Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃.၁.၂ဝ၁၂

ပြည်တွင်းသတင်းများ

  1. စက်မှုမြေကွက်များ ဆောက်လုပ်ခြင်းမရှိပါက ပြန်လည်သိမ်းဆည်းမည်
  2. ပာိုတယ်ဇုန် စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်ရန် မြေနေရာ တောင်းခံထား
  3. လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကပိုင်ပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်သမ္မတ ထုတ်ပြန်ကြေညာ
  1. ဒိန်းမတ်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

********************************************

ပြည်တွင်းသတင်းများ

စက်မှုမြေကွက်များ ဆောက်လုပ်ခြင်းမရှိပါက ပြန်လည်သိမ်းဆည်းမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်မှုမြေကွက်များကို ခြောက်လအတွင်း ဆောက်လုပ်ခြင်း မရှိပါက နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။

၎င်း ထုတ်ပြန်ကြေညာချက်၌ ယခုကြေညာချက်ထုတ်ပြန်ပြီး သုံးလအတွင်း မြေကွက်ပိုင်ရှင်အနေဖြင့် မိမိပိုင်မြေကွက်ကို ခြံစည်းရိုးခတ်ပြီး ခြောက်လ အတွင်း စက်ရုံအဆောက်အအုံ ဆောက်လုပ်ရန် ညွှန်ကြားထားပြီး ဆောက်လုပ်ရန် သတ်မှတ်ထားသည့် ရက်ပြည့်ပါက သက်ဆိုင်ရာမှ စစ်ဆေးမှုပြုလုပ်ကာ စည်းကမ်းချက်လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက မြေကွက်ဝယ်ယူခွင့်ကို ပယ်ဖျက်၍ ပေးသွင်းထားသည့် စက်မှုမြေကွက်တန်ဖိုးကို ပြန်လည်ထုတ်ပေးသွားမည်ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ စက်မှုမြေကွက် ပြန်လည်သိမ်းဆည်းမည်ဆိုသည့် ထုတ်ပြန်ချက်များကြောင့် ၎င်းမြေများကို ဝယ်ယူစုဆောင်းထားသူများမှ အခြား အမှန်တကယ် အလုပ်လုပ်ကိုင်မည့်သူများကို ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း စက်မှု မြေကွက်ဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြေကွက်ပြန်လည် သိမ်းဆည်းမည်ဆိုသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ “အစိုးရသစ်လက်ထက်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက တရှိန်ထိုး ဝင်ရောက်လာတယ်။ ဒါ့အပြင်နိုင်ငံတော်က စက်မှုဇုန်တွေ အများအပြားထူထောင်ပေးနေတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိလာနိုင်ပါတယ်။ မြေကွက်ဝယ်ပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” ပာု ပြောကြားခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

 ပာိုတယ်ဇုန် စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်ရန် မြေနေရာ တောင်းခံထား

မြန်မာနိုင်ငံ ပိာုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ ပိာုတယ်ဇုန်စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာသို့ မြေနေရာ တောင်းခံထားကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နေပြည်တော်ဇုန်၊ ရန်ကုန်ဇုန်၊ တောင်ကြီးဇုန်၊ ငွေဆောင်ဇုန်၊ ချောင်းသာဇုန်၊ မန္တလေးဇုန်၊ ရခိုင်ဇုန်၊ မော်လမြိုင်ဇုန်၊ ပဲခူးဇုန်၊ ပုဂံဇုန်၊ ရွှေတြိဂံဇုန်ပာူ၍ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး(အင်းလေး)တွင် ပိာုတယ်ဇုန် အသစ်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ တာချီလိတ်နှင့် ကျိုင်းတုံ ဒေသများတွင် ပိာုတယ်ဇုန်များ ဆောက်လုပ်ရန် မြေနေရာမရှိသည့်အတွက် ဝန်ကြီးဌာနသို့ ၎င်းမြေနေရာ အနေအထားအခြေအနေများကို စာတင်ပို့ထားကြောင်း ရွှေတြိဂံဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပိာုတယ်ဇုန်အသစ်များ ပြုလုပ်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ သဘောတူညီမှုများကို ရယူရမည်ဖြစ်ပြီး ပိာုတယ် ဇုန်အသစ်များ ဆောက်လုပ်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ စီးပွားရေးအလုပ်အကိုင်များ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် ကျေးလက်နေ လူမှုဘဝများလည်း မြင့်မားလာစေနိုင်မည်ဖြစ်ကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ပိာုတယ်လုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ ၂၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုဝင်ရောက်လာပါက သန်းပေါင်း ၁၅၀၀ ဝန်းကျင်အထိမြင့်တက်သွားနိုင်ဖွယ်ရှိကြောင်း ပိာုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပာိုတယ်လုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ စင်္ကာပူနိုင်ငံသည် စီမံကိန်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၉၀ ကျော်၊ ထိုင်းနိုင်ငံသည် စီမံကိန်း ၁၁ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်၊ ဂျပန်နိုင်ငံသည် စီမံကိန်း ခြောက်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်၊ ပောာင်ကောင်နိုင်ငံသည် စီမံကိန်း လေးခုအတွက် အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်၊ မလေးရှားနိုင်ငံသည် စီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်၊ အင်္ဂလန်နိုင်ငံသည် စီမံကိန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

 လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကပိုင်ပြုမည်

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတော်ပိုင်လုပ်ငန်းအချို့အား ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ နှစ်စဉ်အရှုံးခံ၍ လုပ်ဆောင်လျက်ရှိသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအား မကြာမီ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ စက်ရုံများ၊ လုပ်ငန်းအချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသကဲ့သို့ မကြာမီအချိန်တွင်လည်း နိုင်ငံတော်ပိုင်လုပ်ငန်း တစ်ခုဖြစ်သည့် လျှပ်စစ်ကဏ္ဍအားပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍသည် ဝင်ငွေနှင့် ထွက်ငွေ ညီမျှမှုမရှိဘဲ နိုင်ငံတော်မှ နှစ်စဉ်အရှုံးခံ လုပ်ဆောင်နေရသည့်အတွက် နိုင်ငံတော်၏ ဝန်ပေါ့သွားနိုင်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အရှိန်အပာုန်မြှင့်တင်၍ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လျှပ်စစ်ကဏ္ဍ၌ လက်ရှိအချိန်ထိတိုင် ဝင်ငွေနှင့် ထွက်ငွေ မျှတမှုမရှိသေးသည့်အတွက် လျှပ်စစ်မီ တာခများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ တိုးကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ ပြည်သူများ အသုံးပြုနိုင်စေရန် လျှပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံမှ ရှစ်ရာခိုင်နှုန်းနှင့် အခြားနည်းလမ်း များမှ ၀.၃ ရာခိုင်နှုန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

              Ref: ကုမုဒြာ

*******************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်သမ္မတ ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် အခြားပြစ်မှုများကြောင့် အကျဉ်းကျခံနေရသူများအတွက် နှစ်ကာလလျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၁/၂၀၁၁ ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ)အရ နိုင်ငံတော်သမ္မတသည် ၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၉ ရက်(၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်) မတိုင်မီ ကျုးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ၎င်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြော်ငြာစာ၌ ဖော်ပြပါရှိသည်။

၎င်း အမိန့်၌ (က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိသို့ လည်းကောင်း)၊ (ခ) ထောင်ဒဏ် နှစ် ၃၀ အထက်(နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက်ကျခံနေရသည့် အကျဉ်းသားများမပါ)အား ထောင်ဒဏ် နှစ်သုံးဆယ်သို့လည်းကောင်း၊ (ဂ) ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၃၀ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ် နှစ် ၂၀ သို့ လျှော့ပေါ့ကျခံစေရန်လည်းကောင်း၊ (ဃ) ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသည့် အကျဉ်းသားများအား ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်လည်းကောင်း နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်း ချမ်းသာခွင့် လျှော့ပေါ့ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သမ္မတအစိုးရသစ်လက်ထက်တွင် ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ ရက်နေ့ တွင် ထောင်အသီးသီးမှ အကျဉ်းသား ၁၄၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။ ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီး ထောင်အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရ သည်။                               

YC

-----------------------------------------------------------------------------------------------------------------------------------

 

ဒိန်းမတ်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသို့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အကြီးအကဲများအပါအဝင် မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့သည် ဒိန်းမတ်အစိုးရ၏ ကူညီပံ့ပိုးမှုများဖြင့် ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်း၌ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ဝန်ထမ်းများနှင့် လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံသံရုံးမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် အကူအညီပေးလာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်များတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ်

*******************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ၂၀၁၂ ခုနှစ်ရဲ့ ပုံရိပ်စာ မြန်မာနိုင်ငံသားတွေ အတွက် ပုံရိပ်ကောင်းတစ်ခုအဖြစ် အားလုံးက မျှော်လင့်လို့ ရနိုင်ပါသလား။ ဘယ်ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲ ဖြေလျှော့ဖို့သင့်မလဲ။ အကြုံပြုပေးပါ။

ဖြေ- အခုလို အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ၊ နောက်ဥပဒေတွေအတည် မပြုခင်မှာလည်း Notification တွေနဲ့ ပြုလုပ်ဆောင်ရွက် နေတာတွေကို တွေ့ရတယ်။ မကြာခင်မှာလည်း ရေနက်ဆိပ်ကမ်းတွေ၊ SEZ တွေ ပေါ်ပေါက်လာမှာဖြစ်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလဲ စီးဝင်လာတော့မှာ ဖြစ်ပါတယ်။ စက်မှု ကဏ္ဍအတွက်လည်း လိုအပ်တဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ MoU တွေကိုလဲ အာရှနိုင်ငံကြီးတွေနဲ့ ရေထိုးနေပြီ ဖြစ်ပါတယ်။ ဒီလိုတိုးတက်အောင် လုပ်ဆောင်ရာ မှာလည်း environmental friendly ဖြစ်ဖို့နဲ့ လုပ်ငန်းရှင်များအနေနဲ့လည်း CSR(Corporate Socal Responsibility) ကို လိုက်နာဖို့ လိုပါတယ်။

ဇန်နဝါရီ ၃ ထုတ် The Flower News အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သူအခု ပြည်ပမှာ Schlorship ပေးနေတာတွေကို ပြည်တွင်မှာ အခြေစိုက်ပြီး အစကနေအဆုံးအထိ ထောက်ပံ့ကူညီဖို့ အစိုးရအဖွဲ့က လူကြီးတွေနဲ့ ပြောဆိုကြတယ်လို့တော့ ကြားတယ်။ အစိုးရအဖွဲ့ကလည်း ဘယ်အတိုင်းအတာထိ လုပ်ခွင့်ပေးမယ်ဆိုတာတော့မသိဘူး။ သူ့အရင်က ထောက်ပံ့ကူညီ နေတာက ပြည်ပအခြေစိုက်တဲ့သူတွေကိုဆိုတော့ အစိုးရအဖွဲ့နဲ့လည်း ဘယ်အတိုင်းအတာထိ ယုံကြည်မှုတည်ဆောက်ခွင့်ရမလဲဆိုတာ မသိဘူးပေါ့။ အကောင်းမြင်နဲ့ ကြည့်ရင် ဒီမှာ ပညာရေးအတွက် အလုပ်တွေလာလုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့”

ဇန်နဝါရီ ၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁)တွင်ပါသည့် “ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံလာ ရောက်ခြင်းက မြန်မာနိုင်ငံငွေကြေး မူဝါဒအတွက် မဟုတ်ဘဲ ပညာရေးကဏ္ဍ အထောက်အပံ့ပေးနိုင်ရန် အတွက်သာဟုဆို” သတင်းမှ ပါမောက္ခ ဒေါ်ရီရီမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တည်ဆဲဥပဒေများမှာ ဥပဒေနဲ့မညီညွတ်တဲ့ အဂိတိလိုက်စားတဲ့ စီရင်ချက်တွေချမှတ်တဲ့ တရားသူကြီးများကို အရေးယူနိုင်တဲ့ ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးတာကိုလည်း ကော်မတီအနေနဲ့ လေ့လာတွေ့ရှိရပါတယ်။ ဥပဒေနဲ့ မညီညွတ်တဲ့ အဂတိလိုက်စားတဲ့ တရားသူကြီးမျိုးတို့၊ ဥပဒေ ဝန်ထမ်းမျိုးတို့၊ ရှေ့နေ ရှေ့မျိုးတို့ တရားရေး အသိုင်းအဝိုင်းမှာရှိသူတွေကို အရေးယူမယ့် ဥပဒေမျိုးရေးဆွဲနိုင်ဖို့ အချက်အလက်စတင် စုဆောင်းနေပါပြီ”

ဇန်နဝါရီ ၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁)တွင်ပါသည့် “အဂတိလိုက်စားသည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် စီစဉ်” သတင်းမှ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment