Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ

*******************************

ဆောင်းပါးကဏ္ဍ

အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ

အောင်မောင်း

အမေရိကန် ပြည်ထောင်စုအနေဖြင့် သမ္မတအိုဘားမား လက်ထက်တွင် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံရေးကို ပြန်လည်လုပ်ဆောင် လာသည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်မှုသည် နှစ်ပါင်း ၅၀ ကျော်အတွင်း အမေရိကန် ပြည်ထောင်စု၏ အဆင့်မြင့်ဆုံး အစိုးရ အရာရှိကြီးတစ်ဦး လာရောက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝေဖန်ရှုံ့ချခဲ့သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ရုတ်တရက် ပေါ်လစီအပြောင်းအလဲဖြစ်ခဲ့ခြင်းမှာ ထူးဆန်းသည်ဟု ဆိုနိုင်သော်လည်း အမေရိကန်၏ နိုင်ငံခြားရေး ပေါ်လစီကို အကြမ်းဖျဉ်းမျှ နားလည်ထားလျှင် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခြင်း မှာ ထူးဆန်းသည်ဟု မဆိုနိုင်ပေ။

အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီသည် အမေရိကန်၏ သမ္မတကြီးများဖြစ်သည့် အလက်ဇန္ဒား ဟာမီတန်၊ သောမတ်စ် ဂျက်ဖာဆင်၊ ဝုဒရိုး ဝီလ်ဆင်နှင့် အင်ဒရူးဂျက်ဆင်တို့၏ အမြင်များအပေါ်တွင် အခြေခံသည်။

ဟာမီတန်ဝါဒမှာ အမေရိကန်သည် ကျန်းမာသန်းစွမ်းသော အစိုးရ၊ တောင့်တင်းခိုင်မာသော တပ်မတော်နှင့် အမေရိကန် အမျိုးသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်ပြီး အမေရိကန်ကို ကမ္ဘာ့အလည်တွင် လေးစားခံ့ညားရသော နိုင်ငံအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

သောမတ်စ်ဂျက်ဖာဆင်ကမူ အမေရိကန်ကို ကမ္ဘာ့မိသားစုတွင် တာဝန်အနည်းဆုံး ယူစေလိုသည်။ ကာကွယ်ရေး အသုံးစရိတ်များ လျော့ချ၍ လူမှု ဖူလုံရေးကို အားပေးသည်။ အမျိုးသားလုံခြုံရေးကိုလည်း နိုင်ငံတော်အတွက်သာ ထားရှိစေလိုသည်။

ဝုဒရိုးဝီလ်ဆင်မှာ ကမ္ဘာလုံးချီ ဒီမိုကရေစီ ပျံ့နှံ့ရေး ဖြစ်သည်။ ကမ္ဘာမိသားစုသည် ဒီမိုကရေစီဖြစ်စဉ်အရ အုပ်ချုပ်သော နိုင်ငံများဖြင့် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်မည်ဟု ရှုမြင်ခြင်းဖြစ်သည်။

အင်ဒရူးဂျက်ဆင်မှာမူ အမေရိကန် မဟာအမျိုးသားဝါဒကို ဇောင်းပေးထားခြင်းဖြစ်သည်။ အမေရိကန်ပြည်သူများ၏ အကျိုး စီးပွားအတွက် အစွမ်းကုန် တာဝန်ယူသွားရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို အထိမခံ ရွှေပန်းကန်အဖြစ် ပုံဖော် ထားခြင်းဖြစ် သည်။

ဂျက်ဖာဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         နိုင်ငံတကာ ကိစ္စရပ်များတွင် အကန့်အသတ်နှင့်သာပါဝင်ရေး

·         ပြည်တွင်းပြုပြင်ပြောင်းလဲမှုကို ဦးစားပေးရေး

·         ကမ္ဘာ့ရေးရာများတွင် အမေရိက၏ တာဝန်ကို အတိုင်းအတာနှင့်သာ ယူလိုခြင်း

သဘောမကျသည့် အချက်များ

·         ဖောင်းပွသော စစ်အသုံးစားရိတ်

·         အမေရိကန်တန်ဖိုးများကို နိုင်ငံခြားသို့ တင်ပို့ခြင်း

·         နိုင်ငံခြားအစိုးရများနှင့် နီးကပ်စွာဆက်ဆံခြင်း

 

ဟာမီတန်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         ချမ်းသာကြွယ်ဝရေးအတွက် စီးပွားရေးဘောင်

·         အမျိုးသားအကျိုးစီးပွားအတွက် အမေရိက၏ ပါဝါကို အသုံးပြုခြင်း

·         အမေရိကန်အကျိုးစီးပွားအတွက် နိုင်ငံခြားဈေးကွက်များဖွင့်ပေးခြင်း

·         အမေရိကန်၏ ပါဝါအရ သရုပ်မှန်ဝါဒကို ကျင့်သုံးရေး

သဘောမကျသည့် အချက်များ

·         လူသားချင်းစာနာမှုနှင့် ယှဉ်သည့်မစ်ရှင်များ

·         နိုင်ငံခြားမဟာမိတ်များ၏ အရေးကိစ္စတွင် အလွန်အမင်းပါဝင်ပတ်သက်ခြင်း

·         နိုင်ငံတကာ လူ့အခွင့်အရေးများကို စောင့်ကြပ်ကြည့်ရှုခြင်း

 

ဝီလ်ဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         နိုင်ငံတကာတွင် ဒီမိုကရေစီ စနစ်ပျံ့နှံ့ရေး

·         ကုလသမဂ္ဂ၏ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး

သဘောမကျသည့် အချက်များ

·         တစ်သီးတစ်သန့်ဝါဒ၊ အစိုးရဆိုးများနှင့် မိတ်ဖွဲ့ခြင်း

·         စီးပွားရေးကိုအခြေခံပြီး ပေါ်လစီချရေး

·         အမေရိက၏ နိုင်ငံရေးချိန်ခွင်လျှာကို မျှတစေခြင်း

 

ဂျက်ဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         အမေရိကန်၏ ပါဝါကို အစွမ်းကုန်တိုးချဲ့ရေး

·         အမေရိကန်ပြည်ထောင်စုကို အစွမ်းကုန်ကာကွယ်ရေး

သဘောမကျသည့်အချက်များ

·         နိုင်ငံတကာ ပိဋိဥာဉ်စာချုပ်များ

·         ကုလသမဂ္ဂ

·         မဝံ့မရဲတွန့်ဆုတ်မှု

·         လူ့အခွင့်အရေးကိစ္စများနှင့် အခြားတိုင်းပြည်များအပေါ် မလိုအပ်ဘဲ စိုးရိမ်ခြင်း

 ( ကိုးကား။  ၂၀၁၀ခုနှစ် ဧပြီလထုတ် ဝေဗ့်မဂ္ဂဇင်း အိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီကို သုတေသနဖန်ပြားပြင်ပေါ် တင်ကြည့် ခြင်း)

******************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment