Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံသားအခွင့်အရးနှင့်တာဝန်

**************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံသားအခွင့်အရးနှင့်တာဝန်

မိုးမြင့်ငြိမ်း

၂၀၁၁ ခုနှစ်သည် မြန်မာနိုင်ငံ၏ ထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်ဟု ပြောရမည်သာဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင် က ဖြစ်ပေါ်ဖို့ ခက်ခဲသော အပြောင်းအလဲများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရာ တချို့က ဟုတ်မှဟုတ်ရဲ့လားဟု သံသယဖြစ်ကြသလို၊ တချို့ကလည်း နောက်ပြန်ဆုတ်ရန်ကော ဟူသော တွေးတောစိုးရိမ်မှုများလည်း ရှိကြပါသည်။ သို့သော် လက်တွေ့တွင် အမှန်တကယ် အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ ယခင် ဆယ်စုနှစ်များစွာ ကတည်းက ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားသူများ ပြောပြောနေသည့် ဒီမိုကရေစီ အပြောင်းအလဲဟူသော အိုင်ဒီယာမှာ ယခုအခါတွင်လက်တွေ့ ပုံဖော်နေပြီ ဖြစ်သည်။ ယခု အပြောင်းအလဲများမှာ ညင်သာစွာ ဖြစ်ထွန်းနေသည့်တိုင် တချို့က ဒီပုတ်ထဲကဒီပဲဟု အဆိုးမြင်ကြသည်။ အပြောင်းအလဲဖြစ်ထွန်းနေမှုကို လက်မခံသည့် အင်အားစုမှာတော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သစ်တွင် ပါဝင်ခွင့် ရတော့မည်မဟုတ်ပါ။ တချို့ကတော့ ယခုအပြောင်းအလဲကို သတိရှိစွာ အကောင်းမြင်(consciously pessimism) ၍ ပူးပေါင်းပါဝင်လာကြသည်။ အားလုံးပါဝင်သည့် နိုင်ငံရေးတွင် ဘေးထွက်ထိုင်နေလို့တော့ မဖြစ်။ ပင်မ ရေစီးကြောင်းနိုင်ငံရေးကို လက်သင့်ခံနိုင်မှသာလျှင် မိမိတို့၏ နိုင်ငံရေး အသက်ဆက်နိုင်မှာ ဖြစ်သလို နိုင်ငံတည်ဆောက်ရေးကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားတက်ကြွသူများ ကြွေးကြော်သည့် “လူ့အခွင့်အရေး”ဟူသည့် စကားတစ်ခွန်း ရှိပါသည်။ ယင်းတို့ အားရပါးရ ကြွေးကြော် နိုင်အောင်လည်း အနောက်အုပ်စုဝင်နိုင်ငံများက ထောက်ခံလျက်ရှိပါသည်။ အနောက် နိုင်ငံများအတွက်တော့ လူ့အခွင့်အရေးမှာ လူသားတို့အတွက် အရေး ကြီးသည်ဟု သူတို့၏အသိပညာ သမိုင်းကြောင်းအရ စွဲစွဲမြဲမြဲလက်ခံထားကြပါသည်။ သို့သော် အခြားနိုင်ငံများ၏ ယဉ်ကျေးမှု ရေခံမြေခံကို သဘောပေါက် နားလည်ခြင်း မရှိဘဲ ယင်းကို အရေးကြီးကိစ္စသဖွယ် ပြောဆိုပြုမူနေကြသည်။ စာရေးသူအမြင်မှာတော့ လူ့အခွင့်အရေးမှာ အရေးမကြီးဘူး မဟုတ်၊ အရေးကြီးပါသည်။ ထိုထက်အရေးကြီးသည်မှာ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်မှုတို့ ဖြစ်ပါသည်။ ယင်းအခွင့်အရေးများကို အရင်ဦးဆုံးရပြီးကာမှ လူ့အခွင့်အရေးအတွက် လှုပ်ရှားသင့်သည်ဟု မြင်ပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် နိုင်ငံသားအခွင့်အရေးနှင့် တာဝန်ဟူသော အခန်းတခန်း ပါရှိပါသည်။ ယင်းဖွဲ့စည်း ပုံပါ အခွင့်အရေးများကိုပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ပြည့်ပြည့်ဝဝရရှိအောင် အရင်ဆုံး အားထုတ် လုပ်ဆောင် ရပါဦးမည်။

ယင်းဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်ကို ရယူဖို့တွင် သတင်းမီဒီယာနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အထူးအရေး ပါပါသည်။ အစိုးရသစ်၏ ဖြေလျော့ရေးမူဝါဒများကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်း အသိုင်းအဝန်းမှာ ပိုမိုကျယ်ဝန်းလာပါသည်။ သတင်း မီဒီယာနှင့် ပတ်သက်၍ တာဆီးပိတ်ပင်ထားမှုများကို တဖြည်းဖြည်းဖြေလျှော့လျက် ရှိသောကြောင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်းများ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ တနည်း ဆိုရလျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ သတင်း အချက်အလက် သိရှိပိုင်ခွင့်မှာ ယခင်ကထက် ပိုမိုလာခဲ့ပြီ ဖြစ်သည်။ သို့သော် တစ်ဖက်ကလည်း ဆင်ဆာမူဝါဒလည်းရှိနေသေးသည်ဖြစ်ရာ နိုင်ငံတော်ခေါင်းဆောင်များပြောကြားသော မိန့်ခွန်းပါ အချက်အလက်များ ကိုပင် အပြည့်အဝဖော်ပြမှု မရှိသေးပါ။ ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏ မူဝါဒရေးရာ အဖြာဖြာကို အများပြည်သူများ သိရှိနိုင်ဖို့ရာ ယခုကဲ့သို့ ဆင်ဆာ မူဝါဒများဖြင့် ထိန်းချုပ်ဆောင်ရွက်နေသည့် ပြန်ကြားရေးဝန်ကြီးဌာမှာလည်း မရှိ သင့်ဘူးဟု စာရေးသူမြင်မိပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လေ့လာသော ပညာရှင်များက ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာ တွင် bottom-up approach က top-down approach ထက် ပိုမိုခိုင်ခန့်မှုရှိသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ top- down approach ဖြင့် ပြောင်းလဲခဲ့သည့်ဖြစ်သည့် အလျှောက် bottom-up approach ကို မည်သို့ပုံစံဖြင့် အကောင်အထည်ဖော်မလဲဆိုသည်မှာ အလေးထားစရာကိစ္စ ဖြစ်လာသည်။ ဤတွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါလာပါတော့သည်။ အားကောင်းသည့် လူ့ အဖွဲ့အစည်းမှာ လူထုလှုပ်ရှားမှု (Social movements)များဖြင့် လူမှုရွှေ့လျားမှု (Social mobilization) ဖြစ်ပေါ်လာအောင် ဆောင်ရွက် နိုင်ရမည်ဖြစ်သည်။ လူထုလှုပ်ရှားမှုဆိုသည်မှာ အာဏာနိုင်ငံရေးအပေါ် တိုက်ပွဲသဏ္ဍာန်ဖြင့် စိန်ခေါ်ခြင်းမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ အကျိုးစီးပွားတူရာ လူများ စုဖွဲ့ထားသော အဖွဲ့အစည်းမှ လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက် ပြည်သူများ မိမိတို့ နိုင်ငံသားအခွင့်အရေးကို သတိပြုမိအောင်နှင့် ပူးပေါင်းပါဝင်လာအောင် လှုပ်ရှားမှု ပြုခြင်းကို ဆိုလိုချင်ပါသည်။

စာရေးသူ အမေရိကန်မိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံစဉ်အခါက လူမှုလှုပ်ရှားမှုမှာ နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် များစွာ အရေးပါပုံကို ဆွေးနွေးဖြစ်ခဲ့ပါသည်။ သူနေထိုင်ရာမြို့မှာ အမေရိကန် အနောက်မြောက်ပိုင်း ပို့လန်မြို့ဖြစ်ပါသည်။ သူတိြု့