Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစုဆောင်းမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း
  2. ဘဏ်အပ်ငွေ အတိုးနှုန်းသတ်မှတ်ရန် ပုဂ္ဂလိကဘဏ်များ ဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံသားများ အခွင့်အရေးအတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း
  2. ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်း
  3. မှတ်ပုံတင်ခြင်းမရှိသည့် အသင်းအဖွဲ့များအား ပယ်ဖျက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. လူထုခေါင်းဆောင်ကပေးသော သင်ခန်းစာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစုဆောင်းမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း

၂၀၁၅ အာဆီယံ စီးပွားရေးအသိုက်အဝန်း( AEC ) အတွက် အကြိုပြင်ဆင်မှုအဖြစ် မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သတင်းအချက်အလက် စုဆောင်းမြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့အစည်းမှ ပြည်တွင်းရှိ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များတွင် အကြံဥာဏ်များ ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်လျက်ရှိသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များမှ ၎င်းအဖွဲ့ထံတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းနိုင်မည်ဖြစ်ပြီး ၎င်းအဖွဲ့မှ မေးမြန်းသည့် မေးခွန်းများ အပေါ် မူတည်၍ အဖြေများနှင့် သတင်းအချက်အလက်များကို ပြန်လည်ဖြေကြားပေးမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အကြံဥာဏ်များကိုလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သတင်းအချက်အလက် စုဆောင်းမြှင့်တင်မှုအဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများဖြင့် ပါဝင်ကြောင်း သိရသည်။

Ref : Yangon Times

----------------------------------------------------------------------------------------------------------------------------------

ဘဏ်အပ်ငွေ အတိုးနှုန်းသတ်မှတ်ရန် ပုဂ္ဂလိကဘဏ်များ ဆွေးနွေး

ဘဏ်အပ်ငွေများအတွက် ရရှိနေသော အတိုးနှုန်းကို ပုဂ္ဂလိကဘဏ်များက တစ်ပြေးညီသတ်မှတ်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘဏ်အပ်ငွေများနှင့်ချေးငွေများကို ပြင်ဆင်သတ်မှတ်ရန် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များအား ညွှန်ကြားချက် ပို့ပြီးနောက်တွင် ချေးငွေများအတွက် အတိုးနှုန်းအား သတ်မှတ်ရန် ကိစ္စရပ်မှာ လွယ်ကူသော်လည်း၊ ဘဏ်အပ်ငွေများ အတွက်မှု ဘဏ်အားလုံးအတွက် သင့်တော်သည့် အတိုးနှုန်း သတ်မှတ်ရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ်၏ ဒု-ဥက္ကဌ(၂)ဦးသန်းငြိမ်းကဆိုသည်။

“ဒီလိုမလုပ်ရင် ဘဏ်တိုးနည်းတဲ့ ဘဏ်ကပိုက်ဆံတွေက ဘဏ်တိုးများတဲ့ ဘဏ်တွေကို စီးဝင်သွားလိမ့်မယ်။ ဒါဆိုရင် ဘဏ်တွေအတွက် သိပ်မကောင်းနိုင်ဘူး”ဟုယင်းကဆိုသည်။

ဗဟိုဘဏ်မှ ထုတ်ပြန်သော ညွှန်ကြားလွှာတွင်မှု  အပ်ငွေများအတွက် ယခင် ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားနှင့်ချေးငွေဆိုပါက ယခင် ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြားထားကာ သတ်မှတ်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ချေးငွေအတွက် အတိုးနှုန်းသတ်မှတ်ခြင်းသည် အခက်အခဲ မရှိကြောင်း သိရသည်။

“ချေးငွေက အတိုးနှုန်းနည်းတာ၊ များတာက အကြောင်းမထူးပါဘူး၊ အဓိကက အပ်ငွေရဲ့အတိုးနှုန်းပါ။ ဘဏ်တွေအကုန်လုံး တစ်ပြေးညီ သတ်မှတ်မှ ပိုကောင်းမယ်”ဟု ဦးသန်းငြိမ်းက အတည်ပြုပြောကြားသည်။

ယင်းကဲ့သို့ ဘဏ်အပ်ငွေစာရင်းတွင် ပါဝင်သည့် ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်၊ fixed depositများအတွက် ရရှိသင့်သည့် အတိုးနှုန်းကို တစ်ပြေးညီသတ်မှတ်နေရန် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်မှ အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်နေပြီး၊ ယင်းအတိုးနှုန်းကို မကြာမီ တစ်ပြေးညီ သတ်မှတ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

နိုင်ငံသားများ အခွင့်အရေးအတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း

၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် အမျိုးသား ကာကွယ်ရေးကိစ္စရပ်များကို လုပ်ဆောင်နိုင်စေရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြမှ တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေ အားခန့်အပ်ထားပြီး အဖွဲ့ဝင် အငြိမ်းစားအစိုးရအရာရှိ (၁၅) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးတွေကို အာမခံနိုင်မယ်ဆိုရင် တော်တော်ကျေနပ်ဖို့ ကောင်းသွားပါပြီ။ ခက်တာ ကလဲကျွန်တော်တို့ နိုင်ငံမှာက လူထုကိုယ်တိုင်က အကြောက်စွဲနေတော့ ဘယ်လိုကိစ္စတွေဟာ လူ့အခွင့်အရေးနဲ့ ဆိုင်လဲ ဆိုတာ မသိကြဘူး၊ တိုင်လဲ မတိုင်ရဲကြဘူးပေါ့ ကုလသမဂ္ဂကရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ရပိုင်ခွင့်တွေကို သိတဲ့သူကလဲ အင်မတန်နဲတာကလဲ ပြဿနာရှိပါတယ်” ပာု နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ အစီရင်ခံစာတင်သွင်းသူ မစ္စတာသောမတ်ကွင်တာနားသည်  သြဂုတ်လ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့ အထိ မြန်မာနိုင်ငံသို့ရောကိရှိနေစဉ်အတွင်း နိုင်ငံတော်သမ္မတ၏ အကြံပေးများနှင့် တွေ့ဆုံစဉ် အခါကလည်း လွတ်လပ်၍ အစိုးရ၏ မှီတွယ်မှုကင်းသည့် လူ့အခွင့် အရေးအဖွဲ့ ဖွဲ့စည်းရန် အကြံပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့က သာ အကဲဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် တိကျ၍ ဘက်မလိုက်သော အကဲဖြတ်ချက်နှင့်အစီရင်ခံစာများ ပေါ်ထွက်လာစေရန် ယင်းကဲ့သို့ တိုက်တွန်းရခြင်း ဖြစ်ကြောင်း သြဂုတ်လ(၂၅) ရက်နေ့ညနေ၌ အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ သောမတ် ကွင်တာနားက ပြောကြားခဲ့သည်။

Y.C

----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသေးသည့်အတွက် ပြည်တွင်းငြိမ်းချမ်းမှု ရရှိနိုင်စေရန် မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိန်းသိမ်းရေး အမြဲတမ်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ရှစ်ရက်မြောက် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ခဲ့ကြောင်း သိရသည်။

၎င်း ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုအား ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်မှ တင်သွင်းပြီး ၎င်းအဆိုအား တိုင်းရင်းသားအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦး တို့က ထောက်ခံဆွေးနွေးခဲ့ကြသည့်အတွက် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိန်းသိမ်းရေး အမြဲတမ်းကော်မတီတစ်ရပ် ဖွဲ့စည်း ရန် လိုလားကြောင်း ရခိုင် ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ထောက်ခံဆွေးနွေးခဲ့သည်။

ယခုဖွဲ့စည်းမည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မတီတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်စလုံးမှ လက်ခံသည့် ပါတီစုံမှ တိုင်းရင်းသားကိုယ်စားလှယ်များ နှင့် အများ၏ ကြည်ညိုလေးစားခြင်း ခံရသော ပုဂ္ဂိုလ်များသာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ref: 7Day News

----------------------------------------------------------------------------------------------------------------------------------

မှတ်ပုံတင်ခြင်းမရှိသည့် အသင်းအဖွဲ့များအား ပယ်ဖျက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထပ်မံ သက်တမ်းတိုးခြင်း မရှိသည့် အသင်းအဖွဲ့အားလုံး အသင်းအဖွဲ့အဖြစ်မှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းကိစ္စရပ်များကို ကိုလိုနီခေတ် ဂျီစီဘီအေ အသင်းတည်ထောင်ပြီး ၁၉၆၄ ခုနှစ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကာကွယ်သည့်ဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေစတင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အသင်းအဖွဲ့အားလုံး တရားဝင်အသင်းအဖွဲ့များ ဖြစ်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ မှတ်ပုံတင်ခြင်းနှင့် သတ်တမ်းတိုးခြင်း ကိစ္စရပ်အား လုပ်ဆောင်ခိုင်းရခြင်းပင်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ တရားဝင်မှတ်ပုံတင်ပြုလုပ်ခြင်းမရှိသည့် အသင်းအဖွဲ့အသစ်များနှင့် အသင်းအဖွဲ့ မှတ်ပုံတင်သက်တမ်း ပြည့်သွား သော်လည်း ထပ်မံ သက်တမ်းတိုးခြင်း မရှိဘဲ အဆက်အသွယ်ပြတ်တောက်နေသည့် အသင်းအဖွဲ့များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် အသင်းအဖွဲ့  ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသင်းပေါင်း ၂၇၀ ကျော်တည်ထောင်ခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေသည့် အသင်းအဖွဲ့များ ရှိနေသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်တည်ထောင်လိုသည့် အသင်းအဖွဲ့များ၊ မှတ်ပုံတင်သတ်တမ်းပြည့်ပြီး သက်တမ်း တိုးလိုသည့် အသင်းအဖွဲ့ များကို မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အစိုးရသစ်အဖွဲ့ဝင်များမှ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Ref: Popular News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပွင့်လင်း လူ့အဖွဲ့အစည်း (Open Society) နဲ့ ပိတ်ဆို့လူ့အဖွဲ့အစည်း (Closed Society) ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ (ကျွန်တော်တ