Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပုဂ္ဂလိ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်တော့မည်
  2. မြန်မာအင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် ပောာင်ကောင်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ
  3. BOT စနစ်ဖြင့် ကောင်းကင်နှင့် မြေအောက် ရထားလမ်း ဆောက်လုပ်လိုလျှင် ခွင့်ပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ခွင့်ယူမှုအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရရှိ
  2.  ကချင်တိုင်းရင်းသားနှစ်ဦးအား အစိုးရစစ်တပ်မှ ဖမ်းဆီးမှု တရားလွှတ်တော်ချုပ်သို့ တင်ပြ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပုဂ္ဂလိ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်တော့မည်

မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ မြန်မာ့ဆက်သွယ်ရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင် ရင်းနှီးမြှုပ်နှံ နိုင်ရန် စတင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းမှ ပြောကြားခဲ့သည်။

“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မြန်မာ့ဆက်သွယ်ရေးရဲ့ မူဝါဒအရ ကာလတို သက်တမ်း(၂၀၁၁-၁၂ ကနေ ၂၀၁၅ - ၁၆) ရဲ့ ပထမနှစ်မှာ စာတိုက်၊ ကြေးနန်း၊ ဆက်သွယ်ရေး ဥပဒေများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးဆွဲသွားမယ်။ ဆက်သွယ်ရေး ကဏ္ဍတည်ဆောက်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပုဂ္ဂလိကပါဝင်ရင်းနှီးမြှုပ်နှံမှုကို စတင်ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ မြို့ပြကျေးလက်တွေမှာ တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်သွားပြီး တယ်လီဖုန်း အလုံးရေ ၂၂၂၈၆၇၉ နှင့် တယ်လီဖုန်း သိပ်သည်းဆ ၄ ဒဿမ ၂၈ ရာခိုင်နှုန်းဖြစ်အောင်၊ အင်တာနက်သုံးစွဲသူ ၅၀၀၀၀၀ ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ပာု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းမှ ဆက်လက်၍ “တယ်လီဖုန်းကဏ္ဍတွင် အော်တိုတယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း စုစုပေါင်းလုံးရေ ၁၇၉၉၆၅ လုံးတပ်ဆင်ပေးရန် လျာထားပြီး မိုဘိုင်းတယ်လီဖုန်း တိုးချဲ့ရေးစီမံကိန်း ပထမနှစ် လိုင်းလေးသန်းတိုးချဲ့ခြင်းလုပ်ငန်း စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ပာု ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု အတွက် Public Private Partnership(PPP) ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍ၏ တည်ဆောက်မှု၊ ကုန်ထုတ်လုပ်မှုနှင့်  ဝန်ဆောင်မှုများတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အချိုးကျပါဝင်ခွင့်ပြုသွားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ “ခုလို မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှုပ်နှံခွင့် ရရှိတော့မယ်ဆိုရင် ဝမ်းသာစရာပေါ့ဗျာ။ ဘာပဲပြောပြောလေ နိုင်ငံတော်အနေနဲ့လည်း ဝန်အနည်းငယ် ပေါ့သွားတာပေါ့။ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အစိုးရနဲ့ ပုဂ္ဂလိက အချိုးကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုတာပေါ့ဗျာ” ပာု ပြောကြားသည်။

YC

--------------------------------------------------------------------------------------------------------------------------------

 

မြန်မာအင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် ပောာင်ကောင်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ

မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းအင်တာနက်ဆက်ကြောင်းများတွင် SE-ME-WE-5 အင်တာနက်ဆက်ကြောင်းများ ချိတ်ဆက်နိုင်ရန် ပောာင်ကောင်မှ China Unicom(Hong Kong) ကုမ္ပဏီအား လုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းအင်တာနက်ဆက်ကြောင်းများ ပြတ်တောက်နေသည့်အတွက် လိုင်းဆွဲအားကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိသည့် အတွက် မိုဘိုင်းဖုန်းများ၏ အင်တာနက်လျှောက်ထားမှုများကို ရပ်ဆိုင်းထားရပြီး အင်တာနက်ဆိုင်များတွင်လည်း အင်တာနက်လိုင်းဆွဲအား ကျဆင်းမှုများ ကြောင့် သုံးစွဲသူ (User) များ အသုံးပြုမှုနည်းပါးသွားကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများအဆင့် ညီလာခံတွင် မြန်မာနိုင်ငံရှိ ပြည်တွင်းအင်တာနက် ဆက်သွယ်မှုလိုင်းများ ကောင်းမွန် နိုင်စေရေးအတွက် SE-ME-WE 5 အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် အကူအညီများပေးမည်ပာု တရုတ်နိုင်ငံဘက်မှ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများတွင် SE-ME-WE 3 အင်တာနက်ဆက်ကြောင်းတစ်ခု တည်းကိုသာ ဆက်သွယ်ထားခြင်း ဖြစ်ပြီး ၎င်း အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွားပါက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားလေ့ ရှိကြောင်း သိရသည်။

ထို့ပြင် SE-ME-WE 3 အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်ထားပြီး မြန်မာနိုင်ငံအပါအဝင် အခြားသက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် အဖွဲ့အစည်းများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

BOT စနစ်ဖြင့် ကောင်းကင်နှင့် မြေအောက် ရထားလမ်း ဆောက်လုပ်လိုလျှင် ခွင့်ပြုမည်

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များအရ ကောင်းကင်နှင့် မြေအောက်ရထားလမ်း ဖောက်လုပ်မှုများတွင် BOT စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများ ပြုလုပ်လိုလျှင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကောင်းကင်နှင့် မြေအောက် ရထားလမ်းများဖောက်လုပ်ရန် ပြည်ပနိုင်ငံ ၄ နိုင်ငံမှ ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး ၎င်းကမ်းလှမ်းချက်များအား လက်ခံ၍ ပြည်ပလုပ်ငန်းရှင်များမှ BOTစနစ်ဖြင့် လာရောက်လုပ်ကိုင် ဆောင်ရွက်ပြီး နှစ်ပြည့်သွားပါက နိုင်ငံကသာ ဆက်လက်တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းကောင်းကင်နှင့် မြေအောက်ရထားလမ်းများ ဆောက်လုပ်ရန် ကမ်းလှမ်းခဲ့သည့်နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်ပြီး ရန်ကုန်တွင် ကောင်းကင်ရထားလမ်း၊ ရန်ကုန်- နေပြည်တော်လမ်းတွင် မြေအောက်ရထားလမ်းနှင့် ရန်ကုန်- နေပြည်တော်- မန္တလေး လမ်းပိုင်းတို့တွင် ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်၌ ရန်ကုန်ရှိ သီလဝါနှင့် ရန်ကုန်မြစ်ဝဒေသတွင် စီးပွားရေးဇုန်တစ်ခုတည်ဆော်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး ၎င်း စီမံကိန်းတွင် မြေပေါ်မြေအောက် ရထားလမ်းဖောက်လုပ်ရန် စီမံကိန်းများပါ ပါဝင်ကြောင်း သိရသည်။

                ထို့ပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ ပထမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၏ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် မြို့ပတ်ရထားလမ်းကြောင်းနှင့် ပတ်သက်သည့် မေးခွန်းအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ ရထားလမ်းဖောက်လုပ်ခြင်းသည် ကုန်ကျစရိတ်များပြားသည့်အတွက် ဦးစားပေးအဆင့်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ခွင့်ယူမှုအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရရှိ

ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်၏ ပါတီစည်းရုံးရေးဆင်းရန် ခွင့်ယူမှုအတွက် လွှတ်တော်တွင်း ပထမဆုံး အကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များပြားသည့်အတွက် အနိုင်ရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “လွှတ်တော်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပါတီစည်းရုံးရေး ဆင်းဖို့အတွက် ခွင့်ယူတယ်ဆိုတဲ့ကိစ္စက ကြားမကောင်းပါဘူး။ ဒီ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ထဲလာတာပာာ ပြည်သူတွေအတွက် လုပ်ဆောင်ဖို့လား။ ဒါမှမပာုတ် ပါတီအတွက် လုပ်ဆောင်ဖို့ လားဆိုတာကို မေးရမှာပဲ” ပာု ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်မှ ပါတီစည်းရုံးရေးဆင်းရန် ခွင့်ယူမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် စာသားဖြင့်ဖတ်ပြရာ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှ ကန့်ကွက်ခဲ့သည့်အတွက် ဦးကျားမောင်အား ခွင့်ပြုသင့်၊ မပြုသင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဦးရေ များပြားသည့်အတွက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပါတီဝင်တစ်ဦးကလည်း “လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အများဆုံးဆိုတော့ ဘယ်လိုပဲ မဲခွဲဆုံးဖြတ် ဆုံးဖြတ် သူတို့ဘက်ကပဲ မဲအပြတ်အသတ်နိုင်မှာပဲလေ။ ဒီတော့ Check-and-balance ဆိုတာကြီးလဲ ပျောက်သွားမှာပဲ။ ဒီတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေ အများကြီး ရောက်သင့်တယ်။ အခု လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မဲအထည့်မမှားဖို့ လိုတာ ပေါ့” ပာု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမအကြိမ် လွှတ်တော်တတိယပုံမှန် အစည်းအဝေးများကို ၂၀၁၂ ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ကချင်တိုင်းရင်းသားနှစ်ဦးအား အစိုးရစစ်တပ်မှ ဖမ်းဆီးမှု တရားလွှတ်တော်ချုပ်သို့ တင်ပြ

ပြီးခဲ့သည့် တစ်လလောက်တွင် အစိုးရစစ်တပ်မှ အကြောင်းပြချက်မရှိပဲ မြစ်ကြီးနားနှင့် မိုင် ၃၀အကွာ တာလောကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကချင်အရပ်သား ၂ဦးဖြစ်သည့် ဦးဘရန်ဆိုင်းနှင့် ဦးဇော်ဆိုင်းတို့အား ဖမ်းဆီးထားခြင်းကို ယင်းအရပ်သားနှစ်ဦးဘက်မှ တရားဥပဒေတိုင်း ဖြစ်စေရန် ကူညီပေးနေသည့်  ရှေ့နေ ဦးမာခါးသည် ပြီးခဲ့သည့်အပတ် ဇန်န၀ါရီ ၂၅ရက်နေ့တွင် နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်သို့ ထိုကိစ္စနှင့် ပတ်သက်၍ တင်သွင်းခဲ့သည်ဟု သိရသည်။

ထိုသို့တင်သွင်းမှုအား တရားလွှတ်တော်ချုပ်မှ ပဏာမလက်ခံထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ ပုဒ်မ ၂၁ ပိုဒ်ခွဲ ခ အရ တင်ပြခြင်းဖြစ်သည် ယင်းကိစ္စအရေးအား ကြားနာရန် သင့်မသင့်ကို နှစ်ဦးနှစ်ဖက် လျှောက်လဲချက်အပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဟု သိရသည်။

“ဒီအမှုကို ကချင်တိုင်းရင်းသား နှစ်ဦးဘက်ကနေ ရှေ့နေဦးမာခါးက ကူညီပေးပြီး တရားလွှတ်တော်ချုပ်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရှေ့နေတွေ တရားဥပဒေရှေ့မှောက်မှာ တရားစီရင်နိုင်ရန်အတွက် ကြိုးပမ်းတာလည်း ဖြစ်တယ်”ဟု ယင်းအမှုကို သိသူတစ်ဦးဖြစ်သူ မန္တလေးတိုင်း ဒေသကြီးမှ ရှေ့နေ ဦးမြင့်သွင်မှ ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့မှ တိုက်ပွဲဖြစ်ပွားမှုရှိပြီး အစိုးရတပ်မှ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ယခင်က တရားလွှတ်တော်ချုပ်သို့ တင်ပြခြင်းမျိုး မရှိသော်လည်း လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ ပုဒ်မ ၂၁ ပိုဒ်ခွဲ ခအရ တင်ပြခြင်းမျိုးဖြစ်သည်ဟု ၎င်းမှ ထပ်မံပြောကြားသည်။

ATM

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တော်ဝင်စင်တာခုနှစ်ထပ်ကဆင်းအလာမှာ ကျွန်တော်နဲ့ သိကျွမ်းတဲ့ ဗျူရိုကရက် အငြိမ်းစားတစ်ယောက်နဲ့ အောက်ထပ် တစ်နေရာမှာ တွေ့ပါတယ်။ သူ့ဇနီးနဲ့ ဈေးလာဝယ်တယ်လို့ ဆိုပါတယ်။ သူက ကျွန်တော့်ကို ဘယ်ကလာတာလဲမေးလို့ မင်းကိုနိုင်တို့ ၈၈မျိုးဆက်တွေရဲ့ သတင်းစာရှင်းလင်းပွဲက ပြန်လာတာပြောတော့ “တယ်ဟုတ်ပါလား၊ သူတို့က ဘာတွေပြောလဲ၊ ပါတီတွေ ဘာတွေ ထောင်ဦးမတဲ့လား၊ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည်ခေါင်းဆောင် လုပ်ကြဦးမတဲ့လား” စတဲ့ ခပ်ရင့်ရင့်မေးခွန်းတွေ မေးတယ်။ ကျွန်တော်က အဲဒီလိုလူမျိုးတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ သူတို့ဟာ တစ်သက်လုံး ဗျူရိုကရက်စိတ်နဲ့နေခဲ့ကြတာ။ လုပ်သက်လေး ရလာတဲ့အခါ တာဝန်ကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ  လှည့်နေကြတယ်။ မစမယ့်လူတွေကို ဆည်းကပ်တယ်။ ဖားရမယ့်လူတွေကို ဖားတယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းကို လေ့လာဖို့ မဆိုထားနဲ့၊ ကြားဖူးပုံတောင် မရပါဘူး။ သူတို့တွေဟာ နိုင်ငံရေးသမားတွေကို အထင်မကြီးရုံမက အထင်သေးတယ်။ အာဏာလက်ရှိလူတွေကိုပဲအထင်ကြီးတယ်၊ ဆည်းကပ်တယ်။ စစ်ဗိုလ်တွေ ကိုလည်း ကွယ်ရာမှာ အတင်းချတယ်။ ရှေ့တင်ကျတော့ ခါးကို ၄၅ ဒီဂရီစောင်းအောင် ညွတ်ပြီးအရိုအသေပေးတယ်"

ဖေဖော်ဝါရီ ၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၀) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “ဗိုလ်ဉာဏလမ်းမှ တောင်ဝင်စင်တာသို့” ဆောင်းပါးမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ဒါကတော့ ဒီလိုပါခင်ဗျာ။ တချို့ကို မြန်မြန်လုပ်ရင် ခင်ဗျား မစဉ်းစားဘဲလုပ်သလားဆိုပြီး ကျွန်တော့်ကိုပြောတဲ့ သူကလဲ ရှိပါတယ်။ အဲဒါကတော့ Step by Step (တစ်ဆင့်ပြီးတစ်ဆင့်) လုပ်ရတဲ့သဘောပေါ့။ ကျွန်တော် စားအုန်းဆီတင်သွင်းခွင့် ပေးလိုက်တယ်။ တချို့ဆီစက်တွေ ရပ်သွားတယ်။ ပြည်တွင်းမှာ ပဲစိုက်တဲ့၊ နှမ်းစိုက်တဲ့သူတွေ အခက်အခဲ ဖြစ်သွားတယ်။ ဆီကိုယ်စားလှယ်တွေ ဒုက္ခရောက်သွားတယ်။ အဲဒါကြောင့် ကျွန်တော် ဒီလို(ပြုပြင်ပြောင်းလဲမှု) လုပ်နေတဲ့အတွက်ကြောင့် တစ်ဖက်က ထိခိုက်တာလဲရှိတယ်။ ဥပမာ- ကားတင်သွင်းတော့ ကွားပွဲစားတချို့ ဒုက္ခရောက်တယ်။ ဝယ်ရောင်းတချို့ ဒုက္ခ ရောက်တယ်။ အဲသလိုတွေဖြစ်တဲ့အတွက် ကျွန်တော်တို့က Step by step နဲ့ချိန်ဆပြီးလုပ်နေရတဲ့အတွက်ကြောင့် သူကတော့ နည်းနည်းနောက်ကျတယ်။ ဒါကတော့ ကျွန်တော်မြင်တာပါ”

ဖေဖော်ဝါရီ ၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၅)တွင်ပါသည့် “ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတွေလုပ်ဖို့ ကျန်သေးလဲ” သတင်းဆောင်းပါးမှ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့လိုချင်တာ ပြည်သူရဲ့မဲလားဆိုတော့ မဲကတော့ ရွေးကောက်ပွဲမှာ အရေးကြီးလို့ မဲလိုချင်တာတော့ အမှန်ပဲ။ တကယ် လိုချင်တာက ပြည်သူရဲ့ စိတ်ထဲကထောက်ခံမှုပဲ ဖြစ်တယ်။ မဲရပြီးတော့ ပြည်သူရဲ့မေတ္တာနဲ့ ယုံကြည်မှုကို မရလို့ရှိရင် ဘာမှအဓိပ္ပယ်မရှိတဲ့ အနှစ်သာရမရှိတဲ့ အရာပဲ။ ဒါက သင်္ကြန်အမြောက်လိုပါပဲ။ အသံချည်းပဲရှိပြီးတော့ ဘာမှအနှစ်သာရမရှိဘူး”

ဖေဖော်ဝါရီ ၂ ထုတ် Popular News အတွဲ (၄) အမှတ် (၅) တွင်ပါသည့် “NLD ချမ်းသာခြင်းဒဏ် ခံနိုင်ရည်ရှိမရှိ စမ်းပေးကြပါဟု ထားဝယ်ပြည်သူ များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

***************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment