Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၁.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. အမေရိကန်နှင့် စတင်ဆက်ဆံမှုကြောင့် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်

(The Peninsula မှ 10 Dec 2010 ရက်စွဲပါ “ US rest won’t affect China ties” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံမှ ပြောင်းလဲမှုများ

(9 Dcember 2011 ရက်စွဲပါ Gulf News မှ Manik Mehta ရေးသားသော Changes in Myanmar ကို ဘာသာပြန်ဆိုသည်)

                *********************************************

အမေရိကန်နှင့် စတင်ဆက်ဆံမှုကြောင့် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်

( The Peninsula မှ 10 Dec 2010 ရက်စွဲပါ “US rest won’t affect China ties” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံမှ တပ်မတော် ကျောထောက်နောက်ခံ အစိုးရသစ်က လတ်တလော အမေရိကန်ပြည်ထောင်စုနှင့် သံတမန်ရေး ဆက်ဆံတိုးတက်မှု များက အစဉ်အလာ မဟာမိတ်အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိခိုက်စေမည်မဟုတ်ကြောင်း မနေ့က ထပ်မံအာမခံလိုက်သည်။

မြန်မာလွှတ်တော်သစ်အတွက် တရုတ်နိုင်ငံက ကွန်ပြူတာများ လှူဒါန်းအပြီးတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်သံ အမတ် ကြီး လီဂျန်ဟွာကို “မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိတ်ဆွေစစ်တွေလည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။

“အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ပုံမှန်ဆက်ဆံရေး မရှိခင်အချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို အကြံဥာဏ်နဲ့ အကူ အညီ အများကြီးပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာလည်း မြန်မာနိုင်ငံဖက်က မှန်ကန်စွာ ရပ်တည်ခဲ့ပါတယ်” ဟု ပြောကြားသူ ဗိုလ်ချုပ်ကြီးဟောင်းသည် ယခုအစိုးရလက်ထက်တွင် အာဏာအတော်အတန်ရှိသည်ဟုဆိုနိုင်သော အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံး အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ခရီးစဉ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ယခင်သီတင်းပတ်က လာရောက်ခဲ့ခြင်းသည် ဒေသတွင်း တရုတ်သြဇာကြီးထွားလာမှုကို ဟန်ချက်ထိန်းရန် ဝါရှင်တန်၏ ကြိုးပမ်းမှု အစီအစဉ် အစိတ်အပိုင်းတစ်ခုဟု ရှုမြင်ကြသည်။

မြန်မာနိုင်ငံ၏ ယခင် တပ်မတော်အစိုးရနှင့် ယခုအရပ်ဖက်အစိုးရသစ်တို့က တရုတ်နိုင်ငံအား ၎င်းတို့၏ အဓိက မှီခိုအားထားရာအဖြစ် သတ်မှတ် ထားကြသော်လည်း ဘီဂျင်း၏ ပြင်းပြင်းထန်ထန် လွှမ်းမိုးလာမှုကို မြန်မာပြည်သူ အများစုက မကျေနပ်ကြပေ။

ထို့အတွက်ကြောင့် သမ္မတဦးသိန်းစိန်က “ တရုတ်နိုင်ငံကိုသာ အဓိကအကျိုးရှိစေမည့် ပြည်သူတို့ ကန့်ကွက်ကြ သော အငြင်းပွားဖွယ် အကြီးစား အဆင့်လွန် ရေလှောင်တမံ” တည်ဆောက်မှု ရုတ်တရက် ရပ်ဆိုင်းလိုက်သောအခါ အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများပင် အံ့အားသင့်ခဲ့ကြသည်။

တရုတ်တို့က ကလင်တန်၏ ခရီးစဉ်ကို တုန့်ပြန်သည့်အနေဖြင့် “ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ်မှု Sanctions များကို ရုတ်သိမ်းပေးရန်” အမေရိကန်ပြည်ထောင်စုကို အချိန်ကိုက် တောင်းဆိုလိုက်သော်လည်း ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်ခြင်းမရှိသ၍ ရုတ်သိမ်း ချိန် မတန်သေးဟု ဝါရှင်တန်က ပြောကြားထားသည်။

“မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံနိုင်ဖို့ ကြိုးစားတာကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုး တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ခိုင်မာစွာယုံကြည် ပါတယ်” ဟု သံအမတ်ကြီး လီဂျန်ဟွာက ဦးရွှေမန်းသို့ ပြန်လည် ပြောကြားသည်။

လက်ရှိသမ္မတ ဦးသိန်းစိန်သည် အရပ်ဖက်အစိုးရသစ်ကို ဦးဆောင်အာဏာရယူပြီး ၂ လအကြာ မေလတွင် တရုတ်နိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သည်။

************************************************************************

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများ

(9 Dcember 2011 ရက်စွဲပါ Gulf News မှ Manik Mehta ရေးသားသော Changes in Myanmar ကို ဘာသာပြန်ဆိုသည်)

ဆယ်စုနှစ်ပေါင်းများစွာ ယဉ်ကျေးသော် နိုင်ငံအများစုက မနှစ်သက်သဖြင့် ရှောင်ရှားပြီး အပယ်ခံနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့သောကြောင့် ဖိနှိပ်သော မြန်မာစစ်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းက ပုံမှန်နိုင်ငံအဖြစ်လက်ခံမှုကို အလိုရှိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော် မြန်မာ နိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း၊ အုပ်စုမှ အခြားနိုင်ငံများကို စိတ်အနှောက်အယှက်ပေးသော နိုင်ငံတစ်ခုဖြစ်သည်။

မကြာသေးမီက ပြင်းထန်သော ဥပဒေအချို့ကို ဖြေလျော့ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် လွှတ်ပေး ခဲ့ခြင်းကြောင့် အစိုးရ၏ ပုံရိပ်သည် အနည်းငယ်တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံမှ လူသိအများဆုံးအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လည်း အချို့အတော်ကြာက လွှတ်ပေးခဲ့ပြီး ဖြစ်သည်။ ပြောင်းလဲမှုများသည် အံ့သြဖွယ်အမြန်နှုန်းနှင့်ဖြစ်ပေါ်နေရာ ပညာရှင်အများစုကလည်း သဘောတူ ကြသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို အမေရိကန်ကလက်ခံကြောင်း မကြာသေးမီက ဟီလာရီကလင်တန်၏ ခရီးစဉ်ဖြင့် အသိ အမှတ်ပြုခဲ့သည်။ အဆိုပါခရီးစဉ်သည် အာရှ-ပစိဖိတ်ဒေသတွင် လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်များကို အလေး အနက်ပြသလိုက်ခြင်းပင် ဖြစ်သည်။

သို့သော်မြန်မာအစိုးရအနေဖြင့် နောက်ထပ်ပြုပြင်ပြောင်းလဲရေးများကို သစ္စာရှိရှိ ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါက မှားလိမ့်မည် ဖြစ်သည်။ အာဏာရှင်များ၏ စိတ်သဘာဝအရ ပြောင်းလဲမှုများကို တစ်စုံတစ်ခုသော တွန်းအားမပါပဲ ပြုလုပ်သည်ဟု လက်ခံရန် ခပ်ခက်ခက်ပင် ဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံများသည်၊ ဂျပန်၊ အာဆီယံ၊ အိန္ဒိယတို့နှင့်အတူ လိုအပ်သောပြောင်းလဲမှုများပြုလုပ်ရန် ဖိအားဆက်လက် ပေးနေရန် လိုအပ် သည်။ အာဆီယံနှင့် အိန္ဒိယတို့သည် မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြပါသည်။ မြန်မာအစိုးရအား အသိပေး ထားရမည့် သတင်း စကားမှာ ပြောင်းလဲရေးလုပ်ငန်းများမှ နောက်ပြန်လှည့်ပါက တိုင်းပြည်အန္တရာယ်ရှိမည်ဖြစ်ကြောင်း တနည်းအားဖြင့် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်တွင် ရှိနေပါက ဆုလဒ်များရရှိမည်ဟု၍ သိထားစေရမည် ဖြစ်ပါ သည်။ ဆုပေးဒဏ်ပေးနည်းဖြင့် ချဉ်းကပ်ခြင်းသည် အသင့် တော်ဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။

မြန်မာအစိုးရသည် အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုအချို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခင်က ပြည်ဝင်ခွင့်ဗီဇာက ငြင်းပယ်ခဲ့ဘူးသော မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana အား ပြီးခဲ့သည့်သြဂုတ်လက မြန်မာနိုင်ငံသို့လာရောက်ခွင့် ပြုခဲ့သည်။ ထို့အပြင် ငွေကြေးပြုပြင် ပြောင်းလဲရေး အကြံပေးနိုင်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကို ဖိတ်ခေါ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးစကားပြောရန်လိုလားကြောင်းလည်းပြသခဲ့သည်။ ပို၍ထင်ရှားသောကိစ္စတစ်ရပ်မှာ တရုတ်တို့ဆောက်လုပ်နေသော မြစ်ဆုံရေလှောင် တမံ စီမံကိန်းကိုရပ်တန့်ခဲ့ ခြင်းဖြစ်သည်။ ထိုကိစ္စသည် တရုတ်နိုင်ငံတွင် အချက်ပေးခေါင်းလောင်းမြည်ခဲ့ပြီး နောက်ကွယ်တွင် အမေရိကန်သို့ သို့မဟုတ် အိန္ဒိယတို့ပါဝင်လိမ့်မည်ဟု ၎င်းတို့က ယူဆနေကြသည်။

တရုတ်သည် မြန်မာနိုင်ငံမှ သတ္ထုများနှင့်ကုန်ကြမ်းများကို ရယူနေရသည်သာမက အိန္ဒိယပတ်ပတ်လည် မြန်မာနိုင်ငံမှပါကစ္စတန်နှင့် မဟာဗျူဟာ ကျသော ကြိုးကွင်းစွပ်နိုင်ရန် (Strategic Noose) အားကောင်းသော ခြေကုတ်ကို တိတ်တဆိတ်တည်ဆောက်လျက်ရှိနေသည်။ ထိုကိစ္စသည် နယူးဒေလီကို စိတ်မသက်မသာဖြစ်စေသည်။ တရုတ် သည် မဲခေါင်ဒေသတွင် ၎င်းသြဇာလွှမ်းမိုးမှုချဲ့တွင် လိုပါသည်။ သို့မှသာ ဘင်္ဂလားပင်လယ်အော်မှ တဆင့်အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ ကုန်သွယ်ရေးနှင့် ရေနံလမ်းကြောင်းအတွက် အာမခံချက်ရှိမည် ဖြစ်သည်။ လောလောဆယ်အားဖြင့် တရုတ်သည် ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ရှိ Gwadar ဆိပ်ကမ်းကို တည်ဆောက်လျက်ရှိပြီး ရေနံနှင့်ကုန်သွယ်ရေး လမ်းကြောင်းအတွက် မဟာဗျူဟာကျသော နောက်ထပ်လမ်းကြောင်းသစ် အာရေဗျပင်လယ်တွင် ဝင်ရောက်နိုင်ရန် ကြိုးစားလျက် ရှိပါသည်။ ထို့ကြောင့် ကြိုးကွင်းကို မြန်မာနိုင်ငံမှ ပါကစ္စတန်ထိချဲ့ထွင်လျက်ရှိသည်။ သို့သော် ပါကစ္စတန်နိုင်ငံရေးသမားများခေါ်သကဲ့သို့ ရာသီမရွေး မိတ်ဆွေ (All- weather friend)တရုတ်နှင့် ပါကစ္စတန်ဆက်ဆံရေးမည်မျှခံမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ အမေရိကန်နှင့် အစ္စလာမ်မာဘတ်ဆက်ဆံရေးမှာ အတု အယောင်သာဖြစ်ပြီး ယခုအခါအဆင်မပြေဖြစ်နေသည်။

မြန်မာစစ်အစိုးရသည် လွန်ခဲ့သည် တစ်နှစ်အတွင်း ဤမျှအရေးပါသော ပြောင်းလဲမှုများကို အဘယ်ကြောင့် ရုတ်တရက်လုပ်ဆောင်ရသည် ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ မြန်မာစစ်တပ်သည် ၎င်းတို့အုပ်ချုပ်ခဲ့သော အချိန်များကြာမြင့်ခဲ့ပြီဆိုသည့် အချက်နှင့် တရုတ်အပေါ် မှီခိုခဲ့မှုသည် မဟာဗျူဟာမြောက် မှားယွင်းသောတွက်ချက်မှုဆိုသည်ကို သိရှိလာခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများပြုလုပ်မှသာ မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ လွတ်မည်ဖြစ်ပြီး၊ တရုတ်အပေါ် ဆက်လက်မှီခိုခြင်းပြုရတော့မည်မဟုတ်သဖြင့် ပို၍ချိန်ခွင်လျှာညီပြီး လွတ်လပ်သော နိုင်ငံခြားရေးဝါဒကို ဖန်တီးခဲ့သည်။ အမေရိကန်နှင့် မြန်မာတို့၏ နွေးထွေးသော ဆက်ဆံရေးအလားအလာများကြောင့် တရုတ်သည် မကြာသေးမီက ၎င်းထံအလည်အပတ် ရောက်နေသော စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ကောဇောနီခင်း၍ ကြိုဆိုခဲ့သည်။ ၂၀၁၂ တွင် တရုတ်ခေါင်းဆောင် ဖြစ်လာမည့် ဒုသမ္မတ Xi Jinping သည် မြန်မာဧည့်သည်အား ပုဂ္ဂိုလ်ရေးအရ ကြိုဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ပြည်ကြီးတရုတ်အပေါ်မကျေနပ်မှုများ ပိုမိုမြင့်တက်လာနေသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည် နှစ်နှစ်ဆယ်အတွင်း တရုတ်အပေါ်တွင် ကြီးမားစွာမှီခိုခဲ့ရပြီး၊ ယခုအခါ နိုင်ငံတကာ မိတ်ဆွေသစ်များ ရရှိလိုပါက၊ ထိုမှီခိုမှုကို လျော့ချရမည်ဖြစ်သည်။

                *******************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment