Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသည် ၂၀၁၃ လွန်လျှင် သဘာဝဓာတ်ငွေ့တင်ပို့မှု ထပ်မံတိုးမြှင့်ရန်မရှိပာု ဝန်ကြီးပြော

(27 Jan 2011 ရက်စွဲပါ Money Control မှ Reuters ၏ Myanmar has no plans to boost gas exports beyond 2013 ကို ဘာသာပြန်ဆိုသည်)

  1. လူ့အခွင့်အရေးအုပ်စုများက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံအပေါ် အရေးယူမှုဆက်ထားရန် တိုက်တွန်း

(27 Jan 2011 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော Rights groups international community to maintain Burma sanctions ကို ဘာသာပြန်ဆိုသည်)

  1. ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားစက်ရုံစီမံကိန်းကို မြန်မာရပ်ဆိုင်းပြီးနောက် စေ့စပ်ညှိနှိုင်းမှုများ ပြန်လုပ်ရန် ထိုင်း ITD ပြင်ဆင်

(Bloomberg မှ 25 Jan 2012 ရက်စွဲပါ Italian-Thai to Renegotiate After Myanmar Cuts Coal Plant ကို ဘာသာပြန်ဆိုသည်)

  1. ဖိလစ်ပိုင်က အမေရိကန်နှင့် ကာကွယ်ရေးအရ ဆက်ဆံရေး အားကောင်းရန် ကြိုးစား

(27 Jan 2012 ရက်စွဲပါ BBC News မှ Philippines seeks to strengthen US defence ties ကို ဘာသာပြန်ဆိုသည်)

***************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသည် ၂၀၁၃ လွန်လျှင် သဘာဝဓာတ်ငွေ့တင်ပို့မှု ထပ်မံတိုးမြှင့်ရန်မရှိပာု ဝန်ကြီးပြော

(27 Jan 2011 ရက်စွဲပါ Money Control မှ Reuters ၏ Myanmar has no plans to boost gas exports beyond 2013 ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းရေးအတွက် မူဝါဒပြောင်းလဲမှုအဖြစ် ၂၀၁၃ လွန်လျှင် စီမံကိန်း အသစ်များမှ ထွက်ပေါ်လာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲမှုအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးက သောကြာနေ့က ပြောကြား လိုက်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လ အရပ်သားအစိုးရတက်လာပြီးနောက် ပြည်ပကမ္ဘာနှင့်ဖွင့်ပေးမှုများကို အံ့အားသင့်ဖွယ် အရှိန်အပာုန် ကောင်းကောင်းနှင့် ဆောင်ရွက်လာသည်။ အနောက်နိုင်ငံများ၏ အရေးယူမှုများ ရုတ်သိမ်းသွားမည့် အလားအလာများကြောင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုရေချိန် ရုတ်တရက် မြင့်တက်လာခဲ့သည်။

စွမ်းအင်ဝန်ကြီး ဦးသန်းဌေးသည် ပထမဆုံးအကြိမ်မြောက် နိုင်ငံခြားမီဒီယာနှင့် အင်တာဗျူးပြုလုပ်ခြင်းအဖြစ် Reuters သို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့ ၂၂.၅ ထရီလီယံ ကုဗပေရှိကြောင်း ခန့်မှန်းသည်ပာု ဆိုသည်။ BP ၏ ၂၀၁၁ ကိန်းဂဏန်းသုံးသပ်မှုအရ ၁၁.၈ ထရီလီယံ ကုဗပေ ရှိသည်ပာု ဖော်ပြထားခြင်း၏ နှစ်ဆခန့်မှန်းထားသည်။

“အခု ကျွန်တော်တို့ တိုးတက်လာနေပါပြီ။ ကျွန်တော်တို့ စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။ ဒါကြောင့် နိုင်ငံခြားကို မရောင်းတော့ဘူး။ ပြည်တွင်းအတွက် သုံးပါမယ်” ပာု ဝန်ကြီးက နေပြည်တော်တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။

လက်ရှိ တရုတ်သို့ ဓာတ်ငွေ့ရောင်းရန် အစီအစဉ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုကို တိုးမြှင့်ရေးကိုမူ လုပ်ဆောင်မည်ပာု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ သန်း ၄၀၀ ကုဗပေ ပို့လွှတ်မည့် အစီအစဉ်မှာ ၂၀၁၃ တွင် စတင်မည် ဖြစ်သည်။ ဝန်ကြီးက မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ နေ့စဉ်ဓာတ်ငွေ့လုပ်ကွက်မှ ကနဦးအဆင့်အဖြစ် တစ်ရက်လျှင် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ သန်း ၃၀၀ ကုဗပေ ထပ်မံတိုးမြှင့် ပေးပို့မည်ပာု ပြောကြားခဲ့သည်။

ထားဝယ်ရှိ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သို့ သဘာဝဓာတ်ငွေ့ပေးပို့ရန်မှာမူ မဖြစ်နိုင်ကြောင်း ဦးသန်းဌေးက ပြောသည်။

ဒေါ်လာ ၈.၅ ဘီလီယံတန် ထားဝယ်စီမံကိန်းကို လုပ်ဆောင်နေသော အီတာလျံ-ထိုင်း ကုမ္ပဏီသည် မြန်မာအစိုးရက ၎င်း၏ ၄၀၀၀ မဂ္ဂါဝပ် ထွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုအရ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် အစားထိုး၍ ဓာတ်ငွေ့ရနိုင်ရန် မျှော်လင့်လျက် ရှိသည်။

ဝန်ကြီးက အခြားအထူးစီးပွားရေးဇုန်သုံးခုသည် ထားဝယ်ထက် ပို၍ လျင်မြန်စွာ ထွက်ပေါ်လာတော့မည်ပာု ပြောကြားခဲ့ပြီး ၎င်းတို့အနက် နှစ်ခုကို ပြောကြားရာတွင် တစ်ခုမှာ ရန်ကုန်အနီးရှိ သီလဝါနှင့် တရုတ်-မြန်မာ ပိုက်လိုင်းစတင်ရာ ဘင်္ဂလားပင်လယ်အော်မှ ကျောက်ဖြူတို့ ဖြစ်ကြောင်း ပြောကြားသည်။

အစိုးရသည် ယခုအခါ ကျောက်ဖြူဇုန်သို့ လျှပ်စစ်ဓာတ်အားပေးရန် စဉ်းစားလျက်ရှိသည်ပာု ဝန်ကြီးက ပြောသည်။

********************************

လူ့အခွင့်အရေးအုပ်စုများက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံအပေါ် အရေးယူမှုဆက်ထားရန် တိုက်တွန်း

(27 Jan 2011 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော Rights groups international community to maintain Burma sanctions ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားများအတွက် အဓိကလှုပ်ရှားသူများက မြန်မာအစိုးရသည် တိုင်းရင်းသားဒေသများတွင် ထိန်းသိမ်းထားသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မပေးမချင်း  စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အရေးပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများကမူ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ရန်ပုံငွေများ ထောက်ပံ့ရန် အရေးယူမှုများ ရုတ်သိမ်းရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့(AAPP) က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားများ မလွှတ်မချင်း ဖိအားပေးသည့်အနေဖြင့် အရေးယူမှုများ ဆက်ထားသင့်သည်ပာု ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP မှ အတွင်းရေးမှူးဖြစ်သူ နိုင်ငံရေးအကျဉ်းသားပောာင်းပာု ၎င်းကိုယ်တိုင်ပြောသော ဘိုကြည်က ဘန်ကောက်တွင် နိုင်ငံခြားသတင်းထောက်များသို့ ပြောကြားခဲ့သည်။

“ပထမအချက် မြန်မာအစိုးရဆီက ကျွန်တော်တို့လိုအပ်တာက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ပါ။ ဒုတိယအချက်က တစ်ပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ပါ။ တတိယအချက်အနေနဲ့ တိုင်းသူပြည်သားတွေကို လူ့အခွင့်အရေးအဖွဲ့တွေ ထောင်ခွင့်ပေးဖို့ပါ။ ဒီအချက်တွေရမှ အရေးယူမှုတွေ ရုတ်သိမ်းဖို့စဉ်းထားသင့်ပါတယ်” ပာု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရသည် အကျဉ်းသားရာပေါင်းများစွာ လွှတ်ပေးခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးသို့ ပြန်လည် ဝင်ရာက်ခွင့်ပြုခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး စကားပြောခြင်းများကြောင့် အရေးယူမှုများ အလျင်အမြန် ရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။

ဇန်နဝါရီလ (၁၃) ရက်နေ့က ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ပါဝင်ခဲ့သော အဓိကခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သည်။

သို့သော် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ကတည်းက (၆၄၁) ဦးလွှတ်ပေးခဲ့ပြီး ၇၀၀ မှ ၁၀၀၀ ကြား ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာအစိုးရကမူ နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားသည်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ အစိုးရက ထိုသို့ အသိအမှတ် မပြုခြင်းကြောင့် အချို့နိုင်ငံရေးအကျဉ်းသားများသည် ရာဇဝတ်သားများအဖြစ် ထောင်ထဲတွင် နှစ်ရှည်နေသွားရဖွယ်ရှိကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအဖွဲ့မှ မြန်မာနိုင်ငံ သုတေသနပြုသူ Benjamin Zawaeki က ပြောကြားရာတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးများ လုပ်နေသည်ဆိုသော်လည်း အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း၊ အစိုးရသည် နိုင်ငံရေးအကျဉ်းသား များအား အရေးယူမှုများ လျော့ချရေးတွင် ဈေးဆစ်ရန် အသာစီးရရန် ကိုင်ထားကြောင်းပြောသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက အရေးယူမှုများ ဖြေလျော့ရေးကို ပြောဆိုလျက်ရှိသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ashok Nigam ကပြောကြားရာတွင် လိုအပ်သော ဖွံ့ဖြိုးရေး အကူအညီများပေးရန် အရေးယူမှုများ ရုတ်သိမ်းရေးသည် အရေးကြီးသည်ပာုဆိုသည်။

“အရေးယူမှုတွေ ရုတ်သိမ်းဖို့ သိပ်အရေးကြီးပါတယ်။ UNDP အစီအစဉ်တွေ ပုံမှန်အတိုင်း မလုပ်နိုင်အောင် အရေးယူမှုတွေက အကန့်အသတ်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် အရေးယူမှုတွေ ရုတ်သိမ်းသွားရင် ကျွန်တော်တို့အတွက် အကျိုးအများကြီး ဖြစ်စေပါတယ်။” ပာု Nigam က ပြောသည်။

UNDP အတွက် ကန့်သတ်ထားသော အချက်များကို ဖယ်ရှားရန်ကိစ္စမှာ အဖွဲ့ဝင် (၃၆) နိုင်ငံ ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့အပေါ်တွင် မူတည်ပါသည်။ အဆိုပါ အဖွဲ့တွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမဏီနှင့် ဗြိတိန်တို့ ပါဝင်သော ဥရောပ(၁၂) နိုင်ငံတို့ ပါဝင်သည်။

ယခုအပတ်များအတွင်း အမေရိကန်အကြီးတန်းကွန်ဂရက်မှ ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ငွေကြေးနှင့် စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် ခြွင်းချက်များပါသော ထောက်ခံမှု ပြုလုပ်ခဲ့သည်။

ယခု အပတ်တွင် ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့ခေါင်းဆောင်များအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ဖယ်ရှား ပေးခဲ့ပြီး ဒေါ်လာသန်း(၂၀၀) နီးပါးရှိ အကူအညီများပေးရန် စဉ်းစားလျက် ရှိသည်။

        *************************

ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားစက်ရုံစီမံကိန်းကို မြန်မာရပ်ဆိုင်းပြီးနောက် စေ့စပ်ညှိနှိုင်းမှုများ ပြန်လုပ်ရန် ထိုင်း ITD ပြင်ဆင်

(Bloomberg မှ 25 Jan 2012 ရက်စွဲပါ Italian-Thai to Renegotiate After Myanmar Cuts Coal Plant ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Italian-Thai Development Pcl (ITD) အနေဖြင့် မြန်မာနိုင်ငံ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် သုံးစွဲမည့်စွမ်းအင်ကို ပြောင်းလဲစဉ်းစားဖွယ်ရှိကြောင်း သိရသည်။ မြန်မာအစိုးရက ထားဝယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံးစွဲပြီး လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ITDအနေဖြင့် ထိုသို့ စွမ်းအင်ရင်းမြစ် ပြောင်းလဲသုံးစွဲရန် အကြောင်းဖန်လာခြင်းဖြစ်သည်။

ထားဝယ်တွင် မီဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံစီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဟု မီဒီယာများ သတင်းပေးပို့ချက်များ ထွက်ပေါ်ခဲ့သော်လည်း ITD အနေဖြင့် မြန်မာအစိုးရထံမှ တရားဝင်ရပ်ဆိုင်းကြောင်း အကြောင်းကြားစာရရှိရန် လိုအပ်ကြောင်း Dawei Development Co(DDC) မှ မန်နေးဂျင်းဒါရိုက်တာ Somchet Thinaphong က ပြောကြားသည်။ DDC သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း Ratchaburi Electricity Gene rating Holding Pcl နှင့် ယင်းစက်ရုံတည်ဆောက်ရန် သဘောတူညီခဲ့သော်လည်း ယခုလိုမီဒီယာ သတင်းပေးပို့မှုများ ကြောင့် အဆိုပါသဘောတူညီချက်အပေါ် သက်ရောက်မှုမရှိပါကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

"အစိုးရရဲ့ ဆုံးဖြတ်ချက်သဘောကတော့ လျှပ်စစ်ဓာတ်အားထုတ်မယ့် လောင်စာရင်းမြစ်ကိစ္စကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ဆွေးနွေးရမယ့် သဘောပါပဲ။ Tatchaburi ကုမ္ပဏီနဲ့ သဘောတူထားတာကတော့ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ တည်ဆောက်ဖို့ပါ။ တကယ်လို့ စွမ်းအင်ရင်းမြစ်ကို ပြောင်းလဲမယ်ဆိုရင် သူ့အနေနဲ့ ပြန်လည်အချိန်ယူပြီး တွက်ချက်ရဦးမှာဖြစ်ပါတယ်" ဟု Somchet Thinaphong ကပြောကြားသည်။

လက်ရှိအနေအထားတွင် ITD သည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွက် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများ၊ အကျိုးတူပူးပေါင်း ဆောင်ရွက် မည့် စီးပွားရေးလုပ်ငန်းများကို ရှာဖွေလျက်ရှိသည်။ စီမံကိန်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှဆိုလျှင် ကီလိုမီတာ ၃၀၀ ကျော်အကွာအဝေးတွင်သာရှိပြီး အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်တစ်ခု သဖွယ်လည်း ဖြစ်နေသည်။ ၁၁ လသက်တမ်းသာ ရှိသေးသော မြန်မာအစိုးရသစ်သည် အာဏာရရှိလာပြီးနောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင် လုပ်ဆောင်လျက်ရှိရာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလာနိုင်သည်ဟူသော မျှော်လင့်ချက် များလည်း ထွက်ပေါ်လျက်ရှိသည်။ မြန်မာအစိုးရသည် လွန်ခဲ့သည့် ခြောက်လခန့်ကလည်း မြောက်ပိုင်း ကချင်ပြည်နယ်တွင် တည်ဆောက်မည့် တရုတ်ကျောထောက်နောက်ခံ ရေအားလျှပ်စစ်စီမံကိန်းကြီးကို သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု၊ အများပြည်သူဆန္ဒနှင့် ဆန့်ကျင်မှုဟူသော အကြောင်းပြ ချက်ဖြင့် ရပ်ဆိုင်းပစ်ခဲ့သည်။ ယခု ထားဝယ်စီမံကိန်းစတင်ပြီးနောက် ITD စတော့ရှယ်ယာမှာ ၁ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး Ratchaburi ၏ စတော့ရှယ်ယာမှာ ၁ ဒဿမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။

မြန်မာနိုင်ငံအစိုးရ၏ ဆုံးဖြတ်ချက်မှာ တစုံတရာ ထူးခြားမှုမရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ပြီး အသုံးပြုနိုင်ကြောင်း Somchet Thinaphong က ဖြည့်စွက်ပြောဆိုသည်။ ယခုလို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် စွမ်းအင် ရင်းမြစ် ပြောင်းလဲမှုကြောင့် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းကြီး တစ်ခုလုံးပြီးဆုံးမည့် နောက်ဆုံးရက်သတ်မှတ်ချက်၊ ခန့်မှန်းကုန်ကျစရိတ်များအပေါ် မည်သို့မည်ပုံ အကျိုးသက်ရောက်မှု ရှိမည်ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ရှာဖွေရေးကုမ္ပဏီကြီးဖြစ်သည့် PTT Pcl ကလည်း ထားဝယ်စီမံကိန်းကြီးတွင် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံ တည်ဆောက်သင့်၊ မသင့်ကိစ္စကို လေ့လာလျက်ရှိကြောင်း ယင်းကုမ္ပဏီမှ CEO ဖြစ်သူ Pailin Chuchottarworn က ဘန်ကောက်မြို့တွင် သတင်းထောက်များကို ပြောကြားသည်။ သဘာဝဓာတ်ငွေ့စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ရေးမှာ ပြဿနာတစ်ခုသဖွယ် ဖြစ်နေဟန်ရှိသည်။ အကြောင်းမှာ ထားဝယ် အနီးတစ်ဝိုက်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းထားမှု မရှိသောကြောင့်ဖြစ်၏။

"မြန်မာအစိုးရရဲ့ အရိပ်ပြမှုကို ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်" ဟု Pailin ကပြောသည်။ မြန်မာအစိုးရ သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က တရုတ်ကျောထောက်နောက်ခံ မြစ်ဆုံလျှပ်စစ်ဓာတ်အားစီမံကိန်းကြီးအား တရားဝင်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

*****************************

ဖိလစ်ပိုင်က အမေရိကန်နှင့် ကာကွယ်ရေးအရ ဆက်ဆံရေး အားကောင်းရန် ကြိုးစား

( 27 Jan 2012 ရက်စွဲပါ BBC News မှ Philippines seeks to strengthen US defence ties ကို ဘာသာပြန်ဆိုသည်)

ဖိလစ်ပိုင်နိုင်ငံက ဒေသတွင်းနယ်မြေအငြင်းပွားမှုများ ဖြစ်နေချိန်တွင် အမေရိကန်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ဖြစ်နိုင်သမျှ တိုးချဲ့ သွားရန် နည်းလမ်းများကို ဆွေးနွေးလျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပုံကို ရှုမြင်ကြောင်း ဖော်ပြထားသည်။

အဆိုပါကြေညာချက်မှာ ဝါရှင်တန်ပို့စ်တွင် အမေရိကန်စစ်စခန်းများ ပြန်လာနိုင်ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

သုံးသပ်သူများက ပြောကြားရာတွင် ထိုသို့လုပ်ဆောင်မှုမှာ တရုတ်၏သြဇာလွှမ်းမိုးမှုကို ကာကွယ်ရန် ကြိုးစားမှု တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်သည် တရုတ်အား အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရေပြင်တွင် ခြိမ်းခြောက်မှုအတွက် စွပ်စွဲခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် သင်္ဘောသွားလမ်းကြောင်းများနှင့် လောင်စာများ ရှိနေသည်ဟု ဆိုသည်။

သို့သော် နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario က ၎င်း၏ကြေညာချက်တွင် တရုတ်အရေးအခင်းကိစ္စကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။

“အမေရိကန်ပြည်ထောင်စုနဲ့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်ပြီး၊ အကျိုးရှိမယ့် နည်းလမ်းတွေနဲ့ စာချုပ်မဟာမိတ်ကို ဘယ်လောက်ထိ အကြီးဆုံး ချဲ့နိုင်မလဲဆိုတာဟာ ကျွန်တော်တို့ရဲ့ အားသာချက်ပါပဲ” ဟု ၎င်းက ပြောသည်။

တာဝန်ရှိသူများသည် လက်ရှိအားဖြင့် ဝါရှင်တန်တွင် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလျက်ရှိသည်။

ဝါရှင်တန်ပို့စ်က ဗုဒ္ဒဟူးနေ့က သတင်းထုတ်ပြန်ရာတွင် တာဝန်ရှိသူများသည် ဖိလစ်ပိုင်သို့ အမေရိကန်စစ်စခန်းများ ပြန်သွားနိုင်ရန် ကနဦး ညှိနှိုင်းသည့်အဆင့်တွင်ပင် ရှိနိုင်ကြောင်း၊ တရုတ်ကို ရည်ရွယ်သော မဟာဗျူဟာမြောက် ရွေ့လျားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသားအကျိုးစီးပွားအား ခြိမ်းခြောက်လာနိုင်သော ကိစ္စရပ်များ၊ အထူးသဖြင့် နယ်မြေအငြင်းပွားမှုများအတွက် သံတမန်နည်းလမ်းဖြင့် ညှိနှိုင်းသည့် တစ်ချိန်တည်းမှာပင် အနိမ့်ဆုံးလက်ခံနိုင်သည့် ကာကွယ်ရေးအင်အားရှိရန် လိုအပ်သည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကာကွယ်ရေးပစ္စည်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များအပြင် အမေရိကန်မှ အခြားလက်ခံနိုင်သော အကူအညီနှင့် ပူပေါင်းဆောင်ရွက်ရေး များကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ အလှည့်ကျ သို့မဟုတ် မကြာခဏ ၎င်းတို့ ရှိနေစေရန် လည်း ပါဝင်ကြောင်း Rosario က ပြောကြားခဲ့သည်။

နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ၁၉၉၉ ခုနှစ်က Visiting Force Agreement အရ ပြုလုပ်မည်ဖြစ်ပြီး၊ ထိုသဘောတူညီချက်အရ အမေရိကန်သင်္ဘောများနှင့် တပ်များ တိုင်းပြည်တွင်းတွင် ခွင့်ပြုနိုင်သည်။

ပြီးခဲ့သည့်ရာစုနှစ်က ဖိလစ်ပိုင်သည် အမေရိကန်ကိုလိုနီ ဖြစ်ခဲ့ပြီး ၁၉၄၆ တွင် လွတ်လပ်ရေးရခဲ့သည်။ သို့သော် အမေရိကန်စစ်စခန်းများ ဆက်လက်ရှိနေခဲ့သည်။

အဆိုပါစစ်စခန်းများအနက် နာမည်ကြီးသော Zambales ရှိ Subic Bay ရေတပ်စခန်းလည်း ပါဝင်ရာ ၁၉၉၁ တွင် ဆီးနိတ်မှ ဖျက်သိမ်းရန် မဲပေးခဲ့ရာ ရာစုနှစ်တစ်ခုခန့် အမေရိကန်စစ်တပ်ရှိနေမှု နိဂုံးချုပ်ခဲ့သည်။

အမေရိကန်စစ်စခန်းများ ပြန်လည်တည်ဆောက်ရန် အကြံပြုမှုများကို အမေရိကန်တာဝန်ရှိသူများက ငြင်းပယ်ခဲ့သည်။

“ကျွန်တော်တို့ ဖိလစ်ပိုင်မှာဖြစ်စေ၊ အရှေ့တောင်အာရှ ဘယ်နေရာမှာဖြစ်ဖြစ် အမေရိကန်စစ်စခန်း ထူထောင်ဖို့ရာ တရုတ်ရဲ့ အန္တရာယ် ကာကွယ်ဖို့ မဟာဗျူဟာဖြစ်တယ်ဆိုတာ မှားယွင်းပါတယ်” ဟု ကာကွယ်ရေးဌာန ပြောခွင့်ရ အမျိုးသမီး ရေတပ်ဗိုလ်မှူးကြီး Leslie Hull- Ryde က ပြောသည်ကို AP က ကိုးကားဖော်ပြခဲ့သည်။

                                        *****************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment