Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံသို့ ကုလနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သွားရောက်လို

(Reuters သတင်းမှ 15 Dec 2011 ရက်စွဲပါ “UN nuclear watch dog wants to visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ နောက်သို့တစ်လှမ်းဆုတ်ခြင်းလော

(16 Dec 2011 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A Step back for Burma? ကို ဘာသာ ပြန်ဆိုသည်)

  1. GMS အစည်းအဝေး တရုတ်နိုင်ငံတော်ကောင်စီဝင် တက်မည်

(15 Dec 2011 ရက်စွဲပါ People’s Daily မှ Xinhua ၏ Chinese State Councilor to attend GMS meeting ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************************************************

မြန်မာနိုင်ငံသို့ ကုလနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သွားရောက်လို

(Reuters သတင်းမှ 15 Dec 2011 ရက်စွဲပါ “UN nuclear watch dog wants to visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည်ပာူသော မနှစ်က ပြည်ပရောက် မြန်မာသတင်းဌာန တစ်ခု၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည့် မြန်မာနိုင်ငံမှ နျူကလီးယားနှင့် ပတ်သက်သည့်နေရာများသို့ သွားရောက်ခွင့်ရရှိရန် ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာသူများက ကြိုးစားနေကြောင်း ယင်းကိစ္စနှင့် အကျွမ်းတဝင်ရှိသူ သံတမန်တစ်ဦးက ပြောကြားလိုက်သည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး အလွန်တွင် အခြေခံကျကျပြုပြင်ပြောင်းလဲမှုများ စတင်နေသည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA မှ စစ်ဆေးရေးမှူးများ လာရောက်နိုင်ကြောင်း စက်တင်ဘာလအတွင်း ဆွေးနွေးမှုများတွင် မြန်မာတာဝန်ရှိသူများက ခွင့်ပြုလိုက်ကြပြီ ဖြစ်သည်။

IAEA အဖွဲ့ဝင်နိုင်ငံများ ညီလာခံ၏ အဝန်းအဝိုင်းတွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုသည် မြန်မာနျူကလီးယားကိစ္စ တိုးတက်ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များကို မြှင့်တင်ပေးခဲ့သည်ပာု ပြောကြားသော အဆိုပါသံတမန်က IAEA သွားရောက်ကြည့်ရှုလိုသည့် နေရာများကိုမူ သတ်မှတ်ခဲ့ခြင်းမရှိပာု ဖြည့်စွက် ပြောကြားသည်။ ယင်းကိစ္စကို IAEA က လတ်တလော မှတ်ချက်မပေးသေးပါ။

အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံကို စွန့်ခွာလာသော တပ်ပြေးအရာရှိများက ၎င်းတို့ မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မည့် နည်းလမ်းများ တိုးတက်အောင် လျို့ဝှက်စီစဉ်နေကြောင်း ဖွင့်ချ ဖော်ထုတ်ခဲ့ပြီးနောက်တွင် ၂၀၁၀ နှစ်လယ်ပိုင်း၌ နော်ဝေးအခြေစိုက် မြန်မာသတင်းဌာနက အထောက်အထားများဖြင့် သတင်းဖော်ပြခဲ့သည်။

IAEA အစီရင်ခံစာကို လေ့လာနေဆဲဖြစ်သည်ပာုသာ ထိုစဉ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် IAEA အဖွဲ့ဝင်ဖြစ်သည့်အပြင် နျူကလီးယားမပြန့်ပွားရေး စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် အနုမြူလက်နက်ထုတ်လုပ်နိုင်လောက်အောင် စီးပွားရေးတောင့်တင်းခြင်းမရှိပါပာု မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက စက်တင်ဘာလတွင် ပြောကြားခဲ့သည်။ မြန်မာတို့သည် နျူကလီးယားကိစ္စ အပေါ် စွပ်စွဲမှုများကို ယခင်းကလည်း အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် သုတေသနအစီအစဉ် ရှိနေကြောင်း ဆွေးနွေးထားသည့် ပြည်ပရောက် မြန်မာသတင်းဌာနနှင့် မြန်မာတပ်ပြေးအရာရှိများ အကြားမှ အင်တာဗျူးများ၏ စွပ်စွဲချက်သည် သက်သော အထောက်အထား ခိုင်မာမှု အားနည်းနေသည်ပာု အမေရိကန်အခြေစိုက် ‘ဉာဏ်ကျယ်’ အုပ်စုတစ်စုက ဆိုသည်။

သို့သော်လည်း Institute for Science and International Security(ISIS) က “နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအား နျူကလီးယားမပြန့်ပွားရေး ရည်မှန်းချက် စည်းကမ်းများကို အပြည့်အဝ တာဝန်ယူ လိုက်နာရန်နှင့် ၎င်းတာဝန်များကို အပြည့်အဝအကဲခတ်ခွင့်ပေးရန် တသမတ်တည်း ဆက်လက် ရပ်တည်တောင်းဆိုသွားရမည်” ပာု ပြောကြားထားသည်။

မြောက်ကိုရီးယားဆန့်ကျင်မှု

IAEA အနေဖြင့် ကမ္ဘာပေါ်တွင် အနူမြူဗုံးများ ပြန့်ပွားမှုကို တားဆီးရန်အတွက်၊ နျူကလီးယား ပစ္စည်းမှန်သမျှကို စစ်ရေးကိစ္စအတွက် ပြောင်းလဲခြင်းမပြုနိုင်အောင် ကြိုးစားခြင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယားအသုံးချမှုဆိုင်ရာ တားမြစ်ကိရိယာများကို ရရှိအောင် တရားမဝင် ခက်ခဲစွာ ကြိုးပမ်းခြင်းနှင့် နျူကလီးယားကိစ္စ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်သော IAEA မေးခွန်းမှန်သမျှကို ဖြေကြားရန် လိုအပ်သည်ပာု ‘ISIS’ ကဆိုသည်။

ထို့အပြင် ယခင်က မြောက်ကိုရီးယာူးနှင့် နည်းပညာလွှဲပြောင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်သော အချက်အလက်များကို တင်ပြခြင်း၊ ရုရှားသို့ နျူကလီးယားနှင့် ဒုံးကျည်အသုံးချမှုဆိုင်ရာ လေ့ကျင့်မှုအတွက် ကျောင်းသားများ ဆက်လက် စေလွှတ်နေခြင်းအပေါ် ရှင်းလင်းခြင်း တို့ကိုလည်း ပြုလုပ်သင့်သည်ပာု ISIS ဉာဏ်ကျယ်အုပ်စုက ဆက်လက်ပြောကြားခဲ့သည်။

ယခင်နှစ်က ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် မြောက်ကိုရီးယားနိုင်ငံသည် စီးပွားရေးနိမ့်ကျသော မြန်မာနိုင်ငံ အပါအဝင် အီရန်နှင့် ဆီးရီးယားနိုင်ငံများသို့ နျူကလီးယားတားမြစ်နည်းပညာများကို တိတ်တဆိတ် ဖြန့်ဖြူးနေဖွယ် ရှိသည်ပာု တင်ပြထားသည်။

သို့သော်လည်း အကဲခတ်လေ့လာသူအများစုက မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းရည်ကို ပိုင်ဆိုင်ရန် အလွန် အလှမ်းကွာဝေးနေဆဲပာု ယုံကြည်ထားကြပြီး အမေရိကန်တာဝန်ရှိသူများကလည်း မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင် နျူကလီးယားအစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်နေသည် ပာူသော စိုးရိမ်မှုများကို အလေးမထားခဲ့ကြပေ။

ပြီးခဲ့သော နှစ်ပတ်ခန့်က သမိုင်းဝင်အထင်ကရ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်လာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က နျူကလီးယားလက်နက်နိုင်ငံဖြစ်အောင် ကြိုးစားမှုကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ထားသော မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်သွယ်မှုများကို အဆုံးသတ်ရန် နေပြည်တော် အာဏာပိုင်များကို တိုက်တွန်းပြောကြားခဲ့သည်။           

ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံက နျူကလီးယားနည်းပညာအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါပာု ငြင်းဆို၍ အနုမြူလက်နက် နည်းပညာဖလှယ်ရန် ၎င်းတို့နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေကြသည် ပာူသော မှန်းဆချက်များအပေါ် ပထမဆုံးအကြိမ် တုန့်ပြန် မှတ်ချက်ပေးခဲ့သည်။

****************************************************************

မြန်မာ နောက်သို့တစ်လှမ်းဆုတ်ခြင်းလော

(16 Dec 2011 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A Step back for Burma? ကို ဘာသာ ပြန်ဆိုသည်)

မြန်မာစစ်တပ်နှင့် ကချင်သူပုန်များကြား တိုက်ပွဲများသည် သတင်းခေါင်းစဉ်များကို နေရာယူပြီး၊ လူပေါင်းသုံးသောင်းမှ လေးသောင်းခန့် နေအိမ်များကို စွန့်ခွာ၍ တောထဲတွင် ယာယီတဲများနှင့် နေထိုင်နေရသည်ဖြစ်ရာ NGO များက ယခုပဋိပက္ခများသည် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်တွင် ဇွန်လက ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ယွင်းသွားခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာတပ်မတော်တို့ကြား တင်းမာမှုမှာ ရေဆူမှတ်သို့ရောက်ခဲ့သဖြင့် Retugees International ကသတိပေးခဲ့သည်။ ထွက်ပြေးလာကြသူများ၏ စခန်းများကို ပြည်တွင်းရှိ အကူအညီပေးရေး အဖွဲ့များနှင့် ကုလသမဂ္ဂ တို့က ဝင်ရောက်ရန် မဖြစ်နိုင်သေးပေ။ တရုတ်ဘက်မှ ဝင်ရောက်နိုင်သော ဝင်ပေါက်များရှိသော်လည်း၊ ဘေဂျင်းအနေဖြင့် အိမ်နီးချင်း၏ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ပာုဆိုကာ ဒုက္ခသည်များကို လက်ခံရန် တွန့်ဆုတ်နေသည်။

တိုက်ပွဲများ ဖြစ်နေသည့် တချိန်တည်းမှာပင် အစိုးရသည် ၎င်းအား လူအများလက်ခံအောင် လူသိရှင်ကြား လုပ်ဆောင်လျက် ရှိသည်။ အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ကြေညာလုပ်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန်က နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်နှင့် တုန့်ပြန်ခဲ့ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ပာု ကြေညာခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ငြိမ်သက်နေသည်။ ၎င်းသည် ကျယ်ကျယ်ပြန့်ပြန့် အများလက်မခံသော ရွေးကောက်ပွဲဖြင့် တက်လာသော အရပ်သားအစိုးရ၏ အပြုသဘောဆောင်သော သဘောထားများကိုသာ ပြောပြီး အများအားဆွဲဆောင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုရရန် နားချလျက်ရှိသည်။ အားတက်ဖွယ်ရာမှာ အာဆီယံကလည်း ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရန် ခွင့်ပြုခဲ့သည်။

သို့သော် မြန်မာနိုင်ငံက ၎င်း၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ အမှန်တကယ်လက်ခံမှုရရှိရေးနှင့် အနောက်နိုင်ငံအရေးယူမှုများ ရုတ်သိမ်းပြီး ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရေးတို့ ဖြစ်မဖြစ်မှာ တိုင်းရင်းသားပဋိပက္ခများအပေါ် ဖြေရှင်းနိုင်မှုက အဆုံးအဖြတ်ပြုနိုင်ပါလိမ့်မည်။ တိုင်းရင်းသားပဋိပက္ခများသည် တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ ပြဿနာများဖြစ်စေသည်။ ကလင်တန်ကလည်း ထိုအချက်ကို အလေးအနက်ထား ပြောကြားခဲ့သည်။ ထို့အပြင် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်ထဲတွင်ရှိနေသော နိုင်ငံရေးအကျဉ်းသား (၁၇၀၀) ကျော်၏ ဆိုးရွားသော အခြေအနေများကိုလည်း အလေးအနက်ထား ပြောခဲ့သည်။

ယမန်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲမတိုင်မီက စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များအား နယ်ခြားစောင့်တပ်လက်အောက်သို့ ပြောင်းလဲရန် ကြိုးစားခဲ့ပြီး၊ သို့မှသာ အဆိုပါ တိုင်းရင်းသားများကို ရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမည်ပာု ဆိုခဲ့သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် ၎င်းတို့အနေဖြင့် လက်နက်ချရန် လိုအပ်ပြီး၊ မြန်မာတပ်မှူးများ၏ ထိန်းချုပ်မှုကို ခံယူရမည်ဖြစ်သည်။ ယင်းသို့ ကမ်းလှမ်းမှုကို တုန့်ပြန်မှုများမှာ စိတ်မပါလက်မပါ ရှိလှပြီး၊ KIA ကလည်း အဆိုပါကိစ္စကို လုံးဝ ပယ်ချခဲ့ပြီး သဘောတူခဲ့ပါက ၎င်းတို့ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့မှုမှာ အချည်းနှီးဖြစ်မည်ပာု ပြောကြားခဲ့သည်။

နေပြည်တော်နှင့် ပဋိပက္ခဖြစ်လျက်ရှိကြသော တိုင်းရင်းသားများမှာ ကချင်အပြင် ရှမ်း၊ ကရင်၊ ကိုးကန့်နှင့် တရုတ်နှင့် ရင်းနှီးသော ‘ဝ’ များဖြစ်ကြသည်။ ယခင်ကလည်း The Diplomat တွင် ဇူလိုင်လက မြန်မာနိုင်ငံ ပြည်တွင်း ပဋိပက္ခများ၏ အန္တရာယ်ကို သတိပေးခဲ့သည်။ မြန်မာနိုင်ငံကို အများကလက်ခံရန် ကြိုးစားစဉ်က ထိုကိစ္စကို အလေးအနက်ထားခဲ့ကြပာန်မတူ ဆိုသောကိစ္စမှာ အရေးကြီးသောအချက်ဖြစ်သည်။ ယခု ကချင်ပြည်နယ်တွင် ဖြစ်နေသော ပဋိပက္ခများမှာ နေပြည်တော်၏ စိတ်သဘောထားအမှန်ကို ညွှန်ပြနေသည်။

*********************************************************************

GMS အစည်းအဝေး တရုတ်နိုင်ငံတော်ကောင်စီဝင် တက်မည်

(15 Dec 2011 ရက်စွဲပါ People’s Daily မှ Xinhua ၏ Chinese State Councilor to attend GMS meeting ကို ဘာသာပြန်ဆိုသည်)

              တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် Dai Bingguo သည် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည့် လေးကြိမ်မြောက် Greater Mekong Subregion (GMS) စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့က ပြောကြားလိုက်သည်။ အဆိုပါပြောခွင့်ရပုဂ္ဂိုလ် Liu Weimin ကနေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ကြေညာရာ၌ အစည်းအဝေးသည် ဒီဇင်ဘာ ၁၉-၂၀ တွင် ကျင်းပမည်ပာု ဆိုသည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့သည် မဲခေါင်မြစ်နှင့် သက်ဆိုင်ကြပြီး၊ အဆိုပါ နိုင်ငံများအတွင်း စီးပွားရေးအရ ဆက်ဆံမှုကောင်းမွန်စေရန် ဒေသခွဲစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၁၉၉၂ တွင် စတင်ခဲ့သည်။

****************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment