Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. ဩစတြေးလျက မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားသည့် လူစာရင်း လျှော့ပေးမည်

(Reuters သတင်းမှ 9 January 2012 ရက်စွဲပါ Australia reduces Myanmar sanctions list ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့၌ ပါဝင်နိုင်လိမ့်မည်

(AFP သတင်းမှ 7 Jan 2012 ရက်စွဲပါ “Myanmar’s Suu Kyi could get government role” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဖိလစ်ပိုင်က တရုတ်အား ရေပိုင်နက်ကျုးကျော်ကြောင်းစွပ်စွဲ

(8 Jan 2012 ရက်စွဲပါ BBC News မှ China accused by Philippines of Spratlys intrusion ကို ဘာသာပြန်ဆိုသည်)

************************************************************************************************

ဩစတြေးလျက မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားသည့် လူစာရင်း လျှော့ပေးမည်

(Reuters သတင်းမှ 9 January 2012 ရက်စွဲပါ Australia reduces Myanmar sanctions list ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားပေး အသိအမှတ်ပြုသည့်အနေဖြင့် ဩစတြေးလျ အစိုးရသည် ယခင်မြန်မာအစိုးရဝန်ကြီးများနှင့် ခရီးသွားအရာရှိများအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု စာရင်းကို လျှော့ချသွားမည်ဖြစ်သည်ဟု ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရပ်ဒ် (Kevin Rudd) က တနင်္လာနေ့ (ယနေ့)တွင် ပြောကြားလိုက်သည်။

သို့သော်လည်း တစ်ဦးချင်းစီအတွက် သီးသန့်ချမှတ်ထားသော ငွေကြေးနှင့် ခရီးသွားခြင်းဆိုင်ရာ ကန့်သတ်မှုများနှင့် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်းတို့ကိုမူ ဆက်လက် ထားရှိသွားဦးမည်ဖြစ်ကြောင်း မစ္စတာရပ်ဒ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အတိုက်အခံပါတီတွေရဲ့ ပါဝင်လာမှု များလာခြင်း၊ နိုင်ငံရေးအကျဉ်းသား ၂၂ဝ လောက် လွှတ်ပေးလိုက်ခြင်းနဲ့ ကုန်သွယ်ရေးသမဂ္ဂတွေ ဖွဲ့စည်းရေးကို အတည်ပြုပေးမယ့် အလုပ်သမားဥပဒေသစ်တွေ တင်ပြခြင်း စတဲ့ အပြုသဘောဆောင် တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။” ဟု ယင်းက ဆိုသည်။

“ဒါကြောင့်လည်း မြန်မာအပေါ် အရေးယူထားမှုတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။ ဩစတြေးလျက အရေးယူထားတဲ့စာရင်းထဲမှာ တစ်ဦးချင်း တစ်ယောက်ချင်းကို အချိန်မရွေး ထပ်မံပေါင်းထည့်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ အရင်က အရေးယူမှုစာရင်းမှာ မပါတဲ့၊ အခုလက်ရှိ မြန်မာအစိုးရအဖွဲ့သစ်ထဲမှာ ပါနေတဲ့သူတွေကတော့ ဒီအချိန်မှာ စာရင်းထဲမပါတော့ပါဘူး။ အခုလက်ရှိအစိုးရအဖွဲ့ထဲ မပါတော့တဲ့ အရင် အစိုးရအဖွဲ့ဝင်တွေကိုလည်း စာရင်းထဲကနေ ဖယ်ထုတ်ပေးမှာဖြစ်ပါတယ်။” ဟု ပြောသည်။

လက်ရှိမြန်မာအစိုးရသစ်သည် ပြီးခဲ့သောအောက်တိုဘာက နိုင်ငံရေးအကျဉ်းသား ၂၃ဝ ခန့်ကို လွှတ်ပေးခဲ့ပြီး ယခုအခါတွင် အနောက် ဥရောပနိုင်ငံများက ပိတ်ဆို့အရေးယူမှုများအားလုံးကို ရုတ်သိမ်းရန် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမည်ဟု တောင်းဆိုထားကြ သည်။

******************************************************************

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့၌ ပါဝင်နိုင်မည်

(AFP သတင်းမှ 7 Jan 2012 ရက်စွဲပါ “Myanmar’s Suukyi could get government role” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်၌ ရွေးချယ်တင်မြှောက်ခံရပါက မြန်မာအရပ်ဖက်အစိုးရအဖွဲ့တွင် ရာထူးတာဝန်တစ်ခု အပ်နှင်းခံရနိုင်သည်ပာု သမ္မတ၏ အကြံပေးတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ တပ်မတော်နှင့် အာဏာရပါတီတို့ကြီးစိုးထားသော လွှတ်တောထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် နိုဘယ်ဆုရှင်အနေဖြင့် သင့်လျော်သော တစ်နေရာ ရရှိလိမ့်မည်ပာု ဦးနေဇင်လတ်က AFP သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းသည် မြန်မာအစိုးရသစ်က ထပ်မံပြသလိုက်သော ပြုပြင်ပြောင်းလဲရေး၊ အချက်ပြမှုတစ်ခု ဖြစ်သော်လည်း Burma ပာုသာ လူသိများသော နိုင်ငံတွင်းမှ နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ရှိနေဆဲပင်ဖြစ်လေသည်။ “အစိုးရအဖွဲ့ထဲကို သူမရောက်ရှိလာဖို့ အလားအလာများပါတယ်။ သူမရဲ့ ဆန္ဒပေါ်မှာတော့ မူတည်တာပေါ့” ပာု ဦးနေဇင်လတ်က ဆိုသည်။

“တကယ်လို့ လွှတ်တော် ကိစ္စတွေကို ပိုပြီးစိတ်ဝင်စားတယ်ဆိုရင်လည်း သူမအတွက် လွှတ်တော်ထဲမှာ သင့်တော်တဲ့ တာဝန်ရှိပါတယ်” ပာု ယင်းက ပြောကြားသည်။ ရန်ကုန်အနီးတဝိုက် မဲဆန္ဒနယ်မြေမှ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိမ့်မည်ပာု သူမ၏ NLD ပါတီက အတည် ပြုပြီးနောက် အထက်ပါ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒေါ်စုက ကော့မှူးမဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာပါ။ ဇန်နဝါရီ ၁၁ ရက်နောက်ပိုင်းမှာ ကိုယ်စားလှယ်လောင်း စာရင်းကို ကျွန်တော်တို့ အပြီးသတ် ထုတ်ပြန်မှာပါ” ပာု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သို့ပြောကြားသည်။ ယခုနောက်ဆုံး အစိုးရက သိသိသာသာ လိုက်လျောမှုပြသခြင်းအပေါ် မှတ်ချက်ပေးရန် မေးမြန်းသောအခါ ဦးဉာဏ်ဝင်းက “တကယ်လို့ သူမအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီဆိုရင် ဘယ်နေရာမှာ ဘယ်လို တာဝန်ယူရမယ် ဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး” ပာု ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကြာမီ မဲဆွယ်ခရီးစဉ်စတင်တော့မည်ဖြစ်သော်လည်း ခရီးစဉ်အသေးစိတ်ကို မဆုံးဖြတ်ရသေးပါပာုလည်း ဦးဉာဏ်ဝင်းက အစောပိုင်းတွင် ပြောကြားသည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရကာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမည် ဆိုပါက သမ္မတဦးသိန်းစိန်က ဝမ်းမြောက်ဝမ်းသာကြိုဆိုလိမ့်မည်ပာု ဦးနေဇင်လတ်က ပြောကြားသည်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး မျှတစေဖို့ သမ္မတကြီးက ဆန္ဒရှိနေပါတယ် ပာု ယင်းက ဆိုသည်။ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြည့်အဝရှိသော ရွေးကောက်ပွဲကိုမြင်တွေ့ရသည်အထိ နေထိုင်သွားရန် မျှော်လင့်ကြောင်း BBC သို့ ယခင်အပတ်က ပြောကြားခဲ့သည်။

သူမ၏ NLD ပါတီကလည်း ၎င်းတို့၏ ပါတီမှတ်ပုံတင်ခြင်းကို အာဏာပိုင်များက ယခင်အပတ်တွင် တရားဝင်ခွင့်ပြုလိုက်ခြင်းသည် ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်ရေး နောက်ဆုံးအတားအဆီးရှင်းလင်းသွားခြင်းပာု ရှုမြင်လျက်ရှိကြသည်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားသည့် စုစုပေါင်း ၄၈ နေရာတွင် အောက်လွှတ်တော်မှ နေရာ ၄၀၊ အထက်လွှတ်တော်မှ ၆ နေရာနှင့် ဒေသန္တာရလွှတ်တော်မှ ၂ နေရာတို့ပါဝင်သည်။ ယခင်အငြင်းပွားဖွယ် ရွေးချယ်ခံရပြီး အစိုးရအဖွဲ့တွင် ဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဖြစ်သွားသူများ၏ လစ်လပ်နေရာများကို ယခုကြားဖြတ်ရွေးကောက်ပွဲဖြင့် ဖြည့်တင်းမည်ဖြစ်သည်။ သို့သော် ယခု ရရှိနိုင်မည့် ကိုယ်စားလှယ်နေရာ အရေအတွက်သည် အာဏာရပါတီက ရရှိထားပြီးသော လူများစုအင်အား သဘောထားကို ခြိမ်းခြောက်နိုင်ရန်မလုံလောက်သေးပေ။ လွှတ်တော်နေရာ လေးပုံတစ်ပုံခန့်ကို တပ်မတော်က ရယူထားပြီး ကျန်နေရာ၏ ၈၀ ရာခိုင်နှုန်းကို ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားသည်။

ပြီးခဲ့သော လပိုင်းများအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်ဗိုလ်ချုပ်ကြီးပောာင်း သမ္မတ ဦးသိန်းစိန်တို့အကြား အထင်ကရ ဒိုင်ယာလော့ ဆွေးနွေးမှုနှင့်အတူ အမည်ခံ အရပ်ဖက်အစိုးရသစ်နှင့် မြန်မာနိုင်ငံရေးအတိုက်အခံ အုပ်စုအကြား ဆက်ဆံရေးတွင် သိသိသာသာ နွေးထွေးမှု ရှိလာခဲ့သည်။

**************************************************************************

ဖိလစ်ပိုင်က တရုတ်အား ရေပိုင်နက်ကျုးကျော်ကြောင်းစွပ်စွဲ

(8 Jan 2012 ရက်စွဲပါ BBC News မှ China accused by Philippines of Spatlys intrusion ကို ဘာသာပြန်ဆိုသည်)

              အငြင်းပွားနေသော စပရက်တလီကျွန်းများအနီးတွင် ဒီဇင်ဘာလက သင်္ဘောသုံးစင်း ခြေရာခံမိခဲ့သောကြောင့် ဖိလစ်ပိုင်မှ တရုတ်အား ရေပိုင်နက်ကျူးကျော်မှုအတွက် စွပ်စွဲပြောဆိုလိုက်သည်။

                တရုတ်ရေတပ်သင်္ဘောတစ်စင်းနှင့် အခြားတရုတ်သင်္ဘောနှစ်စင်းတို့သည် ဒီဇင်ဘာ (၁၁) နှင့် (၁၂) တို့တွင် Sabina ကမ်းအနီးတွင် တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မနီလာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

                ဖိလစ်ပိုင်တို့က တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံအား ကြာသပတေးနေ့က တရားဝင်ကန့်ကွက်မှုအား ခေါ်ယူပြောကြားခဲ့သည်ဟု ဆိုသည်။

                ရေနံနှင့် သဘာဝဓာတ်ငွေ့မြောက်မြားစွာရှိနေသည်ပာု ယုံကြည်ရသော တောင်တရုတ်ပင်လယ်တွင် နိုင်ငံခြောက်နိုင်ငံ အငြင်းပွားလျက်ရှိသည်။ ထိုခြောက်နိုင်ငံမှာ တရုတ်နှင့်ဖိလစ်ပိုင်အပြင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ပါဝင်သည်။

                ဖိလစ်ပိုင်နိုင်ငံ ဒေသဆိုင်ရာ စစ်တပ်တပ်မှူး ဒုဗိုလ်ချုပ်ကြီး Juancho Sabban ကပြောကြားရာတွင် ဖိလစ်ပိုင်ရေတပ်ကင်းလှည့် သင်္ဘောနှင့် လေတပ်လေယာဉ်တစ်စင်းတို့သည် တရုတ်သင်္ဘောများ ဖိလစ်ပိုင်ရေပိုင်နက်မှ ထွက်သွားသည်အထိ အဝေးမှ စောင့်ကြည့်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း သင်္ဘောသုံးစီးစည် တရုတ်တို့ နေရာယူထားသော Mischief Reef မှ လာရောက်သည်မှာထင်ရှားသည်။

                “ကျွန်တော်တို့ သူတို့ကို စောင့်ကြည့်နေတာပါ” ပာု တပ်မှူးက AP သတင်းဌာနသို့ ပြောသည်။ “သူတို့ပာာ ကျောက်ဆူးချတာတို့၊ ဆောက်လုပ်ရေးပစ္စည်းတွေချတာတို့ မရှိပါဘူး။ ဖြတ်သွားရုံပါပဲ” ပာု ၎င်းကပြောသည်။

                ၎င်းကိစ္စနှင့် ပတ်သက်၍ တရုတ်တို့ထံမှ ချက်ခြင်း၊ တိုက်ရိုက်တုန့်ပြန်မှုမရှိခဲ့ပါ။ သို့သော် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က Beijing တွင်ပြောကြားခဲ့ရာ၌ တောင်တရုတ်ပင်လယ်မှ အခြေအနေသည် ငြိမ်းချမ်း၍ တည်ငြိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment