Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၈.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့နိုင်ငံရေးအပြောင်းအလဲ သင်ခန်းစာများ

(The National မှ 16 Jan 2012 ရက်စွဲပါ “Myanmar’s Lessons for political change” ခေါင်းကြီးပိုင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာအပေါ် ချမှတ်ထားသော Sanctions များရုတ်သိမ်းရေး ဖိလစ်ပိုင်ကြိုးစား

(Associated Press မှ 16 Jan 2011 ရက်စွဲပါ “Philippines Seeks lifting of Myanmar Sanctions” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးတိုးတက်မှု တရုတ်ဝမ်းမြောက်

(Xinhua မှ 17 Jan 2011 ရက်စွဲပါ “China says glad to see more contact between Myanmar,Western countries” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် ထိုင်းနိုင်ငံနေရာ ဗီယက်နမ် ရယူဖွယ်ရှိ

(The Nation သတင်းစာမှ 17 Jan 2012 ရက်စွဲပါ VN poised to topple Thailand ကိုဘာသာပြန်ဆိုသည်)

**************************************************************************************************************

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ သင်ခန်းစာများ

(The National မှ 16 Jan 2012 ရက်စွဲပါ “Myanmar’s Lessons for political change” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

အာဏာရှင်ကို ဆန့်ကျင်သောကာလရှည် တိုက်ပွဲတွင် ဇန်နဝါရီ ၁၃ ရက် သောကြာနေ့က အဓိကမှတ်တိုင်တစ်ခု အထင်ကရထွက်ပေါ်လာပြီး နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ယင်းနိုင်ငံရေး အကျဉ်းသားများသည် ဒေသတွင်း တူနီရှား၊ အီဂျစ်၊ ဆီးရီးယား တို့မှ လတ်တလောတော်လှန်နေကြသူများ မပာုတ်ပဲ မြန်မာနိုင်ငံမှ ကာလရှည်ကြာ တော်လှန်ရေးသမားများ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော အခွင့်အရေးကို နောက်ဆုံး၌ တွေ့ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နောက်ဆုံး ထွက်ပေါ်လာသော အပြုသဘောဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ၎င်းရွေးကောက်ပွဲများသည် ကနဦးတွင် စစ်ဗိုလ်ချုပ်များ အာဏာဆက်လက်ရယူရန် စစ်ရာထူး စွန့်လွှတ်ခြင်း(သို့) တပ်မတော်အစိုးရ သစ္စာခံများနှင့်အစားထိုးခြင်းတို့ကိုသာ ဖြစ်ပေါ်စေမည်ပာု ရှုမြင်ခြင်းခံရသည်။

သို့သော် ထိုအချိန်မှစ၍ မီဒီယာတင်းကြပ်မှုကို လျှော့ပေးခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာခြင်း၊ နိုင်ငံရေးပါဝင်လှုပ်ရှားခွင့် ကြီးထွားလာခြင်းတို့ ထွက်ပေါ်လာခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည်ပာု ကြေညာလိုက်ပြီဖြစ်သည်။

တန်းတူရည်တူ အရေးကြီးသော်လည်း အလားတူ ကျယ်လောင်ခြင်းမရှိပဲ ထွက်ပေါ်လာသော သတင်းမှာ အစိုးရနှင့် ကရင်လက်နက်ကိုင် အုပ်စုအကြား ကြာသပတေးနေ့က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုပင်ဖြစ်သည်။ နိုင်ငံ၏ အရှေ့ပိုင်းတွင် အများစုနေထိုင်ကြသော ကရင်များသည် အကြီးဆုံး တိုင်းရင်းသားအုပ်စုများထဲမှ တစ်စုဖြစ်၍ ၁၉၄၈ လွတ်လပ်ရေးနောက်ပိုင်း ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ပွဲကို တိုက်ခိုက်ဆင်နွှဲနေသည့် လက်နက်ကိုင် တပ်ဖွဲ့များကို ပိုင်ဆိုင်ထားသည်။

ယခင်တပ်မတော်အစိုးရ၏ မရေတွက်နိုင်သော လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများမှာ စစ်ဒဏ်ခံတိုင်းရင်းသားပြည်နယ်များတွင် အထိန်းအချုပ်မဲ့ ဖြစ်ပွားခဲ့ပြီး အစုအပြုံလိုက်မုဒိန်းကျင့်ခြင်း၊ အဓမ္မခိုင်းစေခြင်းမှသည် ရွာများကိုအတင်းအကြပ် ရွှေ့ပြောင်းခိုင်းခြင်း၊ စနစ်တကျ သတ်ဖြတ်ခြင်းများအထိ ပါဝင်သည်။ ၂၀ ရာစု၏ လူသိနည်းအရက်စက်ဆုံး ဖြစ်ရပ်များပာုပင် ဆိုရလိမ့်မည်။ ကရင်လက်နက်ကိုင်များသည် မြန်မာအစိုးရ၏ ခေါင်းအမာဆုံးရန်သူများပာု သတ်မှတ်ခံရသော်လည်း ကချင်တို့သည် ယခုတိုင်အတိအလင်း တိုက်ခိုက်နေကြဆဲဖြစ်သလို အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားကြသည့် ချင်း၊ ရှမ်း၊ “ဝ” အဖွဲ့များကလည်း လက်နက်ကိုင်စစ်တပ်အသွင် လှုပ်ရှားနေကြဆဲပင်ဖြစ်သည်။

သောကြာနေ့က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထဲမှ လူသိများနိုင်ငံရေးသမားများက လက်ရှိအစိုးရ၏ ရည်ရွယ်ချက်များနှင့် ပြုပြင်ပြောင်းလဲပုံများအပေါ် သံသယမကင်းကြောင်း ထုတ်ဖော်ပြောကြားထားသည်။ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များကလည်း အလားတူ သံသယ ရှိနေကြဆဲပင်ဖြစ်သည်။ ၎င်းတို့စိုးရိမ်ပူပန်ကြသော အချက်မှာ အာဏာချုပ်ကိုင်ထားဆဲ အကြီးအကဲပောာင်းက လက်ရှိ ပာန်ဆောင်ပြောင်းလဲပြမှုများကိုပင် ပြန်လည်ခေါက်သိမ်းရန် ကြိုးစားနိုင်ဖွယ်ရှိခြင်း(သို့) အနည်းဆုံးအားဖြင့် နိုင်ငံရေးဖွဲ့စည်းပုံအသစ်တွင် ၎င်းတို့အတွက် အထူးဦးစားပေး အခွင့်အလမ်းများ ရအောင် ဖန်တီးအားထုတ်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် အာမခံချက်ပေးထားပြီးသော နိုင်ငံရေးလွတ်လပ်ခွင့်များကို ပြန်လည်ရုတ်သိမ်းရန် ခက်ခဲပါလိမ့်မည်။ ဆယ်စုနှစ်များစွာ ဖိနှိပ် အုပ်ချုပ်မှုနှင့် တငွေ့ငွေ့ပြည်တွင်းစစ်အပြီးတွင် ယခုအခါ စေ့စပ်ညှိနှိုင်းမှုများ၊ နိုင်ငံတကာ ဖိအားပေးမှုများ၊ ပက်ကျိ အရှိန်နှုန်းဖြင့် ပြုပြင်ပြောင်းလဲမှုများ လက်တွေ့ အထမြောက် ထွက်ပေါ်နေပြီပာု ယူဆရသည်။ ဆီးရီးယားတို့က ပဋိပက္ခနွံထဲသို့ တပာုန်ထိုးဝင်သွားချိန်တွင် မြန်မာတို့ကမူ ကျန်းမာ သန်စွမ်းသော လူ့အဖွဲ့အစည်းဆီသို့ တစ်လက်မခြင်းတိုးသွားလျက်ရှိသည်။ တစ်ယူသန်မောက်မာလွန်းသော တပ်မတော်အစိုးရပောာင်း၏ ခေါင်းဆောင်များကို ထိန်းကျောင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့နှင့် ဆက်ဆံတွေ့ထိညှိနှိုင်းခြင်းပင် ဖြစ်ပေသည်။

**************************************************

မြန်မာအပေါ် ချမှတ်ထားသော Sanctions များရုတ်သိမ်းရေး ဖိလစ်ပိုင်ကြိုးစား

(Associated Press မှ 16 Jan 2011 ရက်စွဲပါ “Philippines Seeks lifting of Myanmar Sanctions” ကို ဘာသာပြန်ဆိုသည်)

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီဖြစ်၍ ယင်းနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှု Sanctions များကို ရုတ်သိမ်းသင့်ပြီပာု ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် “မြန်မာနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်လွှတ်ပေးခြင်းကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုထောက်ခံကြောင်း ဤဆောင်ရွက်ချက်သည် အမျိုးသားပြန်လည် စေ့စပ်သင့်မြတ်မှုနှင့် ဒီမိုကရေစီကို ကြာရှည်ထိန်းသိမ်းနိုင်မည့် ပတ်ဝန်းကျင်တစ်ရပ် ဖွံ့ဖြိုးအောင် ကြိုးစားမည့် မြန်မာအစိုးရ၏ နိုင်ငံရေးဖြေရှင်းမှုနှင့် ကတိကဝတ်ကို ပြသနေကြောင်း” ဖော်ပြထားသည်။

ထို့အပြင် ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများသည် အပြန်အလှန်အားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထဲမှ တုန့်ပြန်ချီးမြှောက်မှုများကို ရရှိသင့်သည်ပာု ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောကြား၍ Sanctions များရုတ်သိမ်းပေးရန် အလေးထား တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံကို ယခင် တပ်မတော်အစိုးရ အုပ်ချုပ်စဉ်အချိန်က ပြတ်ပြတ်သားသား အတိအလင်း ပြစ်တင်ဝေဖန်ခဲ့ကြသော အမှန်တရားဘက်တော်သားနိုင်ငံများထဲတွင် ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်ခဲ့သည်။ ယခုအခါ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ပြသနေသော မြန်မာအစိုးရကို အနောက်နိုင်ငံများက စတင် ချီးကျူးထောပနာ ပြုလာကြပြီဖြစ်သော်လည်း နောက်ကွယ်မှ အာဏာရှင်ပောာင်းအပေါ် သံသယရှိနေကြသောကြောင့် အရေးယူဒဏ်ခတ်မှု Sanctions များကို လတ်တလော ရုတ်သိမ်းပေးခြင်း မပြုကြသေးပေ။

***************************************************

မြန်မာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးတိုးတက်မှု တရုတ်ဝမ်းမြောက်

(Xinhua မှ 17 Jan 2011 ရက်စွဲပါ “China says glad to see more contact between Myanmar,Western countries” ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ပိုမိုတိုးတက်ဆက်ဆံလာခြင်းကို တွေ့မြင်ရသည့်အတွက် ဝမ်းသာကြောင်း တရုတ်နိုင်ငံ တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာအကြား လတ်တလော ဆက်ဆံရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လူဝေမင်က ဖြေကြားရာတွင် “အမေရိကန်ပြည်ထောင်စုနဲ့ အခြားအနောက်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ပိုမိုတွေ့ထိ ဆက်သွယ်ပြီး ဆက်ဆံရေး ကောင်းအောင် ပြန်လည် လုပ်ဆောင်နေကြတာကိုမြင်ရတာ ကျွန်တော်တို့ တရုတ်နိုင်ငံအနေနဲ့ ဝမ်းမြောက်မိပါတယ်” ပာု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံတွင် ဆက်တိုက်ပြုလုပ်ပြသနေသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် မြန်မာနိုင်ငံနှင့် သံအမတ်ကြီးအဆင့် အပြန်အလှန်ထားရှိကာ အဆင့်မြင့် သံတမန် ဆက်ဆံရေးကို ပြန်လည်ထူထောင်တော့မည်ပာု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က ယခင်အပတ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု Sanctions များ ချမှတ်ထားချိန်တွင် အခွင့်ကောင်းယူ၍ မြန်မာအာဏာရှင် အုပ်ချုပ်မှုစနစ်ကို အားပေးအားမြှောက်ပြုကာ သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ် ထုတ်ယူသွားသည့်အပြင် မြန်မာနိုင်ငံကို ဘက်စုံထောင့်စုံ အသုံးချအမြတ်ထုတ်ရန် ကြိုးစားခဲ့သည်ပာု ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းသတ်မှတ်ထားချိန်တွင် အထက်ပါမှတ်ချက်ပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

********************************************************************

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် ထိုင်းနိုင်ငံနေရာ ဗီယက်နမ် ရယူဖွယ်ရှိ

(The Nation သတင်းစာမှ 17 Jan 2012 ရက်စွဲပါ VN poised to topple Thailand ကိုဘာသာပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နေရာအဆင့်ဖြစ်သော ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သည့် နိုင်ငံနေရာကို ကျော်ဖြတ် ရယူတော့မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်ကြီးများက ဟောကိန်းထုတ်ပြောကြားသည်။ အကြောင်းမှာဟနွိုင်းအစိုးရက ကတိကဝတ်ပြုထားသည့် သဘာဝကျနမှု မရှိသော အစီအစဉ်က ထိုင်းဆန်ဈေးနှုန်းများကို ဖောင်းပွစေမည်ဖြစ်သောကြောင့်ဟု ၎င်းတို့ကသုံးသပ်ကြသည်။

ထိုင်းဆန်တင်ပို့သူများအသင်း၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၆ ဒဿမ ၅ သန်းအထိ ကျဆင်းသွားမည်ဖြစ်ကာ ယင်းပမာဏသည် ဆယ်စုနှစ် တစ်ခုအတွင်းအနိမ့်ဆုံးအဆင့်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း ထိုင်းဆန်ပါဝင်မှုမှာ ယမန်နှစ်အတွင်း ၃၀ ဒဿမ ၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း ယခုနှစ်အတွင်း ၂၀ မှ ၂၅ ရာခိုင်နှုန်း အထိ ကျဆင်းလာမည် ဖြစ်သည်ဟု အဆိုပါ အသင်းကဆိုသည်။ အခြားသော ဆိုးရွားသည့် ဖက်တာများမှာ အိန္ဒိယ၏ ပို့ကုန်တင်ပို့မှု ကိုတာ ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် အိန္ဒိယမှ ဆန်တင်ပို့မှု မျှော်မှန်းထားသည့်အတိုင်း မြင့်တက်လာခြင်း၊ ဗီယက်နမ်က စပယ်ဆန်မွှေး တင်ပို့မှုကို နှစ်ဆမြှင့်တင်ကာ ယခုနှစ်အတွင်း တန် ၈ သိန်းထိတင်ပို့မည်ဟု ကြေညာခြင်း၊ ဘရာဇီနှင့် ဥရုဂွေးအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံ အရေအတွက် များပြားလာခြင်း၊ ကမ္ဘောဒီးယားက ယခုနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းတင်ပို့မည်ဟု စီမံချက် ထားရှိခြင်းနှင့် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု မြင့်တက်လာခြင်း အစရှိသည်တို့ကြောင့်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အတွင်း ထိုင်းပုဂ္ဂလိက ဆန်လုပ်ငန်းရှင်ကြီးများက ထိုင်းအစိုးရအနေဖြင့် ဆန်ဈေးကွက်တွင်း ဆက်လက်၍ စရိတ်ကျခံနေဦးမည် ဆိုပါက ဆန်ဈေးနှုန်းများ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မြင့်တက်ကာ ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် နံပါတ် ၁ နိုင်ငံအဆင့်ကို လက်လွတ် ဆုံးရှုံးနိုင်ကြောင်း သတိပေးခဲ့ဖူးသည်။ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Kittiratt Na Ranong က ဆန်တင်ပို့မှု တန်ပေါင်း ၆ ဒဿမ ၅ သန်းအထိကျဆင်းသွားမည် ဟူသောအချက်အပေါ် ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုပြီး အစိုးရ၏ မူဝါဒကို ကာကွယ်လိုက်သည်။ ထိုင်းအစိုးရအနေဖြင့် ဆန်လုပ်ငန်းနှင့်ပတ်သက်၍ ပြောဆိုထားသော ကတိကဝတ်များနှင့် အစီအစဉ်များကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ကမ္ဘာ့ဈေးကွက်တွင်း ထိုင်းဆန်ဝယ်လိုအားမှာ ဆက်လက် မြင့်တက်နေဆဲသောကြောင့်ဖြစ်ကြောင်း ၎င်းကတုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်တို့ရဲ့ အလျှော့အတင်းလုပ်နိုင်တဲ့စွမ်းရည်နဲ့ ဆန်အရည်အသွေးအပေါ်မှာ ကျွန်တော်ယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ ဆိုတဲ့အခါ ကျတော့ ထိုင်းနိုင်ငံအနေနဲ့ ပြိုင်ဘက်နိုင်ငံတွေဆန်တင်ပို့မှု ဘယ်လိုပဲမြင့်တက်အောင် လုပ်ဆောင်နိုင်စေကာမူ စိုးရိမ်ပူပန်တာမျိုးမဖြစ်သင့်ပါဘူး။ ဝယ်လက်တွေက ထိုင်းဆန်ကို ဆက်လက်ဝယ်ယူနေဆဲပါပဲ" ဟု ဒုတိယဝန်ကြီး Kittiratt Na Ranong က ပြောကြားသည်။ သို့သော် ထိုင်းပို့ကုန် လုပ်ငန်းရှင်များက တိုင်းပြည်၏ ဈေးအလျှော့အတင်း လုပ်နိုင်စွမ်းအပေါ် နှစ်သက်ကျေနပ်မှုမရှိကြကြောင်း ၎င်းကပြောဆိုပြီး ယမန်နှစ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ထိုင်းဆန်ထုတ်လုပ်မှုကိုများစွာထိခိုက်နစ်နာခဲ့ရကြောင်း၊ အိန္ဒိယဆန်တင်ပို့မှုမြင့်တက်လာခြင်းက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု လုံးဝ မရှိနိုင်ကြောင်း အာမခံပြောဆိုသည်။

ထိုင်းပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ Korbsook Lamsuri က အစိုးရက ကတိကဝတ်ပြု လုပ်ဆောင်လျက်ရှိသော မူဝါဒမှာ ထိုင်းဆန်များကို ယှဉ်ပြိုင်နိုင်မှုစွမ်းရည်လျော့ကျအောင် လုပ်ဆောင်သကဲ့သို့ရှိရာ ထိုင်းနိုင်ငံအနေဖြင့် ဆန်အများဆုံးတင်ပို့သည့် နံပါတ် ၁ အဆင့်မှ လျော့ကျသွားနိုင်သည့် အလားအလာရှိကြောင်း သုံးသပ်ပြောဆိုသည်။ "အခြားကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထိုင်းရဲ့ဈေးနှုန်းတွေက အင်မတန်မြင့်နေပါတယ်။ ဈေးနှုန်းအလျှော့အတင်းကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့မူဝါဒ သဘောထား ပျော့ပျောင်းမှုမရှိခြင်းကြောင့် ထိုင်းဆန်တင်ပို့မှု လုပ်ငန်းကို အခက်အခဲတွေဖြစ်ပေါ်စေခဲ့ပါတယ်" ဟု သူမကပြောကြားသည်။ အစိုးရ၏ စရိတ်ကျခံပေးရေး အစီအစဉ်ဖော်ထုတ်နေစဉ်အတွင်း ထိုင်းဘတ်ငွေ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း၊ လယ်သမားများ စိုက်ပျိုးထားသော ဆန်များလည်း ရောင်းချ၍မရနိုင်ဘဲရှိရာ ဒိုမီနိုဂယက် (လုပ်ငန်းတစ်ခုပြိုလဲသည်နှင့် အခြားသော ဆက်စပ်လုပ်ငန်းများပါ လိုက်ပါပြိုလဲမှု) များလည်းဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

ယခုနှစ်အတွင်း ဆန်တင်ပို့မှုတန်ချိန် ၆ ဒဿမ ၅ သန်းခန့်ထိကျဆင်းလိမ့်မည်ဟူသော သဘောမှာ ယမန်နှစ်က တင်ပို့မှုထက် ၃၈ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ယမန်နှစ်ကတင်ပို့မှုမှာ တန်ပေါင်း ၁၀ ဒဿမ ၅ သန်းဖြစ်သည်။ ယခုနှစ်တင်ပို့မှုစုစုပေါင်း ၆ ဒဿမ ၅ သန်းတွင် ဆန်ဖြူ(White Rice) တန်ချိန် ၃ သန်း၊ စံပယ်ဆန်မွှေး ၂ သန်း၊ ပြုတ်ဆန် ၁ သန်း နှင့် အခြားသော နှံစားသီးနှံ၊ ကောက်ညှင်းနှင့် ပတ်တူတာနီဆန်တို့ ဖြစ်ကြသည်။

ဆန်တင်ပို့သူများအသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က လတ်တလော ကုန်သွယ်ရေးအခြေအနေနှင့် တစ်သားတည်း ဖြစ်စေရန် ထိုင်းအစိုးရအနေဖြင့် ၎င်း၏ မူဝါဒကိုပြန်လည်ပြင်ဆင် ဆန်းသစ်သင့်ကြောင်း တိုက်တွန်းပြောဆိုသည်။ "ထိုင်းနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဆန်ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ အဲဒီတော့ အစိုးရမျှော်လင့်ထားသလို ထိုင်းနိုင်ငံအနေနဲ့ ဆန်ဈေးနှုန်းကို သတ်မှတ်လို့မရနိုင်သလို ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ကုန်သွယ်မှုကိုလည်း ဖန်တီးလို့ရနိုင်မှာမဟုတ်ပါဘူး" ဟု ၎င်းကပြောကြားသည်။ ဒုတိယဥက္ကဋ္ဌဖြစ်သူ Charoen Laothamatas ကမူ စံပယ်ဆန်မွှေးတင်ပို့မှုမှာ ယခုနှစ်အတွင်း တန်ချိန် ၁ သန်းခန့် လျော့ကျသွားနိုင်ကြောင်း ၊ အကြောင်းမှာ ဈေးနှုန်းများမြင့်တက်၍ ဖြစ်ကြောင်း ပြောကြားသည်။

******************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment