Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးအဓိပ္ပာယ် အော်တာနေးတစ်

****************************

ဆောင်းပါးကဏ္ဍ

အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးအဓိပ္ပာယ် အော်တာနေးတစ်

စိုးမြင့်သိန်း

(ဇန်နဝါရီ ၁၈ မြန်မာပို့စ် အတွဲ (၄) အမှတ် (၃) မှ ထုတ်ယူဖော်ပြသည်)

၃၇လမ်း၊ ကုန်သည်လမ်း၊ ရေတမာပင်တန်း၊ စာပေဗိမာန်၊ လေအန်ကုန်း၊ ပန်းဆိုးတန်း၊ အမေ့အိမ် စာအုပ်ဆိုင်များအနှံ့ ကျွန်တော့်ကို လိုက်ရှာသတဲ့။ အယ်ဒီတာလည်းမောပေါ့။ ဖိအားတွန်အားဆွဲအားညှစ်တွေနဲ့ အယ်ဒီတာခင်ဗျာလည်း ပိန်ပျော့ပျော့သာ ရှိတော့သည်။

ကျွန်တော်က ဆိပ်ကမ်းသာလမ်း ဆင်သုံးကောင်ဂျာနယ်ဆိုင်ကိုရောက်နေသည်။ တွေ့တွေ့ချင်း ဆောင့်နှင့်ထွင်းသည်။ ဟေ့လူ မင်းနိပ်မင့် ဒီမိုကရေစီတွေ ဘာတွေလုပ်မနေနဲ့တော့။ ခင်ဗျားပဲ ရေးရေးနေတာပဲ မဟုတ်လား။ မြစ်တစ်မြစ်ထဲ နှစ်ခါမဆင်းနိုင်ဆိုတဲ့ ဂရိခေတ်ဒဿနအဆိုတစ်ခု။ မှန်တယ်နော်။ ရေကစီးသွားပြီ။ ခင်ဗျားက ဘာလို့ရပ်နေချင်တာလဲ။ အပြောင်းအလဲကို မြင်အောင်ကြည့်ပါဗျ။ ငြိမ်းချမ်းရေးကို ဘယ်လိုမြင်သလဲ။ လက်ရှိ အနေအထားကို ပြောတာနော်။ အတိတ်တွေအတတ်တွေ လုပ်မနေနဲ့။ ဒီတစ်ခါ ခင်ဗျားကို ကျွန်တော်ဆရာလုပ်လိုက်မယ် အယ်ဒီတာရဲ့ သြဘာပေါ့ဗျာ။ ဟုတ်ပေါင်သြဇာပေါ့ဗျာ။ အင် ခင်ဗျားလိုလူကို သြဘာလည်းသိပ်မပေးရဲဘူး။ သြဇာလည်း မသုံးချင်ပါဘူး ဟဲဟဲ။

William Arthur Wlard ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စကားရှိတယ်။ Change, like Sunshine, can be a friend or foe, a blessing of a curse, a down or a dusk. အပြောင်းအလဲသည် နေရောင်ပမာမိတ်ဆွေလည်း ဖြစ်နိုင်ပြီး ရန်သူလည်း ဖြစ်သွားနိုင်တာပဲ။ မင်္ဂလာလည်းဖြစ်နိုင်ပြီး အမင်္ဂလာလည်းဖြစ်နိုင်တာပဲ။ မိုးသောက်လည်း ဖြစ်နိုင်ပြီး ဆည်းဆာလည်း ဖြစ်နိုင်တယ်။

အဒမ်စမစ်ရဲ့ ကိုယ်ပျောက်လက်ဒဿနကနေ ဂျွန်မေးနတ်ကိန်းရဲ့ အစိုးရဝင်ရောက် စွက်ဖက်ရေး ဘောဂဗေဒပေါ်လစီကိုလည်း ရွေ့သွားနိုင်တယ်။ ပုဂ္ဂလိကအရင်းရှင်စနစ်ကနေ အစိုးရအရင်းရှင်စနစ်ကိုလည်း သွားနိုင်တယ်။ ထိန်းချုပ်မှုလျှော့ချရာက ပြန်လည်ထိန်းချုပ်ရေးကိုလည်း ပြန်သွားနိုင်တယ်။ ရုပ်ရှင်ဆင်ဆာ လျှော့ပေါ့ရေးမှာတော့ လျှော့ပေါ့ပြီးမှ ပြန်ထိန်းချုပ်တာ မလုပ်ချင်ဘူးလို့ သက်ဆိုင်ရာအကြီးအကဲကပြောတာ မဆိုးဘူးဗျ။

လစ်ဘရယ်ဝါဒထက် တကယ့်လက်တွေ့နိုင်ငံရေးကို လုပ်သွားနိုင်တယ်လို့ နိုင်ငံရေးအကဲခတ် (မီဒီယာ)နှင့် နိုင်ငံရေးသုခမိန် (သီဝရီ) တွေက ဆိုတယ်ဗျ။

ဒီတစ်ခါ အယ်ဒီတာက ဆရာတယ်လုပ်ပါလား။

ခင်ဗျားက ကဗျာဆရာပီပီ အကောင်းမြင်အနာဂတ်ဝါဒီ သက်သက်ပဲဗျ။

ကျွန်တော်ကအယ်ဒီတာဆိုတော့ အကောင်းလည်းမြင်၊ အဆိုးလည်းမြင်တယ်ဗျ။

ထားပါတော့။ ထားပါတော့။ (ရွှေမန်းတင်မောင်ဇတ်လေသံ)

ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းက နောက်လည်းပြန်သွားနိုင်တယ်လို့ နိုင်ငံရေးဘောဂဗေဒသမားတွေက ပြောနေတာ။ ခင်ဗျားလည်း ကြားမှာပေါ့။ တရုတ်- အမေရိကန်ဆက်ဆံရေးသာ ကမ္ဘာကြီးကိုမောင်းနှင်မယ် ဆိုနေပါလား။ အင်အားကြီး ချိန်ခွင်လျှာ ညှိနှိုင်းညီမျှရေးက “စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး” ကို ပြဋ္ဌာန်းမယ် ဒီလိုလား။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ထွန်းသစ်စနိုင်ငံတွေရဲ့ ဈေးကွက်ထဲကလူ ၅၃ သန်းသော (ကမ္ဘာ့ ပြည်သူ)တွေဟာ အလွန်အကျွံ ဆင်းရဲတွင်းထဲ ကျသွားနိုင်တယ်လို့ ခန့်မှန်းဟောကန်းထုတ်နေပါလားဗျ။ သတိထားရမယ်နော်။ တရုတ်ပုံစံ၊ အိန္ဒိယပုံစံ၊ ဗီယက်နမ်ပုံစံ၊ အင်ဒိုနီးရှားပုံစံ၊ အင်း...အိုဘားမားကလည်း စန်းတက်နေသဗျ။ လမ်းဘက်ကအကိုင်းကိုတော့ မခုတ်နဲ့ဗျ။ နတ်နေကိုင်း ချန်ထားနော်။

ဂလိုဘယ်စာရးဆရာကျော်ဝင်းကိုယ်၌က မြန်မာ့နိုင်ငံရေး ခရီးနောက်ပြန်ကွေ့မှာ ရယ်ဒီကယ်အမှားကျော့မှာ “ဦးမပြောင်းမလဲ” တို့၊ “ကိုမပြောင်းမလဲ” တို့ တစ်ခန်းထလာမှာစိုးရိမ်နေသဗျ။

ကျွန်တော်ကတော့ အနာဂတ်ဟာတောက်ပတယ်ဆိုတဲ့ မော်ရဲ့ကဗျာလို တောက်ပတဲ့ဘက်ကိုပဲ ကြည့်တယ်။ ဟားဗတ်တက္ကသိုလ် ပါမောက္ခ စတီဗင်ဝေါ့ ကတော့ အန္တရာယ်ကြီးတဲ့ အိုင်ဒီယာဆိုးသမားတွေဟာ ကိုယ်ကျိုးစီးပွား နက်နက် ရှိုင်းရှိုင်းကြည့်တက်တဲ့လူမျိုးတွေလို့ ထောင်ပြသဗျ။

သူရဲကောင်းမျက်နှာဖုံးကာပြီး ကိုယ့် identity ကို ရွှေချလိုတဲ့ စတန့်ဆရာတချို့လည်း ရှိတယ်နော်။ ယုံကြည်ချက် တစ်ခုကို နောက်ဆုံးထွက်သက်ထိ ဆုပ်ကိုင်သွားမယ်ဆိုတဲ့ လူတွေလည်း (သင်္ကြန်အမြောက်တွေ) ရှိနေသးဗျ။ ဒီတစ်ခါ အယ်ဒီတာက စာရေးဆရာကို “ပို့ချချက်” ပေးနေရသလိုပါလား . . ဟား..ဟား။

ဒီလိုသဘောမထားပါဘူးဗျာ။ The Foolish and the dead alone never change their opinion လို့ James Russell Lowell ဂျိန်းရပ်ဆယ်လို ဝဲပြောသဗျ။ ကိုယ့်အတွေးအခေါ် ကိုယ့်အမြင့် ကိုယ့်ခံယူချက်ကို ဘယ်တော့မှမပြောင်းဘူးဆိုတာ “လူမိုက်နဲ့လူသေ” တွေလောက်ပါပဲလို့ အဓိပ္ပယ်ရသဗျ။ ကျွန်တော် ရပ်မနေ ချင်ပါဘူး။ အယ်ဒီတာ ရယ်။ ခရီးဆက်သွားပါ့မယ်။ ခင်ဗျားကလည်း လက်တွဲဗျ။ ရာသီဥတုက ပြောင်းပြန်ဇောက်ထိုး ပူလိုက်အေးလိုက်ရယ်။ အယ်ဒီတာရယ်။

ဒီမိုကရေစီကိုသွားတဲ့အခါမှာတော့ လူအများကြိုက် တရားဝင်လာအောင်လုပ်ဖို့ ပြဿနာရှိမယ်။ ဒီမိုကရေစီ တန်ဖိုးစံတွေ လူထုထဲပျံ့နှံ့ဖို့ ပြဿနာ ရှိမယ်။ စနစ်ကို ပြန်ခုခံဆန့်ကျင်မယ့် အင်အားစုတွေကို စည်းရုံးဖို့ ပြဿနာရှိမယ်။ နိုင်ငံရေးဆိုတာ တိုက်ဖို့ထက်၊ စည်းရုံးဖို့က အဓိကဗျ။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖြန့်ခွဲအာဏာ ပါဝါပြဿနာ ရှိမယ်။ ဒီမိုကရေစီတိုက်ရိုက်သွားဖို့ ပြဿနာရှိမယ်။ တရားစီရင်ရေးဘက်မှာ ပြဿနာရှိမယ်။ (ခေတ်ဟောင်း စရိုက်ဟောင်း ကိစ္စ)၊ စီးပွားရေးတည်ငြိမ်အောင်လုပ်ဖို့ ပြဿနာရှိမယ်။

ဒါတွေဟာဒီမိုကရေစီရေးရာ Debates ဒီဘိတ်အခြေအတင် ပြောရဆိုရရင် ဆိုင်ရဖြေရှင်းရမယ့် ကိစ္စတွေပဲ။ ဒါတွေကို ကျော်နိုင်ရင် ဒီတောင်ကို မောင်ကျော်နိုင်ရင် မြက်ခင်းလဲ့လဲ့ မြေညီညီ စိမ်းစိမ်းလန်းလန်း ပန်းပေါင်စုံပွင်တဲ့ဆီရောက်ပြီ။

ခင်ဗျားက ကဗျာဉာဉ် မပျောက်သေးပဲကိုး။

ကောင်းတဲ့ဉာဉ်ပါဗျာ။ အယ်ဒီတာရ။ ကဗျာကိုတော့ မထိပါးနဲ့ဗျ။

ငြိမ်းချမ်းရေးကရောဘယ်လိုလဲစာရေးဆရာ။

တိုင်းပြည်နှစ်ပြည် မြစ်ရေခွဲဝေမျှတသုံးစွဲရေးဆင်မပြေလို့ စစ်ခင်းမယ်လုပ်နေတုန်း ဗုဒ္ဓကြွလာပြီး မျှတရေး၊ ညီမျှရေး မေတ္တာထားကြရေး ဟောပြလို့ စစ်မတိုက်ကြတော့တဲ့ ဗုဒ္ဓဝင်လာနိပါတ်တော်လာ ရာဇဝင်သမိုင်း ရှိသဗျ။

ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ဆိုတဲ့ စောဘဦးကြိးရဲ့ ကြွေးကြော်သံရှိသဗျ။ မကြာခင်ကကရင်တွေကလည်း ဒီလိုတန်းတူဆက်ဆံခွင့်ရရင် စစ်သံ မပေးတော့ဘူး ဆိုလာသဗျ။ (နိုင်ငံပိုင်သတင်းစာများရဲ့ သတင်းဖော်ပြချက်များအရ)

ကချင်ပြည်နယ်မှာလည်း တန်းတူညီမျှဆက်ဆံရေး ပေါ်ထွန်းလာရင် (နိုင်ငံရေးအရ တန်းတူလာရင်) ငြိမ်းချမ်းရေးရမှာပဲဗျ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁-၆-၅၈ နယုန်လပြည့်တနင်္ဂနွေနေ့မိန့်ခွန်း (ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြလူထုအစည်းအဝေးပွဲ) မှာ “ငြိမ်းချမ်းရေးကို သူမနာ