ်ကွပ်သော စီမံချက်ကို ဆက်လက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအနောက်ပိုင်းမှ စစ်အင်အားသုံး စနစ်တကျအနိုင်ကျင့်မှုများမှာမူ အဆိုးဝါးဆုံးကိစ္စများထဲမှ တစ်ခုဖြစ်ပေသည်။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)က မြန်မာအစိုးရ နှင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာမူ ကံမကောင်းသေးပေ။ ပြဿနာကို နိုင်ငံရေးအဖြေရှာရန် မြန်မာတာဝန်ရှိသူများက ကမ်းလှမ်းခြင်းမရှိကြောင်း KIA ဗိုလ်ချုပ် ဂွမ်မော်၏ အကြံပေးဒူခေါင်က ပြောကြားသည်။

“သူတို့က (အစိုးရက) မြန်မာနိုင်ငံ ပြောင်းလဲနေပါပြီလို့ နိုင်ငံတကာကြေညာပါတယ်။ ပာုတ်ပါတယ် မြန်မာနိုင်ငံပာာ ပြောင်းလဲနေပါတယ်။ ဒီတိုက်ပွဲပာာလည်း အသေးအမွှားပါ။ ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် နိုင်ငံရေးအရပြောရမယ်ဆိုရင် သူတို့က(အစိုးရက) နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်တဲ့အုပ်စုအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားပစ်ချင်ကြတာပါ။ အစိုးရက ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အခုကိုပဲ ကျွန်တော်တို့ ဒေသမှာ တကယ်ဖြစ်ပွားနေပါပြီ” ပာု ဒူခေါင်က ဆိုသည်။

ယခုနောက်ဆုံးအစိုးရတပ်ဖွဲ့များ၏ ဖိအားပေးမှုမှာ နယ်စပ်မြို့ မဂျရန်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ရေအားလျှပ်စစ် စီမံကိန်း များနှင့် နီးကပ်ပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာဖြစ်နေ၍ မပာာဗျူပာာမြောက် အရေးပါသောကြောင့်ဖြစ်သည်ပာု ဒူခေါင်က ပြောကြားသည်။ အစိုးရ က လာမည့်ရွေးကောက်ပွဲများတွင် KIA ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးလိုခြင်းကြောင့် ပြဿနာပဋိပက္ခအတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်ချက် ဆက်လက် မှေးမှိန်နေသည်ပာု ယင်းက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများအား တိုက်ပွဲဒဏ်ခံနယ်မြေများသို့ သွားရောက်ခွင့် ပေးထားသည်ပာုဆိုသော်လည်း လတ်တလော ကုလသမဂ္ဂ အကဲဖြတ်မှုများအရ ဒုက္ခသည်လူထုထံသွားရောက် ကူညီနိုင်ရေးမှာ ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်အရေအတွက် ကိုပင် အတိအကျ မသိနိုင်သည်အထိ ပြဿနာရှိနေကြောင်း သိရှိရသည်။ ကုလသမဂ္ဂ အကဲဖြတ် အစီရင်ခံစာက အဓိက စိုးရိမ်စရာမှာ စားနပ်ရိက္ခာနှင့် ရေမလုံလောက်မှုဖြစ်ပြီး ထိုပြဿနာကို ကချင်ပြည်နယ်အချို့ဒေသများတွင် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်ပာု တင်ပြထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုး ရေးအစီအစဉ်များနှင့် ဒုက္ခသည်များအကြား ဆက်သွယ်မှုလမ်းကြောင်းကို ကြီးကြပ်ထိန်းသိမ်းပေးနေသော ကချင်အဖွဲ့အစည်းတာဝန်ရှိသူ ဒါရိုက်တာ လာရစ်က ကုလအကဲဖြတ် အစီရင်ခံစာပါ အချက်များကို အတည်ပြုပြောဆိုသည်။

“ဒုက္ခသည် အရေအတွက် အတိအကျ သိရှိနိုင်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ လောလောဆယ်တော့ ၃ သောင်းကျော်နေပါပြီ။ နိုင်ငံတကာ ဖွံ့ဖြိုး ရေး အစီအစဉ်တွေ၊ ကယ်ဆယ်ရေးအုပ်စုတွေအတွက် လက်ရှိ ကြီးမားတဲ့ ပြဿနာအခက်အခဲကတော့ စားနပ်ရိက္ခာ ပြတ်တောက်မှုပါပဲ” ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်များချီ၍ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ကလေး သူငယ်စစ်သားများ အဓမ္မစုဆောင်းခြင်း၊ အကျဉ်းသားများကို ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်သုံးစွဲခြင်း၊ စသည်တို့ အပါအဝင် အစိုးရတပ်ဖွဲ့များ ကျုးလွန်သော စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားနေကြောင်း အထောက်အထားဖြင့် စွပ်စွဲမှုများ တသီ တတန်း ထွက်ပေါ်လာခဲ့သည်။

ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများအကြောင်း ဖော်ထုတ်ထားသော အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Bryan Erykson က ယခု လပိုင်းများအတွင်း ကချင်ပြည်နယ်မှ တိုက်ပွဲကြောင့် အိမ်ပစ်ယာပစ် ထွက်ပြေးနေရသော ဒုက္ခသည်အရေအတွက် ၃၀၀၀၀ အသာလေးကျော်နေပြီ ပာု ပြောကြားသည်။ “တောထဲမှာ နေ့တိုင်းဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေတာပါ။ ပစ်ခတ်မှုအများစုက မှတ်တမ်းမှတ်ရာ မရှိပဲ ဖြစ် ပွားနေတာပါ။ ဒါကြောင့် ပြဿနာရဲ့ပမာဏကို အချိန်နဲ့ တစ်ပြေးညီ သိအောင်ကြိုးစားဖို့ ခက်ခဲပါတယ်။ ဒီတော့ နေရာတကာ မြို့တိုင်း၊ ရွာတိုင်းက အရေ အတွက် ၂၀၀ မှ ၂၀၀၀ ကြားလူတွေပာာ နေအိမ်တွေကနေ ဖယ်ပေးကြဖို့ အဓမ္မ မောင်းထုတ်ခံရတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ် ထင်ပါ တယ်။ ကချင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နေရာကအခိုင်အမာ၊ အချက်အချာ ကျတယ်ဆိုရင် မြန်မာစစ်တပ်က ဝေးဝေးကို ဖယ်ခိုင်းတော့တာပါပဲ။ ဒီနည်းနဲ့ပဲ အရပ်သားတွေ နေစရာမရှိဖြစ်နေရတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ပာု Erykson က ဆိုသည်။

Erykson က ဆက်လက်၍ “မြန်မာအစိုးရတပ်များ ကချင်ထိန်းချုပ်နယ်မြေထဲသို့ တိုးဝင်လာသည်နှင့်အမျှ ပိုမိုထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တွေ့ရှိရသည်။ ၎င်းအထောက်အထားများတွင် ခြိမ်းခြောက်နှိပ်စက်မှုများ၊ ဥပဒေပြင်ပ ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပါဝင်သည်” ပာု ပြောကြားသည်။

မြန်မာအရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားကြောင်း ဝန်ခံခြင်းဖြင့် တိုးတက်ပြောင်းလဲမှုကို ပြသခဲ့သော်လည်း နယ်စပ် ဒေသများတွင် စစ်ရာဇဝတ်မှု ကျုးလွန်နေခြင်းကိုမူ ယခုတိုင်ဝန်ခံခြင်း မရှိသေးပေ။

****************************************************************

မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းများကြီးထွားလာချိန်၌ ယှဉ်ပြိုင်ရန် ဒေသခံများစိုးရိမ်

(VOA News မှ 7 Dec 2011 ရက်စွဲပါ While Burma’s Chinese Businesses Thrive, Competition Worries Locals သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သော တနှစ်လုံး မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက သတင်းခေါင်းစဉ်များကို လွှမ်းမိုးခဲ့သလို စီးပွားရေးပြုပြင်ပြောင်းလဲမှု သတင်းများက လည်း အလားတူကြီးမားစွာနေရာယူခဲ့သည်။ ယင်းဆောင်ရွက်ချက်များသည် မြန်မာပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားများအထူးသဖြင့် မြန်မာတို့ ၏ ကာလကြာရှည်ကုန်သွယ်ဖက်တရုတ်များအတွက် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာစေနိုင်သည်။ သို့သော် မြန်မာလုပ်ငန်းရှင်အချို့က တရုတ်တို့၏ ပြိုင်ဆိုင်မှုကို စိုးရိမ်ပူပန်လျက်ရှိသည်။

ရန်ကုန်မြို့တော်၏ တရုတ်လူမျိုးများ တည်ဆောက်ခဲ့သော ကင်ဖူဂေါင်ဘုံကျောင်းတွင် လူတစ်ယောက်က ရွှေရေးအနားကွပ် အနီရောင်သစ်သား ဗုံကို တီးခတ်လျက်ရှိသည်။ ယခုနှစ်တွင် အဆိုပါ တရုတ်ဘုံကျောင်း၏ နှစ် ၁၅၀ ပြည့် အခမ်းအနားပြုလုပ်မည်ဖြစ်ရာ ရှိခိုးပူဇော်သူများ လျော့ပါးသွားမည့် လက္ခဏာမရှိပါ။ ဘုံကျောင်းထဲသို့ တရုတ်လူမျိုးများ တစ်ဖွဲဖွဲ ရောက်ရှိလာကာ အမွှေးတိုင်ထွန်း၍ ကျန်းမာရေးနှင့် စီးပွားရေးအတွက် ရှိခိုးဆုတောင်းမှုပြု လုပ်ကြသည်။ အမျိုးသမီးတစ်ဦးကမူ အနီရောင်နှင့် ရွှေရောင်ချယ်ဘုရားစင်ရှေ့မှ ဆလင်ဒါခွက်ထဲရှိ အနာဂတ် ဟောစာတမ်းတုတ်ချောင်းများကို လှုပ်ခါ၍ ရွေးချယ်လျက်ရှိသည်။ အဆိုပါ တရုတ်ဘုံကျောင်းသည် နှစ်နိုင်ငံအကြား ရာစုနှစ်ချီကူးသန်းရောင်းဝယ်ဆက်ဆံတွေ့ထိခဲ့ကြသော ရန်ကုန်မြို့တော် တရုတ်အသိုင်းအဝိုင်း၏ ကာလရှည်သင်္ကေတအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့သည်။

ဘုံကျောင်းအနေဖြင့် မန်ဒရင်ဘာသာသင်ကြားခြင်း ကုသိုလ်ဖြစ်ဆေးခန်းနှင့် အသက် ၈၀ ဦးဌေးမြင့်ကဲ့သို့ ဘုံကျောင်းလူကြီးများကို ပင်စင်လစာ ပေးပြီး စသည်တို့ကို ပြုလုပ်သည်။ မျက်မှန်အဝိုင်း ခပ်ကြီးကြီးနှင့် ဘေ့စ်ဘောဦးထုပ်ကို ဆင်မြန်းထားသော ဦးဌေးမြင့်က မြန်မာနိုင်ငံတစ်ဝှမ်းမြို့ကြီး၊ မြို့ငယ်များတွင် တရုတ်အသင်းအဖွဲ့များရှိကြောင်း၊ ရန်ကုန်မြို့ရှိ တရုတ်လုပ်ငန်းရှင်များစွာမှာ ကုမ္ပဏီများနှင့် စက်ရုံများကို ထူထောင်လည်ပတ်နေကြ ကြောင်း ရှင်းလင်းပြောကြားသည်။

ရန်ကုန်မြို့လယ် ရွှေနန်းတော် ရတနာဆိုင်၏ ရှည်လျားသော မှန်ကောင်တာတစ်လျှောက် ရွှေဝယ်သူ ဖောက်သည်များ ပြည့်နှက်လျက်ရှိသည်။ ရွှေရောင်းဝယ်ရေး စီးပွားလုပ်ငန်းနယ်ပယ်ကို ကာလကြာမြင့်စွာ လွှမ်း မိုးထားသော တရုတ်ကုန်သည်များ အခြေစိုက်ရာ ရန်ကုန်မြို့တရုတ်တန်းသည် မြို့တော်၏အလယ်ခေါင်တွင် တည်ရှိသည်။ ကမ္ဘာတစ်လွှားမှ အခြားနေရာများစွာကဲ့သို့ပင် တရုတ်လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အဝတ်အထည် များ၊ ကလေးကစားစရာများကို ဈေးဆိုင်များတွင် ရောင်းချလျက်ရှိကြသည်။

ယခုအခါ မြန်မာအစိုးရသည် လက်ဝါးကြီးအုပ်မှုများနှင့် ချုပ်ချယ်ကန့်သတ်ချက်များကို နှေးကွေးစွာ လျော့ချပေးခြင်းဖြင့် ယခင်စီမံခန့်ခွဲမှု ညံ့ဖျင်း သော စီးပွားရေးစနစ်ကို စတင်ပြောင်းလဲပြင်ဆင်နေပြီး စီးပွားရေး အခွင့်အလမ်းများကို ဖော်ထုတ်လျက်ရှိသည်။ နေရောင်ခြည်စွမ်းအင်သုံး Solar Panels မှသည် လေထိုးအရုပ် များအထိရောင်းချမည့် ဂွမ်ဒေါင်းတရုတ်ကုန်စည်ပြပွဲကိုလည်း ရန်ကုန်မြို့တော်တွင် ယခုလအတွင်း ကျင်းပခဲ့ သည်။

တရုတ်တောင်ပိုင်းကွမ်ကျိုးအခြေစိုက် Longtron Electronics ကုမ္ပဏီမှ အရောင်းတာဝန်ခံ ယူဖန်ဖန်က မိုဘိုင်းဖုန်းနှင့် ကွန်ပြူတာများ ရောင်းချ သော သူမ၏ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စားသုံးသူ သန်း ၆၀ ဈေးကွက်ကို လက်လှန်းရန် စိတ်ဝင်စားနေပြီဟု ပြောကြားသည်။ သူမက ဆက်လက်၍ မြန်မာနိုင်ငံတွင် ကြီးမားသောအလားအလာရှိနေကြောင်း၊ သူမတို့၏ထုတ်ကုန်များကို အာဖရိက၊ ဥရောပနှင့် တောင်အမေရိကတိုက်များတွင် ရောင်းချနေရ သော်လည်း အရှေ့တောင်အာရှတွင်မူ ရောင်းအားနည်းပါးနေကြောင်း သို့ဖြစ်၍ ဈေးကွက်ကို သိရှိနိုင်မည့် ယခုအခွင့်အလမ်းများကို ရယူလိုကြောင်း ထို့နောက်တွင် ဈေးကွက်ထဲသို့ ဝင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြတ်ကျော်ကျော်မှာမူ သူ၏ အဆက်အသွယ်များကို အသုံးပြုကာ သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းချော့မွေ့အောင် လိုင်စင်ရအောင် အကျိုးဆောင်ပေးနေသော မြန်မာအလယ် အလတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူ့လိုလူအတွက်မူ နိုင်ငံခြားကုမ္ပဏီများ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်း အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေး လုပ်ငန်းများက နောက်ရောက်လာမည့် လူသစ်များ ကို ယှဉ်နိုင်စွမ်းမရှိမည်ကို စိုးရိမ်ပူပန်နေကြသည်ဟုဆိုသည်။

အစိုးရက ယခုကဲ့သို့ မြန်မာနိုင်ငံထဲသို့ စီးပွားရေးတံခါးဖွင့်ပေးချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီပံ့ပိုးမည့် မူဝါဒမျိုးချမှတ်ရန်လိုသည်။ ပြည်တွင်းလုပ်ငန်းရှင်များသည် စီးပွားရေး အတွေ့အကြုံဖြစ်စေ၊ နိုင်ငံခြားအခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်ဖြစ်စေ အားနည်းကြသည်ဟု ယင်းက မှတ်ချက် ပေးသည်။ မြတ်ကျော်ကျော်က လက်ရှိတွင် အကျိုးဆောင်ပွဲစားအဖြစ်လုပ်ကိုင်နေသော်လည်း တကယ့်ဆန္ဒမှာ နောက်တစ်ချိန်တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ရန်ဖြစ်သည်ဟုဆိုသည်။

*******************************************************

စစ်မက်ပဋိပက္ခအတွက် အသင့်ပြင်ထားရန် တရုတ်ရေတပ်ကို ဟူဂျင်တောင်တိုက်တွန်း

(BBC သတင်းဌာနမှ၊ 7 Dec 2011 ရက်စွဲပါ Hu Jintao tells China navy: Prepare for warfare ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေတပ်အနေဖြင့် ဖွံ့ဖြိုးမှုများရှိအောင်တိုးမြှင့်လုပ်ဆောင်ပြီး စစ်မက်အတွက် အသင့်ပြင်ထားသင့်ကြောင်း သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။ "ရေတပ်အနေနဲ့ စစ်မက်ပဋိပက္ခအတွက် ပြင်ဆင်ထားသင့်တယ်" ဟု သမ္မတ ဟူဂျင်တောင်က တပ်ဖွဲ့ ဝင်များကို ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အခြားသော နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေလျက် ရှိသည်။ နိုင်ငံရေးတင်းမာမှုများနှင့် ရင်ဆိုင်နေရသော အမေရိကန် ပြည်ထောင်စုသည် အာရှပစိဖိတ်ဒေသတွင်း 'ကန်' တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်မည့် နည်းလမ်းရှာဖွေလျက် ရှိသည်။ သမ္မတ ဟူဂျင်တောင်၏ ရေတပ်နှင့်ပတ်သက်သော သုံးသပ်ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံသည် မိမိကိုယ်ကိုယ်အကာအကွယ်ပြုရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

"ဒီနေရာကိုလာပြီး ဘယ်နိုင်ငံကမှ ရန်ဖြစ်မှာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေရဲ့ ရေတပ်အင်အားတိုးချဲ့မယ့် အခွင့်အရေးအပေါ် အမေရိကန် ပြည်ထောင်စုက မနာလိုဝန်တိုမှုမျိုးဖြစ်နေမှာလည်းမဟုတ်ပါဘူး" ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ၏ ပြောကြားချက်ကို ကိုးကား ပြီး AFP သတင်းဌာနကပြောကြားသည်။အမေရိကန်နှင့် တရုတ်အာရာရှိကြီးများသည် လတ်တလောရက်သတ္တပတ်အတွင်းစစ်ဘက်ရေးရာကိစ္စများအပေါ် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ထို့သို့သော ဆွေးနွေးမှုမျိုးသည် တစ်နှစ်လျှင်တစ်ရက်သာပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားခြင်းမျိုး မရှိစေရန် အဓိကရည်ရွယ်ကာပြုလုပ်ခြင်းလည်းဖြစ်သည်။

အချုပ်အခြာအာဏာဆိုင်ရာ အငြင်းအခုံ

တရုတ်နိုင်ငံသည် ယခုအခါပထမဆုံးလေယာဉ်တင်သင်္ဘောကိုထုတ်လိုက်ထားနိုင်ပြီဖြစ်ပြီးရေတပ်ဦးတည်ချက်များကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ သို့သော် တပ်မတော်မှာ အဓိကအားဖြင့် ကြည်းတပ်အင်အားကိုအခြေခံထားခြင်းဖြစ်ကာ ရေတပ်စွမ်းဆောင်မှုမှာ အမေရိကန် ပြည်ထောင်စုနှင့် နှိုင်းယှဉ်ပါက သေးငယ်နေဆဲပင်ဖြစ်သည်။

တရုတ်သမ္မတ ဟူဂျင်တောင်က စစ်ဘက်အရာရှိကြီးများနှင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် "တရုတ်ရေတပ် အနေဖြင့် အင်အားတောင့်တင်းသော ပုံစံဖြင့် ခေတ်မီသောရေတပ်အဖြစ် အသွင်ကူးပြောင်းနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်သင့်ကြောင်း၊ အမျိုးသားလုံခြုံရေးကို ကြီးမားသောအခန်းကဏ္ဍ မှ အကာကွယ်ပေးရန် အလို့ငှာ စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ကြောင်း" တိုက်တွန်းပြောဆိုသည်။ 'စစ်မက်ပဋိပက္ခ' ဟူသော အသုံးအနှုန်းကို တရုတ် နိုင်ငံပိုင်မီဒီယာတွင် တရားဝင်ဖော်ပြသော်လည်း အခြားသော တရုတ်ဘာသာဖြင့်ထုတ်ဝေသည့်မီဒီယာများ၌မူ "စစ်မက်တိုက်ပွဲ' နှင့် 'စစ်မက်ရေးရာ တွန်းလှန်မှု' ဟု သုံးနှုန်းဖော်ပြသည်။ လေ့လာသုံးသပ်သူများကမူ ဟူဂျင်တောင်သည် မလိုလားအပ်ဘဲ ပြောင်ကျကျပြောဆိုခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တောင်တရုတ်ပင်လယ်တွင်းရှိ ပြိုင်ဘက်နိုင်ငံများကို ပစ်မှတ်ထားပြောဆိုဟန်ရှိကြောင်း သုံးသပ်ကြသည်။  ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ တို့က တရုတ်နိုင်ငံသည် ဒေသတွင်းရန်ပြုမှုများပြုလုပ်လျက် ရှိသည်ဟု စွပ်စွဲပြောဆိုထားကြသည်။

တောင်တရုတ်ပင်လယ်ပြင်သည် ရေနံ၊ သဘာဝဓာတ်ငွေ့များအမြောက်အမြားရှိသည်ဟု ယူဆရပြီး နိုင်ငံ အတော်များများက ယင်းပင်လယ်ပြင် အတွင်း နယ်နိမိတ်ပိုင်ဆိုင်ရေးအတွက် တောင်းဆိုမှုများပြုလုပ်ထားသည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း အာရှပစိဖိတ်ဒေသတွင်း တပ်ဖွဲ့များ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း၊ သြစတြေးလျမြောက်ပိုင်းဒေသတွင် အမေရိကန်မရိန်းတပ်ဖွဲ့ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ကြေညာ ခဲ့သည်။ လေ့လာသုံးသပ်သူများကမူ အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်သည် ဒေသတွင်းသြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံကို တိုက်ရိုက် စိန်ခေါ်ရာရောက်ကြောင်းပြောဆိုသည်။

******************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment